အခန်း (၈၃၅)
Vol. 56 Ch. 835
“မင်းကငါ့ရဲ့ အဘိုး ရွှမ်းယွမ်ဝူမင်ကို သတ်ခဲ့တယ်.. မင်း..မင်း..မင်းက..မင်းက..”
ရွှမ်းယွမ်ချန်ယွင်၏ အမူယာက အောက်သို့ထိုးစိုက်ကျနေရင်း သိသိသာသာပြောင်းလဲသွားသည်။ သူအနေဖြင့် စကားတစ်ခွန်းပင် အကြွင်းမဲ့ ပြောနိုင်ခြင်းမရှိဘဲ အရမ်းတုန်လှုပ်အံ့အားသင့်နေသည်။
ရှစ်ဖုန့်က အချိန်တစ်ချို့ကတည်းက ရွှမ်းယွမ်ချန်ယွင်၏အထက်၌ပေါ်လာပြီးဖြစ်ပြီး သူကပြောလိုက်သည်။
“ဟုတ်တယ်.. ဒီသခင်လေးက ယိုမင်ပဲ.ဒီသခင်လေးပြန်လာပြီ. မင်းတို့ရွှမ်းယွမ်မိသားစုက ရွှမ်းယွမ်ဝူမင်ရဲ့မျိုးဆက်ထဲကနေ ဒီသခင်လေးလက်ထဲမှာ ပျက်ကိန်းပါလာတာ”
ရှစ်ဖုန့်က စကားပြောပြီးနောက် ရွှမ်းယွမ်ချန်ယွင်၏နှလုံးထံသို့ချိန်ရွယ်၍ သူ၏ညာခြေကို ထပ်မံဆောင့်နင်းလိုက်သည်။
“ယိုမင်..ယိုမင်..ယိုမင်.. ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်”
ရွှမ်းယွမ်ချန်ယွင်မျက်နှာထက်တွင် တုန်လှုပ်အံ့အားသင့်မှု၊မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူကဤနမည်ကို ခပ်တိုးတိုးရေရွတ်နေ၏။ သူ၏အထက်မှပုံရိပ်နှင့် ယခင်ကသူ၏စိတ်ထဲမှ နတ်ဆိုးနတ်ဘုရားကဲ့သို့ ပုံရိပ်တို့တစ်ချိန်တည်းထပ်တူ ဖြစ်ပေါ်လာသည်။
ထို့နောက်သူ၏အကြည့်ကပြောင်းသွားပြီးသူ၏နှလုံးထံသို့ ဆောင့်နင်းချလာသည့် ခြေထောက်တစ်ခုကိုမြင်တွေ့လိုက်ရသည်။
“မဟုတ်ဘူး.မဟုတ်ဘူး. မဟုတ်ဘူး”
ရွှမ်းယွမ်ချန်ယွင်က လက်သင့်မခံနိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ ပထမဆုံးအကြိမ် ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့သောအမူအယာတစ်ခုကို သူ လှစ်ဟာပြသလာခြင်းဖြစ်သည်။ သူ၏အသံက ပို၍ ကျယ်သည်ထက်ကျယ်လာသည်။
“ဘန်း”
ဘယ်လိုပင် ရွှမ်းယွမ်ချန်ယွင်အော်ဟစ်ပါစေ ရှစ်ဖုန့်ကရပ်တန့်ခြင်းမရှိပေ။ ခြေထောက်ကရွှမ်းယွမ်ချန်ယွင်၏ နှလုံးတည့်တည့်သို့ ပြင်းထန်စွာဆောင့်နင်းကျသွားပြီး ရွှမ်းယွမ်ချန်ယွင်၏ ကိုယ်ကို တိုက်ရိုက် ထွင်းဖောက်သွားသည်။
“မင်းရဲ့ ဒဏ္ဍာရီလာ မသေမျိုးခန္ဓာကိုယ်က တကယ်ပဲ မသေနိုင်တာလားဆိုတာကို ဒီသခင်လေးကြည့်အုံးမယ်.. “
ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သကဲ့သို့ ကောင်းကင်မီးတောက်နှင့်ပေါင်းစပ်ထားသည့်သူ၏ဒန်တန်ကို စတင်လှည့်ပတ်လိုက်သည်။
ရွှမ်းယမ်ချန်ယွင်၏ကိုယ်က ရှစ်ဖုန့်၏ထွင်းဖောက်သွားခြင်းကိုခံရသော်လည်း ဒဏ္ဍာရီလာ မသေမျိုးခန္ဓာကိုယ်ကိုပိုင်ဆိုင်ထား
သူဖြစ်သောကြောင့် အသက်ရှင်နေဆဲဖြစ်သည်။ ဤအချိန်တွင် သူ၏ကိုယ်အတွင်းရှိ သွေးတို့က ဆူပွက်နေသော ရေကဲ့သို့ ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။
ထို့နောက်၎င်းက နှလုံးထံသို့ ခပ်ကြမ်းကြမ်းဂယက်ထသွား၏။
ရှစ်ဖုန့်၏ မီးလောင်ထားသောမျက်နှာကအောက်ဘက်ရှိ ရွှမ်းယွမ်ချန်ယွင်အားအေးစက်စွာကြည့်နေသည်။
“ရပ်လိုက်..ရပ်လိုက်..ရပ်လိုက်..ရပ်လိုက်”
သူ၏သွေးတို့အားဤလူ၏အရူးအမူးစုပ်ယူခြင်းကိုခံနေရသည်ကိုခံစားမိသောအခါတွင် ရွှမ်းယွမ်ချန်ယွင်က ထပ်မံအော်ဟစ်လိုက်သည်။ သူ၏ကိုယ်က လေလျော့သွားသောပူပေါင်းတစ်လုံးကဲ့သို့ အားကောင်းသောစုပ်ယူအားအောက်တွင် လျှင်မြန်စွာရှုံ့တွလာသည်။
သူ၏အသက်စွမ်းအင်ကလည်း သူ၏သွေးတို့ကဲ့သို့ တစ်ဟုန်ထိုးခမ်းခြောက်လာ၏။ သူ၏အသိက သူ၏စိတ်ထဲမှ ဒီရေအလား တစ်ဟုန်ထိုးကျဆင်းလာသည်။ သူ၏သွေးတို့ထွက်သွားပြီးသူ၏ခန္ဓာကိုယ်ကရှုံ့တွသောအလောင်းတစ်ခုဖြစ်သွားချိန်တွင် ရွှမ်းယွမ်ချန်ယွင်သေဆုံးသွားပြီဖြစ်သည်ကို ရှစ်ဖုန့်သိလိုက်သည်။
ငရဲဘုံကိုးခု ပညာရပ်ကို အဆက်မပြတ်လှည့်ပတ်လိုက်ပြီး ရှစ်ဖုန့်က ရွှမ်းယွမ်ချန်ယွင်၏သေခြင်းစွမ်းအင်နှင့်ဝိညာဉ်တို့ကို လျှင်မြန်စွာဝါးမျိုလိုက်သည်။
မျိုးဆက်တစ်ခု၏ပြိုင်ဘက်ကင်းကျွမ်းကျင်သူဖြစ်သူ ရွှမ်းယွမ်မြို့၏ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ် ရွှမ်းယွမ်ချန်ယွင်တစ်ယောက် ကျဆုံးသွားပြီဖြစ်သည်။
ရှစ်ဖုန့်က ရွှမ်းယွမ်ချန်ယွင်၏ ကိုယ်အားဝါးမျိုပြီးသည့်နောက် သူ၏ကိုယ်အတွင်းရှိ ကုန်ဆုံးသွားသောစွမ်းအင်တို့က တစ်ဟုန်ထိုးပြန်လည်ပြည့်တင်းလာသည်။ ထိုသည်သာမက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးအား ဝါးမျိုးပြီးသည့်နောက် သူ၏ စွမ်းအင်တို့က အဆင့်ချိုးဖျက်လုနီးပါးအခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်ကို ရှစ်ဖုန့်ခံစားမိလိုက်သည်။
သူထပ်မံအဆင့်ချိုးဖျက်ပြီး ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်ရန်သိပ်ကြာမည်မဟုတ်ပေ။
“ဟမ်”
ဤအချိန်တွင် ရှစ်ဖုန့်၏ အံ့အားသင့်သောအသံထွက်ပေါ်လာသည်။ သူ၏ဒန်တန်အတွင်း ကောင်းကင်မီးတောက်က ရွှမ်းယွမ်ချန်ယွင်၏သွေးများအားလုံးကို ဝါးမျိုခဲ့သည်။ သို့သော် သွေးနီရောင်မီးတောက်အတွင်း ထူးခြားသောတောက်ပနီရဲသည့် သွေးတစ်စက်ကရှိနေပြီး၎င်းအား ကောင်းကင်မီးတောက်က ဖျက်ဆီးခြင်းသို့မဟုတ် ဝါးမျိုခြင်းအားမပြုလုပ်နိုင်သည်ကိုတွေ့ရသည်။
ဤသွေးစက်ကအနည်းငယ်ထူးဆန်းလှ၏။
အတွေးတစ်ချက်ဖြင့်ရှစ်ဖုန့်က သွေးစက်အား သူ၏လက်မှတစ်ဆင့်ဖြတ်သန်းစီးဆင်းစေပြီးပျံသန်းထွက်လာစေသည်။ ထို့နောက် ၎င်းက စီးမျောထွက်လာပြီး သူ၏ညာဘက်လက်ဖဝါးအတွင်း၌ပေါ်လာ၏။
“ဒီသွေးစက်က”
သူ့လက်ထဲရှိထူးခြားစွာတောက်ပနီရဲနေသော သွေးစက်အားရှစ်ဖုန့်စိုက်ကြည့်နေသည်။ ဤသွေးစက်မှအားကောင်းသောအသက်စွမ်းအင်အော်ရာတစ်ခုကိုရှစ်ဖုန့်အာရုံခံမိသည်။
“ဒီသခင်လေးအခုနားလည်ပြီ..ဒါက ရွှမ်းယွမ်ချန်ယွင်ရဲ့မသေမျိုးခန္ဓာကိုယ်ရဲ့ မူလအစပဲ.”
ရှစ်ဖုန့်ကထပ်မံတီးတိုးရေရွတ်လိုက်သည်။
ရွှမ်းယွမ်ချန်ယွင်၌ စွမ်းအားကြီးပြန်လည်ကုသနိုင်စွမ်းရှိသည်ဖြစ်သည်။ ၎င်းက မသေမျိုးခန္ဓာကိုယ်တစ်ခုဖြစ်သည်ဟုကောလ ဟာလရှိ၏။ အရာအားလုံးက ကောင်းကင်မီးတောက်ပင်လောင်ကျွမ်းပစ်နိုင် ခြင်းမရှိသော ဤသွေးစက်မှဖြစ်တည်လာပုံရသည်။ ၎င်းကမသေမျိုးသွေးစက်ဖြစ်၏။
ရှစ်ဖုန့်မှာရွှမ်းယွမ်ချန်ယွင်၏မျက်နှာထက်ရှိ သူပေးခဲ့သောဓားဒဏ်ရာကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့ရသည်ဖြစ်သည်။ ထိုဒဏ်ရာက ပကတိမျက်စိဖြင့်မြင်နိုင်သောအမြန်နှုန်းမျိုးဖြင့် ပြန်လည်ကုသနေခဲ့သည်ဖြစ်၏။
၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကိုလည်းတစ်ဟုန်ထိုးကုသနေခဲ့သည်။ ဤပြန်လည်ကုသနိုင်သောအမြန်နှုန်းက ငရဲဘုံကိုးခု ပညာရပ်ကိုအသုံးပြုသောသူ၏ငရဲဘုံကိုးခု ကာယခန္ဓာကိုယ်ထက်ပို၍မြန်ဆန်သည်ဖြစ်သည်။
“ကောင်းတယ်..အရမ်းကောင်းတယ်”
ရှစ်ဖုန့်လှောင်ပြုံးပြုံးလိုက်သည်။
“ရွှမ်းယွမ်ချန်ယွင်ကိုသတ်ပြီးတဲ့နောက်သူ့ရဲ့အကန့်သတ်မဲ့တဲ့စွမ်းအင်တွေကိုဝါးမျိုနိုင်ရုံသာမက ဒီမသေမျိုးသွေးစက်ကိုလည်းရလိမ့်မယ်လို့ဒီသခင်လေး မမျှောင်လင့်ထားခဲ့ဘူး”
“အကယ်၍ ဒီသခင်လေးသာ ငရဲဘုံကိုးခု ကာယခန္ဓာနဲ့ ဒီမသေမျိုးသွေးစက်ကိုပေါင်းစပ်ခဲ့ရင် ပြန်လည်ကုသနိုင်တဲ့အမြန်နှုန်းကသေချာပေါက်တိုးလာလိမ့်မယ်.. အကယ်၍ဒီသခင်လေးသာအသက်စွမ်းအင်ဥပဒေသကိုကိုယ်စားပြုတဲ့ ရှေးဟောင်းစာလုံးကို အသုံးပြုလိုက်မယ်ဆိုရင်…….”
ထိုနေ့ကရှစ်ဖုန့်အနေဖြင့် မီးတောက်၊ရေခဲ၊လေမုန်တိုင်း၊မြေ၊ရေလှိုင်းတို့ကိုကိုယ်စားပြုသည့်ရှေးဟောင်းစာလုံးများနှင့် အမှောင်၊အလင်း၊သေခြင်းနှင့်အသက်ဥပဒေသတို့ကိုကိုယ်စားပြုသောရှေးဟောင်းစာလုံးတို့ကိုရရှိခဲ့သည်ဖြစ်သည်။
သူ၏ကျင့်ကြံခြင်းနည်းလမ်းကြောင့် သူကသေခြင်းကို ကိုယ်စားပြုသော ရှေးဟောင်းစာလုံးကို အသုံးပြုသည်ဖြစ်သည်။ အခြားစာလုံးများအတွက်ကား သူကောင်းကင်မီးတောက်အားအသက်သွင်းချိန်တွင် မီးဥပဒေသကိုကိုယ်စားပြုသောစာလုံးကို အသုံးပြု၏။ သူပြန်လည်ကုသချိန်တွင် အသက်စွမ်းအင်ဥပဒေသကိုကိုယ်စားပြုသော ရှေးဟောင်းစာလုံးကို အသုံးပြုလိမ့်မည်ဖြစ်သည်။
ဤမသေမျိုးသွေးစက်အားပေါင်းစပ်ပြီး သေခြင်းဥပဒေသကိုကိုယ်စားပြုသောရှေးဟောင်းစာလုံးအား အသက်သွင်းလိုက်သည်နှင့် ပို၍ အံ့ဩဘနန်းဖြစ်ဖွယ်ကောင်းသော အကျိုးရလဒ်တစ်ခုကိုသူရရှိလိမ့်မည်ဖြစ်သည်။
ဤအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်က သူ့ကိုယ်အတွင်းမှသွေးအားလုံးကို ချက်ချင်း အသက်သွင်းလိုက်သည်။ သူ၏လက်ဖဝါးအတွင်းမှမသေမျိုးသွေးစက်ကလည်း သူ၏လက်ဖဝါးအတွင်း ဖြည်းညှင်းစွာနစ်မြုပ်သွားပြီး သူကိုယ်အတွင်းပြန်ရောက်သွားကာ သွေးတို့အတွင်းစီးဆင်းသွားသည်။
မကြာခင်တွင် ဤမသေမျိုးသွေးစက်အား သူ့ကိုယ်အတွင်းရှိသွေးတို့နှင့်အောင်မြင်စွာပေါင်းစပ်နိုင်သွား၏။
မကြာခင်တွင်သူ၏ ဘယ်ဘက်လက်ညှိုးကို ဆန့်ထုတ်ကာ ဓားသွားကဲ့သို့ပုံစံဖြင့်သူ၏ ညာလက်ဖဝါးကို အလွယ်တကူဖြတ်လိုက်သည်။ ရှစ်ဖုန့်၏လက်ဖဝါးထက်တွင် ပြတ်ရှရာတစ်ခု ချက်ချင်းပေါ်လာပြီး တောက်ပနီရဲသောသွေးတို့ စီးထွက်လာသည်။
သူ၏လက်ဖဝါးထက်မှဒဏ်ရာ က မြင်နိုင်သောအမြန်နှုန်းဖြင့် တစ်ဟုန်ထိုးပြန်လည်ကုသနေသည်ကိုရှစ်ဖုန့်ရုတ်တရက်တွေ့လိုက်ရသည်။
“ပေါ်လာစမ်း”
ရှစ်ဖုန့်က ပြောလိုက်သည်။ သူ၏ညာလက်ဖဝါးပေါ်၌ရှေးဟောင်းစာလုံးတစ်လုံးပေါ်လာ၏။ဤစာလုံးပေါ်လာလာခြင်းသူ၏လက်ဖဝါးထက်ရှိဒဏ်ရာ ရုတ်ခြည်းပျောက်ကွယ်သွားသည်။
“ဟားဟား..ဟားဟား”
သူ့ကာယခန္ဓာကိုယ်၏အံ့ဖွယ်ကောင်းသော ပြန်လည်ကုသနိုင်စွမ်းကိုခံစားရင်း ရှစ်ဖုန့်မနေနိုင်ဘဲဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“မသေမျိုးခန္ဓာကိုယ်. အခုဒီသခင်လေးက မသေမျိုးသွေးစက်ကိုပေါင်းစပ်ပြီး အသက်စွမ်းအင်ဥပဒေသကို ကိုယ်စားပြုတဲ့ ရှေးဟာင်းစာလုံးနဲ့ ငရဲဘုံကိုးခုပညာရပ်ဖြစ်တဲ့ ငရဲဘုံကိုးခု ဖျက်ဆီးမရသောခန္ဓာကိုယ်တို့နဲ့ဆိုရင် ဒီသခင်လေးအနေနဲ့ နတ်ဘုရားခန္ဓကိုယ်ကိုရရှိထားသလိုဖြစ်ပြီး ဒီကမ္ဘာပေါ်မှာ ဒီသခင်လေးရဲ့ ကာယခန္ဓာကိုယ်ကမှ အစစ်အမှန်မသေမျိုးခန္ဓာကိုယ်ပဲ”
“ရွှမ်းယွမ်ချန်ယွင်ရဲ့မသေမျိုးခန္ဓာကိုယ်ကတောင်ဒီသခင်လေးနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး”
“ရွှမ်းယွမ်ချန်ယွင်”
ရွှမ်းယွမ်ချန်ယွင်၏နမည်အားရှစ်ဖုန့်ခေါ်မိမှသာ ရှုံ့တွနေသောအလောင်းကသူ၏ခြေထောက်၌ရှိနေသေးသည်ကိုရှစ်ဖုန့်သဘောပေါက်လိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် ရွှမ်းယွမ်ချန်ယွင်၏အလောင်းအား တောက်ပနီရဲသောသွေးတို့ဖြင့် စတင်မီးရှို့ပြာချလိုက်သည်။ သွေဂနီရောင်မီးတောက်တို့အတွင်းရွှေရောင်တစ်ခုကခပ်ရေးရေးဖြစ်ပေါ်နေသည်။
ထိုရွှေရောင်မှာရွှမ်းယွမ်မိသားစု၏ အမွေအနှစ်ဖြစ်သော ရွှမ်းယွမ်လှံပုဆိန်ဖြစ်သည်။
ရှစ်ဖုန့်ကသူ၏ညာလက်အားဆန့်ထုတ်လိုက်ပြီး ရွှမ်းယွမ်လှံပုဆိန်နှင့် အဆင့်ငါးရွှေရောင်လက်စွပ်တစ်ကွင်းက ရှစ်ဖုန့်၏လက်အတွင်းသို့ပျံသန်းလာသည်။ ရွှမ်းယွမ်ချန်ယွင်၏အလောင်းကတော့ ပြာဖြစ်သွားပြီး ဤကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE