← Chapters

အခန်း (၈၃၈)

Vol. 56 Ch. 838

အခန်း (၈၃၈)

Vol. 56 Ch. 838

“အရှင် ..နောက်ဆုံးတော့ အရှင်ဒီကိုရောက်လာပြီ.. အရင်အခေါက်တုံးက ကူညီပေးခဲ့တာအတွက်အရှင့်ကိုကျေးဇူးတင်ပါတယ်.. ကျေးဇူးပြုပြီး ကျွန်မရဲ့ ဦးညွှတ်ဂါရဝပြုမှုကိုလက်ခံပေးပါ”

ရတနာတစ်ထောင်ကုန်သည်စံအိမ်အတွင်းတွင် အမျိုးသမီးက လေးစားမှုအပြည့်၊ကျေးဇူးတင်မှုအပြည့်တို့ဖြင့် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ရှေ့သို့ရောက်ရောက်ချင်းပြောလိုက်သည်။

ရွှမ်းယွမ်မြို့အတွင်း၌ဖြစ်ပျက်သော အဓိကဖြစ်ရပ်ကြီး ကို အားလုံးက သိကြသည်ဖြစ်သည်။ ပင်ကိုယ်အားဖြင့် သူမလည်း ထိုအကြောင်းကိုသိသည်ဖြစ်၏။

ဤကိစ္စက သူမကဲ့သို့ ပမွှားကောင်မလေးတစ်ယောက်အတွက်နှင့်ဖြစ်ရသည်ဟု ပြောလျှင်လည်းရနိုင်သည်ဖြစ်သည်။

ရွှမ်းယွမ်မြို့အရှင်သခင်၏သမီးဖြစ်သူ ရွှမ်းယွမ်ယန်ရို့က သူမအား ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ပါးရိုက်ခဲ့၏။

ဤယောက်ျားသားနှစ်ယောက်က ရွှမ်းယွမ်ယန်ရို့၏ အပြုအမူကို ရပ်ကြည့်မနေနိုင်ဘဲ သူမကိုကူညီခဲ့သည်။သူတို့ကရွှမ်းယွမ်ယန်ရို့အား ပါးရိုက်ခဲ့ရုံသာမက သူမအားပြန်ပေးဆွဲခဲ့၏။

ရွှမ်းယွမ်ယန်ရို့အား ရွှမ်းယွမ်မြို့ထဲ၌ပြန်ပေးဆွဲခြင်းက မြို့တော်ကိုပုန်ကန်သည်နှင့်ညီမျှသည်ဖြစ်သည်။

ယေဘုယျအားဖြင့် သူမကိုယ်သူမဤတစ်ကြိမ်တွင် ပြဿနာကြီးတစ်ခုထဲရောက်ရှိပြီဟုသူမထင်ခဲ့သည်။ သို့သော်ရတနာတစ်ထောင်စံအိမ်၏ အဆင့်မြင့်သူတို့က သူမအား လုံးဝအပြစ်တင်ခြင်းမရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ထိုအစားသူမကိုဤခန်းမငယ်လေးအတွင်းစီမံခန့်ခွဲနိုင်သော မန်နေဂျာအဖြစ်ပါရာထူးတိုးပေးခဲ့၏။

လွန်ခဲ့သော ရက်အချို့က တုန်လှုပ်အံ့အားသင့်ဖွယ်ကောင်းသော သတင်းများတစ်ခုပြီးတစ်ခုသူမ၏နားထဲသို့ရောက်ရှိလာသည်။ ရွှမ်းယွမ်စစ်သူကြီးယွမ်ကျင်းစစ်ပွဲအတွင်းသေဆုံးခဲ့ပြီး ရွှမ်းယွမ်စစ်သည်သုံးသိန်းလုံးအသတ်ခံခဲ့ရသည်။ ၎င်းတို့တစ်ယောက်မှ အသက်ရှင်ကျန်ရစ်ခြင်းမရှိပေ။

အထူးသဖြင့်ယနေ့တွင် သူမ၏နားထဲသို့နောက်ထပ်တုန်လှုပ် အံ့အားသင့်ဖွယ်ကောင်းသောသတင်းတစ်ခုရောက်ရှိလာသည်။ ရတနာတစ်ထောင်စံအိမ်က သူမအား အပြစ်ပေးရမည့်အစား အဘယ်ကြောင့်ရာထူးတိုးပေးခဲ့သည်ကိုသူမနားလည်ခဲ့သည်။

အရာအားလုံးက သူမ၏ ရှေ့၌ရှိနေသော လူကြောင့်ဖြစ်၏။

အမျိုးသမီးက သူ့အား ဦးညွှတ်ဂါရဝပြုသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်ကပြောလိုက်သည်။

“ကောင်းပြီ..ဘာမှအရမ်းယဉ်ကျေးနေစရာတွေမလိုပါဘူး. ဒီသခင်လေးဒီနေ့ဒီကိုလာတာက အရင်ကသဘောကျခဲ့တဲ့ သွေးမိစ္ဆာသတ်ဖြတ်ခြင်းပစ္စည်းအစုံကို ဝယ်ဖို့ပဲ”

“သွေးမိစ္ဆာသတ်ဖြတ်ခြင်းပစ္စည်းအစုံကို ကောင်းကောင်းထိန်းသိမ်းထားပါတယ် အရှင်. ကျေးဇူးပြုပြီးခဏလောက်စောင့်ဆိုင်းပေးပါ.. ကျွန်မအခုပဲသွားပြီး ယူပေးပါ့မယ်”

အမျိုးသမီးကလေးစားမှုအပြည့်ဖြင့်ပြော၏။

“ကောင်းပြီ”

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။

ထို့နောက်အမျိုးသမီးကလှည့်ပြီးထွက်ခွာသွားသည်။

ရတနာတစ်ထောင်စံအိမ်၏သီးသန့်အခန်းအတွင်းတွင် အဘိုးအိုတစ်ဦးနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ဦးတို့က ဆန့်ကျင်ဘက်ထိုင်နေကြသည်။ အကယ်၍ရှစ်ဖုန့်သာဤနေရာ၌ရှိနေမည်ဆိုလျှင် ၎င်းတို့အားမှတ်မိမည်ဖြစ်၏။ ၎င်းတို့မှာ ထိုနေ့က ရတနာတစ်ထောင်စံအိမ်တွင် ရှစ်ဖုန့်၏လမ်းကိုပိတ်ပင်တားဆီးခဲ့သော ဧကရာဇ်နယ်ပယ်နှစ်ယောက်ဖြစ်သည်။

အဘိုးအိုအားအကြီးအကဲခွေ့ဟုခေါ်ပြီး သက်လတ်ပိုင်းအရွယ်လူအား ဝေ့တာဟုခေါ်၏။

ဤအချိန်တွင် သူတို့က ရွှမ်းယွမ်မြို့အတွင်းဖြစ်ပွားခဲ့သောကြီးမားသည့်ကိစ္စများအကြောင်းကို ဆွေးနွေးနေကြသည်။

“အဲ့ကောင်လေးက ရွှမ်းယွမ်ချန်ယွင်ကိုသတ်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး. သူကအရမ်းကိုရက်စက်တဲ့သူပဲ.. ကံကောင်းတာက ပြီးခဲ့တဲ့တစ်ခေါက်မှာ သူကငါတို့ကိုမသတ်သွားတာပဲ”

“ဟုတ်တယ်.ခင်ဗျားမှန်တယ်”

ဝေ့တာကညည်းညူပြောလိုက်သည်။ ထိုရက်စက်အကြင်နာမဲ့သောသူအား ယခင်အခေါက်က သူရင်ဆိုင်ခဲ့သည်ကိုပြန်တွေးမိလျှင်သူ့၌အကြောက်တရားတို့စွဲကျန်ရစ်နေဆဲဖြစ်သည်။

ထိုအကြင်နာမဲ့ရက်စက်သောသူက ရွှမ်းယွမ်ချန်ယွင်ကို သတ်ခဲ့ရုံသာမက ရွှမ်းယွမ်မြို့အတွင်း စစ်သည်သုံးသိန်းကျော်အား သတ်ခြင်းနှင့်လည်းကျော်ကြားသည်ဖြစ်သည်။ ၎င်း၏မျက်လုံးထဲတွင် လူသားများကပုရွက်ဆိတ်များနှင့်ခြားနားခြင်း မရှိပေ။

“အင်း”

ထို့နောက်သူက ခေါင်းကိုငုံ့ပြီး သူ့လက်ထဲမှရွှေရောင်တိုကင်ပြားကိုကြည့်လိုက်သည်။သူကပြောလိုက်၏။

“အားလုံးက ငါတို့ရဲ့သခင်လေးရှစ်ကျွင်းရွှိုက်က အဲ့လူနဲ့သိကျွမ်းခဲ့တဲ့ကျေးဇူးကြောင့်ဖြစ်ကောင်းဖြစ်လောက်တယ်.. ငါတို့ကရွှမ်းယွမ်ချန်ယွမ်ထက် ခြေတစ်လှမ်းသာသွားတာ”

ဝေ့တာကပြောသည်။

“ကျုပ်တို့ရဲ့သခင်လေးရှစ်ကျင်းရွှိုက်က အမြဲတမ်း လေ့ကျင့်ဖို့အတွက်အရှေ့ပိုင်းဒေသကြီးကို အရှင်ကစေလွှတ်ခဲ့တယ်. သူကဒီလိုမျိုး ရက်စက်အကြင်နာမဲ့တဲ့သူနဲ့ ဘယ်လိုသိလာလဲကျုပ်တော့မသိတော့ဘူး.. ဒီလူက အရှေ့ပိုင်းဒေသကြီးကနေလာတာဆိုတာကို ကျုပ်ဖြင့်မယုံနိုင်သေးဘူး”

“အရှေ့ပိုင်းဒေသကြီးလိုကျက်တီးမြေမှာ ဧကရာဇ်နယ်ပယ်အများကြီးရှိတာမဟုတ်ဘူး. ဘယ်လိုလုပ်ပြီးတော့ဒီလို ရက်စက်အကြင်နာမဲ့တဲ့သူမျိုးကပေါ်လာရတာလဲ”

ဝေ့တာ၏စကားတို့အားကြားသောအခါတွင် အကြီးအကဲခွေ့က ခေါင်းခါပြီးပြောလိုက်သည်။

“ကမ္ဘာပေါ်မှာအကြွင်းမဲ့ဆိုတာမရှိဘူး. ခွေးတိုင်းမှာတောင်သူ့ရဲနေ့ဆိုတာရှိတယ်.. အရှေ့ပိုင်းဒေသကြီးကနေ ဧကရာဇ်နယ်ပယ်အများကြီးထွက်ပေါ်တာ ကိုငါမကြားဖူးပေမဲ့. သမိုင်းမှာတစ်ကြိမ်တော့ရှိခဲ့ဖူးတယ်.. မင်းအရမ်းအသေအချာကြီးပြောလို့မရဘူး”

“ငါကသခင်လေး ကျင်းရွှိုက် ကြီးပြင်းလာတာကိုဌာနချုပ်မှာကတည်းက စောင့်ကြည့်လာခဲ့တာ.. သူကသဘောကောင်းပြီး လူတွေကို စိတ်ရင်းအတိုင်းဆက်ဆံတယ်.. သူကမျှော်စင်အရှင်သခင်တစ်ဦးရဲ့ပြောဟန်ဆိုဟန်တွေရှိတယ်.. ဒီလိုကျွမ်းကျင်သူမျိုးနဲ့ သူသိကျွမ်းတာက အံ့အားသင့်စရာမဟုတ်ဘူး”

“အရှင်တို့ ဒီလက်အောက်ခံက တွေ့ခွင့်တောင်းဆိုပါတယ်..ကျွန်မတင်ပြစရာရှိလို့ပါ”

ဤအချိန်တွင် ငယ်ရွယ်သောအမျိုးသမီးတစ်ဦး၏အသံက တံခါးပြင်ပမှထွက်ပေါ်လာပြီးသူတို့နှစ်ဦး၏ စကားပြောဆိုမှုကိုကြားဖြတ်ဟန့်တားလိုက်သည်။

“ဝင်လာခဲ့”

အကြီးအကဲခွေ့ကပြောလိုက်သည်။

တံခါးကဖြည်းညှင်းစွာတွန်းပွင့်သွားပြီး ငယ်ရွယ်ပြီးလှပသော အမျိုးသမီးတစ်ဦးက သီးသန့်ခန်းအတွင်းသို့ဝင်ရောက်လာသည်။ သူမကသွေးမိစ္ဆာပစ္စည်းအစုံကို ယူရန်လာသောသူဖြစ်၏။

“နှုတ်ဆက်ပါတယ်..အကြီးအကဲခွေ့ အကြီးအကဲဝေ့”

အမျိုးသမီးက အကြီးအကဲခွေ့နှင့်အကြီးအကဲဝေ့တို့ထံလျှောက်လှမ်းလာပြီး ဂါရဝပြုလိုက်သည်။

“ရှောင်းယု ဘာကိစ္စရှိလို့လဲ”

အကြီးအကဲခွေ့က အမျိုးသမီးကိုကြည့်လိုက်ပြီးမေးလိုက်သည်။

“အကြီးအကဲတို့ . အရင်တစ်ခေါက်ကလူငယ်လေး ဒီကိုရောက်နေပါတယ်.သူက အခုခန်းမထဲမှာရှိပါတယ်”

ရှောင်းယုကပြောလိုက်သည်။

“အရင်အခေါက်ကလူငယ်လား. ဘယ်လူငယ်လဲ”

ရှောင်းယုဟုခေါ်သည့် အမျိုးသမီး၏စကားအားကြားပြီးနောက် ဝေ့တာက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

အကြီးအကဲခွေ့၏တုန့်ပြန်မှုကလျှင်မြန်သည်။ သူကရုတ်ခြည်းထရပ်လိုက်ပြီး ဝေ့တာကိုပြောလိုက်သည်။

“အဲ့မှာဘယ်လူငယ်ရှိလို့လဲ.. မြန်မြန်ငါနဲ့သူ့ကိုကြိုဆိုဖို့လိုက်ခဲ့”

“သူ့ကို”

အကြီးအကဲခွေ့၏တုန့်ပြန်မှုအား တွေ့လိုက်ရသောအခါတွင် ဝေ့တာက ရုတ်ခြည်းတုန့်ပြန်လိုက်သည်။ သူက လည်းထရပ်လိုက်၏။

သူတို့နှစ်ယောက်က ထိုလူငယ်အကြောင်းကိုခုဏတင်ပြောနေ ကြခြင်းဖြစ်သည်။ ထိုလူငယ်ကရောက်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။

“သွေးမိစ္ဆာပစ္စည်းအစုံကိုယူဖို့သူရောက် လာတာလား”

အကြီးအကဲခွေ့က ရှောင်းယုကိုမေးလိုက်သည်။

“ဟုတ်ကဲ့ ကျွန်မ သွေးမိစ္ဆာပစ္စည်းအစုံကိုပြင်ဆင်ထားပါတယ်. အရင်အခေါက်က အကြီးအကဲခွေ့က ဒီငယ်သားကို ဒီလူငယ်ရောက်လာလာချင်း သတင်းပို့ဖို့ပြောခဲ့တာကြောင့်ဒီငယ်သား နှောင့်နှေးရဲခြင်းမရှိပါဘူး”

ရှောင်းယုကပြန်ဖြေလိုက်သည်။

ထို့နောက်သုံးယောက်သားအခန်းအတွင်းမှ အလျှင်အမြန် ထွက်သွားကြသည်။

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ကရတနာတစ်ထောင်စံအိမ်၏ ခန်းမအတွင်း၌စောင့်ဆိုင်းနေကြသည်။ သိပ်မကြာခင် ခန်းမအတွင်းအမျိုးသမီးငယ်ပေါ်လာသည်ကိုသူတို့တွေ့လိုက်ကြရသည်။ သူမ၏ရှေ့တွင်နောက်ထပ်လူနှစ်ယောက်လည်း ရှိနေသည်။ ၎င်းတို့က သူတို့၏လမ်းကြောင်းကိုပိတ်ပင်ခဲ့သောဧကရာဇ်နယ်ပယ်နှစ်ဦးဖြစ်၏။

“ကျုပ်တို့ရတနာတစ်ထောင်စံအိမ်ကနေ ဂုဏ်သရေရှိဧည့်သည်တော်တို့ကို ကြိုဆိုပါတယ်..”

အကြီးအကဲခွေ့က သူ့ရှေ့ရှိ ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့အား မြင်မြင်ချင်းပြုံး၍ ကြိုဆိုသည်။

အကြီးအကဲခွေ့စကားဆုံးပြီးပြိးချင်း ဝေ့တာကထပ်ပြောသည်။

“ပြီးခဲ့တဲ့အခေါက်က လူကြီးမင်းတို့နှစ်ယောက်ကိုဘယ်သူမှန်းကျုပ်တို့မသိခဲ့လို့ ကျုပ်တို့ပဋိပက္ခအချို့ဖြစ်ခဲ့ပါတယ်.. ဒါကို နှလုံးသားထဲမှာ မမှတ်ထားဖို့ မျှော်လင့်ပါတယ်”

“ရှစ်ကျင်းရွှိုက်နဲ့ ဒီသခင်လေးက အထူအပါးအကုန်ဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းကောင်းတယ်.. မင်းတို့ကရတနာတစ်ထောင်စံအိမ်ကဖြစ် တာကြောင့် ဒီသခင်လေး စိတ်ထဲမှာမထားဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဟုတ်ပါတယ်..ဟုတ်ပါတယ်.. လူကြီးမင်းက သခင်လေးကျင်းရွှိုက်နဲ့သိကျွမ်းတာမို့ ကျုပ်တို့က မိသားစုတွေပါပဲ.. လာစမ်း.ဒီကိုသွေးမိစ္ဆာပစ္စည်းအစုံယူလာခဲ့ .. အဲ့တာက ကျောက်စိမ်းသေတ္တာသုံးခုထဲမှာပါ”

အကြီးအကဲခွေ့ကပြောရင်းဆိုရင်း ကျောက်စိမ်းသေတ္တာသုံးခုကိုရှစ်ဖုန့်အားကိုယ်တိုင်ကိုယ်ကျ လွှဲပေး၏။

ရှစ်ဖုန့်က ကျောက်စိမ်းသေတ္တာကိုယူလိုက်ပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို အကြီးအကဲခွေ့လက်ထဲလွှဲပေးလိုက်သည်။

အကြီးအကဲခွေ့က သိုလှောင်လက်စွပ်ထံတစ်ချက်ကြည့်လိုက်ပြီး လျှင်မြန်စွာသူ၏လက်တို့ကိုဝေ့ယမ်းလိုက်သည်။

“ဒါကအရမ်းများပါတယ်. ဒီမှာ ကမ္ဘာဦးကျောက်တုံးတွေအများကြီးရှိပြီးသားပါ. လူကြီးမင်းက ကျုပ်တို့ထဲကလူဖြစ်တာကြောင့် ဒီတန်ကြေးကိုပေးစရာမလိုပါဘူး”

ရှစ်ဖုန့်သူ့ကိုပေးသော သိုလှောင်လက်စွပ်အတွင်းတွင် အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး ဘီလီယံ သုံးဆယ်ပါရှိသည်။ သွေးမိစ္ဆာပစ္စည်းအစုံကိုသူအရင်ကမြင်ခဲ့မှုအရ ၎င်းတို့၏တန်ကြေးပမာဏအတိ အကျပင်ဖြစ်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters