စည်းမျဉ်းမဲ့ဇုန်
Vol. 88 Ch. 1223
ကျန်းပိယုက မျက်လုံးကို ဖွင့်လာစဉ် ဝမ်ဝေ့၏ ပုံရိပ်က သူတို့ရှေ့ ပေါ်ထွက်လာလေ၏။ သူတို့က အချင်းချင်းကြည့်ပြီး ဝမ်ဝေ့က စကားစပြောလာသည်။
“မင်းကို တွေ့ရတာ ဝမ်းသာပေမဲ့ အာလာပသလာပ ပြောဖို့ ရောက်လာတာ မဟုတ်ဘူး။ မင်း ငါ့အပေါ်တင်နေတဲ့ ကျေးဇူးကြွေးကို သိတယ်မလား။ အခု…”
ဘန်း
သူ့ဘေးပတ်ဝန်းကျင်ရှိ အာကာပြင်က လှုပ်ခတ်သွားပြီး အရာအားလုံးက အဖြူနှင့်အနက် ပြောင်းလဲသွားခဲ့သည်။ သူက တစ်စုံတစ်ယောက်သည် တခြားနေရာလွတ်မှ ဤအခန်းသို့ ကူးသန်းပြောင်းရွှေ့ရောက်ရှိလာသည်ကို ခံစားမိလိုက်၏။ ဝမ်ဝေ့က ခေါင်းမော့ကာ သူ့ဦးခေါင်းအထက် ယင်ယန်အစီအရင်တစ်ခုကို မြင်လိုက်ရသည့်အချိန် အမူအရာ ပျက်ယွင်းသွားလေသည်။
“မင်းက ငါ့ကို သစ္စာဖောက်တယ်လား”
“ကျစ် ဒီလူ ကံကြမ္မာဖန်တဲ့သူတဲ့လား” စိတ်ပျက်ဖို့ကောင်းသည့် အသံတစ်သံက ပြောလာသည်။
“ကံကြမ္မာက ဒီလိုတုံးအနေတဲ့သူမျိုးကို ရွေးချယ်ရအောင် ကန်းနေတာပဲ”
“ငါတို့အားလုံးက လူသားတွေဆိုတော့ အမှားလုပ်တတ်ကြတာပဲ” တည်ငြိမ်ကာ ငြိမ်းအေးသည့် အသံက ပြောလာခဲ့သည်။
“မထိန်းချုပ်နိုင်တဲ့ တစ်စုံတစ်ခုအတွက် အကဲဖြတ်ဖို့ မလိုဘူး”
လူနှစ်ဦးက အခန်းအတွင်း ဝင်ရောက်လာပြီးသည့်နောက်တွင် သူတို့နောက်၌ လူရာချီ ပါလာသည်။ မောက်မာသည့် အသံပိုင်ရှင်က အနီရောင်ဆံပင်တိုတို ရှိသည့် လူငယ်လေးတစ်ဦးဖြစ်ကာ မျက်နှာမြင် ထိုးပစ်ချင်စရာဟူသော ဂုဏ်ပုဒ်နှင့် ပြည့်စုံလှသည်။ တခြားတစ်ယောက်ကမူ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးဝန်းကျင်၌ အဝတ်စည်းထားသည့် လူလတ်အရွယ်အမျိုးသား ဖြစ်၏။ ထိုသူက သူ့မြင်ကွင်းကို ပိတ်ဆို့ထားဖို့ လိုအပ်သည့် ကျင့်စဉ်တစ်ခုကို ကျင့်မှန်း သိသာလှသည်။
ဝမ်ဝေ့က ထိုနှစ်ဦးကို ကြည့်ရင်း အကဲဖြတ်လိုက်သည်။
သူတို့ရဲ့ ကျင့်ကြံဆင့်က ၈၅ ရာခိုင်နှုန်း ရှိထားတဲ့ ကောင်းကင်ဘုံအဆင့် နှစ်ယောက်ပဲ။ ပြီးတော့ မဟာတာအိုအရင်းအမြစ် ၁၅ရာခိုင်နှုန်းကနေ ၆၉ရာခိုင်နှုန်းအထိ ဧကရာဇ် အယောက်နှစ်ဆယ် .. တခြားလမ်းစဉ် ကျင့်ကြံတဲ့သူတွေလည်း အများကြီးပဲ…
အနီရောင်ဆံပင်လူငယ်လေးက ကြမ်းပြင်ပေါ် တံတွေးထွေးကာ ပြောလိုက်သည်။
“ကျုပ် လုပ်ချင်တာ လုပ်မယ်။ ဒီလူက အသုံးမဝင်ဘူး။ သူ့ရုပ်ကတော့ အနည်းဆုံးတော့ ကြည့်ကောင်းတာပေါ့။ ကံဆိုးတာက ကျုပ်က ရုပ်ချောတဲ့သူတွေကို အမုန်းဆုံးပဲ။ အဲဒါဆိုတော့ မင်းသာ ငါ့လက်ထဲ ရောက်လာရင် ငရဲကို ခံစားရစေမယ်”
ဝမ်ဝေ့က ထိုသူကို လျစ်လျူရှုထားပြီး ကျန်းပိယုကို ကြည့်လိုက်သည်။
“ငါ့ကို သစ္စာဖောက်ဖူးတဲ့သူ ဘယ်သူမှ မလွတ်မြောက်ဖူးသေးဘူး။ ငါ စကားကို မှတ်ထား။ မင်း သေချာပေါက် နောင်တရလိမ့်မယ်”
“ငတုံး” ထိုသူက လက်သီးဖြင့် ထိုးခွင်းကာ အော်ပြောလိုက်ပြီး အနီရောင်မီးတောက်ကို ထုတ်လွှတ်လာသည်။ သို့သော်လည်း သူ့တိုက်ကွက်က အသုံးမဝင်ခဲ့ပေ။ အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က အလျင်အမြန် ပျောက်ကွယ်သွား၍ ဖြစ်၏။
“ပုံရိပ်ယောင်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ငါ့ရဲ့ ဗလာမျက်လုံးကတောင် ပုံရိပ်ယောင်မှန်း အာရုံမခံမိခဲ့ဘူး” မျက်မမြင် သူတော်စင်က ပြောလိုက်သည်။
“ကျစ် သူ့ခန္ဓာကိုယ်ကို သေချာရှာကြ။ အနီးနားမှာပဲ ရှိနေနိုင်တယ်” အနီရောင်ဆံပင်နှင့် လူငယ်လေးက အော်ပြောပြီး သူ့လူများကို အမိန့်ပေးလိုက်သည်။ သူကလည်း ပျံသန်းထွက်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ နေရာအားလုံးကို အာရုံခံနည်းလမ်းအားလုံးကို အသုံးပြု၍ ရှာဖွေနေသည်။ အချိန်တိုအတွင်း အဖွဲ့ကလည်း ဒိုင်မေးရှင်းအနိမ့်ထက် အဆသိန်းချီ ကျယ်ဝန်းသည့် နေရာတစ်ဝိုက်ကို ရှာဖွေပြီးသွားပြီ ဖြစ်၏။ သို့သော် ဝမ်ဝေ့ကို ရှာမတွေ့ခဲ့ကြပေ။
ကျစ်
“ဒါတွေ အားလုံးက မင်းအမှားပဲ” အနီရောင်ဆံပင်နှင့် လူငယ်လေးက ကျန်းပိယုကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
“သူက ရှင်တို့ရဲ့ စောင့်ကြည့်မှုကို ကျော်ဖြတ်ပြီး ဝင်ရောက်လာတာလေ။ ကျွန်မက ရှင်တို့ကို တိတ်တဆိတ် ခေါ်လိုက်တယ်။ အဲဒါက အမှားတဲ့လား။ အဓိပ္ပာယ်တော့ ရှိသားပဲ” သူမက ရုပ်တည်တည်ဖြင့်သာ ပြန်ဖြေလိုက်သည်။
“မင်းက လာလှောင်ပြောင်ဖို့ ကြိုးစားနေတာလား” အနီရောင်ဆံပင်နှင့် လူငယ်လေးက အားကောင်းသည့်အရှိန်အဝါကို ထုတ်လွှတ်ပြီး သူမကို ဖိနှိပ်ဖို့ ကြိုးစားလိုက်သည်။
“တော်တော့” သူတော်စင်က သူ့အပေါင်းအပါ၏ အပြုအမူကို တားဆီးလာသည်။
ဒီကောင်စုတ်က ကျန်းပိယုက အင်အားစုတစ်ခုလုံးက လိုချင်နေတဲ့ ရှားပါးပါရမီရှင်မှန်း သိရဲ့သားနဲ့ ဒီလိုမျိုး တုံးအအ အရာမျိုးကို လုပ်နေတုန်းပဲ။ အဲဒီလူအိုကြီးတွေဆီ တွန်းပို့နေမှန်း မသိဘူးလား…
သူက ကျန်းပိယုထံ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“သူ့ကိုယ်စား ကျုပ်ပဲ တောင်းပန်ပါတယ်။ ဒါက ကျုပ်တို့ အမှားပါ” မျက်မမြင်သူတော်စင်က သူ့အပေါင်းအပါသည် တစ်စုံတစ်ခုကို ပြောတော့မည်ဖြစ်ကြောင်း မြင်သည့်အခါ စိုက်ကြည့်လိုက်သည်။ သူတို့က တူညီသည့် ကျင့်ကြံဆင့်တွင် ရှိနေကြသော်လည်း အနီရောင်ဆံပင်နှင့် လူငယ်လေးက သူသည် ထိုသူထက် အားနည်းကြောင်း သိထားလေ၏။
“ကောင်းပါပြီ” ကျန်းပိယုက ပြောလိုက်သည်။
“ဂိုဏ်းကိုပြန်ပြီးတော့ အခြေအနေကို အကြောင်းကြားရအောင်”
ထို့နောက် သူမက ရပ်တန့်လိုက်ဟန်ဖြင့် တစ်စုံတစ်ခု ဆက်ပြောလိုက်သည်။
“ဖြည်းဖြည်းပဲ သွားကြတာပေါ့”
“အကြောင်းအရင်းရှိလို့လား”
“ဝမ်ဝေ့က အငြိုးထားတတ်တဲ့သူ။ သူက ဆုံးရှုံးမှုကို ခံစားမှာ မဟုတ်ဘူး။ ကျွန်မတို့ အပြန်လမ်းမှာ သူ တိုက်ခိုက်လာနိုင်တယ်”
“အဲ့လိုဆိုရင်လည်း မင်း ပြောတဲ့အတိုင်းပဲလုပ်ကြတာပေါ့”
……………………………………..
ဝိညာဉ်ကွန်ယက် နေရာလွတ်အတွင်း
“သူမက ဒီအလုပ်ကို ကောင်းကောင်း ကိုင်တွယ်နိုင်သားပဲ” ဝမ်ဝေ့က အမှောင်ထဲမှ အရာအားလုံးကို စောင့်ကြည့်ရင်း ရေရွတ်လိုက်သည်။ သူက သူ့ဝိညာဉ်အမှုန်တစ်ခုကို ကိုယ်ပွားထဲ ထည့်သွင်းကာ သူတို့၏ အပြန်လမ်းတွင် နှောင့်ယှက်ဖို့ရာအတွက် စေလွှတ်လိုက်၏။
ထို့နောက် သူက ကျန်းပိယု စုဆောင်းထားသည့် အချက်အလက်များကို ကြည့်ပြီးသည့်နောက်တွင် သူ့တပ်ဖွဲ့ဝင်များထံ ပို့လိုက်သည်။ သူက ဦးတည်ရာဖြစ်သည့် စည်းမျဉ်းမဲ့ဇုန်ဆီ ဦးတည်လိုက်သည်။
ထိုနေရာ၏ အဝင်ဝက ခရမ်းရောင် အနက်ရောင်တွင်းနက်ကြီး ဖြစ်၏။ ဝမ်ဝေ့က ထိုအရာမှ ထွက်ပေါ်နေသည့် ထူးထူးဆန်းဆန်း အရှိန်အဝါတစ်ခုကို ချက်ချင်းခံစားမိလိုက်သည်။ ခေတ္တမျှ လေ့လာကြည့်ပြီးသည့်နောက်တွင် သူက မြေဆွဲအားကို သူ့အား စုပ်ယူဖို့ ခွင့်ပြုလိုက်သည်။
ဝမ်ဝေ့က တခြားဘက်တွင် ပေါ်ထွက်လာသည်နှင့် ကြောက်မက်ဖွယ် ဖိအားက သူ့အပေါ် ကျဆင်းလာသည်ကို ခံစားမိလိုက်၏။
ဒီစွမ်းအား…
သူက သူတာအိုကာကွယ်သူ ရုပ်သေးရုပ်ကို ဆင့်ခေါ်ပြီး စောင့်ကြည့်လိုက်သည်။
“ဒီရုပ်သေးရုပ်က ထိပ်သီးကောင်းကင်ဘုံအဆင့် စွမ်းအားကို အသုံးပြုနိုင်တယ်”
ဤသည်က သူစည်းမျဉ်းမဲ့ဇုန်အကြောင်း သိထားသလောက် ဖြစ်၏။ ဤနေရာက ကောင်းကင်ဘုံအဆင့်ထက် မြင့်မားသည့် စွမ်းအားများကို တားဆီးထားပြီး ရှေးဦးစံပြများ ရောက်ရှိလာလျှင်ပင် သူတို့၏ စွမ်းအားက ကန့်သတ်ခံထားရလိမ့်မည်။
ဒီနေရာက ထိပ်တန်းအင်အားစုတွေဆီကနေ ပုန်းအောင်းရတဲ့နေရာ ဖြစ်လာရတဲ့ အကြောင်းအရင်းကို နားလည်သွားပြီ…
ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။
ဒါပေမဲ့ ဒီနေရာက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်အတွက်ရော တူညီတဲ့ သက်ရောက်မှုမျိုးရှိရဲ့လား…
စည်းမျဉ်းမဲ့ဇုန်သည် အချိန်အတော်ကြာ တည်ရှိလာပြီဖြစ်သည့်အတွက် မူလဇစ်မြစ်၏ မှတ်တမ်းများပင် မကျန်ရှိတော့ပေ။ ထို့ကြောင့် ဤနေရာ မည်သို့ဖြစ်လာကြောင်း ကောလဟာလများစွာ ရှိသော်လည်း နာမည်အကြီးဆုံးအရာက အစစ်အမှန်ကောင်းကင်တာအိုသည် ကမ္ဘာ၏ ထိပ်တန်းအင်အားစုများဖြင့် မျှခြေညီစေရန် လေလွင့်ကျင့်ကြံသူများအတွက် ဤနေရာအား ကောင်းကင်ဘုံအဖြစ် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
ဝမ်ဝေ့က ထိုအရာကို မယုံပေ။ သူ့အမြင်၌ အစစ်အမှန်ကောင်းကင်တာအိုသည် ဒိုင်မေးရှင်းအမြင့်တွင် ပိုမိုရက်စက်စွာ စီမံခန့်ခွဲလေ့ရှိသည့်အတွက် ထိပ်တန်းမျိုးနွယ်များက ချမ်းသာကြွယ်ဝမှုများနှင့် အရင်းအမြစ်များအားလုံးကို အုပ်စိုးထားလျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။ အထူးသဖြင့် သူတို့က ပါရမီထူးကဲသည့် ကျင့်ကြံသူများကို ပျိုးထောင်ပေးနေသရွေ့ ဖြစ်သည်။
ဝမ်ဝေ့က ရုပ်သေးရုပ်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက အနီရင့်ရင့် မြေကြီးရှိသည့် ကျတ်တီးလွင်ပြင်အတွင်း ရောက်ရှိနေသေး၏။ သူ့ဘေးပတ်ဝန်းကျင်တွင်ရှိနေသည့် ကမ္ဘာက ရှင်းလင်းမနေဘဲ အနည်းငယ် မှုန်မှိုင်းနေသည်။ သူ့ခေါင်းအထက် ခရမ်းရောင် နေမင်းကြောင့် မဟုတ်ပေ။
ဟမ်…
ငါနဲ့ ကံကြမ္မာဆက်နွယ်မှုရှိတဲ့သူက ဒီမှာ ရောက်နေတာလား…
သူက မျက်လုံးကို အသာမှိတ်ထားပြီး ကြိုးမျှင်ကို အာရုံစိုက်လိုက်သည်။
နှလုံးသားနက် ကောင်းကင်ဘုံအရှင်လား။ ဒီခွေးကောင် မင်းရဲ့ အချိန်က အဆုံးသတ်ပြီ…
သူက သေလုနီးပါးဖြစ်ခဲ့ရသည့် အကြိမ်ရေတချို့ကို ပြန်လည်အမှတ်ရသွား၏။ ထိုအရာထဲက တစ်ခုက ထိုခွေးကောင်ကြောင့် ဖြစ်ပေသည်။
အရင်တုန်းက ငါကမင်းကို ဖြေရှင်းဖို့ တခြားတစ်ယောက်ရဲ့ နာမည်ကို မှီခိုခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပြီ…
ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်၏။ သူက ဘေးပတ်ဝန်းကျင်ကို အာရုံစိုက်ပြီး အလင်းနှစ် ၃၀၀ကျော် ကွာဝေးနေသည့် အသံကို ကြားလိုက်ရသည်။ သူ့အံ့ဖွယ်အသိစိတ်က နေရာတစ်ခုလုံးကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် လူနှစ်ယောက် တိုက်ခိုက်နေသည်ကို သတိထားမိသွား၏။
ဤသည်က ငါးမီတာကျော် မြင့်မားသည့် အနက်ရောင်ဓားခုတ်ကောင်က နှစ်မီတာကျော် အနက်ရောင်ဆံပင်ရှည်ရှိသည့် အမျိုးသမီးတစ်ယောက်နှင့် တိုက်ခိုက်နေခြင်း ဖြစ်၏။ သူမက ရုန်းကန်ဖို့ ကြိုးစားသော်လည်း အသုံးမဝင်ခဲ့ပေ။ တစ်ဖက်၏ တိုက်ကွက်များက မြန်ဆန်လွန်းလှ၏။
“အဲဒါက မင်း ရမဲ့အရာပဲ။ မင်းက မင်းရဲ့ ဖန်တီးသူနဲ့အတူ သေသွားသင့်တာ”
ဓားခုတ်ကောင်က အော်ဟစ်ပြီး အမျိုးသမီးအပေါ် ဒဏ်ရာများ ချန်ထားခဲ့သည်။ ထို့နောက် သူမ၏ မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။
“မဟာမြူခိုးအဖွဲ့က ပျောက်ကွယ်သွားမှာ မဟုတ်ဘူး” သူမက အော်ပြောလိုက်သည်။ သူမ၏ ဆံပင်များက မြွေအဖြစ် ပြောင်းလဲသွားပြီး ဓားခုတ်ကောင်ကို ရစ်ပတ်ကာ သူမကိုယ်သူမ ဖောက်ခွဲပစ်ပြီး သူမနှင့်အတူ တစ်ပါတည်း ခေါ်ဆောင်သွားလိုက်သည်။
ဝမ်ဝေ့က အရာအားလုံးကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။
တကယ်ကို ဖရိုဖရဲဖြစ်နေတဲ့ နေရာပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက သွင်ပြင်ကို ပြောင်းပြီးသည့်နောက်တွင် အရှိန်အဝါကို လျှော့ချကာ သူ့ဘယ်ဖက်မျက်ဝန်းတွင် အမာရွတ်တစ်ခုကို ဖန်တီးပြီး ခက်ထန်အောင် ပြုလုပ်လိုက်သည်။
သူက လက်ကိုမြှောက်ကာ မဟာမြူခိုးအဖွဲ့မှ ဖန်ဆင်းမှုသက်ရှိနှင့် ရင်ဆိုင်နေပြီး အနိုင်ရရှိသွားသည့် နွားသိုးနတ်ဆိုးကို ဆင့်ခေါ်လိုက်သည်။
ဝမ်ဝေ့က သူ့ဝိညာဉ်ကို ရှာဖွေပြီး အရေးကြီးသည့် သတင်းအချက်အလက်ကို တွေ့ရှိလိုက်ရ၏။ သူက သွေးမျိုးဆက်အဖွဲ့မှ ဖြစ်ကာ မဟာမြူခိုးအဖွဲ့နှင့် စစ်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် သူသာ စည်းမျဉ်းမဲ့ဇုန်၏ သတင်းအချက်အလက်ကို လိုချင်ပါက အမှောင်တိမ်တိုက် မျှော်နန်းဆောင်မှ ဝယ်ယူလျှင် အကောင်းဆုံး ဖြစ်၏။
“နောက်ထပ်ဘယ်ကို သွားရမလဲ”
ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ထိုနွားသိုးနတ်ဆိုးကို ရှင်းထုတ်ပြီး လေဟာနယ်ထဲ မြောလွင့်နေသည့် မြို့ဆီ ဦးတည်လိုက်သည်။ သူက ထိုနေရာကို ပုံမှန် ဝင်ရောက်ရမလား သို့မဟုတ် မြို့ကို လွှမ်းခြုံထားသည့်အစီအရင်ကို တိတ်တဆိတ် ချိုးဖောက်ရမလား စဉ်းစားနေရင်း မျက်မှောင်ကြုတ်မိသွား၏။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် သူက သိုသိုသိပ်သိပ်နေဖို့သာ ဆုံးဖြတ်လိုက်သည်။
သူက အဝင်ဝဆီ ဦးတည်သွားလိုက်သည့်အချိန် လူအနည်းငယ်ကို စောင့်လိုက်ရသည်။ ဆယ်မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် သူ့အလှည့်သို့ ကျရောက်လာလေ၏။ ဂိတ်ပေါက်ဝတွင် တာအိုအုပ်ချုပ်သူ နှစ်ယောက်က ကြီးကြပ်နေပြီး တစ်ယောက်က မတူညီသည့် မျက်ဆံအရောင်ကို ပိုင်ဆိုင်ထားလေသည်။ သူက ဝမ်ဝေ့ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အနည်းဆုံး အခကြေးငွေ တောင်းဆိုနေသည့် တစ်ဖက်သူကို အချက်ပြလိုက်သည်။
ဝမ်ဝေ့က မဝင်ရောက်ခင် တာအိုအရင်းအမြစ်ကို ပေးခဲ့ရသည်။ ပထမဦးဆုံး အသိစိတ်ထဲတွင် ပေါ်ထွက်လာသည့်အရာက အပြစ်ကြွေးမြို့ ဖြစ်၏။ သေမျိုးကျင့်ကြံသူ ၉၀ ရာခိုင်နှုန်းကျော်က ကံအကြွေးများစွာ ပြည့်နှက်နေလေ၏။ တခြားသူများအတွက် မတူညီရသည့် တစ်ခုတည်းသော အကြောင်းအရင်းကမူ သူတို့သည် မသေမျိုးများ ဖြစ်ပြီး ပိုမိုမြင့်မားသည့် ကံအပြစ်ကြွေးခံနိုင်ရည် ရှိကြသည်။ ထိုသို့ဆိုလျှင်ပင် တချို့က သူတို့၏ ဦးခေါင်းအထက် အနီရောင်တိမ်တိုက်များ မြောလွင့်နေကြ၏။
ဝမ်ဝေ့က မြို့လယ်ခေါင်သို့ ဦးတည်လိုက်သည်။ ပျံသန်းခြင်းနှင့် ကူးသန်းပြောင်းရွှေ့ခြင်းကို တားမြစ်ထားသည့်အတွက် သူက ကူးသန်းပြောင်းရွှေ့ရေး အစီအရင်ငါးခုကျော်အတွက် ပေးချေခဲ့ရပြီး ဦးတည်ရာသို့ ရောက်ရှိလာလေသည်။ သူက ပိုက်ဆံပိုရဖို့အတွက် တမင်စီစဉ်ထားသည့် နှလုံးသားနက်သည့် အပြစ်ကျူးလွန်သူများကို ကျိန်ဆဲလိုက်မိသည်။ သူ့ဦးတည်ရာက လူလုပ် တိမ်တိုက်များကို ကျော်လွန်နေသည့် အဆောက်အဦးမြင့်တစ်ခု ဖြစ်၏။
သတင်းအချက်အလက်တွေကို အဓိကရောင်းချတဲ့ နေရာတစ်ခုအတွက် အရမ်းကို အာရုံဖမ်းစားနိုင်လွန်းတယ် …
ဝမ်ဝေ့က တွေးလိုက်သည်။