← Chapters

တိုက်ခိုက်ရေးကွင်း

Vol. 88 Ch. 1225

တိုက်ခိုက်ရေးကွင်း

Vol. 88 Ch. 1225

“ သူတို့ရဲ့ အရှိန်အဝါက ဒါကြောင့် ထူးဆန်းနေတာကိုး” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ပါရမီကဲထူးကဲတဲ့သူတွေ အများကြီးရှိတာဆိုတော့ ဒီလူတွေ လာခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ”

သူက လက်အောက်ငယ်သားအသစ်တချို့ကို ကြည့်ရင်း စတင်ရိုက်နှက်လိုက်သည်။ ထို့နောက် သူက သူ့စွမ်းအားကို ရယူနိုင်သည့် အဆောင်အား သေးငယ်သည့် အမျိုးသမီးဆီ ပေးပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။

သေးငယ်သည့် အမျိုးသမီးက အဖွဲ့ကို မျှော်နန်းဆောင်ဆီ ပြန်လည်ခေါ်ဆောင်လာသည်။ သူတို့က လျှို့ဝှက်အခန်းဆီ ရောက်ရှိလာပြီး အစီအရင်တစ်ခုကို အသက်သွင်းလိုက်၏။

“မျှော်နန်းသခင်”

သူတို့က ဒူးတစ်ဖက် ထောက်လိုက်ကြသည်။

“ကိစ္စတွေက အဆင်မပြေဘူးလား” အနက်ရောင်မြူခိုးဖြင့် ဖုံးကွယ်ထားသည့် ခပ်ဩဩ အသံတစ်သံထွက်ပေါ်လာ၏။

“ကျွန်မတို့တွေ မျှော်နန်းသခင်ကို စိတ်ပျက်စေမိပါပြီ”

“သူက ဘယ်လောက်အားကောင်းတာလဲ” အမှောင်တိမ်တိုက် မျှော်နန်းသခင်က မေးလိုက်သည်။

“သူက ကျွန်မတို့တွေအားလုံးကို အေးအေးလူလူ အနိုင်ယူသွားတာဆိုတော့ အနည်းဆုံးတော ၈၀ ရာခိုင်နှုန်းတော့ ရှိလောက်တယ်”

“ရှိလောက်တယ်တဲ့လား”

“မျှော်နန်းသခင် ကျွန်မ တောင်းပန်ပါတယ်။ ဒါပေမဲ့ တကယ့်ကို အနိုင်မရနိုင်တဲ့ ရှုံးနိမ့်မှုပါပဲ”

“အဲ့လိုလား” မှုန်ဝါးဝါးပုံရိပ်က ရေရွတ်လိုက်သည်။

“နောက်ဆုံးမေးခွန်း မင်းတို့က ဘာလို့ အသက်ရှင်နေသေးတာလဲ”

“သူက မျှော်နန်းသခင်ဆီကို သတင်းစကားပို့စေချင်လို့ပါ” သေးငယ်သည့် အမျိုးသမီးက ပြန်ဖြေလိုက်သည်။

“သတင်းစကားတဲ့လား။ တကယ်ကို ရဲတင်းတဲ့ကောင်ပဲ” မျှော်နန်းသခင်က နှာခေါင်းရှုံ့ကာ သူ့စိတ်တိုမှုကို ဖုံးကွယ်ထားခြင်းမရှိပေ။

“ဘယ်လိုသတင်းစကားလဲ”

ထိုအမျိုးသမီးက တုံ့ဆိုင်းသွားလေ၏။

“ပြောစမ်း”

“ငါ နောက်တစ်ကြိမ် ထပ်ပြောနေရဦးမှာလား” မျှော်နန်းသခင်က ခက်ထန်စွာ ပြောလိုက်သည်။

ထို့ကြောင့် သူမက အလျင်အမြန်  ပြန်ဖြေလိုက်၏။

“သူက တကယ်လို့ နောက်တစ်ကြိမ် သူ့ဆီ လူတွေ လွှတ်မယ်ဆိုရင် ကျွန်မတို့ မျှော်နန်းဆောင်ကို မီးရှို့ပစ်မယ်လို့ ပြောလိုက်ပါတယ်”

မျှော်နန်းသခင်က ရယ်မောလိုက်ပြီး သူ့အသံထဲတွင် အေးစက်မှုတို့ ပါဝင်နေသည်။

“ဒီလိုယုံကြည်ချက်လွန်ကဲနေတဲ့ကောင် ဒီနေရာဆီ ရောက်လာတာ ဘယ်တုန်းကမှတောင် မမှတ်မိတော့ဘူး”

သူက အသက်ပြင်းပြင်းရှူလိုက်သည်။

“ဒါက သတင်းကောင်းလည်း ဖြစ်နိုင်တယ်။ ငါတို့တွေက အခုတလော အရမ်းကို ငြိမ်သက်နေတာဆိုတော့ နမူနာပြရမဲ့သူ လိုတယ်။ ကောင်းပြီလေ။ မင်းတို့ သွားကြတော့။ ပြစ်ဒဏ်ခန်းမမှာ အပြစ်ခံယူဖို့လည်း မမေ့နဲ့ဦး”

“ဟုတ်ကဲ့ပါ မျှော်နန်းသခင်”

ဆက်သွယ်ရေးက အဆုံးသတ်သွားပြီး လျှို့ဝှက်ဆန်းကြယ်ပုံရိပ်ကို အတွေးနက်ကာ ချန်ထားခဲ့သည်။

“စပြီး လှုပ်ရှားဖို့လိုပြီ”

အမှောင်တိမ်တိုက် မျှော်နန်းဆောင်၏ လက်ရှိအခြေအနေက သိပ်မကောင်းလှပေ။ အထူးသဖြင့် တခြားသော မျှော်နန်းဆောင်များနှင့် ယှဉ်လိုက်သည့်အခါတွင် ဖြစ်၏။ ကောင်းကင်ပြာမျှော်နန်းဆောင်က လက်နက်၊ အဆောင်နှင့် ထူးကဲသည့် သတ္တုများကို ရောင်းချသည်။ အစိမ်းရောင်မြေကြီးမျှော်နန်းဆောင်၏ အဓိကအလေးထားမှုက ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်များ ဖြစ်၏။ ထိုနှစ်ယောက်လုံးက ဈေးကွက် ၉၀ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားကြသည်။

အမှောင်တိမ်တိုက် မျှော်နန်းဆောင်၏ အဓိကဝန်ဆောင်မှုက သတင်းအချက်အလက်နှင့် လုပ်ကြံသတ်ဖြတ်မှုတို့ ဖြစ်ပြီး သူတို့ကလည်း ဈေးကွက်ကို ထိန်းချုပ်ထားလေ၏။ သို့သော်လည်း သူတို့၏ အလုပ်က တခြားသူများနှင့် ကွဲပြားနေသည်။ အရင်းအမြစ်များက ဤကျတ်တီးနေရာတွင် ရှားပါးလွန်းသည့်အတွက် တခြားသောမျှော်နန်းဆောင်များက ပြင်ပလောကနှင့် တိတ်တဆိတ်ဆက်နွယ်မှုကြောင့် စီးပွားရေးလုပ်နိုင်ကြခြင်း ဖြစ်၏။ သို့သော်လည်း အမှောင်တိမ်တိုက် မျှော်နန်းဆောင်ကမူ သူတို့အလုပ်အတွက် ပြင်ပကို မှီခိုစရာ မလိုအပ်ပေ။

ထိုအချက်က သူတို့အတွက် အကြီးမားဆုံး အရေးသာချက် ဖြစ်ခဲ့၏။ သူတို့က စီးပွားရေး ဆက်လက်လုပ်ဆောင်ဖို့ ပြင်ပလောကကို စွန့်စားခရီးသွားလာဖို့ မလိုအပ်ပေ။ နှမြောဖို့ကောင်းလှစွာဖြင့် ကံကြမ္မာက သူတို့ဘက်တွင် ရှိမနေပေ။ အပြင်ဘက်တွင်ရှိသည့် အခြေအနေက ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး လူတချို့ကသာ စည်းမျဉ်းမဲ့ဇုန်အတွင်း ဝင်ရောက်လာပြီး လူများစွာက ထွက်ခွာသွားကြသည်။

တခြားသော မျှော်နန်းဆောင်များ၏ စီးပွားရေးက လုပ်ဆောင်ဖို့ ပိုမိုလွယ်ကူလာပြီး အကျိုးအမြတ်များစွာ ကျန်လေသည်။ မျှော်နန်းသခင်က ထိုမျှော်နန်းဆောင်များသည် ပြင်ပလောက၌ ခြေကုပ်ရယူပြီးပြီဖြစ်ကာ ဤနေရာမှ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း ခန့်မှန်းမိ၏။ ထိုစဉ် သူက ဤနေရာတွင်သာ ပိတ်မိနေသည်။

သူ့သတင်းအချက်အလက်ကွန်ယက်က အပြင်ဘက်တွင် အသုံးမဝင်သလို သူ့ယခင်က ခြေကုပ်ရယူဖို့ ကြိုးပမ်းမှုကလည်း ကျရှုံးခဲ့သည်။ အခြေအနေက သူ့အနေဖြင့် အာဏာထိန်းသိမ်းဖို့ ကြီးကြီးမားမား လုပ်ဖို့ လိုအပ်နေသည့် အနေအထားသို့ ကျရောက်နေလေ၏။

……………………………………………………….

သိပ်မကြာခင် ဝမ်ဝေ့က အလယ်တွင် မျှော်နန်းဆောင်တစ်ခု ထိုးထိုးထောင်ထောင်ရှိနေသည့် လွင့်မြောနေသော ကုန်းမြေတစ်ခုသို့ ရောက်ရှိလာသည်။

ဒီလူတွေက အဆောက်အဦးမြင့်တွေကို သဘောကျတဲ့ပုံပဲ…

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်၏။ ဤနေရာတွင် အစောင့်ဟူ၍ မရှိသလို ဝင်ကြေးဟူ၍လည်း မရှိပေ။ သူက သတိထားကာ ဝင်ရောက်ခဲ့၏။ ထိုဖြစ်စဉ်က အတော်လေး လွယ်ကူခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က နောက်ထပ်အစီအရင်တစ်ခုက သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။

ထိုအရာပြီးဆုံးသွားသည်နှင့် သူ့ခေါင်းအထက် စာလုံးတချို့ ပေါ်ထွက်လာသည်။

[ကောင်းကင်ဘုံ၊ အနိုင်ရရှိမှု - ၀၊ ရှုံးနိမ့်မှု -၀]

ထို့နောက် အာကာပြင်စွမ်းအားတစ်ခုကို သူ့ကို လွှမ်းခြုံသွားကာ ကုန်းမြေ၏ အရှေ့ဖက်ပိုင်းကို ပြောင်းရွှေ့ပေးသည်။ ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်လိုက်စဉ် အားလုံးက အတူတူသာ ဖြစ်၏။ သူတို့၏ ကျင့်ကြံဆင့်နှင့် အနိုင်အရှုံး ပမာဏကို ရေးသားခံထားရသည်။

သတင်းအချက်အလက်က မှန်နေတာပဲ။ အရှေ့ဖက်ပိုင်းက မသေမျိုးကျင့်ကြံသူတွေအတွက် ဖြစ်ပြီးတော့ အနောက်ဖက်ပိုင်းက သေမျိုးကျင့်ကြံသူတွေအတွက်…

ဝမ်ဝေ့က တွေးလိုက်သည်။

သူက ရုတ်ချည်းဆိုသလို အသက်ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်၏။

ဒီပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအားက ကုစားရေးကို အရှိန်မြှင့်တင်ပေးနိုင်တယ်ဆိုပေမဲ့ လူတွေကို ကြမ်းတမ်းစေပြီးတော့ တိုက်ပွဲဖြစ်လာဖို့လည်း ပိုမိုလွယ်ကူစေတယ်။ ဒီလူရိုင်းဘုရင်က တိုက်ခိုက်ရေးပညာရပ်ကို အတော်လေးကို သဘောကျတဲ့ပုံပဲ…

“ဟေး မင်း”

“ဘာလဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ငါ မင်းအဝတ်တွေကို သဘောကျတယ်။ ငါ့ဆီပေးစမ်း” ခြင်္သေ့လိုမျိုး မုတ်ဆိတ်မွေးတွေရှိနေသည့် လူလတ်အရွယ် အမျိုးသားတစ်ဦးက ပြောလိုက်သည်။

ဝမ်ဝေ့က သူ့ဦးခေါင်းအထက် ကြည့်လိုက်သည့်အခါ [ကောင်းကင်ဘုံ၊ အနိုင်ရရှိမှု -  ၃၁၃၄၊ ရှုံးနိမ့်မှု - ၁၂]

“မရဘူး” သူက ငြင်းဆန်လိုက်သည်။

“မင်းက သတ္တိကောင်းနေတာပဲ။ လာ … မင်းရဲ့ အဝတ်တွေရဲ့ ပိုင်ဆိုင်မှုကို တိုက်ခိုက်မှုနဲ့ ဆုံးဖြတ်ကြတာပေါ့”

လူလတ်အရွယ်အမျိုးသားက ရယ်ပြုံးကာ ပြောလိုက်သည်။

“ပုံမှန်တိုက်ပွဲ လုပ်မလား၊ သတ်ဖြတ်ရေးတိုက်ပွဲလုပ်မလား”

ဤသို့သော တိုက်ပွဲမျိုးတွင် ကိုယ်ကိုယ်တိုင်က ဂုဏ်ပုဒ်ရှိထားသည့်သူ မဟုတ်သရွေ့ တစ်ဖက်သူ၏ စိန်ခေါ်မှုကို မငြင်းဆန်နိုင်ပေ။ ကျင့်ကြံဆင့်မြင့်မားသူများက ကျင့်ကြံဆင့်နိမ့်ပါးသူကို စိန်ခေါ်နိုင်ကြသော်လည်း ပုံမှန် တိုက်ပွဲ၌သာ ဖြစ်၏။

“သတ်ဖြတ်ရေးတိုက်ပွဲပဲ”

လူလတ်အရွယ်အမျိုးသား၏ အပြုံးက အေးခဲသွား၏။

“မင်း ဘာလုပ်နေတယ်ဆိုတာကို နားလည်ရဲ့လား”

“နားလည်တာပေါ့။ မင်းကို သတ်ပြီးရင် မင်းပိုင်တဲ့အရာအားလုံးကို ငါက ရမှာ။ မင်းရဲ့ အိမ်၊ ဇနီးနဲ့ အရင်းအမြစ်တွေအပါအဝင် မင်းရဲ့အလောင်းတောင်မှပဲ ငါ့ရဲ့ အပိုင်ဖြစ်လာလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

လူလတ်အရွယ်အမျိုးသား၏ မျက်လုံးများက နီရဲလာသည်။ လူအများစုက ရန်ကြွေးမရှိသရွေ့ပုံမှန်တိုက်ပွဲကိုသာ ရွေးချယ်ကြလေ့ရှိ၏။ သူက ထိုလူ၏ အဝတ်အစားများကို ဤနေရာကို ရောက်ရှိလာသည့် ကြိုဆိုသောအနေဖြင့် ယူဆောင်လိုခြင်း ဖြစ်၏။ သူက အရူးတစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားပေ။

သူ့ရဲ့ ယုံကြည်ချက်က ဘယ်ကများ ရောက်လာတာလဲ…

သူက အံကြိတ်ကာ တွေးလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ငါက အနိုင်ရမှာကို ယုံတယ်။ သူ့ရွေးချယ်မှု နောင်တရသွားအောင် လုပ်ပေးရတာပေါ့…

မည်သို့ပင်ဆိုစေကာမူ သူက ဤတိုက်ပွဲကို ငြင်းဆန်သည့်သူမျိုး မဟုတ်ပေ။ အထူးသဖြင့် သူက အရင်ဦးစွာ ပြောခဲ့သူဖြစ်၏။

“ကောင်းပြီလေ” ထိုစကားများ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်က ပြောင်းလဲသွားလေ၏။ တစ်ခုက ရုတ်ချည်းပေါ်ထွက်လာကာ သူတို့အား အနီရောင် နေမင်း ထွန်းလင်းတောက်ပနေကာ သက်ရှိဟူ၍ မရှိသည့် ကမ္ဘာတစ်ခုအတွင်း ရောက်ရှိသွားလေသည်။ လူလတ်အရွယ်အမျိုးသားက ဝမ်ဝေ့ဆီ ပြေးဝင်လာလေ၏။ သူက ဤနေရာ၏ ဗဟုသုတနှင့် အတွေ့အကြုံများကို အခွင့်ကောင်းယူဖို့ အသုံးချနေသည်။

ဝုန်း

ဝမ်ဝေ့က သူ့ကို ရိုက်ထုတ်လိုက်သည့်အချိန် အရိုးအက်သံက လေထဲပဲ့တင်ထွက်လာသည်။ ထို့နောက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေ၏။

ဝမ်ဝေ့က ထိုသူ့အနားတွင် အေးစက်စက်အကြည့်ဖြင့် ပေါ်ထွက်လာသည်။

“သက်ညှာပေးပါ”

“ကိစ္စမရှိဘူး။ အခုကစပြီး မင်းက ငါ့ရဲ့ နောက်လိုက် ဖြစ်လာလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ကောင်းပါပြီ”

ဝမ်ဝေ့က ထိုသူ၏ နဖူးကို လက်ညှိုးထိုးကာ အပြာရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း သိပ်မကြာခင် သူက မျက်မှောင်ကြုတ်မိသွား၏။

အတားအဆီးလား…

ဒါ ထူးဆန်းတယ်…

ထိုအရာ၏ စွမ်းအားက ကောင်းကင်ဘုံအဆင့်သာ ရှိသော်လည်း အနှစ်သာရကမူ ပိုမိုမြင့်မားနေသည်။ ပို၍အရေးကြီးသည်က ထိုအရာတွင် ပင်ကိုအငွေ့အသက် ပါဝင်နေသည့်အတွက် ကောင်းကင်ယွမ်ထီ သို့မဟုတ် အထွတ်အထိပ်ဟွင်သွမ်းရတနာဆီမှ ချုပ်နှောင်မှုတစ်ခု ဖြစ်၏။

ဝမ်ဝေ့က အခြေအနေကို သုံးသပ်လိုက်ပြီး ထိုလူလတ်အရွယ် အမျိုးအသားကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက တခြားတစ်ယောက် အပိုင်ဖြစ်နေပြီးသားကို ဘာလို့ အညံ့ခံတာလဲ”

“အဲဒီလို ဟုတ်လား”

“မင်း မသိဘူးလား”

လူလတ်အရွယ်အမျိုးသားက ခေါင်းယမ်းလိုက်သည်။

ကြည့်ရတာ လူရိုင်းဘုရင်က တိုက်ခိုက်ဖို့ပဲ ဂရုစိုက်တာမျိုးတော့ မဟုတ်ဘူးပဲ။ သူက ဒီနေရာမှာ သူ့နေရာကို ထိန်းသိမ်းဖို့ အင်အားကို တိတ်တဆိတ် တည်ဆောက်နေခဲ့ပုံပဲ…

“ကျေးဇူးပြုပြီး ကျုပ်ကို မသတ်ပါနဲ့”

“မင်းဆီမှာ မာ နမရှိဘူးလား” ဝမ်ဝေ့က ရုတ်တရက် မေးလိုက်သည်။

“မာနက ဘာများထိုက်တန်လို့လဲ။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိတယ်။”

ဒိုင်မေးရှင်းအမြင့်က ကျင့်ကြံသူတွေက ဒိုင်မေးရှင်းအနိမ့်လိုမျိုး မာနမရှိဘူးဆိုတာကို မေ့သွားတယ်။

ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ကောင်းပြီလေ။ မင်းကို သက်ညှာပေးလိုက်မယ်။ အခု မင်းရဲ့ အိမ်နဲ့ အရင်းအမြစ်တွေအားလုံးကို ပေးခဲ့”

“ကျေးဇူးပါ”

လူလတ်အရွယ်အမျိုးသားက သူ့အား သိုလှောင်လက်စွပ်ကို ပေးလိုက်သည်။ ဝမ်ဝေ့က ထိုအရာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်က ထပ်မံပြောင်းလဲသွားကာ တိုက်ပွဲရေးကွင်းသို့ ပြန်လည်ရောက်ရှိလာသည်။ သူ့အနိုင်ရရှိမှုက တစ်ခုတိုးသွားပြီး ဝမ်ဝေ့က ပျံသန်းသွားလေသည်။ သူက လူလေးဦးကို သူတို့၏ ဝိညာဉ်များကို စစ်ဆေးကြည့်ခဲ့ပြီး နှစ်ယောက်က အတားအဆီးများ ရှိနေသည်ကို တွေးလိုက်ရသည်။

သူက ကုန်းမြေအလယ်ဆီ ရောက်ရှိလာ၏။ အနိုင်ရရှိမှု နှစ်ထောင်ထက် နည်းပါးသည့် လူလတ်အရွယ်အမျိုးသားက မျှော်နန်းဆောင်ထဲဝင်ဖို့ လိုအပ်ချက်နှင့် အလှမ်းဝေးနေသေးသည်။ သို့သော် သူက မျှော်စင်အနီးတွင် အိမ်ဝယ်ထားအောင် အားကောင်းလှ၏။ ထိုအရာက အနိုင်ရရှိမှု လေးထောင်၊ ငါးထောင်လောက်ရှိသည့်သူများလောက် မကောင်းမွန်သော်လည်း အတော်လေး လက်သင့်ခံနိုင်ဖွယ်ရှိသည်။ အိမ်ထဲ ဝင်ပြီးသည့်နောက်တွင် အမျိုးသမီးများက စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။

သူ့တည်ရှိမှုကြောင့် အနည်းငယ် အံ့အားသင့်သွားဟန်ပေါ်သည်။ သို့သော် ထိုမျှသာ ဖြစ်၏။

“သခင်”

သူတို့က သူ့ကို ဦးညွှတ်လိုက်ကြပြီး တုံ့ဆိုင်းမှုမရှိ ပြောလိုက်ကြသည်။ တစ်ယောက်က ရှေ့တိုးလာကာ ပြောလိုက်၏။

“ဒီနေ့ ဘယ်လိုဆန္ဒ ရှိပါသလဲ”

ဝမ်ဝေ့က သူမကို လေ့လာကြည့်သည့်အချိန် သူမဆီမှ အားကောင်းသည့် စိုးရိမ်မှုတို့ကို ခံစားမိလိုက်သည်။

သူမက မျက်နှာသာပေးခံရဆုံးနေမှာ။ သူမရဲ့ နေရာကို ဆုံးရှုံးသွားမှာကို စိုးရိမ်နေတာ ဖြစ်ရမယ်…

သူက ခေတ္တမျှတွေးပြီးသည့်နောက်တွင် ထိုအမျိုးသမီးများကို လွှတ်ပေးလိုက်ခြင်းက တခြားသူ၏ ပိုင်ဆိုင်မှု ဖြစ်လာမည်ဖြစ်ကြောင်း ဆိုလိုနေလေ၏။

ငါ ဒီနေရာကို မသိမ်းပိုက်ခင်တော့ သူတို့ကို ခေါ်ထားရဦးမယ်။ သူတို့အတွက် အသက်ရှင်ဖို့ ပိုမိုကောင်းမွန်တဲ့နည်းလမ်း ရှာပေးရဦးမယ်

“မင်းတို့တွေက ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို သိလား။ ငါ ပြောတာ တကယ် ချက်ပြုတ်တာကိုနော်” သူက မေးလိုက်သည်။ အနည်းစုက လက်မြှောက်လာကြသည်။

“မင်းတို့ရဲ့ အကောင်းဆုံး ဟင်းပွဲကို ချက်ခဲ့။ အကောင်းဆုံးပါဝင်ပစ္စည်းလည်း သုံးလို့ရတယ်”

All Chapters