အခန်း (၁၂၂၁)
Vol. 88 Ch. 1221
ဝမ်ဝေ့က အိမ်သို့ ပြန်လာပြီးသည့်နောက်တွင် အတွေးနက်နေမိသည်။ သူက အာကာသမျိုးနွယ်အတွက် ဗလာကျင်းသည့် ကတိစကားကို ပြောခဲ့ခြင်း ဖြစ်၏။ သူနှင့် ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်၏ ဆက်ဆံရေးက သိပ်မနီးကပ်လှပေ။ ထိုအမျိုးသားက သမိုင်းကြောင်းလောက် ဆိုးရွားနေခြင်း မဟုတ်ကြောင်း သိလိုက်ရသော်လည်း … ထိုသို့ယုံကြည်မိသည်လား ဒါမှမဟုတ် ဤသည်က သူတို့၏ ဆက်ဆံရေး သို့မဟုတ် ဆက်သွယ်ရေး၏ အနေအထားတစ်ခုကြောင့်လား မပြောတတ်သေးပေ။
ပြီးတော့ ငါက ဝမ်မျိုးနွယ်ကို ပြန်လည်စုစည်းဖို့အကြောင်းကို တွေးသင့်ပြီ…
ဝမ်ဝေ့က တွေးလိုက်သည်။ သို့သော်လည်း ဤသည်က မရိုးရှင်းလှပေ။ ဝူဟုန် ချန်ခဲ့သည့်စာအုပ်အရ ရွှေရောင်ခေတ်ကာလထဲတွင် တရားဝင်အားအကောင်းဆုံးအင်အားစုက ရှေးဦးစံပြငါးယောက် ရှိထားသည့် အသင်္ချေဂိုဏ်းမဟာမိတ် ဖြစ်ပေသည်။
ထိုမျိုးနွယ်များက ဝမ်မျိုးနွယ်ကို ပြန်လည်စုစည်းခွင့်ပြုကြမည် မဟုတ်ပေ။ ဆိုလိုသည်မှာ တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့ကို လိုက်မှီသွား၍ ဖြစ်သည်။ ထို့အပြင် အသင်္ချေမျိုးနွယ် အဖွဲ့အစည်းက ရှေးဟောင်းစံပြတစ်ယောက် ဆုံးရှုံးသွားရမည်ဖြစ်ကာ ဤအခြေအနေကို တားဆီးကြလိမ့်မည်။
တခြားသော အင်အားစုများကလည်း ဆွဲသွင်းခံလိုက်ရလိမ့်မည်။ နမူနာအနေဖြင့် ဝူဟုန်၏ မူလစည်းတံဆိပ်ကုန်းမြေသည် အာဏာရှင် ၁၃ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး တာအိုအခွင့်အလမ်းဂိုဏ်း၏ မဟာမိတ်တစ်ယောက် ဖြစ်၏။ သူတို့တည်ရှိမှုထဲ ရှေးဦးစံပြနှစ်ယောက် ပါဝင်နေသည့်အတွက် မျှခြေကို အပြောင်းအလဲ ဖြစ်လာစေနိုင်သည်။ သို့သော်လည်း နောက်ထပ် အာဏာရှင်တစ်ယောက်ဖြစ်သည့် ကျွမ်းကျင်အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော အရည်အချင်းတာအိုအဖွဲ့အစည်းက မူလစည်းတံဆိပ်ကုန်းမြေနှင့် ဆက်ဆံရေး သိပ်မကောင်းသည့်အတွက် ဝူဟုန်ကို ရင်ဆိုင်ဖို့ နှောင့်ယှက်လာလိမ့်မည်။ သူတို့တွင်လည်း ရှေးဦးစံပြနှစ်ယောက် ရှိ၏။
တခြားအင်အားစုတွေက တိတ်တဆိတ် ဝင်ရောက်စွက်ဖက်ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်း အားမကောင်းအောင် လုပ်မဲ့အကြောင်းကို ထည့်သွင်းမစဉ်းစားရသေးဘူး…
ဝမ်ဝေ့က သုံးသပ်လိုက်၏။
ဒါပေမဲ့ ဒါက ရွှေရောင်ခေတ်ကာလ မဟုတ်ဘူး။ မျှခြေလည်း ကျိုးပျက်ပြီးသွားပြီ။ တာအိုဘာသာနဲ့ ဗုဒ္ဓဘာသာက အခု အားအကောင်းဆုံး အင်အားစုတွေ ဖြစ်လာပြီ…
ယခု ရောက်ရှိလာမည့် ခေတ်ကာလထဲတွင် ရှေးဦးစံပြများက အင်အားစုတစ်ခု သို့မဟုတ် မျိုးနွယ်တစ်ခု၏ အနေအထားကို ဆုံးဖြတ်ပေးနိုင်တော့မည် မဟုတ်ဘဲ ထူးကဲသာလွန်မှုအဆင့်ကသာ ဆုံးဖြတ်ပေးနိုင်လိမ့်မည်။
တကယ်လို့ ငါသာ တတိယမြောက် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ဖြစ်လာတာနဲ့ တခြားလူတွေ ဝမ်မျိးနွယ် ပြန်လည်စုစည်းတာကို တားဆီးနိုင်မှာ မဟုတ်ဘူး…
ဝမ်ဝေ့က တွေးကာ ပြုံးလိုက်သည်။
အစီအစဉ်က အလှမ်းဝေးနေသေးတယ်ဆိုပေမဲ့လည်း အခု ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ပြီးတော့ အခြေခံအုတ်မြစ်ကို ချထားရမယ်။ သူက ဘယ်လိုလူစားမျိုးလဲဆိုတာ သိအောင်လုပ်ရမယ်…
ဝမ်ဝေ့က သီးသန့်ပိုင်းခြားထားသည့် တောင်တစ်ခုအတွင်း ရောက်ရှိသွားကာ ဂူတစ်ခုကို တူးလိုက်သည်။ သူက လိုအပ်သည့် အကာအကွယ်များကို ခင်းကျင်းပြီးသည့်နောက်တွင် မြေကြီးပေါ်၌ ဆင့်ခေါ်ရေး အခမ်းအနားတစ်ခုကို ရေးဆွဲလိုက်သည်။ သူက သွေးစက်ကို ချကာ အသက်သွင်းလိုက်ပြီး ကောင်းကင်ဧကရာဇ်၏ နာမည်နှင့် ဂုဏ်ပုဒ်ကို ရေရွတ်လိုက်၏။ ဝမ်ဝေ့က ခေတ္တမျှ စောင့်ဆိုင်းလိုက်ရသည်။ သို့သော်လည်း သိပ်မကြာခင် ဆင့်ခေါ်ထားသည့် စက်ဝန်းက တောက်ပလာပြီး ခပ်ထွားထွား အမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။
“ဘိုးဘေး” ဝမ်ဝေ့က ရိုကျိုးစွာ ဦးညွှတ်လိုက်၏။
“မင်းလား” ဝမ်ကောက ဝမ်ဝေ့ကို ခြုံငုံကြည့်လိုက်သည်။
“မင်းက ဘာလို့ အဲ့လောက်တောင် ရိုကျိုးပြီး လေးနက်နေရတာလဲ”
“နောက်မျိုးဆက်က သူတွေက သူတို့ဘိုးဘေးနဲ့ တွေ့တဲ့အခါမျိုးမှာ ဒါက သာမန်အပြုအမူမျိုးပဲ မဟုတ်ဘူးလား” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူ့လေသံထဲတွင် သူ့ဘိုးဘေးများအတွက် သူ့အပေါ် ထိုကဲ့သို့ အမြင်မျိုးရှိသည်က အကြီးမားဆုံး အထင်လွဲမှုဖြစ်ကြောင်း အရိပ်အမြွက် ပြသနေ၏။
“ငါတို့တွေ နောက်ဆုံးအကြိမ် တွေ့တုန်းက မင်း ရိုကျိုးတယ်ဆိုပေမဲ့ အဲဒါက အပေါ်ယံပဲ။ မင်းက သတိကြီးကြီးထားပြီးတော့ ဖုံးကွယ်ထားခဲ့တာလေ။” ဝမ်ကောက ပြောလိုက်သည်။
ဒီမကောင်းဆိုးဝါးအိုကြီးက အတော်လေးကို အာရုံခံစားနှုန်းကောင်းနေတာပဲ…
ဝမ်ဝေ့က ညည်းတွားလိုက်သည်။
“ဘိုးဘေး အဲဒါကို ကျွန်တော်ကို အပြစ်တင်လို့မရဘူးလေ။ ကျွန်တော်က ဘိုးဘေးအကြောင်း မကောင်းသတင်းအများကြီး သိထားခဲ့တာလေ။ ကျွန်တော်တို့တွေ ဆွေးနွေးပြီးတဲ့နောက်မှာ ဘိုးဘေးအကြောင်းကို ကောင်းကောင်းသိလာပြီးတော့ ကျွန်တော်တို့မိသားစုရဲ့ မှတ်တမ်းသမိုင်းက မှားတယ်ဆိုတာကို သိခဲ့ရတယ်”
ဝမ်ကောက သူ့ကို စိုက်ကြည့်လိုက်၏။
ဒီကောင်လေးက တစ်ခုခုလိုချင်နေတာ ဒါမှမဟုတ် တစ်စုံတစ်ခု ကြံစည်နေတာပဲ ဖြစ်နိုင်တယ်။ နှစ်ခုလုံးလည်းဖြစ်နေနိုင်တယ်…
သူက စိတ်ထဲ၌သာ ပြုံးလိုက်မိ၏။
သူက ချီယွမ်နဲ့တူတာပဲ။ အထူးသဖြင့် ထူးထူးဆန်းဆန်း ကြမ္မာမျိုးပေါ့။ သူနဲ့ ဆက်ဆံရေးကောင်းရှိတာက သိပ်တော့ မဆိုးလှပါဘူး…
“ကောင်လေး ငါက အကြာကြီးနေထိုင်လာပြီးတော့ အဲ့လိုမျိုး နိုင်ငံရေးသမားတွေလိုမျိုး စကားလှလှပြောတဲ့သူတွေကို စက်ဆုပ်တယ်။ ကွေ့ပတ်ပြောမနေနဲ့။ တဲ့တိုးသာ ပြောလိုက်တော့”
ဝမ်ဝေ့က စိတ်ထဲမှ သက်ပြင်းအသာချလိုက်၏။
တဲ့တိုးဆန်တာက ဝမ်မျိုးနွယ်ရဲ့ နောက်ထပ်အလေ့အကျင့်တစ်ခုပဲ နေမယ်…
“ကောင်းပါပြီ။ ကျွန်တော် အရင်ဆုံး ပြောချင်တာက ကျွန်တော်က ဘိုးဘေးရဲ့ ဘဝအကြောင်းကို လေ့လာပြီးတော့ အမြင်အသစ်ရှိတာက လိမ်ညာနေတာတော့ မဟုတ်ဘူး” ဝမ်ဝေ့က အာကာသမျိုးနွယ်နှင့် ပတ်သက်ပြီး အခြေအနေတစ်ခုလုံးအကြောင်း ရှင်းမပြခင် အရင်ပြောလိုက်သည်။
“အဲဒါဆိုတော့ ဘိုးဘေး ဒီမျိုးဆက်ကို နည်းနည်း မျက်နှာသာပေးလို့ရမလား”
“ကိစ္စမရှိဘူး”
“တကယ်လား။ အဲ့လောက်ကြီး လွယ်တယ်လား”
“မင်းဘာမှမပြောရင်တောင် သူတို့ကို သုတ်သင်ပစ်မှာ မဟုတ်ဘူး” ဝမ်ကောက ရှင်းပြလိုက်သည်။
“ဘာလို့လဲ”
“အာကာသမျိုးနွယ်က ငါတို့အဖွဲ့အစည်းမှာ အဆင့်(၁၀)နဲ့ (၁၁)ကျင့်ကြံသူအများဆုံးရှိနေရတဲ့ အဓိကအကြောင်းအရင်းပဲ။ သူတို့က သူတို့ထင်ထားတာထက် ပိုပြီးတော့ တန်ဖိုးရှိတယ်။”
“အမှန်ပဲ။ သူတို့ရဲ့ အရင်းအမြစ်ချီ နေရာလွတ်ထဲမှာ ဘေးကင်းကင်း သွားလာနိုင်တဲ့ စွမ်းရည်က အလယ်အလတ်အဆင့်တွေကို ဖန်တီးဖို့ရာအတွက် အရေးကြီးတာပဲ”
စံပြနှင့် အထက်က မျိုးနွယ်များကြားရှိ တိုက်ပွဲတွင် ဆုံးဖြတ်ပေးမည့်အချက် ဖြစ်လာလေသည်။ သူတို့၏ စွမ်းအားက မဆုတ်သာမတိုးသာ ဖြစ်နေသည့်အချိန် ဆုံးဖြတ်ပေးမည့်အချက်က ဧကရာဇ်၊ ကောင်းကင်၊ ဆန့်ကျင့်ကျင့်ကြံသူနှင့် တခြားသောလမ်းစဉ်များမှ မသေမျိုးအရေအတွက်ဖြင့်သာ ဖြစ်၏။
“တခြားမိသားစုနှစ်ခုကရော ပြဿနာမပေးဘူးဆိုတာ သေချာရဲ့လား” ဝမ်ဝေ့က မေးလိုက်သည်။
“တကယ်လို့ သူတို့က အာကာသမျိုးနွယ်ကို မရှင်းထုတ်ဘူးဆိုရင်တောင် တမင်အားနည်းအောင် လုပ်ပြီးတော့ သူတို့ရဲ့ ပုန်ကန်မှုကို အကြောင်းပြချက်အနေနဲ့ ထိန်းချုပ်သွားနိုင်တယ်။”
“အဲဒီအကြောင်း ဘာမှစိုးရိမ်နေစရာ မလိုဘူး” ဝမ်ကောက ပြောလိုက်သည်။ သူက ထိုသူများ သဘောတူအောင် ဘယ်လိုလုပ်ရမလဲ သိထားလေသည်။ ယဲ့မျိုးနွယ်က မျိုးနွယ်စုသုံးခုကြား လူသားမဟုတ်သည့် တစ်ခုတည်းသော မျိုးနွယ်ဖြစ်ကာ ဝမ်မျိုးနွယ်နှင့် ရှောင်မျိုးနွယ်ကို အနည်းငယ် အာရုံစိုက်ထားသည်။ ဝမ်ကောက သူတို့ကို ချဉ်းကပ်လာသည်နှင့် သူတို့က သူ့အပေးအယူကို လက်ခံကြမည်ဖြစ်ကာ ထိုအခွင့်အရေးကို ဝမ်မျိုးနွယ်နှင့် ရှောင်မျိုးနွယ်ကြားက ပဋိပက္ခဖြစ်စေဖို့ အခွင့်အရေးအဖြစ် မြင်ကြလိမ့်မည်။ ဝမ်ကောကလည်း ရှောင်မျိုးနွယ်က သူ့အား မျက်နှာသာမပေးလိုဘူးလား သိချင်မိသေးသည်။
“ကောင်းပြီ။ အခု အဲဒါဆို ကျွန်တော် တဲ့တိုးပဲ ပြောမယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ဘိုးဘေးရဲ့ တစ်ဖက်သတ်ပူးပေါင်းမှုက သံသယရှိစရာပဲ”
ဝမ်ကော၏ အပြုအမူနောက်ကွယ်တွင် သူတို့ကြားရှိ အာဏာပိုင်းဆိုင်ရာ အရှုပ်အထွေးများ ရှိနေသော်လည်း သူ လွယ်လွယ်ကူကူ သဘောတူရသည့် အချက်ကို ရှင်းမပြနိုင်သေးပေ။
ဝမ်ကောက ရယ်မောလိုက်၏။
“ဒါကို မင်းဆီ ပြန်လည်ပေးဆပ်တာလို့ သဘောထားလိုက်ပေါ့”
“ကျွန်တော်ဆီ ပြန်လည်ပေးဆပ်တာလား။ ဘာအတွက်လဲ”
“လူသား မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်အတွက်လေ” ဝမ်ကောက ပြောလိုက်သည်။
“ဒါက ဝမ်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို နောက်ထပ်တစ်ဆင့် ရောက်အောင် မြှင့်တင်ဖို့ နည်းလမ်းကောင်းပဲ”
ငါ့ရဲ့ အကြံကို ခိုးသွားတဲ့ နောက်ထပ် တစ်ယောက်ပဲ။ ဒီတစ်ကြိမ် ငါ သိတောင် မသိလိုက်ဘူး…
ဝမ်ဝေ့က သက်ပြင်းချကာ တွေးလိုက်၏။
မျိုးနွယ်ထဲမှာ ရှိနေသေးလို့ တော်သေးတာပေါ့…
“အဲဒါဆိုရင်တော့ အဓိပ္ပာယ်ရှိပါတယ်လေ”
“အဲဒါဆို တခြားဟာရှိသေးလား”
“အင်း မရှိတော့ဘူး။ ဘိုးဘေး အလိုရှိတယ်ဆိုရင်တော့ ကျွန်တော်တို့တွေ အဖန်ရည်သောက်လို့ရတယ်”
“ငါက သေလူလေ။ အဖန်ရည် ဘာလို့သောက်နေမှာတုန်း။ ပြီးတော့ ငါက အဖန်ရည် မကြိုက်ဘူး” ဝမ်ကောက ပြောလိုက်သည်။
“တကယ်လို့ ဘာမှမရှိဘူးဆိုရင် ငါ သွားတော့မယ်”
သူက လက်မြှောက်ကာ သွေးနီရောင်တောက်ပနေသည့် သလင်းကျောက်နှင့် လည်ဆွဲတစ်ခုကို ဖွဲ့စည်းခဲ့သည်။
“အဲဒါက ဘာလဲ”
“မင်းရဲ့ သွေးမျိုးဆက် အတက်အကျကို ဖုံးကွယ်ဖို့ပဲ” ဝမ်ကောက ရှင်းပြလိုက်သည်။
“တခြားလူတွေကို ဒီဟာရဲ့ ထူးကဲမှုအကြောင်းကို သတိမထားမိစေချင်ဘူး။ အဲဒီလူတွေက သတိထားမိတယ်ဆိုရင်တောင် သူတို့ သိဖို့လိုတာက ငါတို့ ဝမ်မျိုးနွယ်ရဲ့ သွေးမျိုးဆက်က ထူးကဲတယ်ဆိုတာပဲ။ အဲ့ထက် မပိုဘူး”
သူက လူအားလုံးသည် သူတို့သွေးမျိုးဆက်ကို မကောင်းဆိုးဝါးနတ်ဘုရားအဆင့်နှင့် ယှဉ်နိုင်လောက်အောင် တိုးမြှင့်လောက်အောင် ကံကောင်းမှု၊ စွမ်းဆောင်မှုနှင့် ဗဟုသုတများ မရှိကြကြောင်း သိထားသော်လည်း ဝမ်ကောက ထိုသူများကို အတွေးတစ်ခုပင် မတွေးစေလိုပေ။
ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။
ဒီလူက သူ့အကြံကို ခိုးယူပြီး တခြားသူများ မခိုးယူနိုင်အောင် သူ့ကို ကာကွယ်ပေးလိုနေသည်။
ဝမ်ဝေ့က လည်ဆွဲကို လက်ခံယူရင်း တိတ်တဆိတ်သာ ညည်းတွားလိုက်သည်။
သူက ဒိုင်မေးရှင်းအနိမ့်တွင် သူ ဖန်တီးထားသည့် မူပိုင်ခွင့်စနစ်ကို ဒိုင်မေးရှင်းအမြင့်တွင်လည်း သက်ရောက်မှု ရှိစေဖို့ရာ မျှော်လင့်နေသည်။ ပြောရလျှင် သူက ပိုမိုတင်းတင်းကြပ်ကြပ်ပင် ဖန်တီးရမည် ဖြစ်၏။
“ဘိုးဘေးကို ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က လည်ဆွဲကို ထုတ်ဆွဲပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ကိစ္စမရှိဘူး။ ဒီကိစ္စတွေကို မြန်မြန် သွက်သွက်လက်လက် ရှင်းလင်းထားလိုက်တော့” ဝမ်ကောက ထပ်ပြောလိုက်သည်။
“သေရတာက သိပ်ပြီး အတွေ့အကြုံကောင်းတော့ မဟုတ်ဘူး”
“ဟုတ်ကဲ့ပါ”
ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့က ဤတောင်အတွင်းရှိနေသည့် သူ့သဲလွန်စအားလုံးကို ရှင်းထုတ်ပစ်ခဲ့ပြီး အိမ်သို့ ပြန်လာခဲ့လိုက်သည်။ သူက လည်ဆွဲကို ထုတ်ပြီးသည့်နောက်တွင် သူ့ဝိညာဉ်စွမ်းအားဖြင့် တိတ်တဆိတ် စူးစမ်းကြည့်လိုက်သည်။ သူက လည်ဆွဲကို အက်တမ်အပိုင်းအစအဖြစ် ရှာဖွေခဲ့သော်လည်း မှားယွင်းနေရာ မတွေ့ခဲ့ပေ။
“ဝမ်ချီ” သူက ဆင့်ခေါ်လိုက်၏။
“ဟုတ်ကဲ့ ဂိုဏ်းချုပ်”
“ဒီလည်ဆွဲကို ယူပြီးတော့ သူမဆီမှာ တစ်ခုခုမှားနေလားဆိုတာ သွားမေးကြည့်” ဝမ်ချီက လည်ဆွဲကို ကိုင်ကာ သေချာလေ့လာကြည့်လိုက်သည်။
“ဂိုဏ်းချုပ် ကျွန်တော်ကို ဆက်သွယ်ရေးအဆောင် အသုံးပြုချင်တာလား” သူက ထိုအချစ်ငှက်နှစ်ကောင်ကြားမှ စာပို့သမား ဖြစ်ဖို့ရာ စိတ်ထဲမထားပေ။ သို့သော်လည်း သူတို့က တိုက်ရိုက်ဆက်သွယ်သင့်ကြောင်း ခံစားမိလေ၏။
“မလိုတော့ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ငါတို့တွေ တရားဝင် တွေ့ဆုံပြီးမှပဲ ဆက်သွယ်တော့မယ်”
“အဲ့လိုဆိုတော့လည်း ပြီးတာပါပဲ” ဝမ်ချီက ထွက်ခွာသွားပြီး နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက် ပြန်လည်ရောက်ရှိလာသည်။
“ဂိုဏ်းချုပ်ကတော်က ဒီလည်ဆွဲနဲ့ ပတ်သက်ပြီး ဘာမှမှားနေတာ မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဒါရဲ့ ရည်ရွယ်ချက်က သွေးမျိုးဆက်ကို ဖုံးကွယ်ဖို့တဲ့ ။ဒီဟာကို ဖန်တီးထားတဲ့သူက မျိုးရိုးဗီဇအပေါ် တော်တော်လေး နက်နက်နဲနဲ နားလည်နေတဲ့ပုံပဲ။ ဒါပေမဲ့ သူမက သေချာသွားအောင် နောက်ထပ် ကိုယ်ပိုင်စည်းတံဆိပ်ကို ထည့်ပေါင်းပေးခဲ့တယ်”
“ကြားရတာ ကောင်းသားပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက သူ့ပစ္စည်းကို လေ့လာပြီးသည့်နောက်တွင် အလားအလာကောင်းသည့် စည်းတံဆိပ်ကို ခံစားမိလိုက်သည်။ သူက တုံ့ဆိုင်းမနေတော့ဘဲ လည်ဆွဲ၏ သလင်းကျောက်ကို သူ့သွေးမျိုးဆက်ဇစ်မြစ်ထဲ စုပ်ယူကာ ဝမ်၊ ယန်းနှင့် လီမျိုးနွယ်ဝင် အားလုံးဖြင့် ထိုကာကွယ်ရေးကို မျှဝေလိုက်သည်။