ခေါင်းဆောင်အသစ်
Vol. 88 Ch. 1219
“နှစ်သုံးထောင် ကုန်သွားပြီလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ဒိုင်မေးရှင်းအနိမ့်မှာ အချိန်ဘယ်လောက် ကုန်ဆုံးသွားလောက်ပြီလဲ”
သူ့သီအိုရီက မှန်ကန်နေခဲ့သည်။ ဒိုင်မေးရှင်းအနိမ့်နှင့် အမြင့်ကြားက ကွာဟချက်သည် သူ တက်လှမ်းလာသည်နှင့် အတော်လေး ကြီးမားသွားခဲ့သည်။ ထို့ကြောင့် သူသည် ဒိုင်မေးရှင်းအနိမ့်တွင် တစ်ပတ်ခန့်မျှ ကုန်ဆုံးသွားသည်ကို အံ့အားသင့်မည် မဟုတ်ပေ။
ဝမ်ဝေ့က ထိုအပေါ် များစွာ အာရုံမစိုက်တော့ဘဲ ကံကြမ္မာပြောင်းလဲရေးခန်းမကို အာရုံစိုက်လိုက်သည်။ သူ့ပထမဦးဆုံး စစ်ဆေးကြည့်သည်က တာဝန်ခန်းမ မှတ်တမ်းများဖြစ်ပြီး အချိန်တိုအတွင်း ပြီးမြောက်သွားသည့် တာဝန်အရေအတွက်ကို မြင်တွေ့ပြီးသည့်နောက်တွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ကြည့်ရတာ ဒီလူတွေက အတော်လေး စိတ်ဓာတ်တက်ကြွနေတဲ့ပုံပဲ…
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ လူများစွာက ကောင်းကင်အလိုဆန္ဒနှင့် လဲလှယ်သွားသည့်အတွက် သူ့အစောင့်များက သူ့ကို ဒုတိယအကြိမ် စိတ်မပျက်စေခဲ့ပေ။
သေဆုံးနှုန်းကတော့ မြင့်မားနေတုန်းပဲ…
ဝမ်ဝေ့က နောက်တစ်ခုကို အာရုံစိုက်လိုက်သည်။ လူများစွာက တာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးခံရခြင်း သို့မဟုတ် သူတို့၏ ဝိညာဉ်အပေါ် ထားရှိသည့် အတားအဆီးများ အသက်ဝင်လာခြင်းတို့ဖြင့် သေဆုံးသွားကြလေ့ရှိသည်။
ဒုတိယအကြိမ် လူအသစ် ထပ်ခေါ်ဖို့ သိပ်မကြာတော့ဘူးပဲ…
သူက အခြေအနေကို သုံးသပ်ကြည့်လိုက်သည်။ လူများစွာက သတင်းအချက်အလက် ရောင်းချခြင်းနှင့် အသစ်လေ့ကျင့်ပေးထားသည့် ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များဖြင့် သူ့တွင် လက်သင့်ခံနိုင်လောက်ဖွယ် သူလျှိုကွန်ယက်တစ်ခု ရှိလာလေသည်။ ထိုအရာက ကောင်းမွန်ခြင်းနှင့် အလှမ်းဝေးနေသေးပြီး ဒိုင်မေးရှင်းအနိမ့်အနေအထားနှင့် မယှဉ်နိုင်သေးသော်လည်း အတော်လေး လက်သင့်ခံနိုင်လောက်ပြီ ဖြစ်၏။
ဝမ်ဝေ့ အရေးကြီးသည်ဟု ထင်ရသည့် သတင်းအချက်အလက်တချို့ပင် ရှိသည့်အတွက် သူက ပြန်လည်စစ်ဆေးကြည့်ခဲ့သည်။ ပထမဦးစွာ တပ်ဖွဲ့ဝင်အစောင့်များက သူ့အပေးအယူကို ငြင်းဆန်နေသူများကို ဖြည်းဖြည်းချင်း သတ်ပစ်ခဲ့သည်။ သူတို့က အများစုအား မတော်တဆ သို့မဟုတ် လေလွင့်ကျင့်ကြံသူကြားက အငြင်းပွားမှုအဖြစ် အဆုံးသတ်အောင် လုပ်ခဲ့၏။ ပို၍အရေးကြီးသည်က မည်သူကမှ သံသယမဖြစ်ကြပေ။ ထိုလူများထဲ ဝမ်ဝေ့၏ စကားက အမှန်အတိုင်းလားဟု စစ်ဆေးကြည့်ကြသည့် သူများပင် အပါအဝင် ဖြစ်၏။
ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ထိုအချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
ဟမ် ကျန်းပိယုက အဲဒီမှာ ရောက်နေတာလား…
သူက စာရွက်တစ်ရွက်ကို ဖတ်ရင်း စဉ်းစားလိုက်သည်။ သူက ထိုအရာကို ဘေးဖယ်ထားကာ ကိစ္စများကို ဆက်လက် လုပ်ဆောင်လိုက်၏။ သူက စည်းမျဉ်းမဲ့ဇုန်မှ သတင်းကို အာရုံစိုက်လိုက်သည်။
ထိုသတင်းက ထိုနေရာက ကမ္ဘာကြီးမှ ပုန်းအောင်းနေသည့်လူများအတွက် နေရာတစ်ခုဖြစ်ခဲ့သော်လည်း အဖွဲ့ဝင်တစ်ယောက်က စည်းမျဉ်းမဲ့ဇုန်မှ ထွက်ပြေးလာသည့် ကုန်သည်တစ်ယောက်ကို ရှာဖွေတွေ့ရှိသွားသည်။ သူက သိချင်စိတ်ဖြင့် ထိုသူ့ကို ကယ်တင်ထားပြီး ဤနေရာသို့ ခေါ်ဆောင်လာလေ၏။ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက သူတို့ကို ကာကွယ်ပေးထားခဲ့သည်။
စည်းမျဉ်းမဲ့ဇုန်နဲ့ ပတ်သက်ပြီးတော့ ဘာလို့ အသေးစိတ်အချက်အလက် မရှိရတာလဲ…
သူ့လူများက ကုန်သည်ကို ဖျောင်းဖျပြီး ထိုနေရာအကြောင်း သိသင့်လေသည်။ ဝမ်ဝေ့က ထိုအဖြေကို ရှာဖွေပြီးသည့်နောက်တွင် မကြာခင် တွေ့ရှိသွားလေ၏။ ကုန်သည်က ကံဆိုးသူတစ်ဦး ဖြစ်ကာ ကောင်းကင်ပြာမျှော်နန်းဆောင်တွင် အလုပ်လုပ်ဖို့ စည်းမျဉ်းမဲ့ဇုန်ဆီ သွားရောက်ခဲ့ခြင်း ဖြစ်၏။ သူက သူ မသိသင့်သည့် တစ်စုံတစ်ခုကို သိခဲ့ရပြီး အမဲလိုက်ခံနေရရင်း ထွက်ပြေးလာခဲ့ရသည့်အတွက် ထိုနေရာတွင် နေခဲ့သည့်အချိန်က တစ်ပတ်ခန့်ပင် မကြာမြင့်ခဲ့ပေ။
ကံဆိုးတာပဲ။ ဒါပေမဲ့ ငါ ရောက်သွားတာနဲ့တော့ အသေးစိတ်အချက်အလက်တော့ ရလာမှာပါ…
ဝမ်ဝေ့က သူ့တာဝန်ကို အဆုံးသတ်လိုက်သည်။ သူက မျက်လုံးဖွင့်ပြီး လူနှစ်ဦးကို ဆင့်ခေါ်လိုက်၏။ ပထမတစ်ဦးက ဝမ်ချီ ဖြစ်၏။ သူက စောင့်ဆိုင်းနေရင်း တာအိုသင်္ချိုင်းမြေက တက်လှမ်းရေးရတနာ ချီလေးမျှင်ကို စုပ်ယူပြီးသည့်နောက်တွင် အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ဒါက အထွတ်အထိပ်ပင်ကိုရတနာဖြစ်လာဖို့တော့ သိပ်မကြာတော့ဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။ ထိုအရာကို သိပြီးသည့်နောက်တွင် သူက ရှီရှန်းယန်နှင့် တွေ့ဆုံဖို့ တွေးလိုက်၏။ သူက အဝေးတစ်နေရာကို အာရုံစိုက်နေစဉ် ရင်းနှီးပြီးသား မျက်နှာတချို့ကို မြင်လိုက်ရသည်။
“ဂိုဏ်းချုပ်”
“ငါ မရှိတုန်း တစ်ခုခုဖြစ်ခဲ့သေးလား” သူ့က ကြည့်ကာ မေးလိုက်သည်။
“ ထူးခြားတာတော့ မဖြစ်ခဲ့ပါဘူး။ လူတော်တော်များများက ဂိုဏ်းချုပ်ကို လိုက်ရှာနေကြတော့ ကမ္ဘာကြီးက တိတ်ဆိတ်နေတယ် ” ဝမ်ချီက ပြန်ဖြေလိုက်သည်။
“ကပ်ပါးတွေရဲ့ ပိုင်နက်ထဲမှာ လုံခြုံရေးမြှင့်တင်ထားလို့ တော်လှန်ရေးဘက်ကသူတွေက သိပ်ပြီး မလှုပ်ရှားနိုင်ကြတော့ဘူး”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ဤသည်က ထိုသူများအား လက်ရှိအခြေအနေတွင် ရန်မစမိဖို့ရာ အကောင်းဆုံး ဖြစ်၏။ ဝမ်ဝေ့က သူ့ကို ပုန်းအောင်းဖို့ ရွေးချယ်ခဲ့သည့် အကြောင်းအရင်းတစ်ခုကမူ သူ့တည်ရှိမှုက သူတို့ထဲမှ တစ်ယောက် ရှေ့တန်းမှ ပြန်ရောက်လာမည်ကို စိုးရိမ်မိ၍ ဖြစ်သည်။
“နောက်တစ်ခုကတော့ ရှုကျင်းယောင်ရဲ့ ပွဲအခမ်းအနားအတွက် လက်ဆောင်ပြင်ရပြီးတော့ နေရာအတွက် တိုက်ခိုက်ရလိမ့်မယ်”
“လက်ဆောင်ကိုတော့ နားလည်ပါတယ်။ တိုက်ခိုက်ရမှာ ဘာတုန်း”
“ကျွန်တော် သတင်းစုစည်းထားသလောက်တော့ အားလုံးကို လာရောက်ဖို့ ဖိတ်ခေါ်ထားတယ်ဆိုပေမဲ့ သူမနဲ့ အခန်းတစ်ခန်းထဲ ရှိချင်တယ်ဆိုရင် အထူးဧည့်သည်ကတ် လိုအပ်တယ်။ အဲဒီဟာကိုရဖို့ နည်းလမ်းသုံးခု ရှိတယ်။ ပထမတစ်ခုက ကိုယ်တိုင် ဖိတ်ကြားခံရတာ။ နောက်တစ်ခုကကျတော့ စွမ်းအားကို ပြဖို့ တိုက်ခိုက်တာ။ နောက်ဆုံးအနေနဲ့ကတော့ အဲဒီဟာကို ရဖို့ ပေါပေါသီသီ သုံးလိုက်တာမျိုးပေါ့”
“ငါ သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ အဲဒီအတွက် တိုက်ခိုက်နေဖို့ မလိုပါဘူး။ ငါ ရှောင်ထျန်းတိဆီ ဆက်သွယ်လိုက်ရင် သူက ငါ့ကို ပေးလာလိမ့်မယ်”
“အရင်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေအရ သူက ပေးပါ့မလား”
“ငါ ကိုင်တွယ်နိုင်ပါတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ဝမ်ချီက ရှောင်ထျန်းတိအတွက် တိတ်တဆိတ်သာ ဆုတောင်းပေးလိုက်၏။
“ကောင်းပြီ။ မင်း ထွက်သွားလို့ရပြီ”
သို့သော်လည်း ဝမ်ချီက ထွက်မသွားသေးပေ။
“တခြားကိစ္စတစ်ခု ရှိသေးလို့လား”
“ရှိသေးတယ်။ ကျွန်တော် သတိကြီးကြီးထားမိတာလား ဒါမှမဟုတ် တစ်ခုခုမှားယွင်းနေတာလားဆိုတာကိုတော့ မသိဘူး” ဝမ်ချီက ပြောလိုက်သည်။
“ငါ့ကိုပြော ငါ ဆုံးဖြတ်မယ်”
“အဲဒါက ဒီလိုပါ။ ကျွန်တော် အားကောင်းတဲ့ နောက်ခံမရှိထားဘဲ တက်လှမ်းလာတဲ့ မသေမျိုးတွေနဲ့ ဧကရာဇ်တွေကို ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးချင်လား သိရအောင် ဆက်သွယ်လိုက်တယ်လေ။ အများစုက အပေးအယူကို လက်ခံကြတယ်။ ဒါပေမဲ့ နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်ကို ရှာမတွေ့ဘူး။” ဝမ်ချီက ပြောလိုက်၏။
“အဲဒီဖြစ်စဉ်မှာ လူတော်တော်များများကို ဂိုဏ်းချုပ်ရဲ့ သတင်းရအောင် ဖမ်းဆီးသွားတယ်လို့ သိလိုက်ရတယ်။ အဲဒါက သူမအတွက်လည်း အတူတူ ဖြစ်နေနိုင်တယ်။ သူမက အတော်လေး ကောင်းမွန်တဲ့ နေရာတစ်ခုမှာ ပုန်းအောင်းနိုင်ချေလည်း ရှိတယ်”
ဝမ်ဝေ့၏ မျက်ဝန်းအထက် ခဲဖြူရောင်ပြောင်းလဲသွားကာ သူမကို စစ်ဆေးကြည့်လိုက်သည်။ သိပ်မကြာခင် သူက မျက်မှောင်ကြုတ်လိုက်ပြီး ပါရှန်းလိပ်ခွံကို ဆင့်ခေါ်လိုက်၏။
“မဟုတ်သေးဘူး။ တစ်ခုခုတော့ ဖြစ်သွားပြီ။ သူမ၏ ကံကြမ္မာက ထူးဆန်းတယ်။ အတော်လေးကို မျှခြေညီနေတာ”
“ဘာကိုပြောတာလဲ”
“သူမအတွက် ကောင်းလွန်းတာ ဒါမှမဟုတ်လည်း အတော်လေး ဆိုးလွန်းတာ။ ကြားနေ အခြေအနေဆိုပြီး မရှိဘူး”
“သူမက ဘယ်မှာလဲဆိုတာ ပြောနိုင်လား”
“မသိရဘူး”
“စံပြနဲ့အထက်ကပဲ ဂိုဏ်းချုပ်ရဲ့ ဂမ္ဘီရကို တားဆီးနိုင်မှာလေ။ အဲဒါဆိုတော့ အဲ့လူတွေဆီကနေ ဖမ်းဆီးခံထားရတယ်လို့ ဆိုလိုနေတာလား” ဝမ်ချီက မေးလိုက်၏။
“အဲ့လိုဖြစ်တဲ့ပုံပဲ။ ကံကောင်းတာက ကိစ္စတွေကို ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေး ရှိသေးတယ်” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။
“သူမ အကြောင်း မေ့ထားလိုက်တော့။ ငါတို့မှာ အခွင့်အရေးရှိရင် သူမကို ကယ်ကြမယ်”
ဟုန်ဟွာက လူသားနှင့် ကောင်းကင်ဧကရာဇ် ဖြစ်သည့်အတွက် သူမက အလားအလာ ကောင်းမွန်လေသည်။ ထို့ကြောင့် ဝမ်ဝေ့က ဤသို့သော ပါရမီရှင်မျိုးကို လက်မလွှတ်လိုပေ။
“အထဲဝင်ခဲ့” ဝမ်ဝေ့က ကျယ်လောင်စွာ ပြောလိုက်သည့်အခါ အရိပ်တစ်ခုက သူ့ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ပေါ်ထွက်လာသည်။
“အနီရောင်မျက်နှာဖုံး ကံကြမ္မာက ဂိုဏ်းချုပ်ကို ခစားပါတယ်”
“အဲဒါဆိုတော့ ငါ့အဖွဲ့ရဲ့ ခေါင်းဆောင်အသစ်ပေါ့” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
ထင်ထားသည့်အတိုင်း မျက်နှာဖုံးမျိုးနွယ်ဝင် အကြီးအကဲဟောင်းက သူမ၏ ပါရမီကို ပြသကာ ကံကြမ္မာအရိပ်တပ်ဖွဲ့ကို တာဝန်ယူလာသည်။
“ဂိုဏ်းချုပ် ဒီအခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ်” သူမက ပြန်ဖြေလိုက်၏။
“ကျေးဇူးတင်နေဖို့ မလိုဘူး။ ကံကြမ္မာအရိပ်ရဲ့ အဆင့်ဇယားအရ မင်းရဲ့ ရာထူးက မင်းနဲ့ ထိုက်တန်တယ်ဆိုတာ ပြသနေတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါပေမဲ့ မင်းရဲ့ ရှေ့လူက ဘယ်လောက် လုပ်ရည်ကိုင်ရည်ရှိတယ်ဆိုတာကိုတော့ ကြားပြီးလောက်ပြီ။ မင်းက သူမရဲ့ နေရာမှာ ဖြည့်စည်းနိုင်မယ်လို့ ထင်လား”
“ဟုတ်ကဲ့”
“မင်းရဲ့ ယုံကြည်ချက်ကို သဘောကျတယ်။ ဒါပေမဲ့ အခု အချိန်မရှိသေးဘူးဆိုတော့ အရာအားလုံး ဖြေရှင်းပြီးမှပဲ သခင်အရိပ်နည်းစနစ်ကို မင်းအပေါ် သုံးလိုက်မယ်”
အနီရောင်မျက်နှာဖုံး ကံကြမ္မာက အံ့အားသင့်သွားလေ၏။ သူမက ထိုကျင့်စဉ်အကြောင်း ကြားထားသော်လည်း သူမ၏ရှေ့လူက ထိုအရာကို အသုံးပြုပြီးသားဖြစ်သည့်အတွက် အခွင့်အရေးရလာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူမအနေနှင့် ဝမ်ဝေ့တွင် ဂိုဏ်းမှ အဆင့်မြှင့်ထားသည့်ပုံစံကို ရရှိထားမှန်းပင် မသိထားပေ။
အရိပ်အုပ်ချုပ်သူဧကရာဇ်၏ ကျမ်းအသစ်က ဧကရာဇ်အဆင့်တွင် အရိပ်လေးယောက်ကို ခွင့်ပြုပေးပြီး ကောင်းကင်ဘုံအဆင့်တွင် အရိပ်နှစ်ယောက်ကို ခွင့်ပြုပေးထားကာ စံပြအဆင့်တွင် အရိပ်တစ်ယောက် ပါဝင်၏။
ဝမ်ဝေ့က ကောင်းကင်ဘုံအဆင့်ကို ရောက်ရှိနေပြီဖြစ်သော်လည်း သူက သူ့စွမ်းအားကို ငှားယူနိုင်သည့် လူနှစ်ယောက်ကို ဖန်တီးနိုင်သည်နှင့် ပတ်သက်၍ ကျေနပ်နေမိသည်။ ဂိုဏ်းဘက်မှ ထိုထူးကဲသည့် အရိပ်များကို ဖန်တီးဖို့ ရှားပါးအရင်းအမြစ်များကိုပင် ပေးထား၏။
“အခြေအနေပြောဦး” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။ သူက အများစုကို ကံကြမ္မာပြောင်းလဲရေးခန်းမ၏ အခြေအနေမှ ကောက်ချက်ချထားသော်လည်း အနီရောင်မျက်နှာဖုံး ကံကြမ္မာဆီမှ ပြောပြချက်ကို နားထောင်ဖို့ လိုအပ်နေသေးသည်။ သူမက ပြောပြနေရင်း ဝမ်ဝေ့က သေချာနားထောင်နေ၏။
“မင်း ကောင်းကောင်းလုပ်ခဲ့တယ်” ဝမ်ဝေ့က ချီးကျူးလိုက်၏။
“မင်း ဒီလို ဆက်ပြီး ကောင်းကောင်းလုပ်သွားဖို့ မျှော်လင့်တယ်”
သူက ကိစ္စတချို့ကို တာဝန်ပေးပြီးသည့်နောက်တွင် သူမကို ပြန်လွှတ်လိုက်သည်။
“သူမက ပါရမီရှိတာပဲ” ဝမ်ချီက ပြောလိုက်၏။
“ဟုတ်တယ် ဒါပေမဲ့ ပါရမီဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မမြင်ရဘူး” ဝမ်ဝေ့က အနီရောင်မျက်နှာဖုံး ကံကြမ္မာသည် ပါရမီထူးကဲကြောင်း မြင်တွေ့နိုင်သော်လည်း သူမ၏ လက်ရှိ အောင်မြင်မှုများက သူမသည် ဒိုင်မေးရှင်းအမြင့်မှဖြစ်ပြီး အပြောင်းအလဲများစွာကို မတွေ့ကြုံဖူးသေးသည့် ရလဒ်ဖြစ်ကြောင်း သိထားသည်။ ထိုအချက်က သူမအား တပ်ဖွဲ့ကို ဦးဆောင်ဖို့ အကောင်းဆုံးလူ တစ်ယောက်ဖြစ်စေသော်လည်း သူတို့သာ အခက်အခဲများ ကြုံတွေ့ရသည်နှင့် သူမက အမှန်တကယ် ပါရမီထူးကဲသည်လား သိလာလိမ့်မည်။ ထိုအခါမှသာ သူမ၏ နေရာက တည်မြဲသွားမည် ဖြစ်၏။
ဝမ်ဝေ့က ထူးကဲသည့် နေရာလွတ်မှ ကြယ်တာရာများဖြင့် ရေးထွင်းထားသည့် အဆောင်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုအရာကို ရှီရှန်းယန်ဖြင့် ဆက်သွယ်ဖို့ အသက်သွင်းလိုက်သည့်အခါ ၅မိနစ်ကြာမြင့်ပြီးသည့်နောက် သူမက တွေ့ဆုံရမည့်နေရာဖြင့် အကြောင်းပြန်လာသည်။
ဝမ်ဝေ့က တွေ့ဆုံရမည့် နေရာသည် အရင်းအမြစ်ချီနေရာလွတ်ထဲတွင် ဖြစ်နေသည့်အတွက် မျက်မှောင်ကြုတ်မိသွား၏။