← Chapters

အခန်း (၈၄၀)

Vol. 56 Ch. 840

အခန်း (၈၄၀)

Vol. 56 Ch. 840

ဧရာမ‌ ရှေးဟောင်းနေရာကူးပြောင်းအစီအရင်ကြီးက ထွက်ပေါ်လာသည်။ ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က ပလ္လင်၏ထိပ်ဖျား၌ ရပ်နေ၏။ သိုသော် ရှစ်ဖုန့်၏ ဆီးလ်တို့က ရပ်တန့်ခြင်းမရှိသေးပေ။ သိပ်သည်းများပြားသော ရွှေရောင်ရုန်းများက ဆက်လက်မျောလွင့်ထွက်နေသည်။

၎င်းတို့ က ပလ္လင်၏ အောက်ခြေသို့ မျောလွင့်သွားကြသည်။

ပလ္လင်ကပေါ်လာသော်လည်း ၎င်းအားအသက်သွင်းရန်လိုအပ်ဆဲဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က မကျယ်သောအသံဖြင့် အော်ပြောလိုက်သည်။

“ချင်းချွမ် မြောင်းတွေထဲ ကမ္ဘာဦးကျောက်တုံးတွေကိုဖြည့်လိုက်.. လမ်းကြောင်းရှစ်ခုလုံးကို ပြည့်အောင်ဖြည့်”

“ဟုတ်ကဲ့”

လောချင်းချွမ်က ပြန်လည်တုန့်ပြန်လိုက်သည်။ သူက ပလ္လင်၏အစွန်းသို့လျှင်မြန်စွာလျှောက်သွားလိုက်ပြီး မြောင်းများအား ကမ္ဘာဦးကျောက်တုံးများဖြင့် ဆက်တိုက်ဖြည့်နေသည်။

စုစုပေါင်းမြောင်းရှစ်ခုရှိသည်ဖြစ်သည်။ နေရာကူးပြောင်းအစီအရင်၏စွမ်းအင်အား ကမ္ဘာဦးကျောက်တုံးများအားအသက်သွင်းထုတ်နှုတ်ကာ ထပ်မံအသက်သွင်းရသည်ဖြစ်သည်။

ရှစ်ဖုန့်၏ ရွှေရောင်ရုန်းများက ဆက်လက်မျောလွင့်ထွက်နေသကဲ့သို့ လောချင်းချွမ်ကလည်း မြောင်းရှစ်ခုအား ကမ္ဘာဦးကျောက်တုံးများဆက်တိုက်ဖြည့်တင်းနေသည်ဖြစ်သည်။ ဤအချိန်တွင် ရွှေရောင်ပလ္လင်မှ ရွှေရောင်အလင်းက ပို၍ပို၍ တလက်လက်တောက်ပလာသည်။

“တည်နေရာ ဆုံမှတ်ချိန်ညှိ.. အောက်ကမ္ဘာသို့သွားရာလမ်း”

ရှစ်ဖုန့်က ထပ်မံအော်ပြောလိုက်သည်။ သူ၏စိတ်ဖြင့် ရှေးဟောင်းပလ္လင်၏ တည်နေရာဆုံမှတ်တို့ကို ချိန်ညှိလိုက်သည်။ သူအော်ပြောလိုက်သောနမည်က ထျန်းဟန်တိုက်ကြီးအတွင်း မည်သူကမျှ မကြားဖူးသော တကယ့်အမည်တစ်ခုဖြစ်သည်။ ၎င်းအား အဝါရောင်စမ်းချောင်းလမ်းဟုခေါ်၏။

ရုတ်ခြည်း ပလ္လင်မှ ဧရာမရွှေ‌ရောင်အလင်းတန်းကြီးတစ်ခုထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ ကိုယ်အားလွှမ်းခြုံသွားသည်။ ထို့‌နောက် ရွှေရောင်အလင်းတန်းက ကောင်းကင်ထဲသို့ထိုးတက်သွား၏။

၎င်းက အကန့်သတ်မဲ့သောကောင်းကင်ထဲသို့ဝင်ရောက်သွားသည်။

“ငရဲဘုံ ဘုံနန်း. ငရဲဘုံဘုံနန်း. ဒီသခင်လေး နောက်ဆုံးတော့ပြန်လာပြီ”

ရွှေရောင်အလင်းတန်းအတွင်းမှ ရှစ်ဖုန့်၏အသံ ခပ်ရေးရေးထွက်ပေါ်လာသည်။

မကြာခင်တွင် ရွှေရောင်အလင်းတန်းက ကောင်းကင်အတွင်းဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ မည်သူကမှ၎င်းဘယ်ရောက်သွားသည်ကိုမ သိကြချေ။

မှုန်မှိုင်းနေသောကမ္ဘာအတွင်းတွင် အဝါရောင်မီးတောက်အမျှင်တန်းလေးက လေထဲ၌ အိုပုံသဏ္ဍန် အမျှင်တန်းလေးအဖြစ်ကခုန်နေသည်။

ရုတ်ခြည်းမှုန်းမှိုင်းကောင်းကင်အတွင်းတွင် ဧရာမရွှေရောင်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်၎င်းက မြေပင်ပေါ်သို့ကျဆင်းသွားသည်။ “ဝုန်း”ဆိုသောအသံနှင့်အတူ ၎င်းက မြေပြင်ကိုထိမှန်သွား၏။

ရွှေရောင်အလင်းတန်းကြီးမှာ မှေးမှိန်ပျောက်ကွယ်သွားပြီး တစ်ခုကအနီနှင့်တစ်ခုအဖြူ ပုံရိပ်နှစ်ခုဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။ရှစ်ဖုန့်က သွေးနီရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး လောချင်းချွမ်က အဖြူနှင့်ဖြစ်သည်။

“ဆရာ ခုဏက အောက်ကမ္ဘာကိုသွားတဲ့လမ်းဆိုတာက ငရဲဘုံဘုံနန်းကိုဦးတည်တဲ့လမ်းလား..”

လောချင်းချွမ်ကမှောင်မိုက်သောကမ္ဘာနှင့် ကခုန်နေသော အဝါရောင်မီးတောက်တို့ကိုကြည့်၍ မေးလိုက်သည်။

“ဒါက လမ်းရဲ့အစပဲရှိသေးတယ်. တကယ့်အဝါရောင်စမ်းချောင်းလမ်းက အကွာအဝေးအချို့လိုသေးတယ်.. သွားကြစို့. အခုကစပြီးဘာမှမမျှော်လင့်ထားတဲ့အန္တရာယ်ကိုမှတို့‌တွေကြုံမှာမဟုတ်ဘူး. ဒီတော့ နိုးနိုးကြားကြားဖြစ်နေဖို့မလိုဘူး”

ရှစ်ဖုန့်က လောချင်းချွမ်အားပြောလိုက်ပြီးနောက် ရှေ့ကဦးဆောင်လိုက်သည်။

လောချင်းချွမ်ကလျှောက်လာရင်း ရှစ်ဖုန့်က ဤနေရာ၌ အခုမှစ၍ ဘာအန္တရာယ်မှမရှိဘူးဟုဆိုသော်လည်း သူ့အနေဖြင့် နိုးနိုးကြားကြားဖြစ်နေဆဲဖြစ်ပြီး သက်တောင့်သက်သာမနေရဲပေ။ သူကဂရုတစိုက်ဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။

ထို့နောက်လောချင်းချွမ်က မေးလိုက်သည်။

“ဒီကခုန်နေတဲ့မီးတောက်တွေက ဘယ်လိုမီးတောက်မျိုးတွေလဲ”

“အဲ့တာကို အောက်ကမ္ဘာရဲ့ မီးတောက်လို့ခေါ်တယ်.. အဲ့တာက အောက်ကမ္ဘာမှာပဲမွေးပြီး ယင်းမီးတောက် အမျိုးအစားနဲ့ ဆက်နွယ်တယ်”

“အိုး”

လောချင်းချွမ်က နားလည်ဟန်ဖြင့်ခေါင်းညိမ့်လိုက်သည်။

ထို့နောက်နှစ်ယောက်သားဤလမ်းကြောင်း၏အစမှစတင်လျှောက်လှမ်းလိုက်သည်။

“ဟုတ်သား”

ရှစ်ဖုန့်ကရုတ်တရက်တီးတိုးရေရွတ်လိုက်ပြီး ရပ်လိုက်သည်။

“ဘာဖြစ်လို့လဲ”

ရှစ်ဖုန့်၏တီးတိုးရေရွတ်မှုအားကြားပြီး ရုတ်တရက်ရပ်တန့်မှုအားမြင်တွေ့ရသောအခါတွင် လောချင်းချွမ်ကနားလည်ရခက်ဟန်ဖြင့်မေးလိုက်သည်။

“ဒီသခင်လေးဒါကိုမေ့တော့မလို့”

ရှစ်ဖုန့်ကပြောလိုက်သည်။ထို့နောက်သူ၏ ညာလက်အားဖျက်ခနဲလှုပ်ရှားလိုက်ပြီး သူ၏လက်ထဲ၌ကျောက်စိမ်းသေတ္တာသုံးခုပေါ်လာသည်။ ဤကျောက်စိမ်းသေတ္တာသုံးခုမှာ ရတနာတစ်ထာင်စံအိမ်မှ သွေးမိစ္ဆာသတ်ဖြတ်ခြင်းပစ္စည်းတစ်စုံစီပါရှိသည်ဖြစ်သည်။

ဤအရာများကအခြားသူများအတွက်အသုံးမဝင်သော်လည်း ရှစ်ဖနု့်အတွက်တော့ ၎င်းဣက သွေးသောက်ဓား အားအဆင့်မြှင့်နိုင်သော မြင့်မြတ်ဓား၏အပိုင်းအစများဖြစ်သည်။

ရှစ်ဖုန့်၏လက်ဖဝါးအတွင်းအဖြူရောင်စွမ်းအင်အမျှင်တန်းတစ်ခု ရုတ်ခြည်း လှည့်ပတ်လာသည်။

“ကလစ်.ကလစ်..ကလစ်”

ရုတ်ခြည်း ကြွပ်ဆပ်သောမြည်သံသုံးခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏လက်အတွင်းရှိ ကျောက်စိမ်းသေတ္တာသုံးခုကပေါက်ကွဲကာပွင့်သွားပြီး ရှစ်ဖုန့်၏လက်ထဲ၌ သွေးသတ်ဖြတ်ခြင်းပစ္စည်းသုံးခု သာကျန်ရစ်ခဲ့သည်။

ထို့နောက်ရှစ်ဖုန့်၏ဘယ်လက်က လက်သင်္ကေတတစ်ခုပုံဖော်လိုက်ပြီး သူ၏လက်ထဲရှိအပိုင်းအစသုံးခုပေါ်ဖိချလိုက်သည်။

ရတနာတစ်ထောင်စံအိမ်အတွင်းသွေးမိစ္ဆာသတ်ဖြတ်ခြင်းပစ္စည်းတို့အား သူတွေ့စဉ်ကတည်းက၎င်းတို့တွင် တစ်စုံတစ်ယောက်က ကန့်သတ်မှုတစ်ခုထားရှိထားသည်ကို သူအာရုံခံမိပြီးဖြစ်သည်။ ထို့အချိန်က သူ၏သွေးသောက်ဓားပင်၎င်းအား အာရုံခံမိခြင်းမရှိချေ။

“ခရက်..ခရက်..ခရက်”

ရှစ်ဖုန့်၏လက်အတွင်းမှ တိုးဖျော့သောအသံသုံးခုထွက်လာပြီး သွေးမိစ္ဆာသတ်ဖြတ်ခြင်းပစ္စည်းသုံးမျိုးက တုန်ခါလာသည်။ ထို့နောက် ရှစ်ဖုန့်ကသူ၏ဘယ်လက်ကို ဖယ်လိုက်ပြီး သူ၏ညာလက်အားထပ်မံစိုက်ကြည့်နေသည်။

သူ၏လက်ထဲရှိ အပိုင်းအစသုံးခုထံမှ အားကောင်းသော သွေးသတ်ဖြတ်ခြင်း ချီတစ်ခု မြင့်တက်ထွက်ပေါ်လာသည်။

ရုတ်ခြည်းသွေးနီရောင်သွေးအမှတ်သား ရှိသော ရှစ်ဖုန့်၏ လက်ခလယ်က စတင်တုန်ယင်လာ၏။ ဓားအမှတ်အသားအဖြစ်ပြောင်းလဲထားသောသွေးသောက်ဓားက အပိုင်းအစသုံးခု၏ တည်ရှိမှုကိုအာရုံခံမိပြီး ထပ်မံထိန်းနိုင်ခြင်းမရှိပုံရသည်။

ရှစ်ဖုန့်၏စိတ်က ထပ်မံလှုပ်ရှားသွားပြီး သူ၏ညာလက်မှာ သွေးနီရောင်ဓားအလင်းတစ်ခုဖျက်ခနဲဖြစ်ပေါ်လာသည်။ သွေးသောက်ဓားကပေါ်လာပြီး ရှစ်ဖုန့်၏ လက်ဖဝါးအတွင်း၌ မျောလွင့်နေ၏။

‌

သွေးသောက်ဓားပေါ်ပေါ်လာခြင်း သွေးသတ်ဖြတ်ခြင်း လည်ဆွဲ၊ သွေးသတ်ဖြတ်ခြင်း လက်ကောက်နှင့်နားစွဲတို့က အားကောင်းသောစုပ်ယူအားတစ်ခု အောက်ကျရောက်သွားသကဲ့သို့ သွေးသောက်ဓားအတွင်းစုပ်ယူခံလိုက်ရသည်။

“ဘန်း..ဘန်း..ဘန်း..ဘန်း”

ကြွပ်ဆပ်သောအသံတို့ထွက်ပေါ်လာ၏။ လည်ဆွဲ၊လက်ကောက်နှင့်နားကွင်းတို့က သွေးသောက်ဓား၏ ဆွဲယူမှုကိုခံလိုက်ရသည်။ ထို့နောက် သွေးသောက်ဓားမှ အားကောင်းသော သွေးနီရောင်အလင်းတစ်ခု ထပ်မံပေါက်ကွဲထွက်ပေါ်လာသည်။

“ဂါး.ဂါး.ဂါး..ဂါး”

သွေးနီရောင်အလင်းက တောက်ပလာသကဲ့သို့ ကြမ်းကြုတ်သောသားရဲတစ်ကောင်၏ ဟိန်းဟောက်သံတို့လည်းထွက်ပေါ်လာသည်။ယင်းမှာ သွေးသောက်ဓား၏ ဓားစိတ်ဝိညာဉ်ဖြစ်သော သွေးလစန္ဒြာ သားရဲ၏ဟိန်းသံပင်ဖြစ်သည်။

“ဒီသခင်လေးနောက်လိုက်လာပြီးတဲ့နောက် နောက်ဆုံးတော့ဒီဓားကအဆင့်ကိုးဧကရာဇ်နယ်ပယ်လက်နက်တစ်ခုအဖြစ်အဆင့်တက်လာပြီ”

ရှစ်ဖုန့်ကတီးတိုးရေရွတ်ပြီး သူ့ရှေ့ရှိ သွေးနီရောင်အလင်းကိုစိုက်ကြည့်နေသည်။

“အဆင့်ကိုးဧကရာဇ်နယ်ပယ်ကိုအဆင့်တက်တယ်. ဓားတစ်လက်ကအဆင့်တက်နိုင်တယ်”

ရှစ်ဖုန့်၏ စကားအားကြားသောအခါတွင် နောက်တွင်ရှိနေသောလောချင်းချွမ်မှာ ရုတ်ခြည်းတုန်လှုပ်အံ့အားသင့်သွားသည်။

“လက်နက်တစ်ခုက အဆင့်တက်နိုင်တာကို မကြားဖူးဘူး. ဒီလိုနတ်ဘုရားလက်နက်တစ်ခုကထျန်းဟန်တိုက်ကြီးမှာရှိနေတာ ယုံတောင်မယုံနိုင်ဘူး”

ထိုအချိန်ကသွေးသောက်ဓားမှာ ရွှေ‌ရောင်ချီလင်၏သွေးတို့ကိုဝါးမျိုပြီးအဆင့်တက်ခဲ့သည်။ လောချင်းချွမ်၏အာရုံအားလုံးကသူရရှိခဲ့သောရွှမ်းယွမ်လှံပုဆိန်ပေါ်သို့ကျရောက် နေသောကြောင့် သွေးသောက်ဓား၏ ထူးခြားမှုကိုသတိမပြုမိခဲ့ပေ။

လောချင်းချွမ်မှာ ရှစ်ဖုန့်ဤဓားအား အသုံးပြုသည်ကို ယခင်ကမြင်ဖူးသည်ဖြစ်သည်။ အစက ၎င်းက အဆင့်ရှစ်လက်နက်တစ်ခုဟုသာသူထင်ခဲ့သော်လည်း ယခုဓားတစ်လက်က သူ၏ယေဘုယျအမြင်ကိုချိုးဖျက်ပစ်လိမ့်မည်ဟုတော့ သူမမျှော်လင့်ခဲ့ပေ။

“ဒီဓားရဲ့မူက ရှေးခေတ်အချိန်ကာလကပဲ. ရှေးခေတ်ကမှော်ဆန်တဲ သန့်စင်သူကသာ ဒီလိုဓားမျိုးပြုလုပ်နိုင်မယ်လို့ထင်တယ်.. စကားမစပ်. အဲ့နေ့က သေခြင်းမဲ့တောင်တန်းမှာ မင်းက သွေးပန်းခက်မျိုးနွယ်ရဲ့ မိစ္ဆာသတ္တဝါရဲ့ စိတ်ညှို့တာကိုခံရပြီး စိတ်လွတ်သွားခဲ့တယ်. ဒီဓားကအဲ့မျိုးနွယ်စုကပဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“သွေးပန်းခက်မျိုးနွယ်စု”

ဤစကားအား ကြားသောအခါတွင် လောချင်းချွမ်ကလက်သီးအားတင်းနေအောင်ဆုပ်လိုက်သည်။ သေခြင်းမဲ့တောင်တန်းအား စောင့်ကြပ်ပြီး မျိုးဆက်အဆက်ဆက်ဖိနှိပ်ခဲ့သည့်အရာကထိုသွေးပန်းခက်မျိုးနွယ်ဖြစ်၏။

ယခု သေခြင်းမဲ့တောင်တန်း၌ဖိနှိပ်ထားသည့်ထို ဥကလွတ်မြောက်သွားပြီး သွေးပန်းခက်မျိုးနွယ်ဝင်က ထပ်မံမွေးဖွားလာသည်။ မြောက်ပိုင်းဒေသကြီးအတွင်း များစွာသောမြို့များနှင့် လူပေါင်းသန်းဆယ်နှင့်ချီ ဆိုးဆိုးရွားရွားသေကြေပျက်စီးခဲ့သည်။ သွေးပန်းခက်မျိုးနွယ်ဝင်က ထိုအရာများအားပြုလုပ်သည်ဟု သူတို့သံသယရှိနေသည်မှာ ကြာပြီဖြစ်၏။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters