← Chapters

အခန်း (၈၃၁)

Vol. 56 Ch. 831

အခန်း (၈၃၁)

Vol. 56 Ch. 831

ရွှမ်းယွမ်ချန်ယွင်၏ စီးတော်သားရဲက ရှေးဟောင်းနတ်ဘုရားသားရဲဖြစ်သော ချီလင်မှဆင်းသက်လာခြင်းဖြစ်သည်။သူ၏လက်ကနက်က အဆင့်ကိုးဧကရာဇ်နယ်ပယ်လက်နက်ဖြစ်သော ရွှမ်းယွမ်လှံပုဆိန်ဖြစ်၏။

ဟိန်းဟောက်နေသော ချီလင်အားကြည့်ရင်းရွှမ်းယွမ်ချန်ယွင်က ပျံတက်လိုက်ပြီး သူ၏ညာလက်ကိုဆန့်ထုတ်လိုက်သည်။ ခန်းမအတွင်းသို့ရွှေရောင်ချပ်ဝတ်စစ်သည် ဆယ့်ငါးယောက်တို့ သယ်ဆောင်လာသော ရွှမ်းယွမ်လှံပုဆိန်မှာ ရွှမ်းယွမ်ချန်ယွင်၏လက်ထဲသို့ရုတ်ခြည်းပျံသန်းတက်သွားသည်။

ထို့နောက် ချီလင်က လေထဲရှိ ၎င်း၏သခင်ဖြစ်သော ရွှမ်းယွမ်ချန်ယွင်ထံသို့ ဒုန်းစိုင်းတက်သွားသည်။ ၎င်းကရွှမ်းယွမ်ချန်ယွင်၏ ခြေဖဝါးအောက်သို့လျှင်မြန်စွာရောက်ရှိသွားပြီး ၎င်း၏ရွှေရောင်ကိုယ်ကြီးကိုလှည့်လိုက်သည်။

ရွှမ်းယွမ်ချန်ယွင်၏ခြေထောက်ကမျောလွင့်ဆင်းလာပြီး ချီလင်၏ကျောထက်၌ဆင်းသက်လိုက်သည်။

“ဝေါင်း.ဝေါင်း..ဝေါင်း.ဝေါင်း..ဝေါင်း”

နှစ်ပေါင်းများစွာရွှမ်းယွမ်ချန်ယွင်၏သားရဲတစ်ကောင်ဖြစ်လာသည်နှင့်အညီ ချီလင်အနေဖြင့် သခင်ဖြစ်သူ၏ သတ်ဖြတ်လိုစိတ်နှင့် ဒေါသခက်ထန်မှုတို့ကို ရွှမ်းယွမ်ချန်ယွင်အနားသို့ချဉ်းကပ်လာသည်နှင့်ခံစားမိသည်ဖြစ်သည်။ ၎င်းက ခန်းမအတွင်းထပ်မံဒေါသတကြီးဟိန်းဟောက်လိုက်သည်။

“သွား..ပုန်ကန်သစ္စာဖောက်တွေကိုသတ်ပစ်ဖို့ ငါ့နောက်ကိုလိုက်ခဲ့”

ရွှမ်းယွမ်ချန်ယွင်က သူ့အောက်ရှိ ဟိန်းဟောက်နေသော ချီလင်သားရဲကိုအော်ပြောလိုက်သည်။

“‌ဝေါင်း”

ရွှေရောင်ချီလင်က နောက်ထပ်ဟိန်းဟောက်လိုက်သည်။

၎င်း၏ခွာလေးဘက်က တစ်ဟုန်ထိုးဒုန်ဆိုင်းပြေးသွားပြီးချက်ချင်းခန်းမအပြင်ဘက်သို့ ဒုန်းစိုင်းထွက်သွားသည်။

ခန်းမအတွင်းရှိ စစ်တပ်အရာရှိများနှင့် မှူးမတ်များမှာ အကွာအဝေးတစ်ခုအတွင်း ရွှမ်းယွမ်ချန်ယွင်၏ပုံရိပ်ပျောက်ကွယ်သွားသည်ကိုမြင်တွေ့ရသောအခါတွင် ထပ်မံတစ်ယောက်နှင့်တစ်ယောက်တီးတိုးပြောဆိုဆွေးနွေးကြသည်။

မှူးမတ်အရာရှိများ၏ ထိပ်ပိုင်း၌ရပ်နေသော စစ်တပ်အကြံပေးဖြစ်သူ ကျွေ့ရှောင်းမှာ ရွှမ်းယွမ်ချန်ယွင် ပျောက်ကွယ်သွားရာ တံခါးထံသို့ကြည့်လိုက်ပြီး အတွင်းကျိတ်သက်ပြင်းချလိုက်သည်။

“စစ်တပ်အကြံပေး ကျွေ့ရှောင်း.. ခင်ဗျားဘာလိုဒီလိုမျိုးသက်ပြင်းချရတာလဲ. အဲ့ပုန်ကန်သူနှစ်ယောက်ကို အရှင်က ရှုံးနိမ့်မယ်လိုထင်နေတာလား”

ကျွေ့‌ရှောင်း၏ သက်ပြင်းချမှုအား မြင်တွေ့ရသောအခါတွင် ကျွေ့ရှောင်းဘေးရှိ သက်လတ်ပိုင်းအရွယ်မှူးမတ်အရာရှိတစ်ဦးက နားမလည်နိုင်သောအမူအယာဖြင့်မေးလိုက်သည်။

ကျွေ့ရှောင်းက ဖြည်းညှင်းစွာပြောလိုက်သည်။

“အရှင့်ရဲ့တိုက်ပွဲခွန်အား..ချီလင်နဲ့ ရွှမ်းယွမ်လှံပုဆိန်တို့နဲ့ဆိုရင် အပေါ်ယံအရတော့ အရှင်ကအဲ့ပုန်ကန်သူနှစ်ဦးကိုသတ်ဖြတ်နိုင်မှာကို ဘာသံသယမှရှိစရာမလိုဘူး”

“ဘာသံသယမှရှိစရာမလိုဘူးဆိုရင်. ဘာလို့ခင်ဗျားကသက်ပြင်းချရတာလဲ”

ကျွေ့ရှောင်း၏စကားတို့အားကြားပြီး‌နောက် သက်လတ်ပိုင်းအရွယ် မှူးမတ်အရာရှိက ပို၍ပင်နားလည်ရခက်သွားသည်။

“ကျုပ်ကအပေါ်ယံကိုပဲပြောတာ.. “

ကျွေ့ရှောင်းကပြောသည်။

“အစောပိုင်းကတင် စစ်သူကြီးယွမ်ကျင်းဦးဆောင်နဲ့စစ်သည်သုံးသိန်းကို အဲ့ပုန်ကန်သူနှစ်ဦးကသတ်ပစ်ခဲ့တယ်.. အပေါ်ယံအရဆိုရင် စစ်သူကြီး က အဲ့ပုန်ကန်သူနှစ်ယောက်ကိုသတ်ပြီး သူတို့ကိုခေါ်လာရမှာပဲ.. ဘယ်သူကမှဒါကိုသံသယမရှိကြပေမဲ့အဆုံးသတ်မှာတော့….”

“စစ်သူကြီးက ကျဆုံးသွားပြီး ရွှမ်းယွမ်စစ်သည်သုံးသိန်းလုံးလည်းအသတ်ခံလိုက်ရတယ်.. အစောပိုင်းက တို့တွေ တစ်ခုကိုလျစ်လျူရှုခဲ့တယ်.အဲ့ပုန်ကန်သူက အဲ့လူရဲ့ဆက်ခံသူပဲ..”

“အဲ့လူရဲ့ဆက်ခံသူ…”

ဤစကားများအားကြားသောအခါတွင် သက်လတ်ပိုင်းအရွယ် အရာရှိမှာ ၎င်းကမည်သူ၏တပည့်ဖြစ်သည်ကိုအလိုအလျောက်သိလိုက်သည်။ အားလုံးထက်ရွှမ်းယွမ်ချန်ယွင်ကရှစ်ဖုန့်၏ငရဲဘုံကိုး လွတ်မြောက်ခြင်းအလင်းနည်း

စနစ်ကိုမြင်တွေ့ခဲ့ပြီး ၎င်းက ငရဲဘုံကိုးခု ဧကရာဇ် ၏ အန္တိမပညာရပ်တစ်ခုဖြစ်သည်ဟုပြောခဲ့သည်။

“ဟုတ်တယ်..အဲ့ပုန်ကန်သူက အဲ့လူရဲ့ဆက်ခံသူပဲ”

သက်လတ်ပိုင်းအရွယ် မှူးမတ်အရာရှိကလည်း အဓိပ္ပါယ်အပြည့်ဖြင့်ခေါင်းညိမ့်လိုက်သည်။ထိုလူမှာတစ်ချိန်က ဤကမ္ဘာ၏ နံပါတ်တစ်ကျွမ်းကျင်သူဖြစ်ခဲ့ဖူးသည်ဖြစ်သည်။

ယခင်က ရွှမ်းယွမ်မြို့၏ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်မြို့အရှင်သခင်ဖြစ်သူ ရွှမ်းယွမ်ဝူမင်ပင် ထိုလူ၏သတ်ခြင်းကိုခံခဲ့ရသည်ဖြစ်သည်။

ထိုအချိန်ကတည်းက ၎င်း၏အမည်က မိုးကောင်းကင်တစ်ခွင့်ပျံ့နှံ့သွားခဲ့သည်။

သူသေဆုံးသွားခဲ့သည်မှာ ဆယ့်ခြောက်နှစ်ရှိခဲ့ပြီဖြစ်သော်လည်း သူ၏ဒဏ္ဍာရီများက ထျန်းဟန်တိုက်ကြီးအတွင်းလက်ဆင့်ကမ်း

ဖြန့်ကျက်နေကြဆဲဖြစ်၏။

သူ၏ဆက်ခံသူများကလည်း လက်ရှိမျိုးဆက်၏ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများသို့မဟုတ် အထွတ်အထိပ်ပုံရိပ်များဖြစ်လာကြ၏။ သူ၏ဆက်ခံသူများအတွက် ကျင့်ကြံမှုအဆင့်မြင့်သူတစ်ဦးအား စိန်ခေါ်ခြင်းက ပုံမှန်မဟုတ်ခြင်းမဟုတ်ပေ။

ထို့နောက် သက်လတ်ပိုင်းအရွယ်အရာရှိက ကျွေ့ရှောင်းကို မေးလိုက်သည်။

“စစ်တပ်အကြံပေး အရှင်ကိုယ်တိုင် ဒီတစ်ကြိမ်မှာ ရှင်သန်နိုင်စွမ်းမရှိဘူးလို့ ခင်ဗျား ပြောချင်တာလား”

“အင်း. ဘယ်သူသိနိုင်မှာလဲ.. ဘယ်သူကကောသေချာပေါက်ပြောနိုင်မှာလဲ”

ကျွေ့ရှောင်းကခေါင်းခါပြီးဆက်ပြောသည်။

“ ဒါပေမဲ့ အဲ့လူရဲ့ဆက်ခံသူဖြစ်နေတာကြောင့် အရှင်ကိုယ်တိုင် ဒီတစ်ကြိမ်သွားရင်တောင် အန္တရာယ်ကတော့ရှိနေတုံးပဲ”

“ဒါ..ဒါက..ဒါကမဖြစ်နိုင်ဘူး”

သက်လတ်ပိုင်းအရွယ်အရာရှိကပြောလိုက်သည်။

“အဲ့လူနှစ်ယောက်မှာ တစ်ယောက်ကကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်နဲ့ကျန်တစ်ယောက်က ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်ပဲ..

သူတို့ဘယ်လောက်ပဲ ကောင်းကင်ဘုံကိုဆန့်ကျင်နေပါစေ သူတို့က စစ်သူကြီးကိုသတ်နိုင်ရင်တောင် အရှင့်ကိုတော့ကြယ်သုံးပွင့်အထိဖိနှိပ်ပြီးသတ်နိုင်မှာမဟုတ်ဘူး”

“စစ်တပ်အကြံပေးက အရှင်အကြွင်းမဲ့အနိုင်ရဖို့အခွင့်အရေးမရှိတာကိုခံစားရရင် ဘာလို့ အရှင့်ကိုတားပြီး အရှည်ကိုတွေးဖို့မပြောတာလဲ.. ကျုပ်တို့စကားကအသုံးမဝင်ပေမဲ့ အရှင်ကခင်ဗျားစကားကိုနားထောင်ဆုံးပဲဟာ”

“အရှင့်ကိုတားရမှာလား. ..ကျုပ်ကလား”

ကျွေ့ရှောင်းကသရော်ပြီး ပြောလိုက်သည်။

“စစ်သူကြီးယွမ်ကျင်းကတိုက်ပွဲထဲမှာသွေသွားပြီး စစ်သည်သုံးသိန်းကလည်းဖျက်ဆီးခံလိုက်ရတယ်.. အခု ဘယ်သူကအရှင့်ကိုတားမှာလဲ”

“အဲ့တာထက်ပိုတာက…ယွမ်ကျင်းတိုက်ပွဲအတွင်းမှာ သေရတဲ့အကြောင်းပြချက်ကအရှင် ကျုပ်အရဲ့အစီအစဉ်ကို ယုံကြည်လို့ပဲ.. စစ်တပ်အကြံပေးတစ်ဦးအနေနဲ့ နည်းနည်းလေးအတွက်မှားရင်တောင်ကျုပ်တာဝန်ကို ဖြည့်ဆည်းနိုင်တယ်လို့မပြောနိုင်ဘူး. အရှင်ကျုပ်ကိုမသတ်တာကပဲ ကျုပ်အတွက်တော်တော်လေးကံကောင်းနေပြီ..ဘယ်လုပ်ပြီးကျုပ်က တားဆီးဖို့အတွက်ခင်ဗျားပြောသလိုပြောရဲမှာလဲ.. ကျုပ်သေတွင်းကျုပ်တူးသလိုဖြစ်မှာပေါ့”

စစ်တပ်အကြံပေးကျွေ့ရှောင်း၏ စကားတို့အားကြားပြီးနောက် သက်လတ်ပိုင်းအရွယ် အရာရှိက သက်ပြင်းချ၍တုန့်ပြန်လိုက်သည်။

ရွှမ်းယွမ်မြို့အပြင်ဘက်ရှိမြေရိုင်းလွင်ပြင်တွင်ဖြစ်သည်။

ရှစ်ဖုန့်ကဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေပြီး ဤနေရာ၌ရှိသင့်သောလူရောက်အလာကို စောင့်နေသည်။

ယခင်ရွှမ်းယွမ်မြို့နှင့်တိုက်ပွဲအတွင်းတွင်သူက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ရွှမ်းယွမ်ဝူမင်ကို သတ်ခဲ့သည်။ ယခုသူပြန်လည်မွေးဖွားလာသောအခါတွင် ရွှမ်းယွမ်ဝူမင်၏ မြေးဖြစ်သူကို သတ်ရလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

သူ့၌ ရွှမ်းယွမ်မိသားစုနှင့်နက်ရှိုင်းသောဆက်ဆံရေးတစ်ခုရှိသည်ဖြစ်သည်။

မကြာခင်တွင် သူ့ထံသို့တစ်ဟုန်ထိုးပျံသန်းလာနေသော အဖြူ‌ရောင်ပုံရိပ်တစ်ခုကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းက သူ၏တပည့်ဖြစ်သူ လောချင်းချွမ်ဖြစ်သည်။

သတင်းများအားကြားသော လောချင်းချွမ်က ပြန်လည်တင်ပြလာသည်။

“သခင်လေးဖုန့်. ရွှမ်းယွမ်ချန်ယွင်က ကျန်တဲ့လက်ရွေးစင်စစ်သည်ငါးထောင်ကိုဦးဆောင်ပြီး ရွှမ်းယွမ်မြို့ထဲကထွက်လာတယ်.ပြီးတော့

ကျွန်တော်တို့ဆီကို အပြင်းနှင်လာတယ်.. သူတို့ရဲ့အမြန်နှုန်းနဲ့ဆိုရင် သူတို့တွေ လေးနာရီအတွင်းရောက်လာလိမ့်မယ်”

“ကောင်းတယ်..အရမ်းကောင်းတယ်”

လောချင်းချွမ်၏ စကားတို့အားကြားသောအခါတွင် ရှစ်ဖုန့်က သွားပေါ်အောင်ရယ်၍ ပြောလိုက်သည်။

“နောက်ဆုံးတော့ရွှမ်းယွမ်ချန်ယွင်သေချင်နေပြီ”

ထို့နောက်အတွေးတစ်ချက်နှင့် ရှစ်ဖုန့်၏နောက်၌သွေးနီရောင်အလင်းတစ်ခုလင်းလက်လာသည်။ သွေးကျောက်ပြားအတွင်းမှ များစွာသော အနက်‌ရောင်သစ်သားခေါင်းတလားများကိုရှစ်ဖုန့် ဆင့်ခေါ်လိုက်သည်။

ဤအနက်ရောင်သစ်သားခေါင်းတလားများမှာ အလောင်းထိန်းချုပ်ဂိုဏ်းထံမှရှစ်ဖုန့်ရရှိခဲ့သော အနက်ရောင်သစ်သားခေါင်းတလားများဖြစ်သည်။ ၎င်းတို့အားလုံးစုစုပေါင်း နှစ်ထောင့်ခြောက်ရာရှိ၏။ ဤအချိန်တွင် ရှစ်ဖုန့်၏ယင်အလောင်းကောင်နှစ်ထောင့်ခြောက်ရာက အထဲ၌လဲလျောင်းပြီး ပြန်လည်စွမ်းအင်ဖြည့်တင်းနေကြသည်။

ယမန်နေ့က ရွှမ်းယွမ်မြို့၏စစ်သူကြီးယွမ်ကျင်းနှင့်တိုက်ပွဲတွင် ရှစ်ဖုန့်က အလောင်းတစ်သောင်းအစီအရင်ကိုခင်းကျင်းခဲ့သည်။ ထို့နောက် အလောင်းတစ်သောင်းအစီအရင်မှစွမ်းအားအားလုံးကို စုစည်းပြီး ငွေရောင်တံစဉ်အတွင်းသွန်းလောင်းခဲ့၏။ ယင်အလောင်းကောင်နှစ်ထောင့်ခြောက်ရာမှာ ၎င်းတို့၏စွမ်းအင်များကုန်ခမ်းသွားပြီး ယခုအခါ၌ အထဲ၌လဲလျောင်းကာ ပြန်လည်ကုစားနေကြခြင်းဖြစ်သည်။

သို့သော်ယင်အလောင်းကောင်စစ်တပ်၏

ပြန်လည်ကုစားခြင်းမှာ ပြင်ပကမ္ဘာမှာထက် ဤအနက်ရောင်သစ်သားခေါင်းတလားများ

အတွင်းလှဲနေခြင်းက နှစ်ဆပိုမြန်သည်ကိုရှစ်ဖုန့်သတိပြုမိပြီးဖြစ်သည်။

နောက်ထပ်နာရီအနည်းငယ်အတွင်း ၎င်းတို့၏ စွမ်းအင်များကိုပြန်လည်ဖြည့်တင်းပြီး အနက်ရောင်သစ်သားခေါင်းတလားများအတွင်းမှ တိုးထွက်လာလိမ့်မည်ဖြစ်သည်။

ထိုသို့သာမဟုတ်ပါဘဲ အလောင်းတစ်သောင်းအစီအရင်သာမပါရှိလျှင်ရှစ်ဖုန့်အနေဖြင့် ရွှမ်းယွမ်ချန်ယွင်နှင့်တကယ်မတိုက်ခိုက်ရဲပေ။

ထို့နောက် ငွေရောင်အလင်းတစ်ခုဖျက်ခနဲလက်သွားပြီး ရှစ်ဖုန့်၏လက်ထဲ၌ငွေရောင်တံစဉ်ပေါ်လာသည်။ ရှစ်ဖုန့်က ရန်သူအားရင်ဆိုင်ရန်အဆင့်သင့်ဖြစ်နေပြီဖြစ်၏။

ရွှမ်းယွမ်ချန်ယွင်ကကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်ပြီး ဒဏ္ဍာရီလာ မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဖြစ်သည်။

ရှစ်ဖုန့်ကရွှမ်းယွမ်ချန်ယွင်နှင့်တိုက်ပွဲအတွင်းကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိလင့်ကစား မဆင်မခြင်တော့မပြုမူရဲပေ။

လောချင်းချွမ်က ရှစ်ဖုန့်၏ဘေး၌ရပ်ပြီး ရှစ်ဖုန့်နှင့်အတူရှေ့သို့ကြည့်လိုက်သည်။ သူကပြုံးလိုက်ပြီးပြောလိုက်၏။

“သခင်လေးဖုန့်. သခင်လေးရွှမ်းယွမ်ချန်ယွင်ကိုသတ်ပြီးသွားရင် သခင်လေးဂုဏ်သတင်းက ကမ္ဘာကြီးကိုထပ်မံလှုပ်ခတ်စေနိုင်မယ်ဆိုတာ ကျွန်တော်သေချာပြောရဲတယ်”

လောချင်းချွမ်၏ စကားများအားကြားသောအခါတွင် ရှစ်ဖုန့်ကသရော်လိုက်သည်။

“ ဒီတစ်ကြိမ်ဒီသခင်လေးပြန်လည်မွေးဖွားလာချိန် အစကတော့ နှိမ့်နှိမ့်ချချနဲ့ အထွတ်အထိပ်စွမ်းအားကိုပြန်လည်ရချင်ခဲ့တာ..

ဒါပေမဲ့ အမြဲတမ်း ဒီသခင်လေးကို နှိမ့်နှိမ့်ချချ နေဖို့မဖြစ်နိုင်အောင်လုပ်တဲ့လူအချို့ရှိနေလိမ့်မယ်လို့ ဒီသခင်လေးမမျှောင်လင့်ထားဘူး”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters