← Chapters

အခန်း (၈၃၆)

Vol. 56 Ch. 836

အခန်း (၈၃၆)

Vol. 56 Ch. 836

“သူသေပြီ.ငါတို့ရဲ့အရှင်သေသွားပြီ”

ရွှမ်းယွမ်ချန်ယွမ်က ကိုယ်တိုင်တိုက်ပွဲအတွင်းသို့သွားခဲ့ပြီး ဤကမ္ဘာ၌သေသွားခဲ့သည်။ ရွှမ်းယွမ်လက်ရွေးစင်စစ်သည်ငါးထောင်လုံးက ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်မြည်တမ်းကြကုန်၏။

၎င်းတို့ကရွှမ်းယွမ်ချန်ယွင်အပေါ်သစ္စာစောင့်သိရုံသည်သာမက ၎င်းအားယုံကြည်သက်ဝင်ကြသည်ဖြစ်သည်။ သူက၎င်းတို့၏နှလုံးသားထဲက အံ့ဖွယ်နတ်ဘုရားတစ်ပါးပင်ဖြစ်၏။

စစ်နတ်ဘုရားကကျဆုံးသွားပြီး ဒဏ္ဍာရီတို့က အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။

‌

အော်ဟစ်မြည်တမ်းသံများအားကြားရသောအခါတွင် ရှစ်ဖုန့်က သူ၏အေးစက်သောမျက်နှာအားမော့လိုက်သည်။ မသေမျိုးသွေးစက်နှင့် ရှေးဟောင်းအသက်ဥပဒေသစာလုံးတို့၏အကူအညီဖြင့် သူ၏ မျက်နှာထက်ရှိ ဆိုးရွားသောထိခိုက်ဒဏ်ရာများက မသိလိုက်ပါဘဲပြန်လည်ကုသသွားပြီး သူ၏အေးစက်ချောမောသောမျက်နှာကိုပြန်လည်ရရှိလာသည်။

ထို့‌နောက်ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။

“ရွှမ်းယွမ်မြို့ကိုပြန်သွားပြီး ဒီသခင်လေးအတွက် မြို့တံခါးဝတွေကိုဖွင့်ထား..မဟုတ်ရင် မင်းတို့အားလုံး ရွှမ်းယွမ်ချန်ယွမ်လိုမျိုးသေသွားမယ်”

အေးစက်သောအသံအားကြားလိုက်ရသောအခါတွင် ရွှမ်းယွမ်လက်ရွေးစင်စစ်သည်ငါးထောင်တို့မှာ ရွှမ်းယွမ်ချန်ယွမ်၏သေဆုံးမှုကိုဝမ်းနည်း

ပူဆွေးနေရာမှာ အသိပြန်ဝင်လာသည်။

သူတို့ယခုရင်ဆိုင်နေရသည်က ရွှမ်းယွမ်ချန်ယွင်၏သေခြင်းမဟုတ်ဘဲ မနေ့ကတင် ရွှမ်းယွမ်စစ်သည်သုံးသိန်းကိုသတ်ဖြတ်ခဲ့သည့် ဤအရူးနတ်ဆိုးဖြစ်သည်ကိုသူတို့သဘောပေါက်လိုက်သည်။

ဤအချိန်တွင် ရွှမ်းယွမ်လက်ရွေးစင်တစ်ယောက်က အလျှင်အမြန် သူ၏လက်သီးတို့ကိုဆုပ်လိုက်ပြီး ရှစ်ဖုန့်အား ဦးညွှတ်ကာပြောဆိုလိုက်သည်။

“နားလည်ပါပြီ.. ရွှမ်းယွမ်မြို့ကိုချက်ချင်းပြန်ပြီး အရှင့်ကိုကြိုဆိုဖို့အတွက် မြို့တံခါးတွေကိုဖွင့်လိုက်ပါ့မယ်”

စကားဆုံးပြီးနောက်ရွှမ်းယွမ်လက်ရွေးစင်ဗိုလ်ချုပ်က လျှင်မြန်စွာလှည့်လိုက်ပြီးလူအုပ်ကိုအော်ပြောလိုက်သည်။

“သွားစို့. ရွှမ်းယွမ်မြို့ကိုပြန်ပြီးမြို့တံခါးတွေကိုဖွင့်ကြမယ်”

“ဟုတ်”

ရွှမ်းယွမ်လက်ရွေးစင်စစ်သည်တို့ကပြိုင်တူ ပြန်လည်တုန့်ပြန်လိုက်ကြသည်။ ထို့နောက် သူတို့အနေဖြင့်ဤနေရာတွင်

ထပ်မံကြာကြာနေရဲခြင်းမရှိကြပေ။ စစ်တပ်ကလှည့်လိုက်ပြီး ရွှမ်းယွမ်မြို့ထံသို့တစ်ဟုန်ထိုးပျံသန်းသွားသည်။

ဤလူများထွက်ခွာသွားသည်ကို မြင်ရပြီးနောက် ရှစ်ဖုန့်၏အကြည့်ကသူ့လက်ထဲရှိ ရွှမ်းယွမ်လှံပုဆိန်ပေါ်သို့နောက်တစ်ကြိမ်

ကျရောက်သွားသည်။

အဆင့်ရှစ်ဧကရာဇ်နယ်ပယ်လက်နက်တစ်ခုဖြစ်၏။ ၎င်းက ထျန်းဟန်တိုက်ကြီးအတွင်းအစစ်အမှန် နတ်ဘုရားလက်နက်တစ်ခုဖြစ်သည်။

ရှစ်ဖုန့်ကရုတ်တရက် ညာလက်ကိုလွှဲယမ်းပြီး သူ့လက်ထဲမှရွှမ်းယွမ်လှံပုဆိန်ကို ပစ်ထုတ်လိုက်သည်။ ၎င်းကလေကိုထိုးခွင်းပြီဂ အကွာအဝေးတစ်ခုရှိ လောချင်းချွမ်ထံသို့ ဝင်ရောက်သွားသည်။

ထို့နောက်ရှစ်ဖုန့်၏အသံကထပ်မံထွက်ပေါ်လာ၏။

“ချင်းချွမ်. ဒါကိုဖမ်းလိုက်. ဒီသခင်လေး ရွှမ်းယွမ်လှံပုဆိန်ကိုမင်းကိုလက်ဆောင်ပေးမယ်”

“ကျေးဇူးတင်ပါတယ်”

ရှစ်ဖုန့်၏ အသံအားကြားလိုက်ရသောအခါတွင် လောချင်းချွမ်၏မျက်နှာကဝင်းလက်သွားသည်။သူ၏ကိုယ်ကလှုပ်ရှားသွားပြီး သူ့ထံသို့ပျံသန်းလာသော ရွှမ်းယွမ်လှံပုဆိန်ထံသို့ ဦးတည်လိုက်၏။

ရွှမ်းယွမ်မြို့၏ ရွှမ်းယွမ်လှံပုဆိန်မှာ ထျန်းဟန်တိုက်ကြီးတစ်ခုလုံးတွင် ကျော်ကြားသော လက်နက်တစ်ခုဖြစ်သည်။ ဤကဲ့သို့နတ်ဘုရားလက်နက်တစ်မျိုးအား ရရှိခြင်းအတွက် လောချင်းချွမ်မည်ကဲ့သို့ မပျော်ဘဲနေပါမည်နည်း။

လောချင်းချွမ်၏ ပုံရိပ်က လေကိုထိုးခွင်းပြီး သူ့ထံသို့ပျံသန်းလာသော ရွှမ်းယွမ်လှံပုဆိန်ကို ရုတ်ခြည်းဖမ်းဆုပ်လိုက်သည်။ သူကကောင်းကင်ထဲသို့မော့ကြည့်၍ လေပြင်းနှင့်အတူ တဖျပ်ဖျပ်လူးလွန့်နေသော သူ၏ ဆံပင်ရှည်တို့နှင့်အတူ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

“ဟားဟား.ဟားဟားဟားဟား”

ရှစ်ဖုန့်ကလောချင်းချွမ်အားလျစ်လျူရှုလိုက်ပြီး သူ၏အကြည့်က စစ်မြေပြင်၏ အခြားတစ်ဖက်သို့ပြောင်းရွှေ့လိုက်၏။

“ဝေါင်.. ရွှီး..ဝေါင်း”

ကြမ်းကြုတ်သောသားရဲတို့၏ ခက်ထန်သော အော်သံတို့က ဤကမ္ဘာငယ်လေးအတွင်းထွက်ပေါ်နေသည်။

ဦးခေါင်းသုံးလုံးဧရာမမြွေကြီးမှာ ရွှေရောင်ချီလင်နှင့်ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားသားရဲ၏ မျိုးဆက်သွေးဟုထင်ထားသည့်အတိုင်း ဤကဲ့သို့ဒဏ်ရာများဖုံးလွှမ်းနေသည့်တိုင် ၎င်းက ဆက်လက်ဟိန်းဟောက်နေပြီး ဦးခေါင်းသုံးလုံး မြွေကြီးထံသို့ ရွှေရောင်မီးတောက်တို့အား မှုတ်ထုတ်နေဆဲဖြစ်သည်။

“ရွှီး..ရွှီး..ရွှီး”

ဦးခေါင်းသုံးလုံးမြွေကြီးကလည်း ကျယ်လောင်စွာမြည်တွန်နေသည်။ ၎င်း၏ ရဲရဲနီသောအနီရောင်ဦးခေါင်းက ရဲရဲနီသော အနီရောင်မီးတောက်တို့ကိုမှုတ်ထုတ်ပြီး အပြာ‌ရောင်ဦးခေါင်းက ရေခဲပြာရောင်ရေခဲတို့ကိုမှုတ်ထုတ်ကာ ၎င်း၏ ခရမ်း ရောင်မြွေဦးခေါင်းက ခရမ်းရောင်မီးတောက်တို့အား မှုတ်ထုတ်နေသည်။

၎င်းက ခရမ်းရောင်အလင်းတို့ကိုမှုတ်ထုတ်ပြီး ခရမ်းရောင်အလင်း၏အောက်တွင် တောက်လောင်နေသော ရွှေရောင်မီးတောက်တို့မှာ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။

၎င်း၏အရောင်သုံးမျိုးစပ်မြွေမြှီးမှာ ရုတ်တရက်နောက်တစ်ကြိမ်လွှဲယမ်းလိုက်ပြီး “ဖန်း”ဟူသောအသံနှင့်အတူ ရွှေရောင်ချီလင်၏ကိုယ်အား နောက်တစ်ကြိမ် ရက်စက်စွာထိမှန်သွားသည်။

“ဝေါင်း..ဝေါင်း”

ရွှေရောင်ချီလင်မှာနာကျင်မှုတို့ဖြင့်တွန့်လိမ်နေပြီး ကျယ်လောင်စွာ ဟစ်အော်မြည်တမ်းလိုက်သည်။

ရှစ်ဖုန့်ကသားရဲနှစ်ကောင်ကြားမှ တိုက်ပွဲအားကြည့်နေသည်။ ရွှေရောင်ချီလင်က သူ၏ ငွေရောင်ဓားအလင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားပြီး၎င်း၏ မူလတိုက်ခိုက်ရေးစွမ်းအား ကိုဆုံးရှုံးထားသော်လည်း ၎င်းက ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ် သားရဲတစ်ကောင်ဖြစ်နေဆဲဖြစ်သည်။ အခိုက်တန့်တစ်ခုအထိ ကြာသည့်တိုင် သားရဲနှစ်ကောင်းကြားထဲ၌ အနိုင်ရရှိသူ့ကိုမဆုံးဖြတ်နိုင်ဖြစ်နေဆဲဖြစ်သည်။

ရှစ်ဖုန့်၏ ညာလက်တွင်သွေးနီရောင်အ

လင်းတစ်ခုလင်းလက်လာပြီး သွေးသောက်ဓားကညာလက်ထဲ၌ပေါ်လာသည်။

ရှစ်ဖုန့်က သူ၏ခေါင်းကိုငုံ့လိုက်ပြီး သွေးသောက်ဓားကိုစိုက်ကြည့်လိုက်သည်။ သူကသွေးသောက်ဓားမှာ ဓား၏စိတ်ဝိညာဉ်ကို အာရုံခံလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

“အခုက မင်းအတွက် အဆင့်တက်ဖို့အချိန်ကျပြီ”

ရှစ်ဖုန့်က စကားပြောနေသကဲ့သို့ သူ၏လက်ထဲကသွေးသောက်ဓားက တုန်ခါလာသည်။ သွေးမိစ္ဆာသားရဲမှာ ယခုအခါ၌ အဆင့်ခုနှစ် သူတော်စင်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်။ ပင်ကိုယ်အားဖြင့်ရှစ်ဖုန့်၏ စကားတို့ကို၎င်းနားလည်သည်ဖြစ်၏။

ထို့နောက် ရှစ်ဖုန့်က သူ၏ညာလက်ကို လွှဲယမ်းလိုက်သည်။ သွေးသောက်ဓားကသွေးနီရောင်အလင်း တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ပျံသန်းထွက်သွားကာ ဦးခေါင်းသုံးလုံး ဧရာမမြွေကြီးနှင့်တိုက်ခိုက်နေသော ရွှေရောင်ချီလင်ထံသို့ဦးတည်သွားသည်။

“ဝေါင်း..ဝေါင်း”

ရွှေရောင်ချီလင်က ၎င်း၏ပါးစပ်ကိုဖွင့်ဟ၍ အလယ်ရှိ အပြာရောင်မြွေဦးခေါင်းထံသို့ခုန်အုပ်ရန်ပြင်လိုက်သည်။ ရုတ်တရက် ၎င်း၏ ရွှေရောင်ကိုယ်က တုန်တက်သွားပြီးသူ၏နှလုံးသားထဲက လွန်စွာအန္တရာယ်များသော အော်ရာတစ်ခု မြင့်တက်လာသည်။

လွန်စွာအန္တရာယ်များသောအော်ရာက သူ၏နောက်ဘက်မှလာနေပြီး ၎င်းထံတစ်ဟုန်ထိုးချဉ်းကပ်လာသည်ကို ရွှေရောင်ချီလင် ရုတ်ခြည်းအာရုံခံမိလိုက်သည်။

ရွှေရောင်ချီလင်က ရုတ်တရက် လှည့်လိုက်သည်။ ဤအချိန်တွင် သွေးနီရောင်ဥက္ကာပျံတစ်ခုကဲ့သို့ တစ်ဟုန်ထိုးဝင်ရောက်လာသည့် သွေးနီရောင်အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ဤသွေးနီရောင်အလင်းတန်းက သူရင်ဆိုင်နိုင်စွမ်းမရှိသော စွမ်းအားတစ်ခုဖြစ်သည်ကို ရွှေရောင်ချီလင်အာရုံခံမိလိုက်၏။

“ဝေါင်း..ဝေါင်း..ဝေါင်း..ဝေါင်း…ဝေါင်း”

ရွှေရောင်ချီလင်ကရုတ်တရက်အော်ဟစ် လိုက်သည်။ ၎င်း၏ခွာလေးဘက်ကို ယက်လိုက်ပြီး ၎င်း၏ကိုယ်အားအပေါ်သို့အလျှင်အမြန်ပျံတက်လိုက်၏။

သို့သော် သွေးနီရောင်အလင်းတန်းက ရွှေရောင်ချီလင်ထက် ပို၍မြန်သည်ဖြစ်သည်။ ၎င်းက ရွှေရောင်ချီလင်၏ လည်ပင်းအတွင်းဝင်ရောက်သွားပြီး သွေးသောက်ဓား၏ ဓားရိုးကလှစ်ဟာထွက်ပေါ်လာသည်။

ရွှေရောင်ချီလင်၏ လက်သီးဆုပ်အရွယ် မျက်လုံးတို့က ပြူးကျယ်သွားသည်။ ထို့နောက်၎င်း၏ကိုယ်က ၎င်း၏ သခင်ကဲ့သို့ ရှုံ့တွခြောက်သွေ့သော ချီလင်အလောင်းတစ်ခု မဖြစ်ခင်အချိန်အထိ တစ်ဟုန်ထိုးရှုံ့တွသွားသည်။

ကြယ်ငါးပွင့်အထွတ်အထိပ် ဧကရာဇ်နယ်ပယ် ချီလင်သားရဲတစ်ကောင်ကျဆုံးသွားပြီဖြစ်၏။

ချီလင်ကသေဆုံးသွားပြီး ၎င်း၏ ရှုံ့တွခြောက်သွေ့နေသောအလောင်းက မြေပြင်ပေါ်သို့ တစ်ဟုန်ထိုးကျဆင်းသွားသည်။ သွေးသောက်ဓားကရုတ်တရက်လှုပ်ရှားသွားပြီး ချီလင်၏လည်ချောင်းမှ ပြန်ထွက်လာကာ ဟင်းလင်းပြင်အတွင်းလွင့်မျောရပ်တည်နေ၏။

ဤအချိန်တွင် သွေးနီရောင်အလင်းက သွေးသောက်ဓားထံမှ တက်တိုက်လင်းလက်လာသည်။

“ဂါး..ဂါး.ဂါး”

သွေးသောက်ဓားထံမှခက်ထန်သောသားရဲဟိန်းသံလှိုင်းတို့ထွက်ပေါ်လာသည်။ ဤအချိန်တွင် သွေးမိစ္ဆာသားရဲ ၏ ရှေးဟောင်းမျိုးဆက်သွေးသားရဲဝိညာဉ်က ဟိန်းဟောက်နေခြင်းဖြစ်သည်။

ရှစ်ဖုန့်၏ ပုံရိပ်က ခက်ထန်သောသားရဲတို့၏ ဤတိုက်ပွဲမြေပြင်တွင်ရုတ်တရက်ပေါ်လာသည်။ သူကသွေးနီရောင်အလင်းတို့တောက်ပနေဆဲဖြစ်သော သွေးသောက်ဓားကိုဆုပ်ကိုင်လိုက်ပြီး ဓားမှတောက်ပသောအလင်းလုံးဝပျောက်ကွယ်သွားသည်အထိ သွေးသောက်ဓားအား စိုက်ကြည့်နေသည်။

သွေးသောက်ဓား၏ မူလအသွင်အပြင်ကထပ်မံထွက်ပေါ်လာသည်။

သူ၏ဘယ်ဘက်လက်ခလယ်ကိုကွေးလိုက်ပြီး သွေးသောက်ဓား၏ကိုယ်အား တောက်လိုက်သည်။ “ထန်” ဟူသောအသံနှင့်အတူ သွေးသောက်ဓားမှ ဓားမြည်သံထွက်ပေါ်လာသည်။

သွေးသောက်ဓားက အထွတ်အထိပ်ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ချီလင်သားရဲ၏သွေးတို့အားဝါးမျိုပြီးသည့်နောက် ၎င်းသွေးသောက်ဓားကအထွတ်အထိပ်ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ်သို့အဆင့်တက်လှမ်းပြီး အဆင့်ကိုး ဧကရာဇ်နယ်ပယ် လက်နက်တစ်ခုအဖြစ်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။

ရှစ်ဖုန့်၏ ညာလက်က ရုတ်တရက်ထပ်မံလှုပ်ခါသွားသည်။

“ဂါး”

ကြမ်းကြုတ်သောဟိန်းသံတစ်ခုက ထပ်မံထွက်ပေါ်လာပြီး သွေးသောက်ဓားထံမှ ဧရာမ သွေးနီရောင် အရိပ်ကြီးတစ်ခုထိုးထွက်လာသည်။

၎င်း၏ဦးခေါင်းထက်တွင်တစ်ချောင်းတည်းသောဦးချိုတစ်ခုပါရှိပြီး ၎င်း၏ကိုယ်အားသွေးနီရောင်ချီလင်အပိုင်းအစတို့ဖုံးလွှမ်းထား၏။ ၎င်း၏မျက်နှာကကြမ်းကြုတ်ခက်ထန်နေသည်။ ဤအရိပ်က သွေးမိစ္ဆာသားရဲ၏အရိပ်ဖြစ်၏။

ရွှေရောင်ချီလင်၏ သွေးတို့အားဝါးမျိုပြီးသည့်နောက် သွေးမိစ္ဆာသားရဲမှာ တကယ်ပဲ အရွယ်ရောက်မှုပြီးမြောက်သွားခဲ့သည်။ ၎င်းက ၎င်း၏ ကနဦးအဆင့်မှာ အရွယ်ရောက်သောအရွယ်သို့ ဆင့်ကဲတိုးတက်နိုင်ခဲ့၏။

ဤအချိန်တွင် သွေးမိစ္ဆာသားရဲ၏ အော်ရာက အဆင့်ခုနှစ်သူတော်စင်နယ်ပယ်မှာ အဆင့်ကိုး ဧကရာဇ်နယ်ပယ်သို့ တိုက်ရိုက်တက်လှမ်းခဲ့သည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters