← Chapters

သစ္စာဖောက်မှုလား

Vol. 88 Ch. 1222

သစ္စာဖောက်မှုလား

Vol. 88 Ch. 1222

“ကောင်းပြီလေ။ အခုတော့ ဝှက်ထားပြီးတော့ နောက်ကျရင် ငါတို့သွေးမျိုးဆက်ကို လေ့လာဖို့ ကြိုးစားတဲ့သူတွေဆီကနေ ကာကွယ်ဖို့ လိုလိမ့်မယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ယခု သူက အာကာသမျိုးနွယ်အကြောင်း စိုးရိမ်နေခြင်း မရှိတော့သည့်အတွက် နောက်ကိစ္စကို အာရုံစိုက်ထားလိုက်၏။

“အခုကစပြီးတော့ မင်းက အာကာသမျိုးနွယ်နဲ့ အပေးအယူကို တာဝန်ယူရမယ်”

“ဟုတ်ကဲ့။ ဒါနဲ့ ကျွန်တော်ဖက်မှာ လူအင်အားနည်းနေတော့ ပါရမီရှင်တွေ လိုအပ်တယ်” ဝမ်ချီက ပြောလိုက်သည်။ သူ့အနေနှင့် ဂိုဏ်းချုပ်သည် သူ့ကို အာဏာများစွာပေးလောက်အောင် ယုံကြည်သည့်အတွက် ဝမ်းသာမိသော်လည်း သူ့အလုပ်ကို မှန်မှန်ကန်ကန် လုပ်လိုသည်။

ဝမ်ဝေ့က တစ်စုံတစ်ယောက်ကို ရုတ်ချည်း အမှတ်ရသွားလေ၏။

“တောက်ပအပြုံးဧကရာဇ်ကို သွားရှာချည်။ သူ့ကို ငါတို့အဖွဲ့ထဲ ဝင်ခိုင်းလိုက်”

ဝမ်ဝေ့က ထိုသူ၏ ကံကြမ္မာနှင့် ဆက်သွယ်ထားသည့် လမ်းပြအဆောင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

“နောက်ဆုံးအနေနဲ့” ဝမ်ဝေ့က ပြောလိုက်သည်။ သူက လက်ကိုမြှောက်ကာ လက်ဆောင်အနေနှင့် ရရှိထားသည့် အင်မော်တယ်ချီပင်လယ်ကို ဒိုင်မေးရှင်းအသစ်တစ်ခု ဖန်တီးကာ ပြောင်းရွှေ့လိုက်၏။

“အရာအားလုံး ယာယီတည်ငြိမ်သွားပြီဆိုတာနဲ့ အဲဒီနေရာကို မင်း ကျင့်ကြံဖို့ အသုံးပြုလိုက်”

“ဟုတ်ကဲ့ပါ”

ဝမ်ချီ ထွက်ခွာသွားပြီးနောက်တွင် ဝမ်ဝေ့ကလည်း ထွက်ခွာလာခဲ့သည်။ သူက တာအိုဘာသာပိုင်နက်၏ အစွန်အဖျားသို့ ရောက်ရှိလာကာ အဝတ်အစား၊ ဆံပင်နှင့် လေထုကို တာအိုသူတော်စင်တစ်ယောက်သဖွယ် ပြောင်းလဲလိုက်သည်။ သူက ယင်ယန်တာအိုကို အသုံးပြုကာ တာအိုဘာသာအငွေ့အသက်မျိုး  အယောင်ဆောင်လိုက်သည်။

နောက်ရက်ပိုင်းအထိ ဝမ်ဝေ့က ထိုပိုင်နက်အတွင်း သွားလာကာ လေ့လာစောင့်ကြည့်ခဲ့သည်။ သူ ဘာမှမဖြစ်ပျက်ခဲ့သည့်အတွက် သတင်းကောင်းလား၊ သတင်းဆိုးလား ဖြစ်နေလေ၏။ သတင်းဆိုးကမူ အန္တိမသဟဇာတ၏ လှုပ်ရှားမှု မရှိခြင်း ဖြစ်သည်။ သတင်းကောင်းကမူ သူသည် တာအိုဘာသာနှင့် ချီတင်းတို့နှင့် ပတ်သက်ပြီး များများစားစား စိုးရိမ်စရာ မလိုအပ်သေးပေ။

ဝမ်ဝေ့က သူ့ဝိညာဉ်ကွန်ယက်ကို အသုံးပြုပြီး သူ ရှာဖွေလိုသည့် ဝိညာဉ်ကို ပစ်မှတ်ထားလိုက်သည်။ ထိုအရာက အေးချမ်းစိတ်နှလုံးသား ဘုံကျောင်းအတွင်း ရှိနေလေ၏။ ထိုနေရာက လူသူကင်းမဲ့ပြီး တာအိုသူတော်စင်များပင် မကျန်ရှိပေ။

သူက ချက်ချင်း မဆက်သွယ်သေးဘဲ ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်လိုက်၏။

ထင်ထားတဲ့အတိုင်း လုပ်ကြံမှုတစ်ခုပဲ…

သူက ဝိညာဉ်ကို မြူခိုးနေရာလွတ်ထဲ ဆင့်ခေါ်လိုက်၏။

ကျန်းပိယုက စိတ်ရှုပ်ထွေးနေမိသည်။ သူမက တရားထိုင်နေစဉ် အားကောင်းသည့် စွမ်းအားတစ်ခုက သူမ၏ ဝိညာဉ်ကို ဤနေရာဆီ ဆွဲခေါ်ခဲ့ခြင်း ဖြစ်၏။ သူမ၏ ခုခံမှုက အသုံးမဝင်ခဲ့ပေ။ သူမက  ရှေ့တွင် ရှိနေသည့် လူကို ကြည့်ပြီး ပြောလိုက်သည်။

“ဘယ်သူမှ သတိမထားမိစေဘဲ လာတွေ့နိုင်တယ်ဆိုတာကို သိနေတယ်”

“အဲဒါဆိုရင် မင်းဘက် ပြောင်းသွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

“ကျွန်မကို အဲ့လိုလူစားမျိုးလို့ ထင်နေတဲ့အချက်ကိုတော့ မကြိုက်ဘူး” ကျန်းပိယုက ပြောလိုက်သည်။

“မင်းဆီမှာ ဘာတွေဖြစ်ခဲ့တာတုန်း” ဝမ်ဝေ့က ပတ်ဝန်းကျင်ကို ထိုင်ခင်းနှစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

“တက်လှမ်းလာပြီးတဲ့နောက်မှာ အခြေအနေတွေကို နားလည်အောင် တော်လှန်ရေးက တာဝန်တွေကို လုပ်ရင်းနဲ့ အရင်းအမြစ်တွေကို စုဆောင်းခဲ့တယ်” ကျန်းပိယုက ရှင်းပြလိုက်သည်။

“ရှင် ပေးထားတဲ့အဆောင်ကို သုံးပြီးတော့ နှလုံးသားဧကရာဇ်ကိုလည်း နောက်ယောင်ခံပြီးတော့ သူမကို ရှင်းထုတ်နိုင်ခဲ့ပြီ”

သူမက တောက်တောက်ပပ ပြုံးနေမိသည်။ ထိုအနှောင့်အယှက် မရှိဘဲ သူမ၏ စိတ်အခြေအနေက ပိုမိုမြင့်မားလာပြီး တာအိုနှလုံးသားက ပြီးပြည့်စုံလာသည်။ ထိုအပြုအမူများက သူမအား ပိုမိုပျော်ရွှင်လာကာ ကျင့်ကြံနှုန်းက ပိုမိုမြန်ဆန်လာလေ၏။

“အဲဒါဆိုရင် အဲဒီနောက်မှာ ဓာတ်ငါးပါးမျှခြေညီ နန်းဆောင်က လူနှစ်ယောက်က ကျွန်မကို လာတွေ့တယ်။ သူတို့က ကျွန်မကို ဘာလို့ ဂိုဏ်းဆီ ပြန်မလာတာလဲလို့ မေးတော့ ကျွန်မက ကိုယ်ပိုင်ကိစ္စလုပ်စရာ ရှိသေးတယ်လို့ ပြောလိုက်တယ်လေ။ အဲဒီမှာ သူတို့က ချက်ချင်းပြန်လာဖို့ ပြောတယ်။ တစ်ယောက်ကဆိုရင် ရိုင်းရိုင်းပျပျတောင် ပြောသေးတယ်။ ကံကောင်းတာက ကျွန်မက အဲဒီအရာအတွက် အားလုံးပြင်ဆင်ပြီးသွားပြီသားလေ။

 ကျွန်မက တော်လှန်ရေးကို ကျွန်မရဲ့ နောက်ခံအကြောင်း ပြောပြထားပြီးတော့ သူတို့က နှစ်ဖက်ချွန်သူလျှို လုပ်ဖို့ အကြံပြုလာတယ်။ အဲဒါကြောင့် အတုအယောင်စိတ်ဆေးလုံးဆိုတဲ့ အရာကို ပေးခဲ့တယ်လေ။ အဲဒီအရာက ကျွန်မရဲ့ အတွေးတွေကို ဝှက်ထားပေးပြီးတော့ ကောင်းကင်ဘုံအရှင်ကိုတောင် လိမ်ညာနိုင်တယ်။ သူတို့က ကျွန်မရဲ့ အငွေ့အသက်ကို ရှင်းလင်းအောင် ကူညီပေးတယ်။”

ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် သူမ၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ ကျန်းပိယုက ဒိုင်မေးရှင်းအမြင့်တွင် တာအိုသက်သေပြခဲ့ပြီး သင့်တော်သည့် နည်းလမ်း သို့မဟုတ် လူဖြင့် သူမ၏ အရှိန်အဝါမှ ထိုအချက်ကို ခန့်မှန်းမိဖို့ ဖြစ်နိုင်လေသည်။

“ရှင့်အကြောင်း  သူတို့ကို ပြောထားတယ်” ကျန်းပိယုက ဆက်ပြောလိုက်သည်။

“အရေးကြီးတဲ့အချက်တွေတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ရှင့်ရဲ့ အကျင့်စရိုက်နဲ့ စွမ်းဆောင်ရည်ကိုတော့ နားလည်ဖို့ရာတော့ လုံလောက်တာပေါ့။ အဲဒါက သူတို့ရဲ့ ယုံကြည်မှုကို ရနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ”

“ကိစ္စမရှိဘူး။ ငါ နားလည်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

ကျန်းပိယုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

“နှလုံးသားငါးခုဧကရာဇ်ရဲ့ အသုံးအဆောင်ပစ္စည်းကို ရှင့်ဆီ ပေးမယ်လေ”

“အဲ့ပစ္စည်းက ငါနဲ့ ကံမစပ်ဘူး။ မင်းဘာသာမင်း သိမ်းထားလိုက်။ နောက်ကျမှ တခြားတစ်ခုနဲ့ ပြန်ပြီးပေးပေါ့”

“သေချာရဲ့လား။ ဒီပစ္စည်းက အတော်လေး အဖိုးတန်တယ်ဆိုတာကို သိလိုက်ရတယ်”

“ဟုတ်လား။ ဘယ်လိုအဖိုးတန်တာလဲ”

“ဒါက အထွတ်အထိပ် ဟွင်သွမ်းရတနာ သန္ဓေလောင်းလေ” ကျန်းပိယုက ရှင်းပြလိုက်သည်။

“ဒီစွမ်းအားက ဟွင်သွမ်းရတနာနဲ့တောင် ယှဉ်နိုင်တယ်ဆိုပေမဲ့ ရှင်သာ လုံလောက်တဲ့အရင်းအမြစ်တွေ ပေးမယ်ဆိုရင် အဲဒီအနေအထားထိ ရောက်ရှိနိုင်တယ်။ ပြီးတော့ ထူးကဲတဲ့အရင်းအမြစ်တွေနဲ့ အာဟာရဖြည့်ဖို့ မလိုအပ်ဘူး။ သေချာတဲ့ပမာဏတစ်ခုဆိုရင်ဒါက အလိုလို ပုံပေါ်လာလိမ့်မယ်။”

“အဲဒါဆိုရင် အရမ်းအဖိုးတန်တာပဲ”

“အဲဒါဆိုတော့ ရှင် စိတ်ပြောင်းသွားပြီလား”

“ဟင့်အင်း” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ရှင့်ရဲ့ အကျင့်စရိုက်က တကယ်ကို ထူးဆန်းတာပဲ”

“ဘာလို့ အဲ့လိုပြောရတာလဲ”

“ရှင်က လောဘကြီးတယ်ဆိုပေမဲ့ ဒီလိုရှားပါးတဲ့ ပစ္စည်းမျိုးကို တုံ့ဆိုင်းမနေဘဲ လက်လျှော့လိုက်တယ်လေ”

“ဘာများပြောနိုင်မှာလဲ။ ငါက နားလည်ဖို့ ခက်တယ်လေ” ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်သည်။ ထိုပစ္စည်းက တာအိုသင်္ချိုင်းမြေနှင့် တူညီသည့်သက်ရောက်မှုမျိုး ရှိသည့်အတွက် ယခုအခါ ရှိနေ၍ အကျိုးမရှိပေ။ ထို့အပြင် သူ့အလိုလိုသိစိတ်က ထိုအရာ၏ အသုံးပြုမှုက သူမနှင့်သာ သက်ဆိုင်ကြောင်း ပြောပြနေ၏။

“မင်းဂိုဏ်းရဲ့ အခြေအနေနဲ့ တာအိုဘာသာအကြောင်းကို ပြောပါဦး”

“တကယ်တော့ ကွဲထွက်နေတာ” ကျန်းပိယုက ပြန်ဖြေလိုက်သည်။

“အန္တိမသဟဇာတနဲ့ ချီတင်းတို့ ထောက်ပံ့ထားတဲ့ သေးငယ်တဲ့ အင်အားစုအသစ်က ဂိုဏ်းကို အုပ်ချုပ်နေတာ။ ရှေးကတည်းက ဆင်းသက်လာတဲ့ အဓိကအင်အားစုကတော့ လက်ရှိအခြေအနေကို မကျေနပ်ကြဘူး။ ကျွန်မအနေနဲ့ ယခင်အင်အားစုဟောင်းက ဘာလို့မကြိုက်တာလဲဆိုတာကို အဖြေမထုတ်ရသေးဘူးဆိုပေမဲ့ ကျွန်မရဲ့ အလိုလိုသိစိတ်က ဒီကမ္ဘာမှာ စံပြတွေ မွေးဖွားမလာနိုင်အောင် လုပ်ထားတဲ့ တားဆီးချက်နဲ့ ပတ်သက်နေလိမ့်မယ်လို့ ထင်တယ်။ ကျွန်မ စုစည်းထားသလောက်ဆိုရင် တခြားတာအိုမျိုးနွယ်စုက ကျွန်မတို့နဲ့ ဆင်တူတယ်”

ဝမ်ဝေ့က တွေးလိုက်သည်။ ထိုသူများ၏ မကျေနပ်မှုအရင်းအမြစ်ကို ကောက်ချက်ချနိုင်လေ၏။ အန္တိမသဟဇာတတို့က မေတ္တယျနှင့် သူတို့၏ စံပြများကို သတ်ဖြတ်ပြီး သူတို့ကို အသက်ပြန်ရှင်လာဖို့ သို့မဟုတ် ထပ်မံ ပြုစုပျိုးထောင်ဖို့အတွက် တားဆီးထားခဲ့သည်။ ထို့အပြင် သူတို့အသုံးပြုသည့် အရင်းအမြစ်များကပင် သိသိသာသာ လျှော့ချခံလိုက်ရပြီး ချီတင်း၏ လက်အတွင်း၌ အဆုံးသတ်သွားသည်။ ထိုအင်အားစုများက မကျေမနပ် မဖြစ်မှသာ ထူးဆန်းလိမ့်မည်။

“ဒါနဲ့ ဘယ်လိုလုပ် ဒီရောက်နေတာလဲ” ဝမ်ဝေ့က မေးလိုက်၏။

“ရှင် တက်လှမ်းလာပြီးတဲ့နောက်မှာ ကိစ္စကြီးကြီးမားမား ဖြစ်လာတယ်လေ။ အဲဒါကြောင့် ကျွန်မက ဂိုဏ်းကို ချဉ်းကပ်ပြီးတော့ ရှင့်အပေါ် ကံကြွေးတင်နေတယ်လို့ ပြောလိုက်တာ။ ရှင်က ကျွန်မကို ဆက်သွယ်လာနိုင်ချေ ရှိတယ်ပေါ့။ သူတို့က ဒီလုပ်ကြံမှုကို သဘောတူခဲ့ပေမဲ့ ကျွန်မကကျတော့ ပြင်ပလောကနဲ့ ဆက်နွယ်နိုင်မဲ့ အခွင့်အရေးကို လိုချင်တာလေ”

“မင်းက တော်လှန်ရေးဆီ ပေးချင်တဲ့ အရာ ရှိလို့လား”

“ဟုတ်တယ်။ ကျွန်မ သတင်းအချက်အလက်တွေ စုဆောင်းပြီးသွားပြီ။ ကံဆိုးတာက သူတို့ကို ကောင်းကင်အလိုဆန္ဒအတွက် အကြွေးပြန်ပေးဖို့ လိုနေသေးတယ်” ကျန်းပိယုက ရှင်းပြလိုက်သည်။

“ရှင် သူတို့ဆီ မပေးခင် အရင်ဖတ်ကြည့်ပေါ့” သူမ၏ ဝိညာဉ်မှ အဆောင်တစ်ခု ဖွဲ့စည်းကာ ဝမ်ဝေ့က ကြည့်လိုက်သည်။

“သူတို့ကို စိုးရိမ်စရာ မလိုဘူး။ ငါ ဆက်သွယ်လိုက်မယ်။ အခုကစပြီးတော့ မင်း ငါ့ဆီကို တိုက်ရိုက်ဆက်သွယ်လိုက်” ဝမ်ဝေ့က ပြောလိုက်သည်။

“ကိစ္စများမရှိဘူး” ကျန်းပိယုက တော်လှန်ရေးထက် ဝမ်ဝေ့နှင့် ဖြေရှင်းဖို့ရာ လိုလားပေသည်။ သူက မည်သို့သောလူစားမျိုးဖြစ်ကြောင်း ကောင်းကောင်းသိထား၍ ဖြစ်သည်။ သို့သော်တော်လှန်ရေးကမူ ကွဲပြားသည့်လူများစွာ စုဝေးထားသည့် နေရာတစ်ခုဖြစ်သည့်အတွက် သူတို့၏ ပင်မအဖွဲ့မှ ကွဲပြားသည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ရှိသည့်သူများစွာ ရှိနေသည်။

“တကယ်လို့ ငါနဲ့ ဆက်သွယ်ချင်တယ်ဆိုရင် စံပြအစီအရင် မရှိတဲ့ ဂိုဏ်းရဲ့ နေရာတစ်ခုဆီ ထွက်ခဲ့ပေါ့။ အဲဒီမှာဆိုရင် ငါ မင်းဆီ အချိန်မရွေး၊ နေရာမရွေး ရောက်နိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“နားလည်ပါပြီ”

“မင်းကို လက်ဆောင်ပေးလိုက်မယ်” ဝမ်ဝေ့က သူ့ဝိညာဉ်ကွန်ယက်စွမ်းရည်ကို သူ့လက်ဖဝါးထဲ ကြာပွင့်တစ်ခုအသွင် ပြောင်းလဲမည့် မျိုးစေ့အဖြစ် ဖွဲ့စည်းလိုက်သည်။ သူက စံပြဝိညာဉ်ကို ယာယီသုံးစွဲကာ ကြာပွင့်ကို ကောင်းချီးပေးလိုက်ပြီး ဂိုဏ်း၏ လေဟာနယ်ထိုးခွင်းခြင်း အဆောင်နှင့် တူအောင် လုပ်ပေးလိုက်သည်။ နောက်ဆုံးတွင် သူက ကြာပွင့်ကို ကျန်းပိယု၏ ဝိညာဉ်ဖြင့် ပေါင်းစည်းပေးလိုက်၏။

“တကယ်လို့ မင်းရဲ့ ဇစ်မြစ်က သံသယဖြစ်ခံရတယ်ဆိုရင် ဒီစွမ်းရည်ကို အသက်သွင်းလိုက်တာက မင်းရဲ့ ဝိညာဉ်ကို စံပြအစီအရင်ကနေ ခေါ်သွားလိမ့်မယ်။ ဒါပေမဲ့ မင်းမြန်မြန်ဆန်ဆန်လုပ်ဖို့တော့ လိုတယ်။ ဒီအရာက အစီအရင် အလိုအလျောက် အသက်ဝင်နေတဲ့အချိန်မျိုးမှာပဲ အလုပ်ဖြစ်မှာ။ တစ်စုံတစ်ယောက်က အဲဒါကို ထိန်းချုပ်လိုက်တာနဲ့ မင်း အဆုံးသတ်ပြီပဲ”

“ကိစ္စမရှိဘူး။ ကျွန်မ အဆင်ပြေပါတယ်” ကျန်းပိယုက အဖမ်းအဆီးမခံရဖို့ ယုံကြည်ချက် ရှိနေသည်။ အတုအယောင်စိတ်ဆေးလုံးက သူမ၏ စရိုက်နှစ်ခု သို့မဟုတ် ဝိညာဉ်နှစ်ခုကြောင့် အသုံးပြုပြီးသည့်နောက်တွင် ဆင့်ကဲပြောင်းလဲသွားခဲ့ပြီး သူမအား အတွေးများနှင့် မှတ်ဉာဏ်များကို အသိစိတ်ပင်လယ်၏ အာရုံမခံနိုင်ဖွယ် အလွှာထဲတွင် ဝှက်ထားနိုင်ခွင့်ပြုထားသည်။ သူမက ချီတင်းကို မျက်နှာချင်းဆိုင် လိမ်ညာဖို့ရာပင် ယုံကြည်ချက်ရှိနေ၏။

“ယုံကြည်ချက်ရှိတာ ကောင်းတယ်။ ဒါပေမဲ့ မရဲတင်းလွန်းနဲ့” ဝမ်ဝေ့က သတိပေးလိုက်၏။

“ကျွန်မ သိပါပြီ”

သူမ၏ အကျင့်စရိုက်က တည်ငြိမ်ကာ အမြဲလိုလို စိတ်ရှည်လက်ရှည် ရှိလှသည့်အတွက် မလိုလားအပ်သည့်အရာများကို လုပ်မည်မဟုတ်ပေ။

ဝမ်ဝေ့က လက်ဝှေ့ပြီးသည့်နောက်တွင် ဒုတိယအဆင့် တာအိုအရင်းအမြစ်တချို့ကို ပေးလိုက်သည်။

“ဒါက မင်းရဲ့ လက်နက် အထွတ်အထိပ်ဟွင်သွမ်းရတနာဖြစ်ဖို့ လုံလောက်မှာပါ။ ဒါပေမဲ့ မင်းဂိုဏ်းက ဒါကို အတင်းအကြပ် မယူအောင်တော့ သတိထားပေါ့”

“သူတို့ကို အဲ့လိုလုပ်ခွင့်ပြုမှာ မဟုတ်ဘူး” ကျန်းပိယုက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။ သူမက ထိုကဲ့သို့သော ပစ္စည်းမျိုးဖြင့် သူလျှိုအနေဖြင့် တာဝန်ကို ပိုမိုယုံကြည်ချက် ရှိလာသည်။ သူမက ဒုတိယ ဆင့်ကဲပြောင်းလဲဖို့အတွက် အရင်းအမြစ်များကို ရနိုင်သည်ဆိုပါက ပိုမိုကောင်းမွန်လိမ့်မည်။

“အဲ့လိုဆိုကောင်းပြီ”

“ဒါပေမဲ့ ကျွန်မ ရှင့်အပေါ် ပိုပြီး အကြွေးတင်မိသွားပြီပဲ”

“တစ်ရက်ကျရင် ငါ  မင်းဆီကနေ ပြန်ပြီး လိုအပ်လာပါလိမ့်မယ်။” ဝမ်ဝေ့က ပြောလိုက်သည်။

“အခု အဲဒီလူတွေရဲ့ ယုံကြည်မှုကို တိုးမြှင့်ဖို့ ပြဇာတ် နည်းနည်းလောက် ကကြတာပေါ့”

All Chapters