အခန်း (၈၃၉)
Vol. 56 Ch. 839
ရတနာတစ်ထောင်စံအိမ်အတွင်းတွင် အကြီးအကဲခွေ့က ကမ္ဘာဦးကျောက်တုံးသုံးဆယ်ဘီလီယံပါသော ရှစ်ဖုန့်၏သိုလှောင်လက်စွပ်ကို လက်ခံလိုက်ပြီး အရမ်းများလွန်းသည်ဟု လျှင်မြန်စွာပြောလိုက်သည်။ရှစ်ဖုန့်က သူတို့ထဲမှလူတစ်ဦးဖြစ်သောကြောင့် အရမ်းအများကြီးမလိုဘူးဟုပြောလိုက်သည်။
ထို့နောက်သူက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး ရှစ်ဖုန့်ကိုလွှဲပေးလိုက်သည်။ ရှစ်ဖုန့်က ၎င်းကို လက်ခံလိုက်ပြီး စစ်ဆေးလိုက်၏။ အထဲ၌ကမ္ဘာဦးကျောက်တုံး ဘီလီယံနှစ်ဆယ်ပါရှိသည်။
ဤအချိန်တွင် အကြီးအကဲခွေ့က ထပ်မံပြောလိုက်သည်။
“ဧည့်သည်တော်က ကျုပ်တို့ထဲကတစ်ယောက်ဖြစ်တာမို့ ဒီသွေးမိစ္ဆာသတ်ဖြတ်ခြင်းပစ္စည်းအစုံအတွက် ကမ္ဘာဦးကျောက်တုံး ဆယ်ဘီလီယံကိုပဲလက်ခံပါ့မယ်.. အထက်ကလူတွေကို ကျုပ်ရှင်းပြလိုက်ပါ့မယ်”
အကြီးအကဲခွေ့က ဤသို့ပြောသောကြောင့် ရှစ်ဖုန့်ကဆက်လက်ငြင်းနေခြင်းမရှိပေ။ သူက ကမ္ဘာဦးကျောက်တုံးနှစ်ဆယ်ဘီလီယံပါရှိသော သိုလှောင်လက်စွပ်နှင့် သွေးမိစ္ဆာသတ်ဖြတ်ခြင်းပစ္စည်းအစုံကို သိုလှောင်လက်စွပ်အတွင်းသို့ ထည့်ထားလိုက်၏။ သူကအဘိုးအိုကိုပြောလိုက်၏။
“ဒီသခင်လေး ရတနာတစ်ထောင်စံအိမ်ရဲ့ ဒီပေးကမ်းမှုကိုမှတ်ထားမယ်”
“အနာဂတ်မှာ မင်းတို့တစ်ခုခုလိုရင် ဒီသခင်လေးကိုလွတ်လွတ်လပ်လပ်ရှာလို့ရတယ်. နောက်ကျနေပြီ. ဒီသခင်လေးမှာ လုပ်စရာရှိသေးတယ်. ဒါကြောင့်မို့ ဒီသခင်လေးသွားတော့မယ်”
ရှစ်ဖုန့်က ထွက်ခွာသွားတော့မည်ပြောသည်ကို ကြားသောအခါတွင် အကြီးအကဲခွေ့က အလျှင်အမြန်သူ့ကို ထပ်နေရန်တိုက်တွန်းပြောဆို၏။
“ဧည့်သည်တော်ထွက်သွားတော့မလို့လား. ဒီကိုရောက်နေမှပဲ.. ဘာလို့လက်ဖက်ရည်တစ်ခွက်ဖြစ်ဖြစ် စားပွဲတစ်ခုဖြစ်ဖြစ်စားပြီးမနေရတာလဲ”
“မလိုအပ်ဘူး”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီသခင်လေးမှာလုပ်စရာရှိသေးတယ်.. ဒီနေရာကိုနောက်တစ်ကြိမ်ဖြတ်သွားဖို့အခွင့်အရေးရှိရင် ဒီသခင်လေး စကားစမြည်လာပြောမယ်.. ချင်းချွမ်.သွားကြစို့”
“ကောင်းပါပြီ”
လောချင်းချွမ်ကခေါင်းညိမ့်လိုက်သည်။
“ဧည့်သည်တော်မှာ အရေးကြီးလုပ်စရာရှိသေးတယ်ဆိုတော့ ကျုပ်ထပ်ပြီးဆွဲမထားတော့ပါဘူး. အကယ်၍နောက်တစ်ကြိမ်ကြရင် ဧည့်သည်တော်ရတနတစ်ထောင်စံအိမ်ကိုကျိန်းသေလာခဲ့ပါ.. ကျုပ်တို့ ဧည့်သည်တော်ကို ဧည့်ခံဖျော်ဖြေပါ့မယ်”
အကြီးအကဲခွေ့ကပြောလိုက်သည်။
ထို့နောက် အကြီးအကဲခွေ့က ဝေ့တာနှင့်ရှောင်းယုတို့ကိုပြောလိုက်သည်။
“သွားစို့. တို့တွေဧည့်သည်တော်နှစ်ယောက်ကိုလိုက်ပို့ရအောင်”
“ကောင်းပါပြီ”
နှစ်ယောက်သားခေါင်းညိမ့်လိုက်ပြီး အကြီးအကဲခွေ့နောက်သို့လိုက်ပါ၍ ခန်းမအတွင်းမှထွက်ကာ ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့နောက်သို့လိုက်ပါလိုက်သည်။
“ကောင်းပြီ. ဒီမှာပဲ ရပ်လိုက်ကြပါ. အခုကျုပ်တို့ဘာသာသွားတော့မယ်”
ခန်းမအတွင်းမှထွက်လာပြီးနောက် လောချင်းချွမ်ကလှည့်လိုက်ပြီး ရတနာတစ်ထောင်စံအိမ်မှလူသုံးယောက်ထံသူ၏လက်သီးတို့ကိုဆုပ်၍ ပြောလိုက်သည်။
“ဂရုစိုက်ပါ. နောက်တစ်ကြိမ် ဧည့်သည်တော်တို့ ရတနာတစ်ထောင်စံအိမ်ကို ကျိန်းသေလာခဲ့ကြပါ”
အကြီးအကဲခွေ့က သူ၏လက်သီးတို့ကိုဆုပ်၍ ပြောလိုက်သည်။
“အရှင်.. အရင်တစ်ခေါက်က ကူညီ ခဲ့တာအတွက်ကျေးဇူးတင်ပါတယ်.. ဒီမိန်းကလေး သေချာပေါက်ဒါကိုအမှတ်ရနေမှာပါ”
ရှောင်းယုဟုခေါ်သည့်လှပသော အမျိုးသမီးက ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့အား လွန်စွာကျေးဇူးအထူးတင်ရှိသောအမူအယာတစ်ခုကို ပြသ၏။
“နှစ်ယောက်လုံး သာယာတဲ့ခရီးလမ်းလေးဖြစ်ပါစေ”
ရတနာတစ်ထောင်စံအိမ်၏ အကြီးအကဲဖြစ်သူ ဝေ့တာက လည်းသူ၏လက်သီးတို့ကို ယဉ်ကျေးစွာဆုပ်၍ ပြောလိုက်သည်။
“အားလုံးပဲ ဂရုစိုက်ကြပါ”
ထိုသို့ပြောပြီးနောက် လောချင်းချွမ်က လှည့်လိုက်ပြီး ရှစ်ဖုန့်နှင့်အတူ လမ်းမထက်သို့လျှောက်လှမ်းထွက်ခွာသွားသည်။
ယခင်တုံးက ရွှမ်းယွမ်မြို့အတွင်းဤလမ်းမမှာ များပြားလှသောလူစီးကြောင်းကြီးဖြင့် ကြက်ပျံမကျ စည်ကားလှသည်။ သို့သော် ယခုအခါတွင် ၎င်း ခြောက်သွေ့ခမ်းခြောက်နေ၏။ လမ်းဘေးနှစ်ဘက်ရှိ ဈေးဆိုင်တန်းအများစုမှာလည်း ပိတ်ထားကြ၏။
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က လမ်းတစ်လျှောက်လျှောက်လာပြီး ရှေ့သို့ဦးတည်လိုက်သည်။
ရတနာတစ်ထောင်စံအိမ်၏ဝင်ပေါက်တွင် ၎င်းတို့အားလိုက်ပို့သောလူသုံးယောက်က ပုံရိပ်နှစ်ခု သူတို့မြင်ကွင်းရှေ့လမ်းမထက်မှ လုံးဝပျောက်ကွယ်သွားသည်အထိ စောင့်နေကြပြီးနောက် ရတနာတစ်ထောင်စံအိမ်အတွင်းသို့ပြန်၍ဝင်သွားသည်။
ရွှမ်းယွမ်မြို့၏အလယ်ဗဟိုတွင် မြို့၏အမြင့်မားဆုံးအဆောက်အဦးဖြစ်သော နန်းတော်တစ်ခုနှင့်တူညီသည့် မြို့အရှင်သခင်၏အိမ်တော်တည်ရှိသည်။
ရွှမ်းယွမ်ချန်ယွင်က တိုက်ပွဲအတွင်းသေသွားခဲ့သော်လည်း မြို့အရှင်သခင်၏အိမ်တော်ကတော့ ယခင်အာဏာနှင့်ဂုဏ်ဒြပ်တို့ရှိနေဆဲဖြစ်၏။ ၎င်းက ဧရာမရွှေရောင်သားရဲကြီးတစ်ကောင်မြေကြီးအတွင်းမှတွားသွားထွက်လာသကဲ့သို့ပင်ဖြစ်သည်။
သို့သော် မြို့အရှင်သခင်၏အိမ်တော်၌ မည်သည့် အော်ရာမှရှိမနေသည်ကို ရှစ်ဖုန့်အာရုံခံမိပြီးဖြစ်၏။ ရွှမ်းယွမ်ချန်ယွင်သေဆုံးပြီးနောက် ရွှမ်းယွမ်ကလန်နှင့် အိမ်တော်အတွင်းမှလူများက သူ၏ အစုလိုက်အပြုံလိုက်သတ်ခြင်းကို ခံရမည်ကြောက်သောကြောင့် ထွက်ပြေးသွားကြခြင်းဖြစ်ရမည်ဖြစ်သည်။
ပိတ်ထားသောရွှေရောင်တံခါးကိုကြည့်၍ လောချင်းချွမ်က သူ၏ညာလက်အား ဓားလက်ချောင်းအသွင်ပြုလုပ်လိုက်ပြီး ရှေ့သို့ ဝေ့ယမ်းလိုက်သည်။ “ဝုန်း” ဟူသောအသံနှင့်အတူ သူ့ရှေ့ရှိရွေရောင်တံခါးချပ်နှစ်ခုက ပေါက်ကွဲသွားပြီးကျယ်ဝန်းသောလမ်းကြောင်းတစ်ခုကို လောချင်းချွမ်ကဖွင့်လိုက်၏။
ထို့နောက်ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က လှုပ်ရှားလိုက်ပြီး မြို့အရှင်သခင်အိမ်တော်အတွင်းသို့တိုက်ရိုက်ပျံသန်းဝင်ရောက်လိုက်သည်။ သူ၏မှတ်ဉာဏ်အရ ရှစ်ဖုန့်က မြို့အရှင်သခင်အိမ်တော်၏ အတွင်းအကျဆုံးသောနေရာသို့ လောချင်းချွမ်အားတိုက်ရိုက် ဦးဆောင်ခေါ်လာခဲ့သည်။ ရှေးခေတ်အချိန်ကာလက ကျန်ရစ်ခဲ့သည့် နေရာကူးပြောင်းအစီအရင်က ထိုနေရာတွင်ရှိသည်ဖြစ်၏။
လမ်းတစ်လျှောက်တွင် ရှိနေသော အဆောက်အဦးများမှာလောချင်းချွမ်၏ဓားချီအောက်တွင် ချက်ချင်းပျက်စီးသွားကြသည်။ မကြာခင်တွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ရှေ့၌ ဧရာမရွှေရောင်ရုပ်ထုကြီးတစ်ခုပေါ်လာ၏။
ဤရွှေရောင်ရုပ်ထုမှာ ဧရာမရွှေရောင်ချပ်ဝတ်စစ်နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်သည်။ ၎င်း၏ခံ့ထည်သောမျက်နှာက ကမ္ဘာကြီးအားငုံ့၍ကြည့်နေ၏။
ရွှေရောင်ရုပ်ထုအား ကြည့်ရင်းရှစ်ဖုန့်က ရပ်လိုက်ပြီး လောချင်းချွမ်ကိုပြောလိုက်သည်။
“ဒီရုပ်ထုက လွန်ခဲ့တဲ့နှစ်တစ်သောင်းကျော်က အနောက်ပိုင်းဒေသကြီးရဲ့အရှင်သခင်ဖြစ်တဲ့ ရွှမ်းယွမ်ရဲ့ရုပ်ထုပဲ”
“ကျွန်တော်ရွှမ်းယွမ်ရဲ့နမည်ကိုကြားဖူးတယ်. လွန်ခဲ့တဲ့နှစ်တစ်သောင်းကျော်က အနောက်ပိုင်းဒေသကြီးတစ်ခွင်သူက သိမ်းပိုက်နိုင်ရုံသာမက မျိုးနွယ်စုအားလုံးကိုလည်း ဟန့်တားခဲ့တယ်.. အဲ့အချိန်တုံးက လူသားမျိုးနွယ်ကိုငမ်းငမ်းတက်လိုချင်နေတဲ့ အော့်ဂ်ကလန်.. ဘီလူးကလန်..နတ်သူငယ်ကလန်တွေတောင် မကျူးကျော်ရဲကြဘူး. သူက လေးစားရတဲ့သမိုင်းရဲ့ပုံရိပ်တစ်ခုပဲ”
“ဒါပေမဲ့ စိတ်မကောင်းစရာပဲ’
လောချင်းချွမ်ကသက်ပြင်းချလိုက်သည်။
“သူ့ရဲ့မျိုးဆက်နှစ်ယောက်ဖြစ်တဲ့ ရွှမ်းယွမ်ဝူမင်နဲ့ ရွှမ်းယွမ်ချန်ယွင်တို့က ငရဲဘုံကိုးခု ဧကရာဇ်နဲ့မှရန်သူဖြစ်ဖို့ကံပါလာခဲ့တယ်.. ရွှမ်းယွမ်ချန်ယွင်သေဆုံးပြီးတဲ့နောက်မှာ ရွှမ်းယွမ်ကလန်က ထပ်ပြီးတော့ မမြင့်တက်လာလောက်တော့ဘူး”
လောချင်းချွမ်၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်ကသွားပေါ်အောင်ရယ်ပြီးပြောလိုက်သည်။
“ ဒီသခင်လေးရွှမ်းယွမ်ဝူမင်ကိုသတ်ပြီးတဲ့နောက်မှာ ရွှမ်းယွမ်ကလန်မှာက ရွှမ်းယွမ်ချန်ယွင်လိုလူတစ်ယောက်ရှိနေပြီးပြီ… ဒါပေမဲ့အဆုံးသတ်ကြ.. သူကလည်းဒီသခင်လေးသတ်တာခံလိုက်ရတယ်.. ရွှမ်းယွမ်ကလန်ထပ်ပြီးဦးမော့လာဖို့ဆိုတာက တကယ်ကိုခက်တယ်”
“ကောင်းပြီး ဒီကိစ္စကိုထပ်ပြီးတော့မပြောကြရအောင် …အောက်ကိုဆင်းကြစို့ .. နေရာကူးပြောင်းအစီအရင်က ဒီရုပ်ထုရဲ့အောက်မှာ”
ထိုသို့ပြောပြီးနောက်ရှစ်ဖုန့်က ထိုးဆင်းကာ ဆင်းသက်လိုက်သည်။ ရှစ်ဖုန့်၏လှုပ်ရှားမှုအားတွေ့ရသောအခါတွင် လောချင်းချွမ်က လျှင်မြန်စွာလိုက်ပါလိုက်သည်။
အဆုံးသတ်တွင် နှစ်ယောက်သား ဧရာမရုပ်ထုကြီး၏ အောက်ခြေသို့ မျောလွင့်ဆင်းလိုက်ကြ၏။
ရှစ်ဖုန့်က ရှုပ်ထွေးသော လက်သင်္ကေတပုံစံတစ်ခုကို စတင်ပုံဖော်လိုက်သည်။ သူ၏လက်သင်္ကေတက ဖြည်းညှင်းစွာစတင်ပြောင်းလဲလာပြီး ရှစ်ဖုန့်၏လက်သင်္ကေတထံမှ ရွှေရောင် စာလုံး တန်းများမျောလွင့်ထွက်လာသည်။
ရွှမ်းယွမ်မြို့မှနေရာကူးပြောင်းအစီအရင်အားရှစ်ဖုန့်က တစ်ကြိမ်နှစ်ကြိမ်မကသုံးဘူးသည်ဖြစ်သည်။ ရွှမ်းယွမ်မြို့၏နေရာကူးပြောင်းအစီအရင်အားအသက်သွင်းခြင်းကို သူမှတ်မိနေသည်မှာကြာပြီဖြစ်၏။
ရွှေရောင်ရုန်းအတန်းများက မြေပြင်မှမျောလွင့်ထွက်လာ၏ ။
“ဝုန်း..ဝုန်း..ဝုန်း”
“ဝုန်း..ဝုန်း.ဝုန်း.ဝုန်း.ဝုန်း”
မြေပြင်ကရုတ်တရက်တုန်ခါလာသည်။ မြေပြင်ထက်မှ ဧရာမရွှေရောင်နေရာကူးပြောင်းပလ္လင်ကြီးတစ်ခု ဖြည်းဖြည်းချင်းမြင့်တက်ထွက်ပေါ်လာပြီး ရှေးဟောင်းအော်ရာတစ်ခုကိုထုတ်လွှတ်နေ၏။
လောချင်းချွမ်၏မျက်လုံးတို့က မြင့်တက်လာသော ရွှေရောင်ပလ္လင်ပေါ်သို့ကျရောက်နေသည်။ မြေပြင် ကပို၍ ပြင်းထန်စွာတုန်ခါလာပြီး ရွှေရောင်ပလ္လင်က ဖြည်းဖြည်းချင်း ၎င်း၏အသွင်အပြင်အပြည့်အဝပေါ်လာသည်။
ရွှေရောင်ပလ္လင်က တက်လက်လက်တောက်ပနေသော ရွှေရောင် အလင်းတစ်ခုကိုထုတ်လွှတ်နေ၏။ သိပ်သည်းများပြားလှသော ရွှေရောင် ရှေးဟောင်းရုန်းများက ပလ္လင်ပေါ်မှ ဖြည်းညှင်းစွာကူးလူးနေသော ရွှေရောင် ဖားလောင်းတို့ကဲ့သို့ မျောလွင့်နေသည်။
“သွားစို့”
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ကနှစ်ယောက်လုံးလှုပ်ရှားလိုက်ပြီး ရွှေရောင်ပလ္လင်၏ထိပ်၌ ဆင်းသက်လိုက်သည်။
ပလ္လင်ပေါ်သို့ရောက်ရောက်ချင်း လောချင်းချွမ်၏နှလုံးသားက ခပ်ရေးရေးတင်းကျပ်သွားသည်။ ငရဲဘုံဘုံနန်းသို့မည်သည့်လည်းကြောင်းက ဦးဆောင်သွားမည်ကိုသူကြိုတင်မျှော်လင့်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာသို့ဝင်ရောက်ခဲ့ဖူးသော ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်ဖြစ်သူစီနီယာအကိုလင်ယဲ့ဖုန်းပင် သေလုနီးပါးဖြစ်ခဲ့ဖူးသောကြောင့်ဖြစ်၏။
ဆက်ရန်…………..
ဘာသာပြန်သူ-ARISE