အခန်း (၈၃၀)
Vol. 56 Ch. 830
နှစ်ဖက်သောရန်သူတို့က ပြင်းထန်စွာထိပ်တိုက်တွေ့ကြသည်။ တိုက်ပွဲအတွင်းအော်ဟစ်သံများက ကောင်းကင်သို့တိုင်လှုပ်ခတ်စေပြီး အသက်များလည်းဆက်တိုက်ဆုံးရှုံးနေသည်။
သေခြင်းစွမ်းအင်၊ဝိညာဉ်နှင့်သွေး စီးကြောင်းများက ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေသော ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်နေ၏။
စစ်ပွဲ၏ အခြေအနေက ပြိုင်ဘက်ကကင်းကျွမ်းကျင်သူနှစ်ယောက်ဖြစ်သော ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ ထိန်းချုပ်မှုအောက်၌ရှိနေသည်။သူတို့ဘက်ခြမ်းကတစ်သောင်းခွဲလောက် သေကြေပျက်စီးသော်လည်း ရွှမ်းယွမ်မြို့စစ်တပ်ဘက်က ပို၍သေကြေပျက်စီးမှုကို ခံစားရသည်။
စစ်သူကြီးယွမ်ကျင်း၏သေဆုံးမှုက ရွှမ်းယွမ်စစ်တပ်၏ စိတ်ဓာတ်ရေးရာအား ထိုး၍ကျစေသည်။ ယခုရွှမ်းယွမ်စစ်တပ်၏သေကြေပျက်စီးမှုက ရှစ်သောင်းအထိရောက်ရှိလာပြီဖြစ်သည်။
သတ်ဖြတ်ခြင်းက ဆက်လက်ဖြစ်ပွားနေ၏။ ရှစ်ဖုန့်၏သိုင်းနယ်ပယ်က နောက်ဆုံးတွင် ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိသွားသည်။ ဝိညာဉ်များစွာအားဝါးမျိုပြီးသည့်နောက် သူ၏ ဝိညာဉ်စွမ်းအားက ကြယ်ကိုးပွင့် မဟာသူတော်စင်နယ်ပယ်သို့ရောက်ရှိသွား၏။ သူက ဧကရာဇ်နယ်ပယ်နှင့် ခြေတစ်လှမ်းစာသာဝေးကွာတော့သည်ဖြစ်သည်။
ရွှမ်းယွမ်စစ်တပ်မှာ သူတို့၏သေဆုံးသွားသောအပေါင်းအဖော်များက ရှုံ့တွသောအလောင်းများအဖြစ်ပြောင်းလဲသွားသည်ကို ရုတ်တရက်သဘောပေါက်လိုက်ကြသည်။ ၎င်းတို့ကရုတ်တရက်ထရပ်လာပြီး ရွှမ်းယွမ်စစ်တပ်အား လက်ထဲရှိဓားများဖြင့်ခုတ်ပိုင်းတော့သည်။
ရှစ်ဖုန့်က သွေးကျောက်ပြားအတွင်းမှစွမ်းအင်ကုန်ခမ်း
သွားသော ယင်အလောင်းကောင်စစ်တပ်ကို ပြန်လည်ထုတ်လိုက်သည်။ သူကနောက်တစ်ကြိမ် အလောင်းတစ်သောင်းအစီအရင်ကိုခင်းကျင်းပြီး ရန်သူများအားသတ်ဖြတ်ရန် အလောင်းတစ်သောင်းကိုထိန်းချုပ်လိုက်သည်။
ဤအလောင်းများက အရမ်းအားနည်းပြီး ၎င်းတို့အသက်ရှင်စဉ်ကလောက် အားမကောင်းကြသော်လည်း ၎င်းတို့က ဓားများကို ကြောက်လန့်ကြခြင်းမရှိပေ။၎င်းတို့က ရှေ့သို့ရဲရဲဝင့်ဝင့်ချီတက်နေသည်။ ၎င်းတို့ရုတ်တရက်ထရပ်ပြီး ရွှမ်းယွမ်စစ်အားခုတ်ပိုင်းနေသည်။
ပိုပြီးအရေးကြီးသည်ကား ၎င်းတို့က ရန်သူအား အမည်မဖော်နိုင်သောကြောက်လန့်မှုကို ဖြစ်စေခြင်းဖြစ်သည်။
ထို့နောက်ချက်ချင်း ရန်သူတပ်ဖွဲ့များအလယ်မှ အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ဤတိုက်ပွဲအတွင်းတွင် လောချင်းချွမ်က ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်နှင့်မရေတွက်နိုင်သော ရန်သူများကို သတ်ခဲ့သည်။ ငရဲဘုံကိုးခု နည်းစနစ်ဖြင့်၎င်းတို့၏သေခြင်းစွမ်းအင်များ
အားဝါးမျိုပြီးနောက် ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်သို့သူအောင်မြင်စွာတက်လှမ်းနိုင်ခဲ့သည်။
ဤရက်စက်သောစစ်ပွဲတွင်း ရှစ်ဖုန့်သည်သာ အကျိုးအမြတ်ရိတ်သိမ်းနိုင်သည်သာမက လောချင်းချွမ်လည်း ရိတ်သိမ်းနိုင်ခဲ့သည်။
“သတ်”
သတ်ဖြတ်ခြင်းကဆက်လက်ဖြစ်ပွားနေသည်။
မြေပြင်ရှိသွေးနီရောင်မီးတောက်များက ရန်သူတပ်ဖွဲ့ရှိရာသို့တလိပ်လိပ်ဆက်လက်ဦးတည်နေဆဲဖြစ်သည်။ အချိန်တို့ကုန်ဆုံးပြီးနောက် နောက်ထပ်ရွှမ်းယွမ်စစ်သည်တစ်သိန်း၏
ဝိညာဉ်တို့အားစုစည်းမိလာသည်။
ဤတိုက်ပွဲက အနည်းဆုံးမနက်မှ ညနေအထိဖြစ်ပွားခဲ့ပြီး နောက် ညမတိုင်ခင်တွင် နောက်ဆုံး၌ရပ်တန့်သွားသည်။
သွေးနီရောင်မီးတောက်တို့က မြေပြင်ထက်တွင်ဆက်လက်တောက်လောင်
နေဆဲဖြစ်သည်။၎င်းတို့က အကန့်သတ်မဲ့ပုံရကာ အကွာအဝေးတစ်ခုအထိ ပြန့်ကားနေသည်။ ၎င်းတို့ကကမ္ဘာကြီးကို အနီရောင်တို့ စွန်းထင်းနေစေပြီ နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်သော အေးစက်သည့်အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
နောက်ဆုံးတွင်စစ်ပွဲကပြီးဆုံးသွားသည်။ နောက်ဆုံးတွင်ရွှမ်းယွမ်စစ်တပ်၏စစ်သည်သုံးသိန်းလုံးသုတ်သင်ခံလိုက်ရသည်။ တစ်ယောက်တစ်လေပင်အသက်ရှင်ကျန်ရစ်သောလက္ခဏာမရှိခဲ့ပေ။
ရှစ်ဖုန့်ကဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေဆဲဖြစ်သည်။ သူ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်ပြီး မြေပြက်ထက်ရှိ လောင်ကျွမ်းနေသော သွေးနီရောင်မီးပင်လယ်ကိုကြည့်နေသည်။
ဤအချိန်တွင် လောချင်းချွမ်က ဟင်းလင်းပြင်အတွင်းပျံသန်းလာပြီး ရှစ်ဖုန့်၏ဘေးသို့ရောက်ရှိလာသည်။ သူကရှစ်ဖုန့်ကိုတင်ပြလိုက်သည်။
“သခင်လေးဖုန့်. ရန်သူစစ်သည်သုံးသိန်းလုံးအမြစ်ပျက်သုတ်သင်ခံရပါတယ်. ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရသူငါးထောင်ရှိပြီး သုံးသောင်းသေဆုံးပါတယ်”
“ကောင်းပြီ”
ရှစ်ဖုန့်ကလောချင်းချွမ်၏တင်ပြမှုအားကြား
ပြီးနောက် ခြားနားမှုမရှိခေါင်းညိမ့်လိုက်သည်။
သူကခေတ္တရပ်လိုက်ပြီးနောက် ပြောလိုက်သ်ည။
“အဲ့လူတွေကိုသူတို့လွတ်လပ်သွားပြီလို့သွားပြောလိုက်”
နောက်လာမည့်တိုက်ပွဲက သူနှင့်ရွှမ်းယွမ်ချန်ယွင်တို့ကြားထဲမှတိုက်ပွဲဖြစ်သည်။ ရှစ်ဖုန့်ကရွှမ်းယွမ်ချန်ယွင်သို့မဟုတ် ယွမ်ကျင်းတို့အား လှည့်စားခေါ်ထုတ်ရန်အတွက်၎င်းတို့ကို အဓိကအသုံးပြုခဲ့ခြင်းဖြစ်သည်။
ယခုသူက ယွမ်ကျင်းအားအောင်မြင်စွာသတ်ပြီးသူ၏သိုင်းတာအိုနယ်ပယ် က ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်သို့အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။ ထိုသည်သာမက ဝိညာဉ်ပေါင်းများစွာအားဝါးမျိုပြီးသည့်နောက် ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားကလည်းကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်သို့အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။ သူ့အတွက် ဤစစ်သည်များကိုထပ်မံလိုအပ်ခြင်းမရှိတော့ပေ။
“ဟုတ်ကဲ့”
လောချင်းချွမ်က ပြန်လည်တုန့်ပြန်လိုက်သည်။ ထို့နောက်သူက ဆင်းသက်လိုက်ပြီး ရှစ်ဖုန့်၏အမိန့်ကိုဖြန့်ကျက်လိုက်သည်။
လောချင်းချွမ်ထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားသွားသည်။ မြေပြင်ထက်ရှိ သွေးနီရောင်မီးတောက်ပင်လယ်မှာ အားကောင်းသောစုပ်ယူအားတစ်ခု၏ ဆွဲယူမှုကိုခံရသည့်ပုံပေါ်သည်။ ၎င်းက မြေပြင်မှကြွတက်လာပြီး ရှစ်ဖုန့်ရှိရာဟင်းလင်းပြင်ထဲသို့လောင်ကျွမ်းလာ၏။
၎င်းတို့ကရှစ်ဖုန့်၏ကိုယ်နှင့်ထိတွေ့မိမိချင်း ရှစ်ဖုန့်၏ကိုယ်အတွင်းစုပ်ယူခံလိုက်ရသည်။
ရွှမ်းယွမ်မြို့အရှင်သခင်အိမ်တော်၏ပင်မခန်းမဆောင်တွင်ဖြစ်သည်။
ဤအချိန်တွင် သားရဲရိုင်းတစ်ကောင်ကဲ့သို့ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာသည်။
“ဘာ..မင်းဘာပြောတယ်.. စစ်သူကြီးယွမ်ကျင်းက တိုက်ပွဲထဲမှာသေသွားတယ်..ငါ့ရဲ့စစ်သည်သုံးသိန်းလုံးလည်းသေသွားတယ်.ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲကွ.ဒီကောင်ကစစ်ရေးအခြေအနေကိုလာလိမ်နေတယ်.. သူ့ကိုဆွဲခေါ်သွားပြီးခေါင်းဖြတ်ကွပ်မျက်လိုက်ကြစမ်း”
ဤဒေါသထွက်နေသောအသံမှာ ရွှမ်းယွမ်မြို့အရှင်သခင် ဖြစ်သူ ရွှမ်းယွမ်ချန်ယွင်၏အသံဖြစ်သည်။
ဤအချိန်တွင် သူက အောက်၌ဒူးထောက်နေသောကင်းထောက်ထံသို့လက်ညှိုးထိုးညွှန်ပြီး အော်ဟစ်လိုက်သည်။
မြို့အရှင်သခင်၏အမိန့်အောက်တွင် ရွှေရောင်ချပ်ဝတ်စစ်သည်နှစ်ဦးက ချက်ချင်း ခန်းမအတွင်းလျှောက်လှမ်းဝင်လာသည်။ တစ်ယောက်စီကကင်းထောက်၏လက်မောင်းတို့ကိုဆွဲလိုက်သည်။
“အရှင်. ကျေးဇူးပြုပြီးကျွန်တော်မျိုးကိုချမ်းသာပေးပါ. အရှင်..ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ချမ်းသာပေးပါ. ကျွန်တော်မျိုးစစ်ရေးအခြေအနေကို မလိမ်လည်ပါဘူး. ဒီကိစ္စကတကယ့်ကိုအမှန်ပါ. အရှင်.. ကျွန်တော်မျိုးကို ကျေးဇူးပြုပြီးချမ်းသာပေးပါ. အရှင်ကျွန်တော်မျိုးကိုသတ်လို့မရဘူး. ကျွန်တော်မျိုးကိုအရှင်သတ်လို့မရဘူး”
သို့သော်ကင်းထောက်ဖြစ်သူ မည်မျှပင်သနားညှာတာပေးရန် တောင်းပန်ခယပါစေ သူ့အား ရွှေရောင်စစ်သည်နှစ်ယောက်က ခန်းမအပြင်ဘက်သို့တကယ်တရွတ်တိုက်ဆွဲခေါ်သွားခဲ့သည်။
“အား”
ခန်းမအပြင်ဘက်မှ နာကျင်မှုအပြည့်ဖြင့် အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။
“ယွမ်ကျင်းသေသွားပြီ.. ငါ့ရဲ့စစ်သည်သုံးသိန်းလုံးလည်း အမြစ်ပျက်သုတ်သင်ခံလိုက်ရတယ်”
ရွှမ်းယွမ်ချန်ယွင်က ရွှေရောင်နဂါးပလ္လင် ထက်၌ ထိုင်လိုက်သည်။ သူ၏လက်တို့ကတင်းကျပ်စွာဆုပ်ထားပြီး သူ၏ကိုယ်ကလည်းတုန်ယင်နေသည်။
သူတကယ်ပဲ ယွမ်ကျင်းသေဆုံးသည့်သတင်းကိုရခဲ့သည်မှာ
သိပ်မကြာသေးပေ။ သူ၏လက်အောက်ငယ်သားကစစ်သူကြီး ယွမ်ကျင်း၏ ဝိညာဉ်ကျောက်တုံး ကွဲကြေသွားမှုကို လာရောက်တင်ပြပြီးဖြစ်သည်။
“ချီးပဲ..ချီးပဲ..ချီးပဲ. ဒီနှစ်ကောင်. ငရဲဘုံကိုးခုရဲ့ ပုန်ကန်သူနှစ်ကောင်.. ငါရွှမ်းယွမ်ချန်ယွင်ကိုယ်တိုင် သူတို့ကိုသတ်ပစ်မယ်”
ဤအချိန်တွင် ယွမ်ကျင်းက ထပ်မံဒေါသတကြီးအော်ဟစ်လိုက်သည်။
“ငါ့သားရဲကို သွားခေါ်ပြီး ငါ့ရဲ့လက်နက်ကိုယူလာခဲ့..ငါကိုယ်တိုင်
တိုက်ပွဲကိုဦးဆောင်တယ်”
“ဟုတ်ကဲ့”
ခန်းမအတွင်းရှိ ဒါဇင်နှင့်ချီသောလူများက ပြိုင်တူ တုန့်ပြန်လိုက်ကြသည်။
ဤအချိန်တွင် ရွှမ်းယွမ်ချန်ယွင်မှာဒေါသခက်ထန်နေ၏။ မှူးမတ်များဖြစ်စေ စစ်တပ်အရာရှိများဖြစ်စေ မည်သူကမှသူနှင့် ဆွေးနွေးပြောဆိုရဲခြင်းမရှိကြချေ။ ရွှမ်းယွမ်ချန်ယွင်က တိုက်ပွဲကိုကိုယ်တိုင်ဦးဆောင်လိုနေသည်။ ကျွေ့ရှောင်းပင် တိတ်ဆိတ်နေသည်ဖြစ်သည်။
စစ်သည်သုံးသိန်းကိုစုစည်းပြီး ယွမ်ကျင်းကိုဦးဆောင်စေခြင်းက သူ၏ အကြံဖြစ်၏။မူလက ၎င်းတို့ထဲကနှစ်ယောက်တွင် တစ်ယောက်က ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်နှင့်ကျန်တစ်ယောက်က ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်တို့သာဖြစ်သည်ဟု တွေးခဲ့သည်။
စစ်သူကြီးယွမ်ကျင်းမှာမူ သူကကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်
တစ်ယောက်ဖြစ်သည်။ ယင်းက၎င်းတို့နှစ်ယောက်အားကိုင်တွယ်ရန်လုံလောက်သည်ထက်ပိုသည်ဖြစ်၏။
ဤကဲ့သို့ကြီးမားသောအပြောင်းအလဲတစ်ခုဖြစ်လာလိမ့်မည်ဟုတော့သူလုံးဝမထင်ထားခဲ့ပေ။၎င်းတို့နှစ်ယောက်က ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်စစ်သူကြီးယွမ်ကျင်းကိုသတ်ဖြတ်ခဲ့သည်။၎င်းတို့ကဤကဲ့သို့ကောင်းကင်ဘုံအား ဆန့်ကျင်သောအရာမျိုးကို လုပ်ခဲ့ကြခြင်းဖြစ်၏။
မည်သူကမှ၎င်းတို့ယွမ်ကျင်းအားသတ်နိုင်လိမ့်မည်ဟု ထင်ထားကြသည်မဟုတ်ချေ။
မကြာခင်တွင်ရွှေရောင်ချပ်ဝတ်စစ်သည်တစ်ဦးကခန်းမအတွင်းရွှေရောင်ချီလင်တစ်ကောင်ကိုဦးဆောင်ခေါ်လာသည်။ ဤချီလင်က ရွှမ်းယွမ်ချန်ယွင်၏စီးတော်သားရဲ ရွှေရောင်ချီလင်ဖြစ်၏။
သို့သော်၎င်းက အစစ်အမှန်ရှေးခေတ်၏ချီလင်နတ်ဘုရားသားရဲမျိုးတော့မဟုတ်ပေ။၎င်း၏ကိုယ်အတွင်းချီလင်နတ်ဘုရားသားရဲ၏ မျိုးဆက်သွေးတို့စီးဆင်းနေခြင်းသာဖြစ်သည်။၎င်းကသန့်စင်ခြင်းမရှိတော့သော်လည်းချီလင်နတ်ဘုရားသားရဲ၏ မျိုးဆက်သွေးကတော့ ရှိနေဆဲဖြစ်၏။ လောလောဆယ်တွင် ဤနတ်ဆိုးသားရဲက အထွတ်အထိပ်ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီး ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်နှင့်နီးကပ်နေပြီဖြစ်၏။
ရွှေရောင်ချီလင်က ခန်းမအတွင်းဝင်ရောက်လာခဲ့ပြီး ၎င်း၏ လက်သီးဆုပ်ကဲ့သို့ အရွယ်ရှိသော မျက်လုံးနှစ်လုံးက ခန်းမအတွင်းရှိလူများအား စိန်းစိန်းဝါးဝါးကြည့်နေသည်။ ၎င်းကဆက်တိုက်ဟိန်းဟောက်လိုက်ပြီး စွမ်းအားကြီးအော်ရာတစ်ခုကိုထုတ်လွှတ်နေ၏။
သိပ်မကြာခင် ရွှေရောင်ချပ်ဝတ်စစ်သည်ဆယ့်ငါးယောက်တို့က ခန်းမအတွင်းသို့ ရွှေရောင်အလင်းတို့တောက်ပနေသောဧရာမလှံပုဆိန်တစ်ခုကိ သယ်ဆောင်လာကြသည်။
ဤလှံပုဆိန်အားရွှမ်းယွမ်လှံပုဆိန်ဟုခေါ်သည်။ ၎င်းမှာ ကောလဟာလများအရ ရွှမ်းယွမ်ကလန်၏ ဘိုးဘေးဖြစ်သူရွှမ်းယွမ်က အနောက်ပိုင်းဒေသကြီးတစ်ခွင်ဖြတ်သန်းပြီး ကြီးမြတ်သောရွှမ်းယွမ်အင်ပါယာကိုထူထောင်ခဲ့စဉ်က ကိုင်ဆောင်ခဲ့သည့်ရွှမ်းယွမ်လှံပုဆိန်ဟုဆိုကြ၏။
နောက်ပိုင်းတွင် ရွှမ်းယွမ်လှံပုဆိန်အား ရွှမ်းယွမ်ဘိုးဘေးဘုရားကျောင်းအတွင်း၌ အမြဲအမြတ်တနိုး တရိုတသေထိန်းသိမ်းထားခဲ့သည်။
ဆက်ရန်………..
ဘာသာပြန်သူ-ARISE