← Chapters

အခန်း (၈၃၂)

Vol. 56 Ch. 832

အခန်း (၈၃၂)

Vol. 56 Ch. 832

“သူတို့ရောက်လာပြီ.. ရွှမ်းယွမ်ချန်ယွင်”

ဤအချိန်တွင်ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့မှာ ရှေ့ရှိဟင်းလင်းပြင်အတွင်းမှ ကြီးမားသောရွှေရောင် အလင်းကွက်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည်။

ဦးဆောင်လာသောသူက နောက်ရှိ ရွှေရောင်ဝတ်စုံနှင့်အတူ နဂါးကိုးကောင်ဝတ်စုံကို ဆင်မြန်းထားသည်။ သူကရွှေရောင်ချီလင်အပေါ်၌ရပ်နေပြီး သူ၏လက်အတွင်း၌ ရွှမ်းယွမ်လှံပုဆိန်ကိုကိုင်ထားသည်။ သူ၏ပုံစံက ခမ်းနားထည်ဝါလှ၏။ သူက ရွှမ်းယွမ်မြို့၏အရှင်သခင်ဖြစ်သူ ရွှမ်းယွမ်ချန်ယွင်ပင်ဖြစ်သည်။

“ပုန်ကန်သူတွေ”

ရွှမ်းယွမ်ချန်ယွင်ကရှစ်ဖုန့်နှင့်လောချင်းချွမ်

တို့အား မြင်လိုက်ပြီးပြီးချင်း သူ၏လက်အတွင်းရှိ ရွှေရောင်ရွှမ်းယွမ်လှံပုဆိန်ကို ထိုးညွှန်၍ အေးစက်စွာအော်ပြောလိုက်သည်။ သူ၏အသံ၌သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေပြီး ကောင်းကင်ဘုံကိုးခု သို့ပင်ပဲ့တင်ထပ်သွားမည့်ဟန်ရှိသည်။

“ဝေါင်း.ဝေါင်း..ဝေါင်း”

ဤအချိန်တွင် ရွှေရောင်ချီလင်ကလည်း သခင်ဖြစ်သူ၏စိတ်ခံစားချက်ကို အာရုံခံမိပြီး ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

“တိုက်”

ဤအချိန်တွင် ရှစ်ဖုန့်က လည်းအေးစက်စွာအော်ပြောလိုက်သည်။

“ဖန်း.ဖန်း.ဖန်း.ဖန်း..ဖန်း”

ရှစ်ဖုန့်၏နောက်ဘက်မှဆူညံသံများဆက်တိုက်ထွက်ပေါ်လာသည်။ ယင်အလောင်းကောင်များက အနက်ရောင်သစ်သားခေါင်းတလားတို့၏ အဖုံးများကိုမ၍တိုးထွက်လာသည်။

ရုတ်ခြည်း ရှစ်ဖုန့်က၎င်းတို့အားသွေးကျောက်ပြား

အတွင်းပြန်ခေါ်လိုက်သကဲ့သို့ နှစ်ထောင့်ခြောက်ရာသောအနက်ရောင်သစ်သားခေါင်းတလားတို့နှင့် ၎င်းတို့၏အဖုံးများ၌ သွေးနီရောင်အလင်းတို့လင်းလက်လာသည်။

သူ၏ညာလက်ဖြင့်ဆီးလ်တစ်ခုအားပုံဖော်ပြီး ရှစ်ဖုန့်က အလောင်းတစ်သောင်းအစီအရင်အား လျှင်မြန်စွာ ခင်းကျင်းလိုက်သည်။

“မင်းတို့အားလုံးနောက်ချန်ခဲ့ကြ”

မြို့အရှင်သခင်ရွှမ်းယွမ်ချန်ယွင်က ထပ်မံအော်ပြောလိုက်သည်။ သူ၏အသံက သူ့နောက်ရှိ ရွှေရောင်ချပ်ဝတ်စစ်သည်ငါးထောင်၏ကြားထဲ၌ရိုက်ခတ်သွားသည်။

“ဟုတ်”

ရွှမ်းယွမ်ချန်ယွင်၏အမိန့်အား ကြားရသောအခါတွင် ရွှေရောင်ချပ်ဝတ်စစ်သည်ငါးထောင်က ပြိုင်တူတုန့်ပြန်လိုက်ကြသည်။

ထို့နောက် ရွှမ်းယွမ်ချန်ယွင်၏အောက်ရှိ ရွှေရောင်ချီလင်က ရုတ်တရက်လှုပ်ရှားသွားပြီး ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ထံသို့တစ်ဟုန်ထိုးဦးတည်လိုက်သည်။

“မင်းလည်းနောက်ဆုတ်နေ”

ရှစ်ဖုန့်က သူစွမ်းအားတို့အားလက်အတွင်းရှိ ငွေရောင်တံစဉ်အတွင်းသို့ပေါင်းထည့်ရင်း လောချင်းချွမ်ကိုပြောလိုက်သည်။

“နားလည်ပါပြီ”

လောချင်းချွမ်က ခေါင်းညိမ့်ပြီးပြန်ဖြေလိုက်သည်။ သူ၏ပုံရိပ်က နောက်ဘက်ရှိ ယင်အလောင်းကောင်စစ်တပ်ကြီးအား ဖြတ်ကျော်သွားပြီး လျှင်မြန်စွာပြန်သန်းကာ ရှစ်ဖုန့်နှင့်ရွှမ်းယွမ်ချန်ယွင်တို့၏ တိုက်ပွဲနယ်မြေအတွင်းမှထွက်ခွာလိုက်သည်။

ထို့နောက်ရှစ်ဖုန့်၏လက်အတွင်းရှိငွေရောင်တံစဉ်က လက်အတွင်း၌ စတင်တုန်ခါလာသည်။

“ရွှမ်းယွမ် သတ်ဖြတ်ခြင်း”

ရွှမ်းယွမ်ချန်ယွင်ကရှစ်ဖုန့်ထံချဉ်းကပ်လာသကဲ့သို့ ရွှမ်းယွမ်ချန်ယွင်၏ကိုယ်မှ ရွှေရောင်ပုံရိပ်တစ်ခုမြင့်တက်ထွက်ပေါ်လာသည်။

‌

ရွှေရောင်ပုံရိပ်မှာ ပုံမှန်မဟုတ်အောင်ကြီးမားလှပြီး ရွှေရောင်နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်ဖြစ်သည်။ ၎င်းက ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေပြီး ကမ္ဘာပေါ်သို့ငုံ့ကာကြည့်နေသည်။ ဤဧရာမ ရွှေရောင်စစ်နတ်ဘုရား၏ အသွင်အပြင်နှင့်အော်ရာက ရွှမ်းယွမ်ချန်ယွင်နှင့်တစ်ထေရာတည်း

တူညီသည်ဖြစ်သည်။

“သေစမ်း”

ရွှမ်းယွမ်ချန်ယွင်၏ စစ်လှံပုဆိန်က အောက်သို့ခုတ်ပိုင်းလိုက်ပြီး ရွှေရောင်ပုံရိပ်ကြီး၏ လက်ထဲရှိ ဧရာမလှံပုဆိန်ကြီးကလည်း နောက်မှလိုက်ပါကျဆင်းလာသည်။

ဤသည်ကား ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏ စွမ်းအားအကြီးဆုံးတိုက်ခိုက်မှုဖြစ်သည်။ ၎င်းမှာ ဤဧရာမရွှေရောင်လှံပုဆိန်ကြီးကြောင့်အရာအားလုံးက ပျက်သုန်းတော့မည်သကဲ့သို့ပင်ဖြစ်၏။

“ရွှမ်းယွမ်..သတ်ဖြတ်ခြင်း.ဟမ့်”

ရွှမ်းယွမ်ချန်ယွင်၏တိုက်ခိုက်မှုအားမြင်တွေ့

ရသောအခါတွင် ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။ ရွှမ်းယွမ်ဝူမင်နှင့်တိုက်ပွဲအတွင်းရွှမ်းယွမ်ဝူမင်က သူ့အပေါ်၌ ရွှမ်းယွမ်သတ်ဖြတ်ခြင်းလှုပ်ရှားမှုကိုသုံးခဲ့ဖူးသည်ဖြစ်သည်။

ဤလှုပ်ရှားမှုက စွမ်းအားကိုအသားပေးခြင်းဖြစ်သည်။ ၎င်းကအရာအားလုံးအားအစိတ်စိတ်အမွှာမွှာပြုလုပ်ရန်အတွက် အကြွင်းမဲ့စွမ်းအားကိုအသုံးပြု၏။

“အရင်တုံးက ဒီသခင်လေး ရွှမ်းယွမ်ဝူမင်ရဲ့ ရွှမ်းယွမ်သတ်ဖြတ်ခြင်းကို တားနိုင်ခဲ့တယ်.. အဲ့တော့ မင်းရွှမ်းယွမ်ချန်ယွင်ရဲ့ဒီတိုက်ခိုက်မှုကိုလည်း ဒီသခင်လေးတားနိုင်တယ်.. ဒီသခင်လေးအတွက်ချိုးဖျက်ပစ်စမ်း”

ရှစ်ဖုန့်ကအော်ပြောလိုက်သည်။ လာနေသောရွှေရောင်လှံပုဆိန်ထံသို့ သူ၏ဘယ်လက်ထဲရှိ ငွေရောင်တံစဉ်ကိုလွှဲယမ်းလိုက်သည်။ မြည်ဟိန်းသံတစ်ခုနှင့်အတူ လက်နက်နှစ်ခုထိပ်တိုက်တွေ့သွားပြီး ဟင်းလင်းပြင်တစ်ခုလုံးအားတုန်ခါသွားစေသည်။

သို့သော် ရွှေရောင်လှံပုဆိန်နှင့်ငွေရောင်တံစဉ်တို့ထိပ်တိုက်တွေ့ပြီးနောက် များစွာသော အက်ကွဲကြောင်းများဖြစ်ပေါ်လာသည်။ ရွှေရောင်လှံပုဆိန်သည်သာမက ရွှမ်းယွမ်ချန်ယွင်၏အထက်ရှိ ဧရာမရွှေရောင်ပုံရိပ်ကြီး၌လည်းအက်ကွဲကြောင်းများဖုံးလွှမ်းလာ၏။ ၎င်းက ပင့်ကူအိမ်တို့ကဲ့သို့နေရာအနှံ့ပျံ့နှံ့

သွားခြင်းဖြစ်သည်။

ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ဧရာမရွှေရောင်ပုံရိပ်ကြီးမှာ ရုတ်တရက်ပေါက်ကွဲသွားသည်။

ယင်းမှာ ပထမဆုံးတိုက်ခိုက်မှုဖလှယ်မှုတွင်ပင် ရှစ်ဖုန့်ကအသာစီးရနေသည်မှာရှင်းလင်းသည်။

“မင်း.မင်းတကယ်ကြီးငါ့ရဲ့ရွှမ်းယွမ်

သတ်ဖြတ်ခြင်းကို တားနိုင်တယ်.ကောင်းတယ်..အရမ်းကောင်းတယ်. မျှော်လင့်ထားသလိုပဲ ငါမင်းကိုနားလည်မှုလွဲခဲ့တယ်. ယွမ်ကျင်းသူအလကားသေရတာမဟုတ်ဘူးပဲ”

သူ၏ရွှမ်းယွမ်သတ်ဖြတ်ခြင်းပြိုကွဲသွားသည်ကိုတွေ့ရသောအခါတွင် ရွှမ်းယွမ်ချန်ယွင်က မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“အပိုတွေပြောမနေနဲ့. မင်းရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်း

ခုတ်ပိုင်းချက်ကို မသုံးရင် ဒီသခင်လေးမင်းကို အခွင့်အရေးမပေးဘူးလို့ အပြစ်မတင်နဲ့”

ရွှမ်းယွမ်ချန်ယွင်၏ တိုက်ခိုက်မှုအား ချိုးဖျက်ပြီးနောက်ရှစ်ဖုန့်ကအော်ပြောလိုက်သည်။

“ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်းခုတ်ပိုင်းချက်. ..မင်းတကယ်ကြီး ငါ့ ရွှမ်းယွမ်မိသားစုရဲ့အန္တိမပညာရပ်ဖြစ်တဲ့ ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်းခုတ်ပိုင်းချက်ကိုသိနေတာပဲ. ဒါပေမဲ့ ..ငါမင်းကိုသတ်ဖို့ ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်းခုတ်ပိုင်းချက်ကို သုံးဖို့မလိုဘူး. ဒီလှုပ်ရှားမှုနဲ့တင် ငါမင်းကိုဖျက်ဆီးပစ်ဖို့လုံလောက်တယ်..ရွှမ်းယွမ်နဂါးသတ်ခြင်း”

ရွှမ်းယွမ်ချန်ယွင်က ထပ်မံအော်ပြောလိုက်သည်။ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ကြည်လင်သောကောင်းကင်ထဲ၌ မိုးချုံးသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်ကောင်းကင်ထဲမှ ဧရာမ လျှပ်စီးတန်းကြီးတစ်ခုဆင်းသက်လာ၏။ လျှပ်စီးတန်းကတကယ်ကြီး ရွှေရောင်နဂါးတစ်ကောင်၏အသွင်ရှိပြီး ၎င်းကရှစ်ဖုန့်ထံ ပြင်းထန်စွာဦးတည်လာသည်။

“သေစမ်း”

တစ်ချိနည်တည်းမှာပင် ရွှမ်းယွမ်ချန်ယွင်၏ ရွှေရောင်လှံပုဆိန်တိုက်ခိုက်မှုကလည်း ရွှေရောင်မိုးကြိုးနဂါးကဲ့သို့ ထပ်တူကျရောက်လာသည်။ သူကရုတ်တရက်ရှစ်ဖုန့်ထံသို့ထိုးသွင်းလိုက်သည်။

“ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်းခုတ်ပိုင်းချက်သာမဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီကျယ်လောင်တဲ့ အကွက်လောက်က ဒီသင်ခင်လေးကိုနာကျင်စေမှာလဲ”

ရွှမ်းယွမ်ချန်ယွင်၏ သတ်ဖြတ်ခြင်းလှုပ်ရှားမှုက သူထံသို့ထပ်မံကျရောက်လာသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်ကအေးစက်စွာထပ်မံအော်ပြောလိုက်သည်။ သူက လက်အတွင်းမှ ငွေရောင်တံစဉ်ကိုလွှဲယမ်းလိုက်ပြီး ထပ်မံအောက်သို့ခုတ်ပိုင်းလိုက်သည်။

ရှစ်ဖုန့်၏ ရုတ်တရက်ခုတ်ပိုင်းချက်က စက်ဝိုင်းပြက်ငွေရောင်အလင်းတစ်ခုထွက်သွားစေ၏။ ဤငွေရောင်အလင်း၏သက်ရောက်မှုအောက်တွင် ငွေရောင်အလင်းကြောင့် ဆင်းသက်လာသော ရွှေ‌ရောင်လျှပ်စီးနဂါးမှာ တစ်စစီကွဲကြေသွားသည်။

“ဂါး”

ဧရာမနးဂါးကြီး၏ အော်သံက ကောင်းကင်အားဖြတ်သန်းရိုက်ခတ်သွားသည်။

အဆုံးသတ်တွင်ရှစ်ဖုန့်၏ ငွေရောင်တံစဉ်က ရွှမ်းယွမ်ချန်ယွင်၏ရွှေရောင်လှံပုဆိန်ထံထွင်းဖောက်သွားသည်။

“ဘန်း”

အထွတ်အထိပ် လက်နက်နှစ်ခုကထိပ်တိုက်တွေ့သွားပြီး ပေါက်ကွဲမှုလှိုင်းများက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ရိုက်ခတ်ဖြတ်သန်းသွားသည်။

၎င်းတို့ထိပ်တိုက်တွေ့ချိန်တွင် ဟင်းလင်းပြင်တစ်ခုလုံးပါ တုန်ခါသွားရုံသာမက ပစ်ဆောင့်မှုကြောင့်မီးပွားများ

ပင်လွင့်စင်ထွက်လာသည်။

ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်ရော ရွှမ်းယွမ်ချန်ယွင်တို့၏ ပုံရိပ်တို့က ပြိုင်ဘက်၏စွမ်းအားကြောင့်ကိုယ်စီနောက်ပြန်လွင့်သွားသည်။

“ဝေါင်း.ဝေါင်း”

ဤအချိန်တွင် ရွှမ်းယွမ်ချန်ယွင်ကလွင့်ထွက်သွားသော်လည်း သူ၏အောက်ရှိရွှေရောင်ချီလင်ကတော့ ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေဆဲဖြစ်သည်။ ၎င်းကရုတ်ခြည်းပါးစပ်ကိုဖွင့်ဟ၍ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ ရွှေရောင်ချီလင်က လွန်စွာပူလောင်သော ရွှေရောင်မီးတောက်တို့ကိုထုတ်လွှတ်လိုက်သည်။

ပြင်းထန်သောရွှေရောင်ပေါက်ကွဲမှုလှိုင်းတို့ကဲ့သို့ရှစ်ဖုန့်ထံတစ်ဟုန်ထိုးဦးတည်လာသည်။

“သူတောင်းစား”

နောက်သို့အရှိန်ပြင်းစွာလွင့်ပျံ့နေဆဲဖြစ်သောရှစ်ဖုန့်မှာ သူ့ထံသို့လာနေသောရွှေရောင်မီးတောက်တို့အား မြင်လိုက်ရသောအခါတွင် ချက်ချင်းဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ၏ဘယ်လက်အားလွှဲယမ်းလိုက်ပြီး ငွေရောင်တံစဉ်ကပျံသန်းထွက်သွားကာ ရွှေရောင်မီးတောက်တို့နှင့်တွေ့ဆုံသွားသည်။

ငွေရောင်တံစဉ်ဖြတ်သန်းသွားသောနေရာ

တိုင်းတွင် ရွှေရောင်မီးတောက်တို့မှာတစ်လွှာပြီး

တစ်လွှာပျောက်ကွယ်သွားသည်။ မကြာခင်တွင် ရွှေရောင်တံစဉ်က ရွှေရောင်ချီလင်၏ရှေ့သို့ရောက်ရှိလာပြီး ရွှေရောင်ချီလင်၏ဦးခေါင်းကိုခုတ်ပိုင်းလိုက်သည်။

“ရွှမ်းယွမ်..ကောင်းကင်..လောင်မြိုက်ခြင်း..

ခုတ်ပိုင်းချက်”

ဤအချိန်တွင်နောက်ဆုံး၌ရွှမ်းယွမ်ချန်ယွင်မှာ ရွှမ်းယွမ်မိသားစို၏ အန္တိမပညာရပ်ဖြစ်သော ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်း

ခုတ်ပိုင်းချက်ကို အသုံးပြုလိုက်သည်။

ကြုံးဝါးအော်ဟစ်သံထွက်လာသကဲ့သို့ ရုတ်ခြည်း သိပ်သည်းများပြားသောရွှေရောင်မီးတောက်ပုံရိပ်များက ကောင်းကင်ထဲ၌ပေါ်လာသည်။ အနည်းဆုံးထောင်နှင့်ချီရှိပြီး တစ်ယောက်စီတိုင်းက ရွှမ်းယွမ်ချန်ယွင်ကဲ့သို့ တစ်ပုံစံတည်းတူညီသည်ဖြစ်သည်။ ၎င်းတို့က ရွှေရောင်လှံပုဆိန်ကိုကိုင်ထားကြပြီးဤကမ္ဘာ၏ ဤနေရာအားလောင်ကျွမ်းပြာချပစ်နိုင်သကဲ့သို့ ၎င်းတို့၏တစ်ကိုယ်လုံးမှ ခြစ်ခြစ်တောက်ပူသောအပူကိုထုတ်လွှတ်နေသည်။

ဟင်းလင်းပြင်မှာ ပြင်းထန်စွာတွန့်လိမ်လာပြီး ခြစ်ခြစ်တောက်ပူသောမီးတောက်တို့အောက်၌ လှိုင်းတွန့်များဖြစ်လာသည်။

“ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်း ခုတ်ပိုင်းချက်”

သူ့‌ရှေ့ရှိ ရွှေရောင်မီးတောက်များ၏ သိပ်သည်းများပြားလှသောပုံရိပ်များကိုကြည့်၍ ရှစ်ဖုန့်ကရုတ်တရက်ပျံသန်းခြင်းကိုရပ်တန့်လိုက်သည်။ သူကဘယ်လက်ကိုဆန့်ထုတ်လိုက်ပြီး အော်ပြောလိုက်သည်။

“ပြန်လာစမ်း”

ရွှေရောင်ချီလင်၏ခေါင်းအားခုတ်ပိုင်းတော့မည့်ငွေရောင်တံစဉ်က ရှစ်ဖုန့်၏အော်သံအောက်တွင် မြန်ဆန်သောအမြန်နှုန်းတစ်ခုဖြင့် ပြန်လည်ပျံသန်းလာသည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters