← Chapters

အခန်း (၈၃၃)

Vol. 56 Ch. 833

အခန်း (၈၃၃)

Vol. 56 Ch. 833

ရှစ်ဖုန့်ကရုတ်တရက် သူ့ထံသို့ပြန်လည်ပျံသန်းလာသော ငွေရောင်တံစဉ်ကို ဖမ်းဆုပ်ကိုင်လိုက်သည်။ သူ့ရှေ့ရှိ သိပ်သည်းများပြားလှသော ရွှေရောင်ပုံရိပ်များကို စိုက်ကြည့်လိုက်ပြီး သူ့လက်ထဲရှိ ငွေရောင်တံစဉ်၏ စွမ်းအားကို အာရုံခံကာ အေးစက်စွာပြောလိုက်သည်။

“ဒါကနောက်ဆုံး တိုက်ပွဲပဲ”

“အခုက နောက်ဆုံးတိုက်ပွဲအချိန်ကျပြီ.. ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်း ခုတ်ပိုင်းချက်.. အရင် က ဒီသခင်လေး ရွှမ်းယွမ်ဝူမင်ရဲ့ တိုက်ခိုက်မှုကို ချိုးဖျက်နိုင်ခဲ့တယ်..ဒီနေ့လည်း ဒီသခင်လေး မင်းရဲ့တိုက်ခိုက်မှုကို ချိုးဖျက်နိုင်တယ်”

“မင်းလိုမျိုး ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ

်လေးတစ်ယောက်အတွက်နဲ့ ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်း ခုတ်ပိုင်းချက်ကို အသုံးပြုဖို့လိုအပ်လိမ့်မယ်လို့ ဒီသခင်လေး မမျှော်လင့်ထားခဲ့ဘူး. ငရဲဘုံးကို ဝရမ်းပြေးကောင်.. ဒီလှုပ်ရှားမှုအောက်မှာ သေဖို့အတွက်မင်းဘဝကို အချည်းအနှီးတော့နေထိုင်ခဲ့တာမဟုတ်ဘူး”

သိပ်သည်းများပြားလှသော ရွှေရောင်ပုံရိပ်တို့ ဝန်းရံထားသည့် ရွှမ်းယွမ်ချန်ယွင်က အေးအေးလူလူပြောလိုက်သည်။ ဤအချိန်တွင် သူ၏ခြေထောက်တို့က ချီလင်၏ ကျောထက်သို့ချပြီးဖြစ်၏။

ထို့နောက်သူက ညာခြေကို ပင့်လိုက်ပြီး ရွှေရောင်ချီလင်ပေါ်သို့ဆောင့်နင်းလိုက်သည်။

“ဝေါင်း”

ရွှေရောင်ချီလင်က ချက်ချင်းနာကျင်မှုအပြည့်ဖြင့်အော်ဟစ်လိုက်သည်။ ထို့နောက် ကျောထက်ရှိရွှမ်းယွမ်ချန်ယွင်နှင့်အတူရှေ့သို့ ဒုန်းဆိုင်းပြေးလိုက်သည်။

ရွှမ်းယွမ်ချန်ယွင်၏ ပုံရိပ်က တစ်ဟုန်ထိုး ရွေ့လျားသွားသကဲ့သို့ သူ့အားဝန်းရံထားသည့် သိပ်သည်းများပြားလှသော ရွှေရောင်ပုံရိပ်များကလည်း တစ်ဟုန်ထိုး ထွက်လာသည်။၎င်းတို့၏လက်ထဲရှိ ရွေရောင်လှံပုဆိန်များက သည်းကြီးမဲကြီးကခုန်နေပြီး နေရာတစ်ခုလုံးအားဖျက်ဆီးပစ်နိုင်သော ထိန်းမနိုင်သိမ်းမရအုံကြွနေသည့် ဒလဟောစီးဆင့်နေသည့်ရေအဟုန်နှယ် ရှစ်ဖုန့်ထံသို့ အပြင်းဦးတည်လာကြသည်။

ရွှမ်းယွမ် ကောင်းကင်လောင်မြိုက်ခြင်းခုတ်ပိုင်းချက်။ဤအချိန်တွင် နောက်ဆုံး၌၎င်းက ၎င်း၏ အစစ်အမှန်စွမ်းအားကိုထုတ်သုံးလိုက်သည်။ အရာအားလုံးမှာ ဤရွှေရောင်ပုံရိပ်တို့၏ ဖျက်ဆီးပစ်ခြင်းကိုခံရတော့မည့်နှယ်ပင်ဖြစ်၏။

ရွှေရောင်မီးတောက်တို့ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ခြစ်ခြစ်တောက်ပူပြင်းသောရွှေရောင်မီးတောက်တို့ကြောင့်နေရာတစ်ခုလုံးလောင်ကျွမ်းပြာကျကုန်ပြီး မြစ်တစ်စင်းကဲ့သို့အနက်‌ရောင်စွပ်ကြောင်းကြီးတစ်ခုကို ဖန်တီးဖြစ်ပေါ်စေသည်။

ရွှေရောင်ပုံရိပ်များက ရှစ်ဖုန့်ထံဆက်လက်လာနေသကဲ့သို့ အနက်ရောင်စွပ်ကြောင်းမှာလည်းဆက်လက်ပြန့်ကားလာသည်။

“သတ်”

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်မှာ သူ့ရှေ့ရှိ ရွှေရောင်ပုံရိပ်များအား မြင်တွေ့ပြီးဖြစ်သည်။ သူကရုတ်တရက်ကြုံးဝါးလိုက်ပြီး သူ၏လက်ထဲရှိငွေရောင်တံစဉ်အား ရုတ်တရက်ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။ ငွေရောင်တံစဉ်က ဝင့်ကနဲတောက်ပလစွာလက်သွား၏။

သူ့ရှေ့ရှိ ရွှေရောင်ပုံရိပ်များမှာ ရုတ်ခြည်း မျက်စိကျိန်းလောက်စရာကောင်းသော ငွေရောင်တံစဉ်၏ ဝါးမျိုခြင်းကိုခံလိုက်ရပြီး ဘာမှကျန်ရစ်ခြင်းမရှိသည်အထိ ခုတ်ပိုင်းခံလိုက်ရသည်။ သို့သော် နောက်ဘက်မှ သူ့ထံသို့ ဦးတည်လာနေသော များပြားလှသည့် ရွှေရောင်ပုံရိပ်များကတော့ရှိနေဆဲဖြစ်၏။

“သတ်..သတ်..သတ်.သတ်”

ရှစ်ဖုန့်၏ ပါးစပ်မှ ကြုံးဝါးသံတို့အဆက်မပြတ်ထွက်ပေါ်လာသကဲ့သို့ များပြားလှသော ငွေရောင်တံစဉ်၏အလင်းတို့ကလည်း အဆက်မပြတ်ထွက်ပေါ်နေသည်။

ငွေရောင်တံစဉ်ကြောင့် မျာပြားလှသော ပမာဏအတိုင်းအတာတစ်ခုအထိရွှေရောင်ပုံရိပ်တို့ ဘာမှကျန်ရစ်ခြင်းမရှိအောင် ခုတ်ပိုင်းခံရသော်လည်း ယခင်ကသူငွေရောင်တံစဉ်အတွင်းသို့ ပေါင်းထည့်ခဲ့သည့် စွမ်းအင်တို့က စွမ်းအားကြီး တိုက်ခိုက်မှုအား ထပ်တလဲလဲသူထုတ်ဖော်သည်နှင့်အညီ တစ်ဟုန်ထိုး ကုန်ဆုံးနေသည်ကို ရှစ်ဖုန့်ခံစားမိသည်။

သို့သော်ရှစ်ဖုန့်ရပ်တန့်မည့် လက္ခာကို မပြပေ။ သူမရပ်နိုင်ပေ။ ရွှေရောင်မီးတောက်စီးကြောင်းအား ဖျက်ဆီးပစ်ပြီး ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်းခုတ်ပိုင်းချက်အား သူချိုးဖျက်နိုင်မှသာ ရွှမ်းယွမ်ချန်ယွင်အားသတ်နိုင်မည်ဖြစ်သည်။

ရွှေရောင်မီးတောက်စီးကြောင်းတို့နှင့်ငွေရောင်ဓားသွားအလင်းတို့ကြောင့် ဟင်းလင်းပြင်တစ်ခုလုံးပို၍ ဖရိုဖရဲဖြစ်လာသည်။အနက်ရောင်

အက်ကွဲကြောင်းတို့က ပေါ်လိုက်ပျောက်လိုက်နှင့်ထပ်တလဲလဲဖြစ်နေ၏။ ၎င်းဖာသာ၎င်းအဆက်မပြတ်ထပ်ကာ

ထပ်ကာဖြစ်နေခြင်းဖြစ်သည်။

“ငရဲဘုံကိုးခု ငမိုက်သား. သေစမ်း”

ဤအချိန်တွင် နောက်ထပ်ခက်ထန်သော ကြုံးဝါးဟစ်အော်သံတစ်ခုထွက်ပေါ်လာသည်။

ရှစ်ဖုန့်၏ ငွေရောင်ဓားသွားအလင်းက သူ့ထံသို့ဦးတည်လာနေသော ရွှေရောင်မီးတောက်စီးကြောင်းတို့ကို အဆက်မပြတ်ဖျက်ဆီးပစ်ပြီးနောက် နောက်ဆုံးတွင် ၎င်းတို့ကြား၌ရောနှောနေသည့် ရွှမ်းယွမ်ချန်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်ကို ရှာတွေ့သွားသည်။

ရွှမ်းယွမ်ချန်ယွင်က သူ၏လက်ထဲမှာ ရွှမ်းယွမ်တိုက်ပွဲဝင်လှံပုဆိန်ကို မြှောက်လိုက်သည်။ ရွှမ်းယွမ်ချန်ယွင်၏ လှံပုဆိန်တစ်ခုလုံးက ရွှေရောင်မီးတောက်တို့ တောက်လောင်နေပြီး ရှစ်ဖုန့်ထံသို့ခုတ်ပိုင်းကျဆင်းလာသည်။

ဤသည်ကားစွမ်းအားအကြီးမားဆုံးတိုက်ခိုက်မှုဖြစ်သော ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်းခုတ်ပိုင်းချက်ဖြစ်သည်။

“နောက်ဆုံးတော့မင်းဒီကိုရောက်လာပြီပဲ.

တိုက်စမ်း”

ရွှမ်းယွမ်ချန်ယွင်၏ စွမ်းအားကြီးတိုက်ခိုက်မှုကို ရင်ဆိုင်ရင်းရှစ်ဖုန့်ကနောက်တစ်ကြိမ် ကြုံးဝါးလိုက်သည်။ သူ၏မျက်နှာထက်၌ ခက်ထန်သောအမူအယာတစ်ခုရှိနေပြီး သူ၏ငွေရောင်တံစဉ်မှလည်းငွေရောင်ဓားသွားအလင်းတန်းတစ်ခုက လက်ခနဲလင်းလက်သွားသည်။ သူကရွှမ်းယွမ်ချန်ယွင်၏ လှံပုဆိန်ထံသို့ အစွမ်းကုန်ခုတ်ပိုင်းလိုက်၏။

“ဘန်း”

ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်နှစ်ခုဖြစ်သော ငွေရောင်လက်နက်နှင့်ရွှေရောင်လက်နက်တို့က ပြင်းထန်စွာထိပ်တိုက်တွေ့သွားပြီး မုန်းချုန်းသံကဲ့သို့အသံတစ်ခုထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ရွှမ်းယွမ်တိုက်ပွဲဝင်လှံပုဆိန်ထံမှရွှေရောင်မီးတောက်တို့ တလိပ်လိပ်ထွက်လာပြီး ရှစ်ဖုန့်၏ကိုယ်အားလျှင်မြန်စွာ လွှမ်းခြုံသွားသည်။

ကြီးမားသော ငွေရောင်တံစဉ်မှထုတ်လွှတ်သည့်

ငွေရောင်ဓားသွားအလင်းက လည်း ရွှမ်းယွမ်ချန်ယွမ်၏ခန္ဓာကိုယ်ကိုသာမက သူ့ခြေဖဝါးအောက်ရှိ ရွှေရောင်ချီလင်ကိုပါဝါးမျိုသွားသည်။ သူ့နောက်ရှိရွှေရောင်ပုံရိပ်တို့ပင် ငွေရောင်တံစဉ်၏ ဝါးမျိုမှုကိုခံလိုက်ရသည်။

“သူ..သူတို့ပျောက်သွားပြီ..ငါတို့ရဲ့အရှင်သခင်နဲ့ အဲ့လူနှစ်ယောက်လုံးပျောက်သွားပြီ”

ရွှမ်းယွမ်ချန်ယွင်နှင့်ရှစ်ဖုန့်တို့၏ကိုယ်အားပြိုင်ဘက်၏စွမ်းအင်ကကိုယ်စီဝါးမျိုသွားသည်ကို ရွှမ်းယွမ်လက်ရွှေးစင်တို့တွေ့လိုက်ရသည်။

“ငါတို့အရှင်သခင်ကအဲ့လူနဲ့အတူတူသေ

ဖို့လုပ်တာများဖြစ်နိုင်မလား”

“မဖြစ်နိုင်ဘူး. ငါတို့အရှင်သခင်က ရွှမ်းယွမ်ချန်ယွင်ပဲ. သူက အံ့ဖွယ်ကောင်းပြီး ကမ္ဘာ့နံပါတ်တစ် ရွှမ်းယွမ်ချန်ယွင်ပဲ. ဘယ်လိုလုပ်ပြီး အဲ့လူနဲ့အတူတူသေမှာလဲ..ငါတို့အရှင်သခင်မှာ ဒဏ္ဍာရီလာ မသေမျိုးခန္ဓာရှိတယ်ဆိုတာကိုမမေ့လိုက်နဲ့”

“အဲ့တာကအသုံးမဝင်ဘူး. ငါတို့အရှင်မှာ မသေမျိုးခန္ဓာကိုယ်ရှိတယ်.. သူကဘယ်လိုလုပ်ပြီးသေမှာလဲ.. သေမဲ့လူက အဲ့ငမိုက်သားပဲဖြစ်မှာ”

အခြားတစ်ဖက်တွင်လောချင်းချွမ်က ဟင်းလင်းပြင်ထဲ၌တစ်ယောက်တည်းဝင့်ကြွားစွာရပ်နေပြီး သူ့ရှေ့ရှိပြင်းထန်သောဟင်းလင်းပြင်ကိုကြည့်နေသည်။

ဤအချိန်တွင်လောချင်းချွမ်၏မျက်နှာထက်၌ စိတ်ပိုင်းဖြတ်မှု၊ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူ့ဆရာ၏ပုံရိပ်ပျောက်ကွယ်သွားလျှင်တောင်ဤတိုက်ပွဲ၌ သူ့ဆရာနိုင်လိမ့်မည်ဟုခိုင်မာစွာယုံကြည်သည်ဖြစ်သည်။

ဖရိုဖရဲဖြစ်နေသော ဟင်းလင်းပြင်၏အလယ်တွင် ပြင်းထန်သောစွမ်းအင်တို့က လျှင်မြန်စွာ မှေးမှိန်ပျောက်ကွယ်သွားသည်။

“ဟားဟား.. ဟားဟားဟား..ဟားဟား..ဟားဟား..”

ရုတ်တရက် ဟက်ဟက်ပက်ပက်ရယ်မောသံတစ်ခုက

ဟင်းလင်းပြင်ထဲမှပဲ့တင်ထွက်ပေါ်လာသည်။

“ငါတို့အရှင်.. ဒါကငါတို့အရှင်ရဲ့အသံပဲ.. မျှော်လင့်ထားတဲ့အတိုင်းပဲ.ငါတို့အရှင်မှာ မသေမျိုးခန္ဓာကိုယ်ရှိတာ.သူက

ဘယ်လိုသေနိုင်မှာလဲ”

ရွှမ်းယွမ်လက်ရွှေးစင်များမှာ ရယ်မောနေသူက သူတို့၏အရှင်သခင်ဖြစ်သည်ကိုပြောနိုင်သည်ဖြစ်သည်။ သူတို့ကစိတ်လှုပ်ရှားစွာဖြင့်အလျှင်အမြန်ပြောလိုက်ကြသည်။

ဟင်းလင်းပြင်ထဲရှိ ငွေရောင်အလင်းကပျောက်ကွယ်သွားပြီး စစ်နတ်ဘုရားတစ်ပါးကဲ့သို့ငွေရောင်ပုံရိပ်တစ်ခုက လှစ်ဟာထွက်ပေါ်လာသည်။ သူ၏ဆံပင်ရှည်တို့က လေနှင့်အတူ အရိုင်းဆန်စွာကခုန်နေ၏။ ၎င်းမှာ ရွှမ်းယွမ်ချန်ယွင်ဖြစ်သည်။

သူ၏ တိုက်ပွဲဝင်ဝတ်စုံက စုတ်ပြဲနေသော်လည်း ရွှမ်းယွမ်လက်ရွေးစင်များမှာ စစ်နတ်ဘုရားတစ်ပါး၏နောက်ကျောပြင်အားကြည့်ရသကဲ့သို့ စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။ ရွှမ်းယွမ်ချန်ယွင်၏ အံ့ဖွယ်ကောင်းသော ပုံရိပ်က သူတို့၏နှလုံးသားအတွင်း၌ ဆုတ်ယုတ်သွားခြင်းမရှိပေ။

သို့သော် သူတို့ကသူတို့စစ်နတ်ဘုရား၏ နောက်ကျောဘက်ကိုသာမြင်တွေ့ရခြင်းဖြစ်သည်။ သူတို့စစ်နတ်ဘုရား၏ တိုက်ပွဲဝတ်ရုံက စုတ်ပြဲနေခြင်းကို မြင်တွေ့ခြင်းမရှိပေ။ သူ၏ခံ့ညားသောမျက်နှာထက်ရှိ နဖူးမှလည်ပင်းအထိ အန္တရာယ်များသော ဓားဒဏ်ရာတစ်ခုပေါ်လာ၏။ ဓားဒဏ်ရာထံမှ တောက်ပနီရဲသောသွေးတို့က အဆက်မပြတ် စီးကျနေသည်။

ထိုနောက်ချက်ချင်း ရွှမ်းယွမ်ချန်ယွင်၏ရှေ့မှ ပြင်းထန်သော ရွှေရောင်မီးတောက်တို့က လျှင်မြန်စွာမှေးမှိန်ပျောက်ကွယ်လာပြီး သွေးနီရောင်ပုံရိပ်တစ်ခုက လျှင်မြန်စွာ ပေါ်လာသည်။

“သူပဲ.. သူတကယ်မသေဘူးပဲ.. “

လူများမှာသွေးနီရောင်ပုံရိပ်အား မြင်တွေ့ရသောအခါတွင် ရုတ်ခြည်းအံ့အားသင့်စွာ ပြောဆိုလိုက်ကြသည်။ သူတို့၏နှလုံးသားထဲတွင် ရွှမ်းယွမ်ချန်ယွင်မသေဆုံးခြင်းကသာ ပုံမှန်ဖြစ်သည်ဟုခံယူထားခြင်းဖြစ်သည်။

သို့သော် ရွှမ်းယွမ်ကောင်းကင်လောင်မြိုက်ခြင်းခုတ်ပိုင်းချက်မှ ဤကဲ့သို့ပြင်းထန်သောထိချက်ကိုခံယူပြီးသည့်တိုင် ဤလူက အသက်ရှင်နေဆဲဖြစ်၏။

သို့သော် ဤလူကမသေသေးသော်လည်း သူ၏ငယ်ရွယ်သောမျက်နှာက မှတ်မိဖို့မဖြစ်နိုင်အောင်မီးလောင်ခံထားရပြီး မီးလောင်ရာတို့ဖြင့်ပြည့်နှက်နေကာ ထိတ်လန့်ဖွယ်အကျည်းတန်နေသည်ကို သူတို့မကြာခင်တွေ့ရှိသွားသည်။

ဆက်ရန်……

ဘာသာပြန်သူ-ARESE

All Chapters