← Chapters

အစစ်အမှန် စိတ်ဆန္ဒတိုက်ပွဲ

Vol. 88 Ch. 1228

အစစ်အမှန် စိတ်ဆန္ဒတိုက်ပွဲ

Vol. 88 Ch. 1228

ဝမ်ဝေ့က ထိုမှတ်ချက်ကြောင့် ပြုံးလိုက်သည်။ ခန္ဓာကိုယ်လေ့ကျင့်သူတချို့ကသာ ရူးသွပ်မှု မရှိဘဲ၊ ကိုယ့်ကိုယ်ကို နာကျင်ရတာကို စွဲလမ်းမှု မရှိဘဲ သူတို့အနေအထားထိ ရောက်ရှိနိုင်ကြ၏။ သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာပြီးသည့်နောက်တွင် သူက လက်သီးကို ဆုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ခွန်အားတာအိုအပါအဝင် တာအိုအားလုံးအတွက် ခံနိုင်ရည်မြင့်မား၏။ ထို့ကြောင့် သူက သူ့စွမ်းအားကို စမ်းသပ်ဖို့အတွက် ခံနိုင်ရည်ကို ယာယီ ပိတ်လိုက်သည့်အတွက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

သူက တတိယအဆင့်နှင့် ဒဿမကောင်းကင်ဘုံအဆင့် ကြားမှ ဟာကွက်ကို သိပြီးသည့်နောက်တွင် တကယ့်တိုက်ပွဲတိုက်ဖို့အတွက် ပြင်ဆင်လိုက်သည်။ သူက သူ့မဟာတာအိုအားဖြည့်မှု အားလုံးကို အသက်သွင်းလိုက်၏။ သူက လက်ကိုမြှောက်ကာ ခရမ်းရောင်မိုးကြိုးလုံးကို ဆင့်ခေါ်ပြီး ပစ်ခတ်လိုက်သည်။

လူရိုင်းဘုရင်က တိုက်ကွက်ကို ရှောင်ရှားလိုက်၏။ ဝမ်ဝေ့က သူ့ရှေ့တွင် ပေါ်ထွက်လာကာ တစ်ဖက်သူ၏ ဝမ်းဗိုက်ကို ထိုးချလိုက်သည်။

သူက လက်ငါးချောင်းကို လှံအဖြစ် အသုံးပြု၏။ ပုံမှန်အားဖြင့် ထိုတိုက်ကွက်က စကြဝဠာကို ထိုးဖောက်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ထိုအရာက လူရိုင်းဘုရင်အရေပြားပေါ် ခြစ်ရာပင် မထင်ပေ။

လူရိုင်းဘုရင်က ဝမ်ဝေ့၏ ဦးခေါင်းကို တံတောင်ဖြင့် တွတ်လိုက်သည်။ ကြည့်ရှုသူများကလည်း သွေးများ ပန်းထွက်နေသည့် ခေါင်းမဲ့ အလောင်းကို မြင်ရလိမ့်မည်ဟု ထင်ထား၏။ သို့သော် ထိုတိုက်ကွက်က ပတ်ဝန်းကျင်ကို ဖျက်ဆီးသွားသည့် တုန်ခါလှိုင်းမျှသာ ဖန်တီးနိုင်ခဲ့သည်။ ဝမ်ဝေ့အတွက်မူ အကောင်းအတိုင်းရှိနေဆဲသာ ဖြစ်၏။

နှစ်ဦးသားက တစ်ယောက်နှင့် တစ်ယောက်ကြည့်ရင်း ထပ်မံ တိုက်ခိုက်လိုက်ကြသည်။ ဝမ်ဝေ့က ဓာတ်သဘာဝတိုက်ကွက်ကို အများဆုံးအသုံးပြုစဉ် လူရိုင်းဘုရင်က တဲ့တိုးဆန်ပြီး လက်သီးနှင့် အားကောင်းသည့် ခွန်အားဖြင့် သူ့လမ်းတွင် ရှိသမျှအရာအားလုံးကို ရှင်းထုတ်ခဲ့သည်။

တစ်မိနစ်ခန့် တိုက်ခိုက်ပြီးသည့်နောက်တွင် နှစ်ဦးသားက ရပ်တန့်လိုက်ကြ၏။

သူတို့က  အကန့်အသတ်မဖျက်ဆီးနိုင်စွမ်း စွမ်းရည်ဖြင့် မည်သည့်တိုက်ကွက်ကမှ သူတို့အတွက် အလုပ်ဖြစ်မည် မဟုတ်ကြောင်း သိလိုက်ကြသည်။

အနိုင်ရရှိသူကို ဆုံးဖြတ်ဖို့ရာ နည်းလမ်းတစ်ခုသာ ရှိ၏။ စိတ်ဆန္ဒသဏ္ဍာန်ပြခြင်း၊ တာအိုဆန္ဒ၊ အစစ်အမှန်ဆန္ဒတို့သာ ဖြစ်သည်။ ထိုခုခံမှုနှင့် ပြန်လည်ကောင်းမွန်မှုကို နှောင့်ယှက်နိုင်သည့် ထိုစွမ်းအားကသာ သူတို့ကို ဒဏ်ရာပေးနိုင်ပြီး ဤတိုက်ပွဲ၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်လိမ့်မည်။ ထို့ကြောင့် သူတို့နှစ်ဦးဝန်းကျင်တွင် အနီရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။

ဟမ် သူက တာအိုဆန္ဒလက်နက်ကို သုံးဖို့ ငြင်းဆန်မယ် ထင်နေတာ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အစပိုင်းအကဲဖြတ်ချက်က ထိုသူသည် အဆုံးမဲ့လမ်းစဉ်မှ ခေါင်းမာသည့် ဓားသမားများနှင့် တူညီမည်ဟု ထင်ထား၏။ ဤသို့သောသူများက စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းကို အသုံးပြုသင့်ပြီး အစစ်အမှန် စိတ်ဆန္ဒစွမ်းအားကို ငြင်းဆန်လိမ့်မည်။

သူက အားကောင်းပြီးတော့ ကြံစည်တတ်တဲ့ စိတ်မျိုးရှိတယ်။ ပြီးတော့ အရမ်းကောင်းတယ်။ တကယ့်ကို ပါရမီရှင်ပဲ…

သူက ထိုသို့သော ပါရမီရှင်မျိုးကို လက်ခံရမည့်အပေါ် စိတ်လှုပ်ရှားနေမိသည်။ ဒိုင်မေးရှင်းအနိမ့်တွင် သူက သူ့ဘေးပတ်ဝန်းကျင်မှ သူများကို ပါရမီရှင်အဖြစ် ပြုစုပျိုးထောင်ပေးနိုင်သော်လည်း တခြားပါရမီရှင်များက သူ့ရန်သူ သို့မဟုတ် သူ့အောက်တွင် ခစားဖို့ မာနကြီးလွန်းခြင်းတို့ ဖြစ်တတ်ကြသည်။ သို့သော် ယနေ့တွင် ထိုကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်စရာမလိုအပ်ပေ။

လူရိုင်းဘုရင်က လက်ဝါးတိုက်ကွက်ဖြင့် တိုက်ခိုက်လိုက်သည်။ သူက ဝမ်ဝေ့ရှေ့ပေါ်ထွက်လာကာ ဧရာမလက်ကြီးဖြင့် ရိုက်ထုတ်လိုက်၏။

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ လက်သီးဖြင့် ပြန်လည်ရင်ဆိုင်လိုက်သည်။ သူတို့၏ တိုက်ကွက် ထိတွေ့သွားသည်နှင့် ထိုအရာကို ခံစားမိလိုက်၏။

လက်ဝါးထဲတွင် တွင်းနက်ကြီးကိုပင် အမှုန့်ဖြစ်အောင် ကြိတ်ချေပစ်နိုင်သည့် မမြင်နိုင်ဖွယ်စွမ်းအား ကိန်းအောင်းနေလေ၏။ သို့သော်လည်း ထိုနည်းစနစ်က ပိုမို အံ့ဩဖို့ကောင်းသည့်အရာက ထိုအရာ၏ စွမ်းအားကြောင့် မဟုတ်ဘဲ လူရိုင်းဘုရင်၏ အစစ်အမှန်စိတ်ဆန္ဒသည် အံ့မခန်းအလျင်နှုန်းဖြင့် လှည့်ပတ်လာ၍ ဖြစ်သည်။

အကယ်၍ ဝမ်ဝေ့သာ ဂရုမစိုက်ပါက သူ့အစစ်အမှန်စိတ်ဆန္ဒသည် ပျက်သုဉ်းသွားပြီး သေချာပေါက် ဒဏ်ရာရရှိသွားလိမ့်မည်။

လူရိုင်းဘုရင်အတွက် ကံဆိုးသွားသည်က သူက ပါရမီရှင်နှင့် တွေ့ဆုံရ၏။ ဝမ်ဝေ့၏ အစစ်အမှန်စိတ်ဆန္ဒက တစ်ဖက်သူနှင့် သဟဇာတဖြစ်သွားကာ တန်ပြန်သက်ရောက်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

လူရိုင်းဘုရင်၏ ဧရာမခန္ဓာကိုယ်ကြီးက ကြောက်မက်ဖွယ် အလျင်နှုန်းဖြင့်ရွေ့လျားသွားပြီး သူက သူ့လက်ဖဝါးမှ အနီရောင်အစိတ်အပိုင်းကို ကြည့်လိုက်သည်။ သူက ဒဏ်ရာ ရရှိသွားလေ၏။

“ငါက အဲဒီလူအိုကြီးနဲ့ တိုက်ခိုက်ပြီးကတည်းက သွေးမထွက်တာ ကြာလှပြီ” သူက မှတ်ချက် ပေးလိုက်သည်။ သူ့အသံထဲတွင် စိတ်လှုပ်ရှားမှုတို့ ကိန်းအောင်းနေလေ၏။ ထို့နောက် သူက ပြုံးကာ ပြောလိုက်သည်။

“ကြည့်ရတာက ငါ မင်းကို လျှော့တွက်မိတဲ့ပုံပဲ”

တုံ့ပြန်မှု မြန်ဆန်သားပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ ထိုတိုက်ကွက်က လူရိုင်းဘုရင်၏ လက်မောင်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သင့်သည်။ ပို၍အရေးကြီးသည်က သူ့ခန္ဓာကိုယ်က ပုံမှန် မဟုတ်ပေ။ ထိုထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် ဝမ်ဝေ့က လူရိုင်းဘုရင်၏ ခန္ဓာကိုယ်သည် သွေးမျိုးဆက် သို့မဟုတ် ထူးကဲသည့်ရုပ်ခန္ဓာကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်လေ့ကျင့်ရေးနည်းစနစ်၏ ရလဒ်ဖြစ်ကြောင်း သေချာသွားသည်။ ကံဆိုးစွာဖြင့် တစ်ဖက်သူ၏ သတင်းအချက်အလက်ကို ဤမျှော်နန်းဆောင်က ကာကွယ်ထားသည့်အတွက် ဝမ်ဝေ့အနေဖြင့် သတင်းအချက်အလက်တချို့ကို သုံးသပ်ဖို့ရာ အချိန်လိုအပ်နေသည်။

“မင်း အလေးအနက် မှတ်ယူသင့်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“မဟုတ်ရင် မင်း ရှုံးနိမ့်သွားလိမ့်မယ်။ ငါက မင်းရှုံးနိမ့်မှုအတွက် အကြောင်းပြချက်တွေကို လက်မခံဘူး”

“ငါက အထွတ်အမြတ် တိုက်ခိုက်ရေးပညာရပ်ကို ညှိုးနွမ်းစေမှာ မဟုတ်ဘူး” လူရိုင်းဘုရင်က အလေးအနက် ပြန်ဖြေလိုက်သည်။

အထွတ်အမြတ်တဲ့လား…

ငါ၊ လီကျွင်းနဲ့ မျောက်ထက် တိုက်ပွဲဆာလောင်တဲ့သူမျိုးကို တွေ့လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။

ကြည့်ရတာ ငါ့ဘိုးဘေးကလည်း ဒီလိုပဲ ဖြစ်ရမယ်။ အဲဒါကြောင့် သူက တိုက်ပွဲရူးဆိုတဲ့နာမည်ကိုတောင် ရွေးချယ်ခဲ့တာပဲ…

လူရိုင်းဘုရင်၏ ခန္ဓာက ရုတ်ချည်းဆိုသလို ဖျတ်ခနဲ ပျောက်သွားကာ စိန်သဖွယ် တောက်ပလာသည်။ သူက လက်ကို အောက်ချလိုက်ပြီး ဆယ်မီတာခန့်ရှည်လျားသည့် ဓားတစ်ချောင်းကို ထုတ်ဖော်လိုက်သည်။ ထို့နောက် တစ်ဖက်လူဆီ အံ့မခန်း အလျင်နှုန်းဖြင့် ပြေးဝင်သွားလေ၏။

ဝမ်ဝေ့က လက်ကိုဝှေ့ကာ တိုက်ကွက်ကို ချိုးဖောက်လိုက်စဉ် မျက်မှောင်ကြုတ်မိသွားသည်။

ဒီခွေးကောင်က ငါ့နည်းစနစ်ကို သင်လိုက်တာပဲ…

သူက တွေးလိုက်မိ၏။ လူရိုင်းဘုရင်က သူ့အစစ်အမှန် စိတ်ဆန္ဒ အသုံးပြုပုံကို သင်ယူခဲ့သည်။ ဝမ်ဝေက သူသည် ထိုအရာကို ကြိုတင်သိမထားကြောင်း သေချာနေလေ၏။ ပထမဦးဆုံး သူ ထိတွေ့မိသည့်အချိန် သူ တုံ့ပြန်မှုကို ကြည့်ရုံနှင့် သိနိုင်သည်။

လူရိုင်းဘုရင်က တုံ့ပြန်ဖို့ အချိန်မပေးပေ။ သူက ဆက်လက် တိုက်ခိုက်နေ၏။  သူက ပျံသန်းကာ … မဟုတ်သေးဘူး မြင့်မြင့်ခုန်လိုက်သည်။ သူက ဝမ်ဝေ့၏ ဦးခေါင်းအထက် ကီလိုမီတာ အနည်းငယ် ရောက်ရှိသွားသည့်အချိန် ပြန်လည်ဆင်းသက်လာ၏။ သူ့ခြေထောက်အောက်ရှိ အာကာပြင်က ချိုင့်ဝင်သွားလေ၏။ လူရိုင်းဘုရင်က သူ့ခြေထောက်အောက်မှ ကာလံဒေသံကို ကွေးညွှတ်စေဖို့ စွမ်းအားကို ထိန်းချုပ်ထားလေ၏။ သူက တိုင်းတာမရသည့် အမြန်နှုန်းဖြင့် ဝမ်ဝေ့ဆီ ပြေးဝင်လာသည်။

ပုံမှန်ဆိုပါက ဝမ်ဝေ့က ဤသို့သော ထူးချွန်ပြောင်မြောက်သည့် ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်ကို ချီးကျူးမိလိမ့်မည်။ သို့သော် တစ်ဖက်သူ၏ အရှိန်က သူနှင့် အဆင့်တူ ရောက်ရှိနေလေ၏။ ပြောရမည်ဆိုလျှင် အနည်းငယ်ပင် သာလွန်နေသည်။ ထို့ကြောင့် သူက မည်သို့တုံ့ပြန်ရမည်ကိုသာ အာရုံစိုက်ထားလိုက်၏။

သူက ရှောင်ရှားမနေဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

သာမန်ကြည့်ရှုသူအတွက်မူ ထိုထိပ်တိုက်ရင်ဆိုင်မှုက ခွန်အားချင်း ထိပ်တိုက်တွေ့ဆုံခြင်းသာ ဖြစ်၏။ သို့သော်လည်း လူတချို့ကသာ ထိုထိပ်တိုက်တွေ့ဆုံမှုထဲတွင် သူတို့၏ အစစ်အမှန်စိတ်ဆန္ဒများ ပါဝင်နေကြောင်း သိကြသည်။ ဤသည်က တိုက်ပွဲကို ဆုံးဖြတ်ပေးနိုင်မည့်အချက်တစ်ခု ဖြစ်၏။

လူရိုင်းဘုရင်က ထိုအရာသည် စိတ်ဆန္ဒနည်းစနစ်တစ်ခုကို အသုံးပြုလာသည်။ ဤတစ်ကြိမ်တွင် သူက အစစ်အမှန်စိတ်ဆန္ဒကို စွမ်းအားမြှင့်တင်လိုက်ပြီး ပေါက်ကွဲထွက်စေလိုက်သည်။ ထိုပေါက်ကွဲမှုက တစ်ဖက်သူ၏ စိတ်ဆန္ဒကို ဖျက်ဆီးပစ်ပြီး ခန္ဓာကိုယ်ပါ ဒဏ်ရာရသွားစေသည်။

သူ့အတွက် ကံဆိုးသည်က ဝမ်ဝေ့ကလည်း တူညီသည့် ချဉ်းကပ်မှုမျိုးဖြင့် တုံ့ပြန်လာကာ ပိုမို ထူးချွန်ပြောင်မြောက်စွာ ထုတ်ဖော်နိုင်ခဲ့သည်။

အစစ်အမှန်စိတ်ဆန္ဒ ထိပ်တိုက်ရင်ဆိုင်မှုက သာမန်သူများအတွက် အာရုံခံ၍ မရသလို ဖော်ပြ၍လည်း မရပေ။ သို့သော်လည်း သေမျိုးများအတွက် နားလည်လွယ်အောင် ရိုးရိုးရှင်းရှင်း ဖော်ပြရမည်ဆိုပါက ဤသို့သော ဖြစ်၏။

လူရိုင်းဘုရင်၏ ဖွဲ့စည်းမှုက သူသည် အမြင့်မားဆုံး တောင်တစ်လုံးကို ဘောလုံးအရွယ် ကြက်ဥအသွင်ပြောင်းလဲပြီး ဖိအားတွေအားလုံးကို ဖယ်ရှားကာ ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ဝမ်ဝေ့ကမူ အကြီးမားဆုံးကြယ်ကို ယူပြီး အသေးငယ်ဆုံး အစက်အပြောက်အဖြစ် စုစည်းလိုက်ခြင်း ဖြစ်၏။

ရလဒ်အနေဖြင့် လူရိုင်းဘုရင်၏ ညာဖက်လက်က သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွားသည်။ သို့သော်လည်း ဒဏ်ရာက ဘာမှမဟုတ်ပေ။ သူ့ကျင့်ကြံရေးပါရမီအပြင် ထိုသူက ကြောက်မက်ဖို့ ကောင်းသည့် တိုက်ခိုက်ရေးဉာဏ်ရည်ပါ ရှိ၏။ သူက ရှုံးနိမ့်မှုကို လက်ခံလိုက်သည်။ သူ့လက်မောင်းက အပြီးတိုင် ပေါက်ကွဲထွက်မသွားခင် သူက ဝမ်ဝေ့၏ အစစ်အမှန်စိတ်ဆန္ဒ သူ့ခန္ဓာကိုယ်ထဲ ကျန်ရှိနေသည်ကို ဖယ်ရှားဖို့ သိသာသည့် အစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်ပစ်လိုက်သည်။

လူရိုင်းဘုရင်က တစ်ဖက်သူအနေအထားအတွက် သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာမည့် နာနိုစက္ကန့်ပိုင်းလေးက အချိန်များစွာ ဖြစ်နေကြောင်း သဘောပေါက်သွားခဲ့၏။ ထို့ကြောင့် သူ့လက်မောင်း ပေါက်ကွဲထွက်သွားသည်နှင့် သူက သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

ထို့ကြောင့် ဝမ်ဝေ့က ဒုတိယတိုက်ကွက် တိုက်ခိုက်တော့မည့်ဆဲဆဲတွင် လူရိုင်းဘုရင်က သူနှင့်တစ်ဖက်သူကြားတွင် အာကာပြင်တစ်ခုကို တွန်းပို့နိုင်သည့် ကြီးမားသည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။ ထိုအရာက သူတို့အား အလင်းနှစ်ရာချီ ကွာဝေးသွားစေ၏။

လူရိုင်းဘုရင်က တစ်ဖက်သူသည် သူ့ဆီ တိုက်ရိုက်လာလိမ့်မည်ဟု ထင်မှတ်ထားလေသည်။ သို့သော်လည်း ဝမ်ဝေ့က သူ့ကို စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေလေ၏။

လူရိုင်းဘုရင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဘာလဲ။ ဒါက သနားတာလား။ လှောင်ပြောင်တာလား”

သူ့အသံထဲတွင် စိတ်ပျက်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

“မဟုတ်ဘူး။ ဒါက မင်းရဲ့ အထွတ်အထိပ် အခြေအနေ မဟုတ်ဘူးဆိုတာကို သိရုံပဲ။ မင်းရဲ့ အကောင်းဆုံးအခြေအနေမှာ တိုက်ခိုက်ချင်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ငါ သိပြီ။” ဘုရင်က ပြန်ဖြေလိုက်ပြီး သူ့အသံထဲတွင် တစ်ဖက်လူအပေါ် တိတ်ဆိတ်မှုတို့ ကိန်းအောင်းနေလေ၏။

“ငါက ဒီနည်းစနစ်ကို လူအိုကြီးအတွက် ဖန်တီးထားတာ။ ဒါပေမဲ့ မင်းက ပထမဦးဆုံး မြင်ရလိမ့်မယ်”

ဤသည်က လူရိုင်းဘုရင်အနေဖြင့် တစ်ဖက်သူက အစစ်အမှန်စိတ်ဆန္ဒကို သူ့ထက်ပိုမို ကောင်းအသုံးပြုနိုင်သည်က ပထမဦးဆုံးအကြိမ် မဟုတ်ပေ။

 လူရိုင်းဘုရင်က ရှုံးနိမ့်ပြီးသည့်နောက်တွင် သူ့အစစ်အမှန်ဆန္ဒကို မရပ်မနားလေ့ကျင့်ခဲ့သော်လည်း မလုံလောက်ကြောင်း ခံစားမိ၏။ ထို့ကြောင့် သူက သူ့အတွက် ထူးကဲကာ အရေးသာချက်ပေးနိုင်မည့် နည်းစနစ်တစ်ခုကို ဖန်တီးခဲ့သည်။

ကြွက်သားဆန္ဒ

လူရိုင်းဘုရင်၏ ခန္ဓာကိုယ်မှ အမည်မသိစိတ်ဆန္ဒတစ်ခု နိုးထလာကာ သူ့အစစ်အမှန်စိတ်ဆန္ဒဖြင့် ပေါင်းစည်းသွားခဲ့သည်။ သူ့ပြဿနာအတွက် အဖြေက သူသည် ထိုပညာရှင်များအား အရည်အချင်းဖြင့် မတိုက်ခိုက်နိုင်သည့်အတွက် အရေအတွက်နှင့် ခွန်အားတို့ဖြင့် အနိုင်ယူမည်ဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ…

ဝမ်ဝေ့က သူ့ဘာသာသူ မေးလိုက်၏။ ခန္ဓာကိုယ်ထဲ နောက်ထပ် စိတ်ဆန္ဒတစ်ခုရှိ၍ မရပေ။ အထူးသဖြင့် ခန္ဓာကိုယ်စိတ်ဆန္ဒ ပေါင်းစည်းပြီးသည့်နောက်တွင် ဖြစ်၏။ နောက်ထပ် စိတ်ဆန္ဒတစ်ခု နိုးထလာခြင်းက တစ်စုံတစ်ယောက်၏ စိတ်ဆန္ဒသဏ္ဍာန်ပြခြင်း၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်လိမ့်မည်။

သူ့ဆီမှာ ဝိညာဉ်နှစ်ခု မရှိသရွေ့ ဒါက မဖြစ်နိုင်ဘူး…

ဝမ်ဝေ့က တွေးရင်း ထိုနည်းစနစ်၏ အသေးစိတ်အချက်အလက်ကို အကဲခတ်ရင်း အဖြေထုတ်နေသည်။

သူ့ခဲဖြူရောင် မျက်ဝန်းက တောက်ပလာပြီး တစ်စုံတစ်ခုကို မြင်လိုက်ရ၏။

ဒီခွေးကောင် သူ့ခန္ဓာကိုယ်က မူမမှန်တာ မထူးဆန်းတော့ဘူး။ ဒီလိုအရာမျိုးကို ဘယ်သူက တွေးမိမှာလဲ…

All Chapters