← Chapters

ရှေးဟောင်းနတ်ဘုရားတို့၏ နောက်ကြောင်း

Vol. 81 Ch. 1054

ရှေးဟောင်းနတ်ဘုရားတို့၏ နောက်ကြောင်း

Vol. 81 Ch. 1054

“ဥကနေ ပေါက်ဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားဆိုတာ ရှေးဟောင်းနတ်ဧကရာဇ်ပဲ”

လော့ရှောင်က ဆက်ပြောသည်။ “ကျွန်တော်တို့မှာ မျိုးနွယ်စုတွေ အများကြီး ရှိတယ်... အင်အားအကြီးမားဆုံးက ကျူယွီမျိုးနွယ်စုပဲ... သူတို့က ဘိုးဘေးနန်းတော်ထဲမှာ ကောင်းကင်ရတနာတွေ ပြည့်နှက်နေတဲ့ အကောင်းဆုံး ပိုင်နက်ကို ပိုင်ဆိုင်ထားကြတာ... သက်တမ်းအရှည်ဆုံး မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းတောင် ရှိတယ်... ကျွန်‌တော်တို့ရဲ့ အထွတ်အမြတ်ဆုံး ရတနာ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကလည်း အဲဒီသတ္ထုတွင်းကနေ ထွက်လာတာပဲ... အဲဒီကျောက်တုံးအပြင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို မွေးဖွားပေးမယ့် ဥကြီးတစ်ဥလည်း ထွက်ပေါ်လာခဲ့တယ်”

ချင်မူ မှင်သက်သွားသည်။ ရှုကျွင်းနှင့် လန်ဝူတို့ဆီမှ ထိုဥအကြောင်း ကြားခဲ့ဖူးသော်လည်း လော့ရှောင်လောက် အသေးမစိတ်ပေ။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် မွေးဖွားလာခဲ့သော ဥသည် မဟာကမ္ဘာဦးအစ မူလကျောက်တုံး ထွက်လာခဲ့သည့် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းမှ လာသည်တဲ့လော။

သို့ဆိုလျှင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နှင့် မဟာကမ္ဘာဦးအစ မူလကျောက်တုံးအကြား မည်သို့ချိတ်ဆက်နေသနည်း။

လော့ရှောင်က ဆက်ပြောသည်။ “ရှေးဟောင်းနတ်ဘုရား ဒုတိယအမျိုးအစားက တာအိုကနေ မွေးဖွားလာတာ.... ပထမဆုံး ဖန်ဆင်းရှင် သေဆုံးသွားတဲ့အချိန်မှာ ယိုတု ဖြစ်ပေါ်လာတယ်... သေခြင်းတရား ပေါ်ပေါက်လာပြီး ဝိညာဉ်တွေ နေနိုင်မယ့် နေရာတစ်နေရာ ကောင်းကင်နဲ့မြေကြီးမှာ တည်ရှိလာတယ်.. ဒါကြောင့် မြေအောက်ဘုံအရှင်သခင်က ယိုတုကနေ မွေးဖွားလာတာပဲ”

“ဖန်ဆင်းရှင်တွေ အသိစိတ်အလျဉ် သုံးပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ သဘာဝစွမ်းအင်ကို လှုံ့ဆော်လိုက်တဲ့အခါ သူတို့ရဲ့ စွမ်းအားအောက်မှာ ကြယ်လမ်းကြောင်းတွေ ပြောင်းလဲကုန်ပြီး ရွှမ်တု ဖြစ်လာတယ်.... ဒါကြောင့် ကောင်းကင်နယ်စားမင်းဟာ ကမ္ဘာပေါင်းထောင်သောင်းချီနဲ့ မရေမတွက်နိုင်တဲ့ ကြယ်လမ်းကြောင်းတွေကို ထိန်းချုပ်ဖို့ မွေးဖွားလာခဲ့တယ်”

“ဝိညာဉ်တစ်ခု သေဆုံးတဲ့အခါ တစ်ပိုင်းတစဝိညာဉ်တွေကို သိမ်းဆည်းထားဖို့ ကောင်းကင်ယင် မွေးဖွားလာတယ်”

“ဖန်ဆင်းရှင်တွေ ဟင်းလင်းပြင်ထဲမှာ ကြယ်လိုအရာတွေ ဖန်ဆင်းကြတဲ့အခါ ယွမ်တုမှာ အဆုံးသတ်မြို့ပျက် ပေါ်ထွက်လာတယ်... အဆုံးသတ်မြို့ပျက်က ဖြစ်တည်ခြင်းနဲ့ ပျက်စီးခြင်းကို ကိုယ်စားပြုတဲ့အတွက် ဖန်ဆင်းဖြစ်တည်လာတဲ့ အရာမှန်သမျှကို ဝါးမြိုပြီး ပျက်စီးခြင်းနဲ့ တိုက်စားစေတယ်.... အဆုံးသတ်မြို့ပျက်မှာ ရိုးတံတစ်တံတည်းကနေ ပွင့်နေတဲ့ ပန်းနှစ်ပွင့် ရှိတယ်.. တစ်ပွင့်က ဖြစ်တည်ခြင်းကို ကိုယ်စားပြုပြီး တစ်ပွင့်ကတော့ ပျက်စီးခြင်းကို ကိုယ်စားပြုတယ်”

ချင်မူ ထိုအကြောင်းကို ကြားလျှင် တဟုန်နှင့် ကုရှောင်ဆီ လှမ်းကြည့်မိသည်။ သူတို့နှစ်ယောက်ကား အကြီးအကျယ် အံ့ဩနေကြပုံ ဖမ်းနေကြရာ ချင်မူမှာ ရယ်ချင်လာသည်။

ရထားလှည်းထဲတွင် အနည်းဆုံးသိသော သူက ချင်မူ ဖြစ်ပြီး လော့ရှောင်က ဒုတိယလိုက်သည်။ ရှေးဟောင်းနတ်ဘုရားတို့၏ သမိုင်းကြောင်းကို အများဆုံး သိသူသည် မှင်သက်သွားဟန်ဆောင်နေကြသည့် တဟုန်နှင့် ကုရှောင် ဖြစ်ပေသည်။

လော့ရှောင်က ပြောသည်။ “ရှေးဟောင်းနတ်ဘုရားတွေက ပန်းပွင့်ကနေ မွေးဖွားလာကြပေမယ့် ပန်းပွင့်မဟုတ်ကြဘူး... ဖြစ်တည်ခြင်းနဲ့ ပျက်စီးခြင်းက တစ်သားတည်းဖြစ်နေတာကြောင့် အဆုံးသတ်မြို့ပျက်ရဲ့ ညီအစ်မနှစ်ဖော်ကို ရှေးဟောင်းနတ်ဘုရားတစ်ပါးတည်းအဖြစ် သတ်မှတ်ကြတယ်... မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်း၊ ကောင်းကင်ယင်နဲ့ အဆုံးသတ်မြို့ပျက် ညီမနှစ်ဖော်က ကမ္ဘာဦးနတ်ဘုရားလေးပါးပဲ... သူတို့က တာအိုကနေ မွေးဖွားလာကြတဲ့ ရှေးဟောင်းနတ်ဘုရားတွေ .... တတိယရှေးဟောင်းနတ်ဘုရားအမျိုးအစားကတော့ ယဇ်ပူဇော်မှုကနေ မွေးဖွားလာတာ”

သူက ဆက်ပြောသည်။ “သူတို့ ဖြစ်တည်လာဖို့အတွက် ဖန်ဆင်းရှင်မျိုးနွယ်စုအားလုံး တစ်ပေါင်းတစ်စည်းတည်း ယဇ်ပူဇော်ဖို့ လိုအပ်တော့ သူတို့ ပေါ်ထွက်လာတာ အနည်းငယ် နောက်ကျတယ်... ယဇ်ပူဇော်မှုအတွက် အထွတ်အမြတ်ပစ္စည်းတော်မြတ်လို့ သိကြတဲ့ စိတ်ဝိညာဉ်တွေ လိုအပ်တယ်.... မျိုးနွယ်စုတစ်စုချင်းစီဟာ သူတို့ကို ကာကွယ်ပေးဖို့ အတွက် အသိစိတ်အလျဉ်ကနေတစ်ဆင့် အဲဒီစိတ်ဝိညာဉ်တွေကို ဖန်ဆင်းကြတာမျိုးပေါ့... ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရား၊ ကြယ်တာရာအရှင်သခင်တွေနဲ့ မဟာနေဧကရာဇ်၊ မဟာလဧကရာဇ်တို့တောင် ယဇ်ပူဇော်မှုကနေ မွေးဖွားလာကြာတာတွေပဲ.... သူတို့က အစတုန်းကတော့ မျိုးနွယ်စုတစ်စုချင်းစီရဲ့ အစောင့်အရှောက်တွေပေါ့လေ.... ကျွန်တော်တို့က သူတို့ကို စိတ်ဝိညာဉ်နတ်ဘုရားတွေလို့ ခေါ်ကြတယ်”

ချင်မူ ရင်ထဲ လှုပ်ခတ်သွားကာ မေးလိုက်မိသည်။ “ရှေးဟောင်းနတ်ဘုရားတွေရဲ့ နတ်မင်းလေးပါးကရော”

“နတ်မင်းလေးပါးဆိုတာ မြင်ယောင်ဖန်ဆင်းမှုနဲ့ ယဇ်ပူဇော်မှုကနေတစ်ဆင့် အင်အားအကြီးဆုံးမျိုးနွယ်စုလေးစု ဖန်ဆင်းထားတဲ့ စိတ်ဝိညာဉ်နတ်ဘုရားတွေပဲ”

လော့ရှောင်သည် ဆက်ပြော၏။ “ကမ္ဘာဦးအစတုန်းက မျိုးနွယ်စုတွေဟာ တစ်စုကို တစ်စု သတ်ဖြတ်ဖို့ပဲ အမြဲကြိုးစားခဲ့ကြတယ်... ဖန်ဆင်းရှင်တစ်ယောက်တည်းက အင်အားမကြီးပေမယ့် စည်းလုံးညီညွတ်တဲ့ မျိုးနွယ်စုတစ်စုကတော့ ကြောက်စရာကောင်းလောက်အောင် အင်အားကြီးတယ်... သူတို့က အတူတူ မြင်ယောင်ပြီး သန်မာအားကောင်းတဲ့ ဖြစ်တည်မှုတွေကို ဖန်ဆင်းကြတယ်... အဲဒီလိုနဲ့ အင်အားအကြီးဆုံးမျိုးနွယ်စုလေးစုက နတ်မင်းလေးပါးကို မြင်ယောင်ဖန်ဆင်းခဲ့ကြတာပါ”

“နျိုရှင်းက ကျားဖြူ၊ ဖန်ပိုက နဂါးစိမ်း၊ ကျူယွီက လိပ်နက်၊ ယန်လူက မီးငှက် ... အဲဒီလိုဖန်ဆင်းခဲ့ကြတယ်... နတ်မင်းလေးပါးရဲ့ မူလအစက အဲဒါပါ.... ကျန်တဲ့ အသေးစားမျိုးနွယ်စုလေးတွေက ကြယ်တာရာအရှင်သခင်တွေ ဖန်ဆင်းခဲ့ကြတယ်... မြင်ယောင်ဖန်ဆင်းမှုချင်း မတူတာရော၊ စွမ်းအားချင်း ကွဲပြားတာရောကြောင့် စိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့ ဓာတ်သတ္တိတွေကလည်း မတူကြတော့ဘူး”

လော့ရှောင်က ပြောသည်။ “မျိုးနွယ်စုတွေက စိတ်ဝိညာဉ်နတ်ဘုရားတွေကို သူတို့မျိုးနွယ်စုအပေါ် ကာကွယ်ပေးမယ့် လက်နက်တွေလိုပဲ သဘောထားကြတယ်... မျိုးနွယ်စုတွေ တစ်စုနဲ့တစ်စု တိုက်ခိုက်သတ်ဖြတ်ကြရင် ဖန်ဆင်းရှင်တွေက ရှေးဟောင်းနတ်ဘုရားတွေကို အသုံးချတယ်... နောက်ပိုင်း ကျူယွီမျိုးနွယ်စုက အင်အားကြီးသထက် ကြီးလာတဲ့အချိန်မှာ ဧကရာဇ်တစ်ပါးနဲ့ ဘုရင်သုံးပါး တည်ရှိလာတယ်... ဧကရာဇ်က မဟာဧကရာဇ် ကျူယွီရှစ်၊ ဘုရင်သုံးပါးကတော့ ဖန်ပို ရှုကျွင်း၊ နျိုရှင်း ကုန်းယွင်နဲ့ ယန်လူ ပိုယန်တို့ပဲ”

ချင်မူ သဘောပေါက်သွား၏။ “အဲဒီလိုကိုး”

ကုရှောင်နှင့် တဟုန်လည်း သိသိသာသာ သဘောပေါက်သွားကြဟန်ဖြင့် တစ်ပြိုင်တည်း ပြောကြည်။ “အဲဒီလိုကိုး... နောင်တော်လော့က တကယ် ဗဟုသုတ ရှိတာပဲ... အများကြီး သိထားတယ်”

“ကျွန်တော်တို့က အသိစိတ်အလျဉ် သုံးပြီး သမိုင်းကြောင်းတွေ၊ ဉာဏ်ပညာတွေ လက်ဆင့်ကမ်းခဲ့ကြတာဆိုတော့... ရှေးဟောင်းနတ်ဘုရားတွေရဲ့ မူလအစကို သိနေတာပါ”

လော့ရှောင်က နှိမ့်ချစွာ ပြောသည်။ “ဒါပေမဲ့ စစ်ပွဲကြီးကြောင့် သမိုင်းအတော်များများ ပျောက်ဆုံးသွားသေးတယ်.... စတုတ္ထရှေးဟောင်းနတ်ဘုရားအမျိုးအစားက ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာတာ”

ချင်မူ ရင်ထဲလှုပ်ရှားသွားပြီး ရေရွတ်လိုက်မိ၏။ “အမိကမ္ဘာမြေ”

“အမိကမ္ဘာမြေက သူတို့အကြားမှာ အင်အားအကြီးဆုံးပဲ”

လော့ရှောင်က ပြောသည်။ “သူတို့က အမိကမ္ဘာမြေလို ကမ္ဘာဦးသစ်ပင်ကနေ မွေးဖွားတာမျိုး၊ ဒါမှမဟုတ် နဂါးသွေးကြောကနေ မွေးဖွားလာတဲ့ အစစ်အမှန်နဂါးတွေလိုမျိုးပေါ့... လေနဲ့မီးအဆီအနှစ်ကနေ မွေးဖွားလာတဲ့ မီးငှက်တွေ... တောင်အဆီအနှစ်တွေကနေ မွေးဖွားလာတဲ့ ချီလင်တွေလည်း အတူတူပဲ... ဥပမာပေးစရာ အများကြီး ရှိတယ်.... ဒီရှေးဟောင်းနတ်ဘုရားတွေကြားမှာ တချို့က အားနည်းတယ်... တချို့က အားကြီးတယ်.... အမျိုးမျိုးးအစားစား ပေါ့ဗျာ”

ချင်မူမှာ အတွေးထဲ နစ်မျောသွားသည်။

ရှေးဟောင်းနတ်ဘုရားအမျိုးအစား လေးမျိုးသည် အားသာချက်၊ အားနည်းချက်များ ကိုယ်စီ ရှိကြ၏။

နတ်မင်းလေးပါးကဲ့သို့ ယဇ်ပူဇော်မှုမှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားများအကြားတွင်ပင် အင်အားကြီးမားသော ဖြစ်တည်မှုများ ရှိကြပေသည်။ အခြားတစ်ဖက်တွင် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားအနက် အမိကမ္ဘာမြေကဲ့သို့ ကြောက်စရာကောင်းလောက်အောင် သန်မာအားကောင်းသည့် နတ်ဘုရားများလည်း ရှိကြသည်။

တာအိုမှ မွေးဖွားလာသူများအနက် ကောင်းကင်ယင်နတ်ဘုရားမနည်းတူ အားနည်းသူများလည်း ရှိချေသည်။ သို့သော် သူမသည် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်နှင့် ယှဉ်လျှင်သာ အားနည်းခြင်းဖြစ်၏။ အမှန်တွင် ချင်မူ သူမကို အသက်ပြန်သွင်းပြီး မဟာတာအိုအချုပ်အနှောင်များကို ဖယ်ရှားပေးလိုက်ပြီးနောက်တွင်ပင် သူမသည် အင်အားကြီးမားနေဆဲပင်။

ကုရှောင်က ရုတ်တရက် ပြောသည်။ “ရှေးဟောင်းနတ်ဘုရားတွေရဲ့ ဖွားမြင်မှုအားလုံးက ဖန်ဆင်းရှင်တွေနဲ့ ပတ်သက်နေတာကို ဘာကြောင့် ရှေးဟောင်းနတ်ဘုရားတွေက ဖန်ဆင်းရှင်တွေကို မျိုးသုဉ်းသတ်ဖြတ်ခဲ့တာလဲ... နောင်တော်လော့က ဖန်ဆင်းရှင်ဆိုတော့ ဘာကြောင့်လဲ သိလား”

လော့ရှောင်သည် ခေါင်းယမ်း၏။ “ကျွန်တော်တို့က မျိုးသုဉ်းသတ်ပွဲနဲ့ သွေးသံချေးဇုန်စစ်ပွဲကို ရင်ဆိုင်ခဲ့ရတော့ သမိုင်းနဲ့ပတ်သက်တဲ့ အချက်အလက်အတော်များများ ဆုံးရှုံးသွားခဲ့တယ်... ဘိုးဘေးနန်းတော်ကိုလည်း ဆုံးရှုံးလိုက်ရတယ်... ကျွန်တော်က အဲဒီစစ်ပွဲကြီးနှစ်ပွဲနဲ့ ပတ်သက်ပြီး ပျောက်ဆုံးသွားတဲ့ သမိုင်းကြောင်းကို ရှာဖို့နဲ့ ဘိုးဘေးနန်းတော်ဆီ ပြန်နိုင်မယ့် အခွင့်အရေးရှိသေးလား ကြည့်ဖို့ အပြင်ထွက်လာတာပါ”

ကုရှောင်၏မျက်ဝန်းများ လင်းလက်သွားသည်။ “ပျောက်ဆုံးသွားတဲ့ သမိုင်းကြောင်းကို သိလိုက်ရလို့ ခင်ဗျားတို့မျိုးနွယ်စုဟာ အဲဒီလိုဖြစ်ဖို့ ထိုက်တန်တယ် ဖြစ်သွားရင် ... ဘာလုပ်မလဲ”

လော့ရှောင်၏မျက်နှာက နီရဲလာသည်။ “ကျန်‌တာတွေတော့ မသိပေမယ့် ကျွန်တော့်ကို သင်ပေးခဲ့တဲ့လူတွေက လူကောင်းတွေပါ.... ကျွန်တော်တို့က စစ်ပွဲကနေ လွတ်မြောက်ဖို့ လေဟာနယ်ကို ဖွင့်လှစ်ခဲ့ကြတာ... မကောင်းတဲ့လူတွေတော့ သေချာပေါက် မဟုတ်ပါဘူး... ကျွန်တော့်ဘိုးဘေးတွေ အဲဒီလိုဖြစ်ဖို့ ထိုက်တန်တယ်လို့ ကျွန်တော် မယုံဘူး”

ကုရှောင်သည် ပြုံး၏။ “ခင်ဗျားရဲ့ အမြင်အတိုင်း မဟုတ်မှာ စိုးရိမ်မိတယ် နောင်တော်လော့ရေ... ခင်ဗျားက ကမ္ဘာဦးခေတ်ရဲ့ အမှောင်ဘက်ခြမ်းကို နည်းနည်းလေးပဲ သိသေးတာ မဟုတ်လား”

တဟုန်လည်း ပြုံးလျက် ဝင်ပြောသည်။ “ဒါဆို နောင်တော်ရှောင်က အများကြီး သိထားတာလား”

ကုရှောင်က ကပျာကယာ ပြန်ဖြေသည်။ “ကျုပ်က ဖြစ်နိုင်ခြေကိုပဲ ပြောနေတာပါ.... လန့်အောင် မလုပ်ပါနဲ့ နေင်တော်ဟုန်”

နှစ်ယောက်စလုံး တဟားဟား ရယ်လေသည်။

ချင်မူလည်း ရယ်လိုက်သည်။

လော့ရှောင်မှာ သူတို့အားလုံး ရယ်နေသည်ကို မြင်လျှင် ဘာကြောင့် ရယ်နေမှန်း မသိသော်လည်း ရောယောင်ရယ်လိုက်သည်။

ချင်မူ့ရယ်သံက တဖြည်းဖြည်း တိုးဝင်သွားသည်။

ချင်မူသည် ကမ္ဘာဦးခေတ်နှင့် ရှေးဟောင်းနတ်ဘုရားတို့၏ အဖြစ်အပျက်နှင့် ပတ်သက်၍ အနည်းအကျဉ်းသာ သိထား၏။ ပရမတ္တကမ္ဘာထဲရှိ ဖန်ဆင်းရှင်များမှာလည်း မျိုးသုဉ်းသတ်ဖြတ်မှုများကို အကြိမ်ကြိမ်အခါခါ ရင်ဆိုင်ဖြတ်သန်းခဲ့ရသောကြောင့် ဘိုးဘေးဝိညာဉ်များအနေဖြင့် အတိတ်အကြောင်း အနည်းအကျဉ်းသာ သိထားခြင်းဖြစ်လိမ့်မည်။

လော့ရှောင်၏ ခေတ်တွင် မဟာလေဟာနယ်၏ ဖန်ဆင်းရှင်များသည် ရှေးဟောင်းသမိုင်းအကြောင်း တချို့သိထားသော်လည်း ရှေးဟောင်းနတ်ဘုရားတို့၏ မျိုးသုဉ်းသတ်ဖြတ်မှုအား အဘယ်ကြောင့်ခံစားခဲ့ရမှန်း မသိကြသေးပေ။

အနာဂတ်တွင် မဟာလေဟာနယ်ထဲရှိ ဖန်ဆင်းရှင်များ မဟာဧကရာဇ်၏ သတ်ဖြတ်ခြင်းခံရသည့်အခါ ထိုသမိုင်း၏တစ်စိတ်တစ်ပိုင်းလည်း ပျောက်ဆုံးသွားပေဦးမည်။ ပရမတ္တကမ္ဘာသို့ ထွက်ပြေးလွတ်မြောက်သွားသူများသည် မျိုးဆက်သစ်ဖန်ဆင်းရှင်အများစု ဖြစ်ကြသည် မဟုတ်ပါလော။

ထိုအချိန်၌ လော့ရှောင် သေသွားလောက်ချေပြီ။ သူသည် အမြဲငေးငိုင်နေတတ်သော ဘိုးဘေးဝိညာဉ်အရူးတစ်ယောက် ဖြစ်လာခဲ့ပြီး သူတို့သမိုင်း၏တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးသွားလိမ့်မည်။

ရထားလှည်းသည် အသော့နှင်နေ၏။ အပြင်ရှိ ရှုခင်းက ကြယ်တာရာကောင်းကင်ပြင်ကြီး ဖြစ်လာသဖြင့် ယန်အာမှာ ရထားလှည်းအနောက်ခြမ်းသို့ ပြေးးသွားပြီး ကမ္ဘာဦးဘုံဆီ ကြည့်လိုက်သည်။ ကမ္ဘာဦးဘုံမှာ အလွန်သေးငယ်ချေပြီ။

ရထားလှည်းက အနီရောင်နေလုံးကြီးတစ်လုံး၏ ဘေးဘက်ခြမ်းမှ မောင်းနှင်သွားသည်။ နေလုံးကြီးသည် အိုမင်းကြီးမားနေပြီး ရှေး‌ဟောင်းမြေထုများသည် ၎င်းအနားပတ်ဝန်းကျင်၌ ပျံဝဲနေကြ၏။ ပျက်စီးစုတ်ပြတ်၍ လူသူကင်းမဲ့နေသော မြို့ကြီးများက မြေထုများအပေါ်တွင် တည်ရှိနေကြသည်။

ယန်အာမှာ ထိုမြို့များဆီ ကြည့်ပြီး စိတ်လှုပ်ရှားလာသည်။ သူမက နဂါးချီလင်ကို အနီးကပ် ပျံသန်းခိုင်းလေသည်။

ရထားလှည်းသည် မြေထုတစ်ခုဆီ ပျံသန်းသွားပြီး ဧရာမအဆောက်အအုံကြီးများအကြား ဖြတ်သန်းသွား၏။

မြေထုအပေါ်တွင် သေဆုံးနေသော နတ်ဘုရားမြို့တစ်မြို့ ရှိသည်။ တံတိုင်းများက ချောမွတ်တောက်ပနေရာ လက်ရှိခေတ်၏ ပန်းပဲပညာဖြင့် တည်ဆောက်နိုင််သော လက်ရာမဟုတ်ပေ။

ချင်မူ ၎င်းကို သတိထားမိလျှင် ရင်ထဲ တုန်လှုပ်သွားသည်။ ‘ဒါက ဖန်ဆင်းရှင်တွေရဲ့ မြို့တစ်မြို့ပဲ’

လော့ရှောင်က ပြတင်းပေါက်အနားး ကပ်လာကာ မြို့ကို ကြည့်ရင်း မျက်ဝန်းများ မှေးမှိန်သွားသည်။ သူ့အတွေးများအား မှန်းရခက်ချေသည်။

ရထားလှည်းသည် မြေထုနှင့်အဝေးသို့ ပျံသန်းသွားပြီး ကောင်းကင်နဂါးများက ခန္ဓာကိုယ်အစစ်များ ထုတ်ဖော်လျက် ကြီးမားလာကြသည်။ သူတို့သည် တရှိန်ထိုး မြင့်တက်လာသော အမြန်နှုန်းဖြင့် ကြယ်တာရာကောင်းကင်အား ဖြတ်သန်းသွား၏။ ရထားလှည်းကလည်း နတ်မင်းတစ်ပါး၏ နန်းတော်ပမာ ကြီးမားလာကာ အလွန်ခမ်းနားတင့်တယ်နေတော့သည်။

ရထားလှည်း၏အတွင်းမှ မော့ကြည့်လိုက်လျှင် ကြယ်တာရာများသည် ‌ပေါင်းမိုးသဖွယ် ဖွဲ့တည်လျက် ရွှမ်တု၏ ကောင်းကင်တာအိုအား ဖော်ကျူးနေမှန်း မြင်ရလိမ့်မည်။

ကုရှောင်၊ တဟုန်နှင့် လော့ရှောင်မှာ မြင်ကွင်းကြောင့် အံ့ဩရှုမောနေကြသည်။ သူတို့သည် ရထားလှည်းအပေါ် တက်လာခဲ့သ်ောလည်း ရထားလှည်းအား သေသေချာချာ ကြည့်ရှုရန် အခွင့်အရေးမရခဲ့ပေ။

အသေအချာစစ်ဆေးကြည့်ရှုပြီးနောက်မှ ရထားလှည်းက သာမန်လက်ရာ၏ စံနှုန်းထားများထက် ကျော်လွန်လောက်အောင် တင့်တယ်လှပနေမှန်း သတိထားမိတော့သည်။ ကောင်းကင်နတ်ဧကရာဇ်၏ ရထားလှည်းပင် ဤရထားလှည်းနှင့် ယှဉ်ပါက မှေးမှိန်သွားလိမ့်မည်။

‘မူချင်း ဒီလောက် ခမ်းနားတဲ့ ရထားလှည်းကို ဘယ်က ရလာတာပါလိမ့်’ သူတို့နှစ်ယောက် ဇဝေဇဝါ ဖြစ်နေကြသည်။

ကောင်းကင်နတ်အရှင်မူသည် ကောင်းကင်နတ်သိုင်းများဖြင့် လမ်းစဉ်အဆင့် ဝင်ရောက်ထားသည့်အတွက်ကြောင့် ကောင်းကင်နတ်အရှင်အဖြစ် ချီးမြှောက်ခံထားရသော်လည်း ကောင်းကင်နတ်သိုင်းများကို ထိုအဆင့်အထိ သူတစ်ယောက်တည်း လေ့လာထားခြင်း ဖြစ်နိုင်ပါ့မည်လော။

တဟုန်က ချင်မူ့ဘက်သို့ ရွှေ့လာသည်။ ချင်မူက သိုင်းကွက်များ၊ ချီစွမ်းအင်၊ အသိစိတ်အလျဉ်နှင့် မူလဝိညာဉ်ကို အသုံးပြုလျက် တစ်သားတည်း ဖြစ်နေစေသည်။ ချင်မူ့ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်အတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုပင် သူ မမြင်ရပေ။

‘ကုရှောင်သာ ဒီမှာ မရှိရင် ဒီကောင့်ကို ထိုးဖောက်ကြည့်ပြီး ဘာကြောင့် ဒီလောက် အင်အားကြီးနေလဲ မြင်နိုင်တယ်’

တဟုန်သည် အပြုံးတစ်ခုဖြင့် ပြော၏။ “နောင်တော်၊ ခင်ဗျားရဲ့ ကောင်းကင်နတ်သိုင်းက အံ့ဖွယ်ထူးကဲလိုက်တာ.... ကျုပ် ကောင်းကင်ဘုံအောက်က သူတော်စင်တန်ခိုးရှင်တွေကို စောင့်ကြည့်လေ့လာခဲ့ဖူးတယ်... ခင်ဗျားလောက် တော်တာမျိုး မတွေ့ခဲ့ဖူးဘူး... ခင်ဗျားရဲ့ ကျင့်စဉ်က ဘာလဲ”

“ဒါက ကျင့်စဉ်နဲ့ မဆိုင်ဘူး”

ချင်မူက တောက်ပကြည်လင်နေသော မျက်ဝန်းများကို ဖွင့်၍ တည်ကြည်လေးနက်စွာ ပြောသည်။ “ရုပ်ခန္ဓာ ဖွဲ့စည်းပုံနဲ့ပဲ ဆိုင်တာ”

တဟုန်သည် လက်ခံပြီး လမ်းပြပေးရန် နှိမ့်ချစွာ တောင်းဆို၏။ “ခင်ဗျားရဲ့ ရုပ်ခန္ဓာက ဘာရုပ်ခန္ဓာလဲ သိခွင့်ရှိမလား နောင်တော်”

“လောကသခင်ခန္ဓာ”

ချင်မူမှာ အလိုလို မာန်တက်လာသည်။ “ကျွန်တော့်ရဲ့ ရုပ်ခန္ဓာဖွဲ့စည်းပုံကို လောကသခင်ခန္ဓာလို့ ခေါ်တယ်... ကောင်းကင်ဘုံအောက်က ဘယ်သူတော်စင်မဆိုထက် ပိုမိုကောင်းမွန်တဲ့ ကောာင်းကင်နတ်သိုင်းတွေကို ကျွန်တော် ဖန်တီးနိုင်တာက ကျွန်တော့်ရဲ့ရုပ်ခန္ဓာက အကောင်းဆုံးဖြစ်ပြီး ပြိုင်ဘက်ကင်းတာကြောင့်ပဲ... လူတွေဟာ ကောင်းကင်နတ်သိုင်းတွေကို လေ့လာဖို့ နှစ်ပေါင်းထောင်ချီ အချိန်ယူကြပြီး မအောင်မြင်ဘဲ ဖြစ်ကြတယ်.... ကျွန်တော်ကတော့ အချိန်တိုလေးနဲ့ အသုံးပြုနိုင်တယ်... ပြီးရင် လမ်းစဉ်အဆင့် ဝင်ရောက်အောင် စဉ်းစားတွေးခေါ်ကြည့်လိုက်ရုံပဲ”

တဟုန် အံ့အားသင့်သွားသည်။ စဉ်းစားကြည့်သည့်အခါမှ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် လောကသခင်ခန္ဓာနှင့် ပတ်သက်သည့် သဲလွန်စများ ကြားခဲ့ဖူးကြောင်း သတိရလိုက်၏။ ထိုကောလဟာလများကို ဖြန့်ခဲ့သူက နျိုပန်းဖြစ်ခဲ့သည်။

ချင်မူက ရိုးသားသောမျက်ဝန်းများဖြင့် ပြောသည်။ “နောင်တော်ဟုန်၊ ကျွန်တော်က တကယ်တော့ လုံးဝအစွမ်းမထက်ပါဘူး.... သူများတွေထက် သာတဲ့ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားရုံသက်သက်ပါ... ခင်ဗျားမှာလည်း အဲဒီရုပ်ခန္ဓာ ရှိရင် ကျွန်တော့်ထက် သေချာပေါက် သန်မာအားကောင်းလိမ့်မယ်.... ကံဆိုးစွာနဲ့ အဲဒီရုပ်ခန္ဓာမျိုးက တစ်ခေတ်မှာ တစ်ကိုယ်ပဲ ရှိနိုင်တာတဲ့”

တဟုန်မှာ ဇဝေဇဝါ မေးလိုက်မိသည်။ “ဒါဆို ကျုပ် လမ်းစဉ်အဆင့် ဝင်ရောက်နိုင်မယ့် ကောင်းကင်နတ်သိုင်းတချို့ သင်ပြပေးလို့ရမလား နောင်တော်”

ချင်မူက မဆိုင်းမတွ ပြောသည်။ “ဘာလို့မရ ရမှာလဲ.... အမှန်တိုင်း ပြောရရင် ကျွန်တော် ဒီနှစ်တွေထဲ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းတွေ လေ့လာရင်း အများကြီး ရခဲ့တယ်.... အသိစိတ်အလျဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေ ဘယ်လို ထုတ်လွှတ်ရမလဲသင်ပေးမယ်လေ... အရင်ဆုံး မြင်ယောင်ကြည့်တာနဲ့ စကြစို့”

တဟုန်သည် မြင်ယောင်ခြင်းအကြောင်း သူ့ဆီမှ နားထောင်ပြီးနောက် ပြောသည်။ “ကျုပ် တတ်သွားပြီ”

ချင်မူက ပြုံးသည်။ “ညီအစ်ကိုတွေ ဖြစ်နေပြီပဲဟာ အားနာနေစရာမလိုပါဘူး... အရင်ဆုံး တွေးတောပြီး နားလည်အောင် လုပ်လိုက်... ဒီလို အသိစိတ်အလျဉ်နဲ့ မြင်ယောင်ဖန်ဆင်းတာက တတ်မြောက်ဖို့ နှစ်ပေါင်းရာဂဏန်းလောက် ကြာတယ်”

တဟုန်မှာ လှည့်ထွက်လာသော်လည်း ချင်မူ့ကို တစ်ချက်ကြည့်ကာ တွေးနေသည်။ ‘ဒီကောင်လေး ငါ့သရုပ်မှန်ကို သိနေတဲ့ပုံပဲ.... ငါ့ကို အသိစိတ်အလျဉ်မြင်ယောင်ဖန်ဆင်းတာနဲ့ လာအရူးလုပ်နေတယ်... လောကသခင်ခန္ဓာတဲ့ ဟီးဟီး အဲဒီလိုနတ်ဘုရားခန္ဓာမျိုး တကယ် ရှိနေတာပဲ....’

အခြားတစ်ဖက်တွင် ကုရှောင်က လော့ရှောင်နှင့် စကားပြောနေသည်။ လော့ရှောင်သည် မျိုးနွယ်စုထဲတွင် သူ ကြုံတွေခဲ့ရသည်များနှင့် ငယ်ဘဝတုန်းက ရှက်စရာကိစ္စများကို သူ့သွေးသောက်ညီအစ်ကိုဆီ အားတက်သရော ပြောပြနေ၏။ ကုရှောင်က တဟားဟား ရယ်မောနေလေသည်။

ချင်မူမှာ သူတို့ကို ကြည့်ရင်း အကြံအိုက်လာတော့သည်။

သူ့အနေဖြင့် မည်သည်ကိုမှ ထုတ်မပြောရသေးသော်လည်း လော့ရှောင်က မဟာလေဟာနယ်၏ ဖန်ဆင်းရှင်များနှင့် ပတ်သက်ပြီး အကုန်လုံးနီးပါး ပြောပြပြီးနေချေပြီ။

‘မဟာလေဟာနယ် ဘယ်မှာရှိမှန်း မပြောရသေးတာပဲ ကျေးဇူးတင်ရမယ်... ဒါပေမဲ့ အနာဂတ်မှာ သူတို့ သုတ်သင်ခံရဦးမှာပဲ... သူတို့ကို လာရှာမယ့်သူက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်မဟုတ်ဘဲ မဟာဧကရာဇ် ဖြစ်နေလိမ့်မယ်’

ချင်မူ အကြည့်လွှဲပြီး လောကသခင်ခန္ဓာအမြုတေ သုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ သူ့ကိုယ်ထဲရှိ ကောင်းကင်ရတနာများကို စကြဝဠာသဖွယ် အသုံးပြုနိုင်သောကြောင့် သူ့အဆင့်ကို မြှင့်တင်ရန်အတွက် ပြင်ပတာအိုများ အားပြုရန် သို့မဟုတ် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်၊ ဝိညာဉ်အားအင်များကို စုပ်ယူရန်လည်း မလိုအပ်‌ပေ။

လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်သက တစ်ချိန်လုံး အလိုအလျောက် လှည့်ပတ်နေခဲ့သော်လည်း ဤတစ်ကြိမ်တွင် ချင်မူသည် ပြည့်စုံနေပြီဖြစ်သော ကောင်းကင်နန်းဆောင်များ၏ တောင်ကောင်းကင်မုခ်ဝများအား ဖြတ်သွားနိုင်ရန် ကြိုးစားနေ၏။ အရေးအကြီးဆုံးက ပင်မကောင်းကင်နန်းဆောင် ဖြစ်သည်။

သူ့အနေဖြင့် အစစ်အမှန်နတ်ဘုရားအဆင့်သို့ အပြည့်အဝ မဝင်နိုင်လျှင် တစ်ဝက်တော့ ဝင်နိုင်အောင် လုပ်ရလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် တဟုန်နှင့် ကုရှောင်က အန္တရာယ်များလွန်း၍ပင်။

All Chapters