← Chapters

လူရိုင်းဘုရင်

Vol. 88 Ch. 1227

လူရိုင်းဘုရင်

Vol. 88 Ch. 1227

ဝမ်ဝေ့က လက်ထဲတွင် စာရင်းတစ်ခုကိုင်ရင်း ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်နေလေသည်။ ထိုစာရင်းထဲတွင် တိုက်ပွဲမျှော်နန်းဆောင်ထဲ လဲလှယ်နိုင်သည့် အရင်းအမြစ်များအကြောင်း ပါဝင်လေ၏။ နိုင်ပွဲ ၅ထောင် ရရှိထားသည့်သူတစ်ယောက်အနေဖြင့် သူက တိုက်ပွဲအမှတ် ၅ထောင် ရရှိပြီး ပြီးပြည့်စုံသည့် အနိုင်ရရှိမှုအတွက် အပိုထပ်ဆောင်း အမှတ်၅ထောင် ရရှိထားသည်။

အရင်းအမြစ်အများစုက မရှားပါးဘူး။ ဒါပေမဲ့ ဒီနေရာကို ဒါတွေအားလုံး ရနိုင်တယ်ဆိုတဲ့အချက်က လူရိုင်းဘုရင်ရဲ့ စွမ်းရည်ကို ပြသနေတာပဲ…

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

ဒါပေမဲ့ တချို့အရာတွေက မျက်ခုံးပင့်စရာပဲ

သူက စာရင်းပေါ်တွင် လဲလှယ်နိုင်သည့် အရင်းအမြစ်အနေဖြင့် ကောင်းကင်အလိုဆန္ဒကိုပင် မြင်လိုက်ရသည်။

ဒီနေရာက ကောင်းကင်အလိုဆန္ဒကို မွေးဖွားပေးနိုင်တာလား…

သူက ထိုအရာကို ချက်ချင်း ဖယ်ရှားလိုက်သည်။ အကယ်၍ ဤအရာသာ အမှန်ဖြစ်နေပါက ထိပ်သီးမျိုးနွယ်များသည် ဤနေရာကို အုပ်စိုးဖို့ ဘာမဆိုလုပ်ကြလိမ့်မည်။

ကြည့်ရတာ သူက မျှော်နန်းဆောင်တွေနဲ့ နက်နက်နဲနဲ ဆက်နွယ်နေတဲ့ပုံပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်၏။ သူက ထိုစာရင်းပေါ်မှ သူ့အာရုံကို ဖမ်းစားသွားသည့်အရာကို ကြည့်လိုက်သည်။

“တိုက်ခိုက်ရေးဗိမာန်ရဲ့ သက်ရောက်မှုက ဘာလဲ”

သူက ထိုအရာသည် စာရင်းအပေါ်တွင် ဈေးအကြီးဆုံးဖြစ်သည့်အတွက် သိချင်နေမိသည်။ ထိုအရာဆီ ဝင်ရောက်ဖို့ တစ်နာရီချင်းစီအတွက် တိုက်ပွဲအမှတ် လိုအပ်၏။

“လူကြီးမင်း အားနာပါတယ်။ ဒါပေမဲ့ စတုတ္ထအလွှာက လူတွေကပဲ ဒီသတင်းအချက်အလက်ကို သိနိုင်တာပါ။” ကောင်းမွန်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ပြုံးကာ ပြောလာခဲ့သည်။

“ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် ရောက်သွားမှာပဲလေ”

“ယုံကြည်ချက်ရှိတာ ကောင်းပါတယ်” ထိုဧည့်ကြိုအမျိုးသမီးက စီးပွားရေးဆန်ဆန် အပြုံးမျိုးဖြင့် ပြန်ဖြေလာသည်။

“ရှင့်ရဲ့ တိုက်ပွဲတွေကို သုံးသပ်ပြီးတဲ့နောက်မှာ ကျွန်မတို့တွေက ရှင့်ကို လွှမ်းမိုးရေးလက်သီးဆိုတဲ့ ဂုဏ်ပုဒ်ကို ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်”

ဒါက ဖန်တရာရာ ထပ်နေတဲ့ စကားမျိုးပဲ …  အကြီးဆုံးလှည့်ကွက်တော့ မဟုတ်သေးဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။

တုံ့ပြန်မှု မရှိဘူးတဲ့လား…

ဧည့်ကြိုက တွေးလိုက်၏။

“အခု ချက်ချင်း တက်ချင်လား။ ဒါမှမဟုတ် အိမ်ထဲမှာ နားချင်သေးလား”

“ငါနဲ့အတူတူ လူတွေပါလာတယ်ဆိုတော့ အရင်ဆုံးနားမယ်”

“သဘောအတိုင်းပါပဲ”

တစ်စုံတစ်ယောက်က ဝမ်ဝေ့အား ဤအလွှာရှိ စံအိမ်တစ်ခုဆီ ခေါ်ဆောင်သွားခဲ့သည်။ သူက ထိုအမျိုးသမီးများအား ထိုနေရာတွင် နေစေပြီး သူက အိမ်ကို စစ်ဆေးကြည့်ခဲ့သည်။ သူက တစ်စုံတစ်ခုကို ခံစားမိ၍ မျက်လုံးအသာမှိတ်လိုက်၏။

ဒီအိမ်က မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ ကောင်းချီးအနည်းငယ် ပေးနိုင်တာပဲ…

သူက သုံးသပ်လိုက်သည်။

ငါက လူရိုင်းဘုရင်ကို စတင်ပုံဖော်မိနေပြီ…

နောက်တစ်ရက်တွင် ဝမ်ဝေ့က ပထမအလွှာတွင် ပထမဆုံးတိုက်ပွဲ စတင်ခဲ့သည်။ စည်းမျဉ်းများအရ သူသည် တိုက်ပွဲတစ်ခု သို့မဟုတ် တိုက်ပွဲများစွာကို တွေ့ကြုံခံစားနိုင်ပြီး ဒုတိယအလွှာ တက်နိုင်၊ မတက်နိုင် ဆုံးဖြတ်ပေးနိုင်လိမ့်မည်။ အတိအကျလိုအပ်ချက်များကို မည်သူမှ မသိကြပေ။ ထိုအရာက မမျှတဟန်ထင်ရသော်လည်း ဝမ်ဝေ့က ညည်းတွားခြင်း မရှိပေ။

သူ့ပထမပြိုင်ဘက်က ဘယ်ဖက်လက်ထဲတွင် ဒိုင်းကာတစ်ခုနှင့် ညာဖက်လက်ထဲတွင် ဓားကောက်တစ်ခုကို ကိုင်ဆောင်ထားပြီး “ရှာရခက်သော အစောင့်” ဟု ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားသည့် ထူးထူးဆန်းဆန်း တာအိုဘိုးဘေးဆန့်ကျင်ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။ နှစ်ဦးသားက တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ရင်း မိုးမြေကြားတွင် အရေအတွက်များ ပေါ်ထွက်လာကာ နောက်ပြန်စတင်ရေတွက်နေသည်။

သုံး နှစ် တစ် စပြီ

ဝမ်ဝေ့က ထိုအမျိုးသားရှေ့ ပေါ်ထွက်လာကာ ထိုးချလိုက်၏။

“ခင်ဗျားက တကယ်ရှောင်နိုင်တယ်လား”

သူက စမ်းသပ်ကြည့်နေခြင်း မဟုတ်သော်လည်း လူတိုင်းက ရှောင်ရှားနိုင်ကြခြင်း မဟုတ်ပေ။

“ဘယ်လိုလုပ်လိုက်တာလဲ”

ထိုရှာရခက်သော အစောင့်၏ ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။ ခဲဖြူရောင်မျက်ဝန်းတစ်စုံက သူ့အား အပေါ်အောက် ကြည့်နေစဉ် သူ့လျှို့ဝှက်ချက်အားလုံး ပေါက်ကြားသွားသလို ခံစားလိုက်ရ၏။

“ငါ့ရဲ့ လှုပ်ရှားမှုတွေကို အကဲဖြတ်ဖို့ ငါ့ခန္ဓာကိုယ်က လျှပ်စစ်စီးနှုန်းအတက်အကျကို ဖတ်လိုက်တာလား။ ဒါတင်မဟုတ်သေးဘူး။ သူတို့ဖန်တီးလိုက်တဲ့ ထူးကဲတဲ့ အငွေ့အသက်ကိုပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ကောင်းမွန်တဲ့ နည်းစနစ်တစ်ခုပဲ” ဝမ်ဝေ့က လှုပ်ရှားလိုက်၏။ သို့သော်လည်း တစ်ဖက်သူ မတုံ့ပြန်နိုင်ခင် သူက အနိုင်ပိုင်းလိုက်နိုင်သည်။ သူ့အနိုင်ရရှိနှုန်းက မြင့်တက်သွားလေသည်။ စက္ကန့်ပိုင်းကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင် သူက ဒုတိယအလွှာသို့ ရောက်ရှိသွားလေ၏။

ဤတိုက်ပွဲအတွင်း သူက အင်မော်တယ်တပ်ဖွဲ့ချီဟု ခေါ်ဆိုသည့် ထူးကဲချီရှိသည့် ဆန့်ကျင် ထာဝရဦးသျှောင်ကျင့်ကြံသူနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအရာက ထိုသူ့အား ထာဝရအရှင် ပမာဏအမြောက်အများကို ဆင့်ခေါ်ခွင့်ပေးထားလေ၏။ ဝမ်ဝေ့လိုလူမျိုးအတွက် အရေအတွက်ကို ဂရုမစိုက်ပေ။ သို့သော်လည်း ထိုချီက ထင်ရသလောက် မရိုးရှင်းဘဲ အသုံးပြုသူအား ထိုဆင့်ခေါ်သူများနှင့် ပေါင်းစည်းကာ ပိုမိုအားကောင်းလာစေသည်။ ဆင့်ခေါ်သူသာ အသက်ရှင်နေသရွေ့၊ အသိစိတ်ရှိနေသရွေ့ သို့မဟုတ် လုံလောက်သည့်ချီရှိနေသရွေ့ ဆင့်ခေါ်ခံရသည့်အရာများက မသေမျိုးများ ဖြစ်ကြသည်။ ထို့အပြင် ဆင့်ခေါ်ခံရသည့်သူများက ပထမအလွှာနှင့် တူညီသည့် ထူးကဲသည့် နည်းစနစ်မျိုးကို ပိုင်ဆိုင်ထားကြသည်။

ဤတိုက်ပွဲက စိန်ခေါ်မှု တစ်ခုထက် ပိုပြီးငြီးငွေ့ဖို့ ကောင်းတာပဲ…

မျှော်နန်း၏ စွမ်းအားက ဆင့်ခေါ်သူ၏ နေရာကို ဝှက်ထားသည့်အတွက် ဝမ်ဝေ့က တစ်ဖက်သူကို ရှာတွေ့ဖို့ရာ အကြိမ်ရေအနည်းငယ် တိုက်ခိုက်လိုက်ရသည်။ တတိယအလွှာ၌မူ သူက လုပ်ကြံသတ်ဖြတ်သူတစ်ဦးနှင့် ရင်ဆိုင်ခဲ့ရ၏။ သူတို့က မြူခိုးများ ပြည့်နှက်နေသည့် နေရာတစ်ခုတွင် တိုက်ခိုက်ခဲ့ကြပြီး ပတ်ဝန်းကျင်က တစ်ဖက်သူအား အခွင့်အရေး ပေးဖို့ စီမံထားဟန်ပေါ်သည်။

စတုတ္ထအလွှာ ရောက်သည်နှင့် ဝမ်ဝေ့က တိုက်ပွဲဗိမာန်ဆီ ဦးတည်လိုက်၏။ သူက လူများစွာ တိုက်ခိုက်နေသည့် ပန်းချီကားများ ရေးဆွဲထားသည့် နံရံဆေးရေးပန်းချီအခန်းထိ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုနံရံဆေးရေးပန်းချီများက အလွယ်တကူခွဲခြားနိုင်သည့် အငွေ့အသက်မျိုး မရှိပေ။ သို့သော် ရှေးကျကာ အားကောင်းလှ၏။

ဝမ်ဝေ့က မျက်လုံးအသာမှိတ်ထားပြီး သူ့စိတ်က နဂိုထက် ပိုမိုတက်ကြွနေကာ အတွေးများစွာ ဖြတ်ပြေးသွားလေသည်။

ဒါက အော် သူတို့ကိုး…

ဝမ်ဝေ့က ပြုံးကာ တွေးလိုက်သည်။

ငါက ငါ့ရဲ့ကျင့်စဉ်ကို တိုးတက်အောင်လုပ်ဖို့ တွေးနေတာ။ ကံကြမ္မာက ငါ့ကို ဒီနေရာဆီ ပို့ဆောင်ပေးခဲ့တာပဲ…

တိုက်ပွဲဗိမာန်၏ ရည်ရွယ်ချက်က လူများအား သူတို့၏ တိုက်ခိုက်ရေးနည်းစနစ် သို့မဟုတ် တိုက်ခိုက်ရေးအရည်အချင်းများကို ပိုမိုကောင်းမွန်စွာ ဖန်တီးနိုင်စေဖို့ ဖြစ်၏။ ထို့ကြောင့် ယခင်စိန်ခေါ်သူများက လေလွတ်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ကောင်းမွန်သည့် နည်းစနစ်များ ရှိနေကြခြင်း ဖြစ်၏။

ဝမ်ဝေ့က သူ့ကျင့်စဉ်ကို အဆင့်မြှင့်တင်ဖို့ အာရုံစိုက်ထားလိုက်စဉ် ရုတ်တရက် နှောင့်ယှက်ခံလိုက်ရသည်။

“တိုက်ပွဲအမှတ်က မလုံလောက်ဘူးလား။ နှမြောစရာပဲ”

သူက ရပ်တန့်ရတော့မည်ဖြစ်သည့်အတွက် စိတ်တိုနေမိသည်။ သူ့ကျင့်စဉ်ကို ဖန်တီးမည့် သို့မဟုတ် အဆင့်မြှင့်တင်မည့် ဖြစ်စဉ်က ဘယ်သောအခါမှ ချောမွေ့မနေခဲ့ပေ။

သူက သက်ပြင်းချလိုက်၏။

ဘာမှစိတ်တိုနေဖို့မလိုဘူး။ ငါ လူရိုင်းဘုရင်ကို အနိုင်ရပြီးတာနဲ့ ငါ စိတ်တိုင်းကျသုံးနိုင်မဲ့ နေရာဖြစ်လာမှာ…

သူ့ကို စောင့်ကြိုနေသည့်အရာကို သိပြီးသည့်နောက်တွင် ဝမ်ဝေ့က နောက်ထပ် တိုက်ပွဲများကို တိုက်ခိုက်လိုက်သည်။ သူက ၇လွှာမြောက်တွင် ကောင်းကင်ဘုံအရှင်နှင့် ရင်ဆိုင်ရပြီး ဆက်လက် မတက်လှမ်းခင် နောက်ထပ် တစ်ကြိမ် တိုက်ခိုက်ခဲ့ရသည်။ သို့သော် ဘယ်အရာကမှ သူ့ကို မတားဆီးနိုင်ပေ။ သူ အာရုံစိုက်ရမည့်တစ်ခုတည်းသော တိုက်ပွဲက ၉လွှာမြောက်တွင် ဖြစ်၏။ ဤနေရာတွင် ရုပ်သေးရုပ် မြောက်များစွာနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတစ်ခုက သူ့စွမ်းအား ၅၀ ရာခိုင်နှုန်းအထိ အသုံးပြုအောင် ဖိအားပေးခဲ့သည်။

၉လွှာမြောက်ကို ကျော်လွန်ပြီးသည့်နောက်တွင် မျှော်နန်းဆောင်က ပိုမိုအသက်ဝင်လာလေ၏။ ဆယ်လွှာမြောက်ကို အတော်ကြာ လူမရောက်ရှိလာသည့်အတွက်  လူရိုင်းဘုရင်က သူ့အာဏာကို မပြသရသေးသည်မှာ အချိန်တချို့ ရှိနေကြောင်း ဆိုလိုနေသည်။ ထို့ကြောင့် ဤတိုက်ပွဲက အတော်လေး ကြီးကျယ်လှ၏။ မျှော်နန်းဆောင်ထဲ ရှိနေသည့် လူအားလုံးနှင့် အပြင်ဘက်မှ လူအားလုံးကလည်း နိုင်ပွဲကို ဆုံးဖြတ်ဖို့ စုဝေးနေကြသည်။ အများစုက လူရိုင်းဘုရင်အပေါ် အရေးသာကြ၏။ တရားဝင်အလောင်းအစားကို ခွင့်ပြုပေးထားလေသည်။ နမူနာအနေဖြင့် ဝမ်ဝေ့က အချိန်ဘယ်လောက် ခံနိုင်မလဲ  ဒါမှမဟုတ် သူသည် လူရိုင်းဘုရင်ကို ဒဏ်ရာအနည်းငယ်ရအောင် လုပ်နိုင်မည်လားဟူ၍ ဖြစ်သည်။

ဝမ်ဝေ့က လေထဲမြောလွင့်နေရင်း အပြင်ဘက်မှ တီးတိုးသံအားလုံးကို လျစ်လျူရှုထားလိုက်၏။ သူက လူရိုင်းဘုရင်ကဲ့သို့ ပြိုင်ဘက်မျိုးကို စိတ်ဝင်စားနေမိသည်။ ကံကောင်းစွာဖြင့် သူက သိပ်ကြာကြာ မစောင့်စားလိုက်ရပေ။ အာကာပြင်အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး ခပ်ထွားထွားအမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။

လူရိုင်းဘုရင်က ၃.၅မီတာ မြင့်မားပြီး ၁.၉၅မီတာရှိသည့် ဝမ်ဝေ့နှင့် ယှဉ်လိုက်ပါက ဧရာမကြီး ဖြစ်နေသည်။ သူ့ဆံပင်ကြောင့် သူ့မျက်နှာက ပိုမိုခက်ထန်သွားစေ၏။ လူရိုင်းဘုရင်က ရိုးရှင်းသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း အပေါ်ပိုင်းထိ ဝတ်ဆင်ထားခြင်း မရှိပေ။ အပေါ်ပိုင်းတွင် သူ့ကြွက်သားများကို ထုတ်ပြနေလေ၏။ သူ့ကြွက်သားများကို ကောင်းမွန်စွာ တည်ဆောက်ထားသည်။

သူ့အထက်တွင် အနိုင်အရှုံး အချိုးအစားက ၂၃၄၉ : ၀ ဖြစ်၏။ ထိုအချိုးအစားက သေးငယ်ဟန်ထင်ရသော်လည်း ကိုးလွှာအတွက် ရောက်ရှိလာသည့် မြင့်မားသောလိုအပ်ချက်ကို ထည့်သွင်းစဉ်းစားပါက လူများစွာသည် သူနှင့် ရင်ဆိုင်ဖို့ အခွင့်အရေး ရသည့်အချက်ကပင် အံ့မခန်းဖြစ်နေလေပြီ။

“ဟမ် လူ့ဘီလူးမျိုးနွယ် သွေးမျိုးဆက်နဲ့ လူရိုင်းတစ်ယောက်တဲ့လား” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

“တကယ်ကို ထူးဆန်းတဲ့ ပေါင်းစည်းမှုပဲ။ ဒီတိုက်ပွဲက စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ”

သူက ထိုသူကို ကြည့်နေရင်း  ထိုက်တန်သည်ဟု ခံစားမိနေသည်။ လူရိုင်းဘုရင်က မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအရှင်တစ်ယောက် ဖြစ်၏။

သူ့ခန္ဓာကိုယ် စိတ်စွမ်းအားပေါင်းစည်းမှုက အဆင်သင့် ဖြစ်နေလောက်ပြီ။ ပြီးပြည့်စုံဖို့ တစ်လှမ်းလောက်ပဲ လိုတော့တယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့မျက်ဝန်းက အကြည့်များဖြင့် တောက်ပလာလေ၏။

ဒီအမျိုးသားက တကယ်ကို ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ…

 “စိတ်ဝင်စားစရာပဲ” လူရိုင်းဘုရင်က ပြောလာခဲ့သည်။ သူ့အသံက ခပ်ဩဩ ဖြစ်၏။

“ဒါက အချိန်အတော်ကြာပြီးတဲ့နောက်မှာ ငါ့စွမ်းအားကို ပြသနိုင်မဲ့ ပြိုင်ပွဲတစ်ခုလို့ ထင်ထားတာ။ ဒါပေမဲ့ မင်းက ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်နိုင်တဲ့ပုံပဲ”

“ဂုဏ်ယူစရာပါပဲ” ဝမ်ဝေ့က လေးစားမှု မရှိဘဲ ပြောလိုက်သည်။ သူက အရှိန်ကို ထုတ်လွှတ်လိုက်သည့်အခါ လူရိုင်းဘုရင်က ပြုံးလိုက်ပြီး သူ့သွားဖြူဖြူများကို ပြသလာသည်။ သူ့အရှိန်အဝါက လေထဲ ထိပ်တိုက်တွေ့ဆုံသွားပြီး လူအုပ်ကြီးကို  ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

တိုက်ပွဲအမှတ်စဉ် နောက်ပြန်ရေတွက်မှုက အဆုံးသတ်သွားသည့်အခါ ဝမ်ဝေ့က ပြေးဝင်သွားလိုက်သည်။

ဝုန်း

သူ့ခန္ဓာကိုယ်က နောက်လွင့်စင်သွားပြီး တောင်အနည်းငယ်ဖြင့် ဝင်တိုက်သွားလေသည်။ သူက တိုက်ကွက်၏ သက်ရောက်မှုကို လျှော့ချဖို့ အစွမ်းထိန်းချုပ်ရေးကို သုံးလိုက်ရသည်။ သူက ခန္ဓာကိုယ်၏ ညာဖက်ခြမ်းကို ကြည့်လိုက်သည့်အချိန် ထိုအရာက ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူသက်ပြင်းချလိုက်သည့်အခါ ထိုအရာက အလျင်အမြန် ပြန်လည်ကောင်းမွန်လာသည်။

ထင်ထားတဲ့အတိုင်းပဲ…

သူက သက်ပြင်းချလိုက်၏။ လူရိုင်းဘုရင်က ထိပ်သီး ဒဿမကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ သူက တတိယအဆင့်တွင်သာ ရှိနေသေး၏။ ထို့အပြင် ထိုမကောင်းဆိုးဝါးက လူရိုင်းတစ်ယောက် ဖြစ်နေစဉ် လူ့ဘီလူး၏ သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် သူ့အားကောင်းသည့် ခွန်အားက အကြီးမားဆုံး အရေးသာချက် ဖြစ်၏။

လူရိုင်းဘုရင်က ဝမ်ဝေ့ရှေ့တွင် ပေါ်ထွက်လာပြီး ရယ်မောလိုက်သည်။

“မင်းဆီမှာ အဲဒါရှိနေတာပဲ … သူတို့ရဲ့ ခန္ဓာကိုယ် ကန့်သတ်ချက်ကို စမ်းသပ်ချင်ကြတဲ့ အမှန်တကယ် ထူးကဲတဲ့ ခန္ဓာကိုယ်လေ့ကျင့်သူတွေရဲ့ ရူးသွပ်မှု။ အဲ့လိုမျိုး အဲလို မတွေ့ရတာတောင် ကြာပြီ”

All Chapters