အခန်း (၈၃၇)
Vol. 56 Ch. 837
“ထန်”
ရှစ်ဖုန့်ကသွေးသောက်ဓားအား သူ၏ဘယ်လက်ဖြင့်ထပ်မံတောက်လိုက်သည်။ သွေးသောက်ဓားက ဓားမြည်တမ်းသံထပ်မံထွက်ပေါ်လာ၏။
“ဂါး”
ဓား၏ စိတ်ဝိညာဉ်သားရဲဖြစ်သည့် အရွယ်ရောင် အဆင့်ကိုး ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းခဲ့သော သွေးမိစ္ဆာသားရဲ (ဝါ) သွေးလစန္ဒာသားရဲကဓားမြည်တမ်းသံထွက်ပေါ်လာပြီးနောက် ၎င်း၏ ပါးစပ်အားထပ်မံဖွင့်ဟလိုက်သည်။ ၎င်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မြနေသည့်ဓားတို့ကဲ့သို့ထက်ရှပြီး ကြမ်းကြုတ်သည့် သွားစွယ်တန်းနှစ်ခုက လှစ်ဟာထွက်ပေါ်လာသည်။
ထို့နောက် ရှစ်ဖုန့်၏အထက်၌ပေါ်လာခဲ့သော ဧရာမသွေးနီရောင်အရိပ်ကြီးက သွေးရောင်လွှမ်းသောမြူတို့ကဲ့သို့ ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွားပြီး သွေးသောက်ဓားအတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
ရှစ်ဖုန့်သွေးသောက်ဓားကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ရွှမ်းယွမ်မြို့ကိုပြန်ရောက်ပြီးရင် ရတနာတစ်ထောင်စံအိမ်ကိုသွားပြီး သွေးမိစ္ဆာပစ္စည်းအစုံလိုက်ကိုသွားဝယ်မယ်.. အဲ့နောက်မှာ အဆင့်ကိုးဧကရာဇ်နယ်ပယ်ကိုအောင်မြင် စွာတက်လှမ်းနိုင်လောက်မယ်”
ထို့နောက်ရှစ်ဖုန့်က လောချင်းချွမ်အားကြည့်၍ ပြောလိုက်သည်။
“ချင်းချွမ်.. ရွှမ်းယွမ်မြို့ကို သွားကြစို့”
“ကောင်းပါပြီ”
လောချင်းချွမ်ကပြန်ဖြေလိုက်ပြီး ရွှမ်းယွမ်လှံပုဆိန်အား သူ၏သိုလှောင်လက်စွပ်အတွင်းထည့်လိုက်သည်။
ထို့နောက် ရှစ်ဖုန့်က သူ၏စိတ်ကိုထပ်မံစေစားလိုက်သည်။ သိပ်မဝေးသော ဟင်းလင်းပြင်အတွင်း၌ ရစ်ဝဲနေသော ဧရာမဦးခေါင်းသုံးလုံးမြွေကြီးက ရှစ်ဖုန့်၏စိတ်စေစားမှုအောက်တွင် ရှစ်ဖုန့်ထံသို့ဦးတည်လာသည်။ ၎င်းကရှစ်ဖုန့်နှင့်နီးကပ်လာသောအခါတွင် အားကောင်းသောသွေးနီရောင်အလင်းတစ်ခုလင်းလက်တောက်ပလာပြီး ရှစ်ဖုန့်က ၎င်းအား သွေးကျောက်ပြားနေရာလွတ်အတွင်းသို့ပြန်လည်ခေါ်ဆောင်ထားလိုက်သည်။
“သွားစို့”
ရှစ်ဖုန့်ကအော်ပြောလိုက်ပြီး ရွှမ်းယွမ်မြို့ဆီသို့ လောချင်းချွမ်နှင့်အတူ ပျံသန်းသွားလိုက်သည်။
ရွှမ်းယွမ်မြို့မှာ ရှည်လျားသောသမိုင်းကြောင်းတစ်ခုနှင့် မြို့ကြီးတစ်မြို့ဖြစ်သည်။ ၎င်းအား ရွှမ်းယွမ်ဘိုးဘေးက လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းကျော်က တည်ထောင်ခဲ့သည်ဟုဆို၏။
ရွှမ်းယွမ်မြို့၏ အခြေခံအုပ်မြစ်နှင့်အတူ ၎င်းက အနောက်ပိုင်းဒေသကြီးအတွင်းကြီးမားသော ပိုင်နက်နယ်မြေတစ်ခုကိုစိုးမိုးထားခဲ့၏။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်က ရွှမ်းယွမ်မြို့မှာ ကျော်ကြားထင်ရှားလေသည်။
သို့သော်ယနေ့တွင် ရွှမ်းယွမ်မြို့မှာ အုတ်အော်သောင်းနင်းဖရိုဖရဲပရမ်းပတာဖြစ်နေသည်။ ယင်းမှာ ရွှမ်းယွမ်မြို့၏အရှင်သခင်ဖြစ်သူ ရွှမ်းယွမ်ချန်ယွင် တစ်ယောက်အသတ်ခံရပြီး ရွှမ်းယွမ်မြို့သို့ပြန်လည်သတင်းပို့ခံရခြင်းကြောင့်မှ လွဲ၍ အခြားမဟုတ်ပေ။
အချိန်တစ်ခုအထိ ရွှမ်းယွမ်မြို့တစ်ခုလုံး ကျီးလန့်စာစားအခြေအနေဖြစ်နေကြသည်။ လူများကထိုအကြောင်းကိုပြောနေကြ၏။ ဆူညံပွက်လောရိုက်သံများတော်တော်ဖြစ်နေကြသည်။
“အဲ့နတ်ဆိုး မြို့ထဲကိုဝင်မလာခင် ရွှမ်းယွမ်မြို့ကနေဖြစ်နိုင်သမျှ အမြန်ဆုံးဘေးလွတ်ရာသို့ပြောင်းကြစို့ . အဲ့နတ်ဆိုး က ရွှမ်းယွမ်စစ်သည်တော် သုံးသိန်းကို သတ်ပစ်ခဲ့တာ”
“အဲ့လူက အရမ်းရက်စက်တာ.. သူရောက်လာတာနဲ့ သူက မြို့တစ်ခုလုံးကိုအစုလိုက်အပြုံလိုက်သတ်ပစ်မှာ.. အဲ့ကြမှထွက်သွားမယ်ဆိုအရမ်းနောက်ကျသွားလိမ့်မယ်”
“ဒါပေမဲ့ ငါတို့ရဲ့အခြေခံအုပ်မြစ်က ရွှမ်းယွမ်မြို့ထဲမှာလေ. ရွှမ်းယွမ်မြို့က ငါတို့ထွက်သွားရမယ်ဆိုရင် ငါတို့ဘယ်ကိုသွားရမှာလဲ”
“ဘယ်နေရာလဲတဲ့လား. ဘယ်နေရာ ဖြစ်ဖြစ်အဆင်ပြေတယ်.. ဒီမှာနေပြီးသေဖို့စောင့်တာထက် အဲ့တာကပိုကောင်းတယ်.. အချိန်ကျလာရင် အဲ့နတ်ဆိုးသတ်တာခံရပြီး အသက်ဆုံးရှုံးရမှာ.. အကယ်၍ငါတို့သာအသက်ရှင်နေရင် မျှော်လင့်ချက်ဆိုတာရှိသေးတယ်.. ဒါပေမဲ့ ငါတို့သေရင် ဘာမှလုပ်လို့ရတော့မှာမဟုတ်ဘူး”
“ငါမမျှော်လင့်ထားဘူး. ငါတကယ်ဒါကို မမျှော်လင့်ထားဘူး. ပြိုင်ဘက်ကင်း ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ် ငါတို့ရဲ့အရှင်သခင်က တကယ်ကြီး ဒီလူယုတ်မာရဲ့လက်ထဲမှာ ပျက်ကိန်းစိုက်ခဲ့ရတယ်.. ငါကလေးဘဝထဲကနေ သိုင်းပညာကိုလေ့ကျင့်ခဲ့တာ အနာဂတ်မှာ ငါတို့မြို့အရှင်သခင်ကို ခစားဖို့အခွင့်အရေးရချင်လို့ပဲ”
“ညီအကိုအနေနဲ့အနာဂတ်အတွက်ဘာအစီအစဉ်ချမလဲကျုပ်သိချင်မိတယ်”
“အခုတော့ ငါ့အနေနဲ့ ရွှမ်းယွမ်မြို့ထဲကနေဖြစ်နိုင်သမျှအမြန်ဆုံးထွက်သွားပြီး ခြေဦးတည့်ရာသွားပြီးတော့ နှလုံးသားထဲမှာပဲလက်စားချေတော့မယ်..ငါကကြယ်သုံးပွင့်ဘုရင်နယ်ပယ်တစ်ဦးပဲ.. ငါဘယ်ကိုသွားသွား..ငါ့အတွက်နေရာ တစ်ခုတော့ရှိမှာပါ”
“ညီအကိုအနာဂတ်မှာအောင်မြင်ပြီး အဆင့်အတန်းမြင့်မားတဲ့ စစ်တပ်အရာရှိတစ်ဦးဖြစ်လာပါစေလို့ ကျုပ်ဆုတောင်းပါတယ်”
“ပြေး..ပြေးကြဟေ့.. မင်းတို့မပြေးရင်..လူယုတ်မာက မင်းတို့ကိုလာပြီးသတ်လိမ့်မယ်”
ဤအချိန်တွင်ရွှမ်းယွမ်မြို့တံခါးလေးခုလုံးကို အကျယ်ဆုံးဖွင့်ထားပြီး လူများက မြို့ဂိတ်လေးခုမှ ဒီရေအလား တိုးထွက်ကြကာ သူတို့ရှေ့ရှိ အကန့်သတ်မဲ့ကျယ်ပြောလှသောကုန်းမြေနှင့် ဘယ်ဆီဘယ်ဝယ်မသိသောအရပ်ဒေသတို့ဆီ စတင်ဒရောသောပါးထွက်ပြေးနေကြ၏။
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ရောက်ရှိလာသည့်တိုင် ရွှမ်းယွမ်မြို့ထဲမှ စုပြုံထွက်နေသော များပြားလှသည့်လူများအားမြင်တွေ့ရဆဲဖြစ်သည်။
“ဟီးဟီး.. ကြည့်ရတာ သူတို့အားလုံးလုံရွှမ်းယွမ်ချန်ယွင်တိုက်ပွဲထဲမှာသေတာကိုသိပြီး မြို့တစ်ခုလုံးအစုလိုက်အပြုံလိုက်အသတ်ခံရမှာကိုကြောက်လို့ စပြီးထွက်ပြေးနေကြပုံပဲ”
အောက်ရှိထွက်ပြေးနေသောလူများကိုကြည့်၍ လောချင်းချွမ်ကပြုံးကာပြောလိုက်သည်။
“တို့တွေက ရွှမ်းယွမ်စစ်သည်သုံးသိန်းကိုအစုလိုက်အပြုံလိုက်သတ်ခဲ့တယ်ဆိုတဲ့ နမည်ဆိုးနဲ့ကျော်စောနေတာ.. သူတို့အတွက် တစ်မြို့လုံးအစုလိုက်အပြုံလိုက်အသတ်ခံရမှာကိုကြောက်တာက ပုံမှန်ပါပဲ…. ဒါပေမဲ့ သူတို့က ဒီသခင်လေးကို မစော်ကားခဲ့ဘူးဆိုတာကို သူတို့မသိကြဘူး. ဘာလို့ ဒီသခင်လေးက သူတို့ကိုသတ်ရမှာလဲ”
“ဒီသခင်လေးသတ်ခဲ့တဲ့ အဲ့လူတွေကဒီသခင်လေးရဲ့ရန်သူတွေကြီးပဲ.. သူတို့ကဒီသခင်လေးနဲ့ရန်သူဖြစ်ဖို့ရွေးချယ်လိုက်တာကြောင့် သူတို့ကလည်းဒီသခင်လေးသတ်တာကိုခံရဖို့ပြင်ထားရမှာပဲ”
“သူတို့ကိုလျစ်လျူရှုပြီး ရတနာတစ်ထောင်ကုန်သည်စံအိမ်ကိုပဲတိုက်ရိုက်သွားကြတာပေါ့”
“ကောင်းပါပြီ”
လောချင်းချွမ်က ခေါင်းညိမ့်လိုက်သည်။ ထို့နောက်ရှစ်ဖုန့်နှင့်အတူတကွ ရွှမ်းယွမ်မြို့ အထက်ကောင်းကင်ထဲ၌ တိုက်ရိုက်ပျံသန်းလိုက်၏။ ထို့နောက်တွင် မြို့အတွင်းရှိ မြင့်မားသော အဆောက်အဦးအတွင်းဆင်းလိုက်ပြီး ရတနာတစ်ထောင်ကုန်သည်စံအိမ်၏ဝင်ပေါက်သို့ရောက်ရှိလာသည်။
နှစ်ယောက်သား ရတနာတစ်ထောင်ကုန်သည်စံအိမ်၏ ခန်းမအတွင်းသို့ တိုက်ရိုက်လျှော်လှမ်းဝင်သွား၏။
သို့သော် ဤတစ်ကြိမ်သူတို့ရတနာတစ်ထောင်စံအိမ်အတွင်းသို့ဝင်ရောက်သည့်အခါတွင် သူတို့ရှေ့ရှိမြင်ကွင်းက ယခင်တစ်ခေါက်ကနှင့်များစွာကွာခြားနေသည်။ ထိုအချိန်က ခန်းမအတွင်း၌ လူများစည်ကားခဲ့သည်ဖြစ်ပြီး ယခုအခါတွင် လူအနည်းငယ်သာရှိနေသည်။
ရွှမ်းယွမ်မြို့အတွင်းပေါ်လာသော အဓိကဖြစ်ရပ်ကြီးကြောင့် လောလောဆယ်ဗရမ်းဗတာအခြေအနေတစ်ခုဖြစ်နေပြီး ယင်းက ရတနာတစ်ထောင်ကုန်သည်စံအိမ်၏ စီးပွားရေးအပေါ်သက်ရောက်မှုရှိသည်ဖြစ်သည်။
“ချစ်ခင်ရပါသောဧည့်သည်တော်.. ကျွန်မဘာများ အမှုထမ်းဆောင်ပေးရမလဲရှင်”
ဤအချိန်တွင် လှပသောအကူမိန်းကလေးတစ်ဦးက ပုံမှန်ဖောက်သည်နှစ်ဦးအားနှုတ်ဆက်နေကြအတိုင်း သူတို့ကို နှုတ်ခွန်းဆက်သလိုက်သည်။ သူမကရှစ်ဖုန့်နှင့်လောချင်းချွမ်တို့အား လေးစားမှုအပြည့်ဖြင့်ပြောဆို၏။
ရတနာတစ်ထောင်စံအိမ်အတွင်း၌ အကူမိန်းကလေးပေါင်းများစွာရှိသည်ဖြစ်သည်။ သူတို့အားဤတစ်ကြိမ်နှုတ်ဆက်သောအကူမိန်းကလေးက ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ယခင်တစ်ခေါက်ကတွေ့ခဲ့သည့် အကူမိန်းကလေးမဟုတ်ပေ။
ရှစ်ဖုန့်ကအကူမိန်းကလေးကိုပြောလိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်ဒီသခင်လေးလာတုံးက သွေးမိစ္ဆာပစ္စည်းအစုံကိုတွေ့ခဲ့တယ်. ဒီသခင်လေးအဲ့တာကိုလာဝယ်တာ”
“သွေးမိစ္ဆာပစ္စည်းတွေ”
ဤစကားလုံးတို့အားကြားရသောအခါတွင် အကူမိန်းကလေးကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူမ၏အမူအယာကအနည်းငယ်ပြောင်းလဲသွားပြီး တောင်းပန်သည့်ဟန်ဖြစ်သွား၏။ သူမကရှစ်ဖုန့်ကိုပြောလိုက်သည်။
“ကျွန်မစိတ်မကောင်းပါဘူးရှင့်. သွေးမိစ္ဆာပစ္စည်းအစုံက သက်သတ်ထားလိုက်ပါပြီ.. ဘာလို့အခြားရတနာတွေကိုတစ်ချက် မကြည့်ရတာလဲရှင့်”
“သက်သက်ဖယ်ထားလိုက်တာလား”
အကူမိန်းကလေး၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကအနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူလျှင်မြန်စွာသက်ပြင်းချလိုက်၏။ ဘာကြောင့် သွေးမိစ္ဆာပစ္စည်းအစုံကို သက်သက်ဖယ်ထားရသည်ကို သူသိပြီးဖြစ်သည်။
ယခင်အကြိမ်က ရတနာတစ်ထောင်စံအိမ်၏ဧကရာဇ်နယ်ပယ်နှစ်ဦးအား၎င်းတို့ကိုဖယ်ထားရန်သူပြောခဲ့သည်ဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်ကထပ်မံပြောလိုက်သည်။
“မင်းတို့မန်နေဂျာကို ဒီကိုလာဖို့ပြောလိုက်.. ဒီသခင်လေးသူ့ကိုပြောစရာရှိတယ်”
“မန်နေဂျာလား. ကောင်းပါပြီ. ကျေးဇူးပြုပြီးခေတ္တစောင့်ဆိုင်းပေးပါရှင့်. ကျွန်မအခုပဲ မန်နေဂျာကို သတင်းပေးလိုက်ပါ့မယ်”
ထို့နောက် အကူမိန်းကလေးက ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့အား ဦးညွှတ်ပြီး လှည့်ထွက်သွားသည်။
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က ထွက်သွားသောအကူမိန်းကလေးကိုစိုက်ကြည့်နေသည်။ ထို့နောက် သူမကကောင်တာတစ်ခုကိုသွားပြီး လှပသောအမျိုးသမီးတစ်ဦးရှေ့၌ရပ်လိုက်သည်ကို သူတို့တွေ့လိုက်ရသည်။
“ရှောင်းရုံ..ဘာဖြစ်လို့လဲ”
လှပသောအမျိုးသမီးက အကူမိန်းကလေးအားမြင်သောအခါတွင်မေးလိုက်သည်။
“မန်နေဂျာ ဟိုဘက်ကဧည့်သည်နှစ်ယောက်က တစ်ခုခုပြောစရာရှိလို့တဲ့. သူတို့က မန်နေဂျာကိုခေါ်ကိုလာဖို့ပြောတယ်”
ရှောင်းရုံကပြန်ဖြေလိုက်သည်။ စကားပြောရင်း သူမ၏လက်ချောင်းကိုအသုံးပြု၍ ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ရှိရာ သို့ ထိုးညွှန်ပြလိုက်သည်။
“ဧည့်သည်နှစ်ဦးလား”
ရှောင်ရုံ၏လက်နောက်သို့လိုက်ပါ၍ လှပသောအမျိုးသမီးက သူ၏ခေါင်းကိုလှည့်လိုက်ပြီး ကြည့်လိုက်သည်။ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့အားတွေ့လိုက်ရသောအခါတွင် သူမ၏ကိုယ်ကရုတ်တရက်တုန်ယင်သွားပြီး သူ၏မျက်နှာထက်တွင် အလွန်အံ့ဩမှုတို့ဖြင့်ပြည့်နှက်နေသည်။ သူမက အတင်းလုပ်ယူခြင်းမပါဘဲခေါ်လိုက်၏။
“အ…အရှင်”
ထို့နောက် အမျိုးသမီးကရှောင်းရုံဟုခေါ်သည့်အ ကူမိန်းကလေးကိုလျစ်လျူရှုပြီး ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ထံလျှင်မြန်စွာလျှောက်လှမ်းလာသည်။
“သူမပဲ”
တစ်ချက်ကြည့်ရုံနှင့် သူထံသို့ လျှောက်လာနေသော အမျိုးသမီးက ယခင်အကြိမ်က လက်ခံတွေ့ဆုံခဲ့သည့် အကူမိန်းကလေးဖြစ်သည်ကို ရှစ်ဖုန့်သိလိုက်သည်။
ဤရတနာတစ်ထောင်စံအိမ်က သူမအား တကယ်ပဲခက်ခဲခြင်းမရှိအောင်ပြုလုပ်ခဲ့ပုံရသည်။ သူမ၏အဝတ်အစားများကိုအကဲဖြတ်ရသလောက် သူမ၏သရုပ်က ယခင်သူတို့နှင့်တွေ့စဉ်ကနှင့်ကွာခြာသွားခဲ့သည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE