← Chapters

သစ္စာဖောက်မှု

Vol. 88 Ch. 1220

သစ္စာဖောက်မှု

Vol. 88 Ch. 1220

ဝမ်ဝေ့က အရင်းအမြစ်ချီ နေရာလွတ်ထဲ မဝင်ရောက်ခင် ပြင်ဆင်မှုတချို့ ပြုလုပ်ခဲ့သည်။ အဆောင်က သူ့စွမ်းရည်နှင့် တူညီစွာ တွေ့ဆုံသည့်နေရာသို့ ခေါ်ဆောင်သွားသည့် လမ်းပြသဖွယ် ဖြစ်လာလေ၏။ သူက အသန့်စင်ဆုံး အပြာရောင်ရှိနေသည့် ပင်လယ်ကြီးကို မျက်နှာချင်းဆိုင်ကာ တွေ့လိုက်ရသည်။

အင်မော်တယ်ချီတွေလား။ ဒီနေရာက အရမ်းကို အဖိုးတန်တာပဲ…

ထိုပင်လယ်ထဲရှိ စွမ်းအားများက ထာဝရအရှင် ၁၅၀ ကျော် သို့မဟုတ် ထာဝရဦးသျှောင် ငါးယောက်ကို ပြုစုပျိုးထောင်ဖို့ရာ လုံလောက်ပေသည်။

တကယ့်ကို နေရာကောင်းပဲ…

ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည့်အချိန် ထိုပင်လယ်အလယ်တွင် မျှော်နန်းဆောင်ငယ်လေးတစ်ခု ရှိနေပြီး လူနှစ်ယောက်က အဖန်ရည်ကျိုချက်ကာ စောင့်ဆိုင်းနေကြသည်။

ဝမ်ဝေ့က ထိုနေရာဆီ ရောက်ရှိသွားလေ၏။ သူက ရှီရှန်းယန်ကို မြင်လိုက်ရသည့်အခါ သူမက မည်မျှလှပလဲ တွေးမိသွားသည်။ သူမက သူမ၏ တည်ရှိမှုကို ကိုယ်စားပြုသည့် ကြယ်သင်္ကေတများ ပါဝင်သည့် အပြာရောင်ဟန်ဖုဝတ်စုံကို ဝတ်ဆင်ထားလေသည်။

သူမက သူမ၏ အရှိန်အဝါနဲ့ အလှတရား လျှော့ချတာကို ရပ်တန့်လိုက်ပြီပဲ…

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်၏။ ရှီရှန်းယန်၏ အလှတရားက ရှုရှစ်ထက် မသာလွန်လျှင်ပင် ကောင်းကောင်းယှဉ်နိုင်လေသည်။ သို့သော်လည်း ဒိုင်မေးရှင်းအနိမ့်တွင် သူမ၏ ဂုဏ်သတင်းက ရှုရှစ်နှင့် ယှဉ်လိုက်လျှင် မှေးမှိန်နေလေ၏။ အကြောင်းအရင်းကမူ သူမက သူမ၏ အရှိန်အဝါနှင့် အလှတရားကို တမင်လျှော့ချထား၍ ဖြစ်သည်။

ဝမ်ဝေ့က ဒုတိယမြောက်လူကို ကြည့်လိုက်သည်။ ဤလူက လူလတ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရှီရှန်းယန်နှင့် ယှဉ်ပါက သာမန်ဆန်သော်လည်း သူ့မျက်ဝန်းအနက်ပိုင်းတွင် ကြယ်တာရာများထက် တောက်ပနေသည့် အလင်းရောင်မျိုး ရှိနေလေသည်။

“ဒါက ကျွန်မတို့ အာကာသမျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင် စကြဝဠာမြေကမ္ဘာကောင်းကင်ဘုံအရှင်ပါ” ရှီရှန်းယန်က မိတ်ဆက်ပေးလိုက်၏။

“ကျုပ်ကို ရှီရှင်းလို့ ခေါ်လို့ရပါတယ်” အာကာသမျိုးနွယ်ခေါင်းဆောင်က သူ့ကိုယ်သူ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လာသည်။ ဝမ်ဝေ့ကလည်း တူညီစွာ နှုတ်ဆက်လိုက်၏။

ဒီအမျိုးသားက ငါ တွေ့ဖူးတဲ့ ပထမဦးဆုံး ထာဝရကောင်းကင်ဘုံအဆင့်ပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

သူက ရိုးရှင်းမှာတော့ မဟုတ်ဘူး…

ဤခေတ်ကာလထဲတွင် ထာဝရကောင်းကင်ဘုံအဆင့်ဖြစ်ဖို့ရာ အင်မတန် ဆိုးရွားလွန်းလှသည်။ ကောင်းကင်ဘုံအဆင့်ဖြစ်ခြင်းက စံပြအဆင့်နှင့် နီးကပ်နေသည်ဟု ဆိုလိုနေလေရာ စောင့်ကြည့်ခံစာရင်းတွင် ရှိနေလိမ့်မည်။ သို့သော်လည်း ထာဝရကောင်းကင်ဘုံအဆင့်ကမူ နောက်တစ်ဆင့်တွင် ရှိ၏။

သူတို့က လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ကြံစည်မှုတွေအများကြီးကို ဖြတ်ကျော်ခဲ့ရမှာပဲ။ တစ်ခါတစ်လေ ကပ်ပါးတွေက သူတို့ကို ရှင်းထုတ်ဖို့ အကြောင်းပြချက်မျိုးစုံ သုံးလာနိုင်တယ်…

အာကာသမျိုးနွယ် ခေါင်း‌ဆောင်က ဤမျှကြာရှည်စွာ အသက်ရှင်နေသည့်အချက်က သူ့စွမ်းရည်ကို သက်သေပြနေ၏။

မိတ်ဆက်ပြီးသည့်နောက်တွင် သုံးဦးသားက ထိုင်ကာ မျိုးနွယ်ခေါင်းဆောင်က အဖန်ရည်ကို တည်ခင်းလာသည်။

“ယန်အာဆီကနေ မင်းရဲ့ အကြောင်းတွေကို အများကြီး ကြားထားပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် မြင်လိုက်ရတာတော့ တကယ်ကို ထူးကဲပါတယ်”

အာကာသမျိုးနွယ်ခေါင်းဆောင်၏ ကျင့်ကြံရေးက မဟာတာအိုအရင်းအမြစ် ၈၅ရာခိုင်နှုန်း ရှိကာ သူ့အားဖြည့်မှုဖြင့် သူက ထိပ်သီးကောင်းကင်ဘုံအဆင့်များကို တိုက်ခိုက်ဖို့ရာအတွက် ပြဿနာ မရှိပေ။ သို့သော်လည်း သူက ဝမ်ဝေ့ကို ကြည့်သည့်အခါ သူ့အလိုလိုသိစိတ်မှ သတိပေးမှုကို ခံစားမိလိုက်၏။

“တကယ်လို့ စိတ်ထဲမထားရင် အသက်ဘယ်လောက်လဲဆိုတာ မေးလို့ရမလား”

“အတော်လေး ငယ်ပါသေးတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည့်အတွက် ရှီရှင်းက သက်ပြင်းချလိုက်သည်။

“စကားပုံက မှန်နေတာပဲ။ ဖရိုဖရဲအချိန်မျိုးမှာ တကယ့်အစစ်အမှန်ပါရမီရှင်တွေ ပေါ်ထွက်လာတယ်တဲ့”

သူက ကောင်းကင်ဘုံအဆင့် ရောက်နေသည့်အချက်ကို လက်ခံနိုင်ရုံမျှဖြစ်သော်လည်း တစ်ဖက်သူက ဤအနေအထားသို့ ရောက်ရှိနေသည်ကို တွေးကြည့်လိုက်လျှင်…

သူက အကြောင်းအရင်းတစ်ခုအတွက် ရွေးချယ်ခံဖြစ်နေရတာပဲ…

“ခေါင်းဆောင်”

ရှီရှန်းယန်က အချက်ပြကာ ပြောလိုက်သည်။

“အာ ငါ့ခေါင်းလည်း ကြည့်ပါဦး” ရှီရှင်းက ပြောလိုက်သည်။

“ဒီပင်လယ်က လက်ဆောင်အနေနဲ့ ပြင်ထားတာပါ”

“ရက်ရောလိုက်တာ” ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်ပြီးသည့်နောက်တွင် ချီးကျူးလိုက်၏။ သူက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့် အပူလှိုင်းကို ခံစားမိလိုက်ပြီး ဖြည်းဖြည်းချင်း အာဟာရ ဖြည့်ပေးနေသည်ကို အာရုံခံလိုက်မိသည်။

“အဖန်ရည်ကောင်းပဲ”

သူက မှတ်ချက် ပေးလိုက်သည်။ ထိုအဖန်ရည်က သူသာ သုညကောင်းကင်ဘုံ သို့မဟုတ် ပထမကောင်းကင်ဘုံအဆင့်တွင် ရှိပါက အကျိုးကျေးဇူးမြောက်များစွာ ရှိလိမ့်မည်။ သို့သော် ယခုအခါ အကျိုးကျေးဇူးက သေးငယ်သော်လည်း ရှိနေဆဲသာ ဖြစ်၏။

“ဒါက အရမ်းကို ရက်ရောလွန်းနေတယ် မဟုတ်ဘူးလား”

“ကျုပ်တို့ဘက်က ဒီတွေ့ဆုံမှုကို စမှတ်အနေနဲ့ စတင်ချင်လို့ပါ” ရှီရှင်းက ပြောလိုက်သည်။

“ယန်အာဆီကနေ မင်းက ကိစ္စတွေကို တည့်တိုးလုပ်ရတာ သဘောကျတယ်လို့ ပြောဖူးတယ်။ အဲဒါကြောင့် ဒီလိုလုပ်ကြတာပေါ့။ အခု ငါတို့ရဲ့ ထောက်ခံမှုအကြောင်း လာပြီး ပြောတာမလား” ရှီရှင်းက ပြောလိုက်သည်။

“ဟုတ်ပါတယ်”

“အစကတည်းက မင်းကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားပြီးသားပါ။ ပြီးတော့ အဲဒါကြောင့် ဒီလက်ဆောင်နဲ့ ငါတို့ရဲ့ ပါရမီအထူးကဲဆုံး မျိုးနွယ်ဝင်တစ်ယောက်ကို ဆက်သွယ်ဖို့ စေလွှတ်လိုက်တာပဲ” ရှီရှင်းက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့က ဒီကိစ္စကနေပြီးတော့ အကျိုးအမြတ်တချို့လည်း လိုချင်တယ်။ တဲ့တိုးပြောရမယ်ဆိုရင် ငါတို့က မင်းဆီကနေ ဘာရနိုင်မှာလဲ”

ဝမ်ဝေ့က အဖန်ရည်ခွက်ကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။

“အဲဒီအကြောင်းကို မဖြေခင် ခင်ဗျားကို တစ်ခုမေးမယ်။ ဝူယွီဇာမဏီကို ခစားဖို့ ဘယ်သူ ဆုံးဖြတ်ခဲ့တာလဲ။ ဒါက ခင်ဗျား မျိုးနွယ်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်လား ဒါမှမဟုတ်ဘူးဆိုရင် အသင်္ချေမျိုးနွယ် အဖွဲ့အစည်းထဲက တစ်ယောက်လား”

“အဲဒါက ဘာများ အရေးကြီးလို့လဲ”

“ကြည့်ရတာ ခင်ဗျားရဲ့ ဆုံးဖြတ်ချက် ဖြစ်ပုံပဲ” ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။

“ခင်ဗျားရဲ့ ရည်ရွယ်ချက်က သူမကို ဖယ်ရှားပြီးတော့ ကပ်ပါးထဲက တစ်ယောက်ဖြစ်လာပြီးတော့ ကမ္ဘာရဲ့ အရင်းအမြစ်တွေကို သုံးပြီး အဖွဲ့အစည်းနဲ့ ယှဉ်နိုင်လောက်တဲ့ အနေအထားအထိ မြင့်တက်ချင်တာပဲ။ ကံဆိုးတာက ခင်ဗျားရဲ့ အခြေအနေအပေါ် အမြင်က မှားယွင်းသွားခဲ့တယ်။ နေမင်းတွေက အစောင့်ခွေးကိုပဲ လိုတာဆိုတော့ ခင်ဗျားအနေနဲ့ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လှေကားကနေ တက်သွားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။

အခု ခင်ဗျားရဲ့ တစ်ခုတည်းသော ရွေးချယ်မှုက ကပ်ပါးတွေကို နှိမ်နင်းပြီးတော့ အဖွဲ့အစည်းကို သစ္စာမဖောက်ကြောင်း ဖျောင်းဖျရမှာပဲ။ ခင်ဗျားရဲ့ အစကတည်းက အစီအစဉ်က ရန်သူကို နှိမ်နင်းဖို့ပေါ့။ ကျုပ် တစ်ခုခုများ လွဲသွားတယ်ဆိုရင် ပြောပါဦး”

ရှီရှင်းက တိတ်ဆိတ်နေပြီး အဖန်ရည်တစ်ငုံ သောက်လိုက်သည်။

“မင်းရဲ့ ဉာဏ်ပညာကြီးကြောင်းကို ကြားထားပါတယ်” သူက မလုံမလဲပြုံးကာ ခေါင်းအသာယမ်းလိုက်သည်။

“မင်းပြောတာ မှန်တယ်လို့ပဲ ပြောရမယ်။ ဒီကိစ္စက ဘာမှမပြောင်းလဲသွားဘူး။ ငါတို့က ငါတို့ဘာသာလည်း ကပ်ပါးတွေကို တိုက်ခိုက်နိုင်တယ်။ မင်းဆီမှာ ကြမ္မာရှိတယ်ဆိုပြီးတော့ မင်းအပေါ်ပဲ မှီခိုနေဖို့ မလိုဘူး။”

ဝမ်ဝေ့က ထိုအရာကို သဘောတူလေ၏။ သူနှင့် အလုပ်အတူတူတွဲလုပ်ခြင်းက အာကာသမျိုးနွယ်၏ အစီအစဉ်ကို တရားဝင်ဖြစ်သွားစေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်းကို ဖျောင်းဖျမည့် အခွင့်အရေးကို တိုးပွားလာစေလိမ့်မည်။

“ကျုပ်နဲ့ အတူတူ တွဲလုပ်ရမှာ။ အဖွဲ့အစည်းက ခင်ဗျားကို သစ္စာဖောက်အနေနဲ့ မဆက်ဆံအောင် အာမခံပေးနိုင်တယ်။ ပိုပြီးကောင်းတာက ခင်ဗျားကို သူတို့က ချီးမြှင့်ပြီးတော့ ဆုလာဘ်တွေ ပေးလာအောင်တောင် လုပ်နိုင်တယ်”

“ဒါက ရဲတင်းလွန်းတဲ့ စကားတွေပဲ” ရှီရှင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ဘယ်လိုလုပ်မှာလဲ”

“အဖွဲ့အစည်းရဲ့ ရှေးဦးစံပြထဲက တစ်ယောက်ကို မှတ်မိလား”

“ကောင်းကင်ဖွင့်လှစ်ရေးစံပြ ဝမ်ကော”

“ဟုတ်တယ်။ ကျုပ်ဘိုးဘေးထဲက တစ်ယောက်ပဲ”

“ဝမ်မျိုးနွယ်ကို ပိုင်းခြားထားတာ မဟုတ်ဘူးလား။ မင်းက သူ့အပေါ် ဘယ်လိုလွှမ်းမိုးနိုင်မှာလဲ”

“ကျုပ်တို့ရဲ့ ဆက်ဆံရေးက ခင်ဗျား ထင်ထားတာထက်ပိုပြီးတော့ ရင်းနှီးတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကသာ ကျုပ်တို့တွေ ဘယ်လောက်စည်းလုံးပြီးတော့ နီးကပ်တယ်ဆိုတာ သိသွားရင် တခြားအကျိုးဆက်တွေ ရှိလာနိုင်တယ်”

“ဟုတ်တာပေါ့။ အစစ်အမှန်စည်းလုံးနေတဲ့ ဝမ်မျိုးနွယ်ကို ဘယ်သူကမှ မမြင်ချင်ကြဘူးလေ” ရှီရှင်းက မှတ်ချက် ပေးလိုက်သည်။ သူက ထိုအပေးအယူသည် ဆွဲဆောင်မှုရှိကြောင်း ဝန်ခံရပေမည်။ ရှေးဦးစံပြတစ်ယောက်ကသာ ဝင်ပြောလိုက်သည်နှင့် တခြားသူများက သူ့အား မျက်နှာသာပေးရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ ထိုအရာက အာကာသမျိုးနွယ်၏ ပြဿနာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။

“မင်းရဲ့ စကားတွေက အလေးချိန် ရှိတယ်ဆိုတာ သေချာရဲ့လား” ရှီရှင်းက မေးလိုက်သည်။

“ကျုပ်ရဲ့ တန်ဖိုးအရှိဆုံးကဏ္ဍက ဘာလို့ထင်လဲ” ဝမ်ဝေ့က ဖြေမည့်အစား ပြန်လည်မေးလိုက်သည်။

“ကျုပ်ရဲ့ ကြမ္မာလို့ ထင်တာလား။ မဟုတ်သေးဘူး။ အဲဒါက လူများစွာရဲ့ အမြင်မှာ တန်ဖိုးမရှိဘူး။ ကျုပ်ရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှုက ကျုပ်ရဲ့ ပါရမီပဲ။ ပြောရမယ်ဆိုရင် ကျုပ်ကို ရှေးဦးစံပြမျိုးစေ့အဖြစ် မှတ်ယူလို့ရတယ်။ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ကျုပ်ဘိုးဘေးတွေက ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ  စိတ်ကူးကြည့်နိုင်လား။ ကျုပ်သာ တစ်ခုခုပြောလိုက်ရင် သူတို့က သေချာပေါက် နားထောင်ပြီးတော့ ကျုပ်အမြင်ကို တန်ဖိုးထားကြလိမ့်မယ်”

ဟုတ်တာပဲ…

ရှီရှင်းက တွေးမိသွားသည်။ သူက ထိုအမျိုးသား၏ ကြမ္မာကို အာရုံစိုက်လွန်းသည့်အတွက် သူ့အစစ်အမှန်တန်ဖိုးကို လျစ်လျူရှုခဲ့မိသည်။ လူတချို့ကသာ ရှေးဦးစံပြမျိုးစေ့ဟူသော နေရာ သို့မဟုတ် ဂုဏ်ပုဒ်ကို လက်ခံရရှိနိုင်လိမ့်မည်။ ရှီရှင်းက ဝမ်ဝေ့၏ ပါရမီသည် သူ မှတ်တမ်းထဲတွင် ဖတ်ထားသမျှ မျိုးစေ့အားလုံးထက် ကျော်လွှားနိုင်ကြောင်း ဝန်ခံရပေမည်။

“ကျုပ် လက်ခံသွားတယ်လို့တော့ ပြောရမှာပဲ” ရှီရှင်းက ပြောလိုက်သည်။

“အာကာသမျိုးနွယ်က မင်းနဲ့ မဟာမိတ်ပူးပေါင်းဖို့အတွက် သဘောတူတယ်။ ဒါပေမဲ့ လက်ထပ်ပွဲကနေတဆင့် နက်နက်ရှိုင်းရှိုင်းချည်နှောင်ဖို့ စိတ်ဝင်စားလား” သူက ရှီရှန်းယန်ကို ညွှန်ပြကာ ပြောလိုက်သည်။

“ယန်အာက ငါတို့မျိုးနွယ်ရဲ့ အလှပဆုံး အမျိုးသမီးတစ်ယောက်ပဲ။ သူမက ပြိုင်ဘက်ကင်း ပါရမီလည်းရှိတယ်။ ပုံမှန်ဆိုရင် ဒီလိုအမျိုးသမီးမျိုးက ငါတို့မျိုးနွယ်ရဲ့ ဗဟိုချက်ဆိုပေမဲ့ မင်းအတွက်ဆိုရင် ခြွင်းချက်အနေနဲ့ လုပ်ပေးနိုင်တယ်”

ဝမ်ဝေ့က တည်ငြိမ်နေသည့် ရှီရှန်းယန်ကို ကြည့်လိုက်သည်။ သူမ၏ အပြုအမူအရ သူမသည် ကြိုတင်သိထားကာ ပြင်ဆင်ထားကြောင်း သိနိုင်လေ၏။

“ခင်ဗျားရဲ့ အပေးအယူက ဆွဲဆောင်မှု ကောင်းပေမဲ့ ကျုပ် ငြင်းဆန်ရလိမ့်မယ်။ ကျုပ် နှလုံးသားက အမျိုးသမီးတစ်ယောက်ထဲအတွက်ပဲ”

ရှီရှန်းက ထပ်မံ ပြောလိုက်သည်။

“မင်းသာ သူမကို မျှမျှတတ ဆက်ဆံမယ်ဆိုရင် ပဏာမ ဇနီးသည် မဟုတ်လည်း စိတ်ထဲမထားပါဘူး”

“အဖြေက အတူတူပါပဲ”

ရှီရှင်းက သူ့ကြည့်လင်နေသည့် မျက်ဝန်းကို ကြည့်ကာ ဆွဲဆောင်၍ မရကြောင်း သိလိုက်သည်။

“နှမြောစရာပဲ” သူက သက်ပြင်းချလိုက်သည်။

“အဲဒါဆိုလည်း မဟာမိတ်ဖွဲ့ဖို့ သဘောတူညီချက်တွေကို ဆွေးနွေးရအောင်”

သူတို့က နောက်ထပ် နာရီပိုင်းအနည်းငယ်ကြာ ဆွေးနွေးခဲ့ကြသည်။ ဤထဲတွင် အရင်းအမြစ်နဲ့ လူအင်အားလည်း အပါအဝင် ဖြစ်၏။

အာကာသမျိုးနွယ်က ဝမ်ဝေ့ တောင်းဆိုသည်နှင့် တိုက်ခိုက်ဖို့နှင့် တာဝန်များအတွက် အင်အားကြီး ပုဂ္ဂိုလ်များ စေလွှတ်ပေးလိမ့်မည်။ ဒုတိယအနေဖြင့် သူတို့က သူတို့အား သူ့အာဏာ တည်ဆောက်ဖို့ရာအတွက် ထူးကဲချီများကို ထောက်ပံ့ပေးမည်ဖြစ်သော်လည်း ကန့်သတ်ချက် ရှိလေသည်။ သို့သော်လည်း ဝမ်ဝေ့က သူတို့ကို ဝယ်ယူရာ၌ ဦးစားပေးအနေအထားတွင် ရှိ၏။

ဝမ်ဝေ့က သူတို့အား အထွတ်အထိပ်ပင်ကိုရတနာကို အထွတ်အထိပ်ဟွင်သွမ်းရတနာအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သည့် ရတနာဘုရင်ချီကို လှူဒါန်းဖို့ ဖျောင်းဖျနိုင်ခဲ့သည်။ သို့သော်လည်း သူ့အနေနှင့် မျိုးနွယ်တွင် ပမာဏနည်းပါးနေပြီး သူတို့ကိုယ်ပိုင်အင်အား တည်ဆောက်လိုသေးသည့်အတွက် အဆင့် ၁၂ချီကိုတော့ ဝယ်ယူဖို့အတွက် ညှိနှိုင်းဖို့ရာ လိုအပ်သည်။

သဘောတူညီချက် ရေးထိုးပြီးသည့်နောက်တွင် ဝမ်ဝေ့က အင်မော်တယ်ချီ ပင်လယ်ကို ယူဆောင်သွားပြီး နှစ်ယောက်သားကို ချန်ထားခဲ့၏။

“နောက်တစ်ကြိမ် မင်းကို ထပ်ပြီးတော့ အားနာမိတယ်။ မင်းလိုမျိုး ပါရမီရှင်မျိုးက ကိုယ်ပိုင်လက်တွဲဖော်ကို ရွေးချယ်ခွင့်ရှိသင့်တယ်ဆိုပေမဲ့ ဒီလိုပါရမီရှင်မျိုးအတွက် ငါတို့က အဲဒါကို စတေးလိုက်ရတာပဲ” ရှီရှင်းက ရေရွတ်လိုက်၏။

All Chapters