← Chapters

ခန္ဓာကိုယ် မကောင်းဆိုးဝါး

Vol. 88 Ch. 1229

ခန္ဓာကိုယ် မကောင်းဆိုးဝါး

Vol. 88 Ch. 1229

လူရိုင်းဘုရင်က ထိုနည်းစနစ်ကို အသုံးပြုလိုက်သည့်အခါ ဝမ်ဝေ့က ထိုသူ့ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲကို သတိထားမိခဲ့ပြီး သူသည် ဤသို့ မူမမှန်မှုဖြစ်သည့် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုကို ဖြေရှင်းနိုင်ခဲ့ကြောင်း သိလိုက်သည်။ ဝမ်ဝေ့ သိထားသလောက် လူ့ဘီလူးမျိုးနွယ်က ပျက်သုဉ်းသွားသည်မှာ အချိန်အတော်ကြာမြင့်လှပြီဖြစ်ကာ သူတို့က ဤကမ္ဘာ၏ စံနှုန်းအရပင် ရှေးဟောင်းသမိုင်းကြောင်းဟုပင် ဖော်ညွှန်းနိုင်လောက်သည့် အချိန်မျိုး၌ တည်ရှိခဲ့သည်။

လက်ရှိလူ့ဘီလူးမျိုးနွယ်က ဆင့်ကဲပြောင်းလဲထားသည့် ဖန်ဆင်းမှုသက်ရှိ ထုတ်ကုန်ဖြစ်သည့်အတွက် သူတို့၏ ဘိုးဘေးများနှင့် ဘာမှမသက်ဆိုင်ပေ။

လူရိုင်းဘုရင်က သူ့သွေးမျိုးဆက်ကို ဘယ်လိုရယူခဲ့တာလဲ…

သူက အမွေအနှစ် ဒါမှမဟုတ်ဘူးဆိုရင် ရှေးဟောင်းလူ့ဘီလူးမျိုးနွယ်ကနေ အမွေအနှစ်ကို ရရှိလိုက်တာလား

သို့သော်လည်း သူတို့နှင့် သက်ဆိုင်နေသည့် အရာများက ဤခေတ်ကာလတွင် အသက်ရှင်နေဆဲဖြစ်သည့် အခွင့်အရေးက နည်းပါးလွန်းလှသည်။

တစ်ခုတည်းသော ရှင်းပြချက်ကမူ လူရိုင်းဘုရင်၏ သွေးဝေးဘိုးဘေးက လူ့ဘီလူးမျိုးနွယ်နှင့် ပတ်သက်ခဲ့ပြီး လူရိုင်းဘုရင်က သွေးမျိုးဆက်ကို မတော်တဆ နိုးထလာခြင်း ဖြစ်ရမည်။ ထိုသို့သော အပြုအမူမျိုးက လူရိုင်းဘုရင်အား ပိုမိုထူးကဲသွားစေ၏။ လူရိုင်းမျိုးနွယ်က သူတို့၏ အားကောင်းသည့် ရုပ်ခန္ဓာများနှင့် ခန္ဓာကိုယ်လေ့ကျင့်ရေး ပါရမီကြောင့် လူသိများသည်။ ယခုတွင် သူက လူ့ဘီလူးမျိုးနွယ်၏ ပါရမီ ရှိထားသည့်အတွက် ပင်ကိုနတ်ဆိုးနတ်ဘုရားနှင့် မကောင်းဆိုးဝါးနတ်ဘုရားများထက်ပင် ကြီးမားကာ အရပ်ရှည်လာနိုင်သည်။ သို့သော်လည်း ဝမ်ဝေ့ကို အမှန်တကယ် အံ့အားသင့်သွားစေသည့်အရာက သူ သွေးမျိုးဆက်ဖြင့် ပြုလုပ်ခဲ့သည့်အရာ ဖြစ်၏။

လူရိုင်းဘုရင်၏ ခန္ဓာကိုယ်လေ့ကျင့်ရေးနည်းစနစ်ထဲတွင် သူ့သွေးမျိုးဆက်ကို အသုံးချကာ လူ့ဘီလူးကိုယ်ပွား ဖွဲ့စည်းခြင်း ပါဝင်နေသည်။

ထိုသူက တတ်နိုင်သမျှ အားကောင်းကာ ကြီးမားသည့် ကိုယ်ပွားအား ပျိုးထောင်ပေးခဲ့ပြီး သူနှင့် ပေါင်းစည်းနိုင်သည်။ ထိုနည်းစနစ်က ဓမ္မခန္ဓာကိုယ် ရာချီကို ပေါင်းစည်းဖို့ ကျင့်ကြံသည့် မူလကျင့်ကြံရေးများကဲ့သို့ ဖြစ်၏။

ဝမ်ဝေ့က လူရိုင်းဘုရင်၏ အရေပြား၊ ကြွက်သား၊ အသား၊ အရိုး၊ အတွင်းအင်္ဂါနှင့် သွေးများက လူ့ဘီလူးကိုယ်ပွားရာချီဖြင့် ပေါင်းစည်းသွားသည်ကို ပြောနိုင်လေ၏။ ထိုသူ၏ ရုပ်ခန္ဓာက လက်ရှိအနေအထားတွင် မကောင်းဆိုးဝါးအနေအထား၌ ရောက်ရှိနေလေသည်။

လူ့ဘီလူးတစ်ယောက်ဆိုရင်တောင် ပြုစုပျိုးထောင်ဖို့ အရင်းအမြစ်အများကြီးလိုမှာ။ သူတို့ကို ရာချီပေါင်းစည်းနိုင်ဖို့ဆိုရင်…

ဝမ်ဝေ့က ညည်းတွားလိုက်သည်။

လူရိုင်းမျိုးနွယ်က ထိုခွေးကောင်ကို လေ့ကျင့်ပေးဖို့အတွက် များစွာ အားစိုက်ထုတ်ခဲ့ကြောင်း သိသာလှသော်လည်း ထိုသူက အဘယ်ကြောင့် ဤသို့ ကျတ်တီးနေရာမျိုးတွင် နေထိုင်နေရသနည်း။

ဝမ်ဝေ့က ထိုမေးခွန်းကို မေးလိုက်သည်နှင့် အဖြေတစ်ခု ရရှိလိုက်သည့်အတွက် ခေါင်းယမ်းလိုက်သည်။

လူရိုင်းဘုရင်က လူ့ဘီလူးကိုယ်ပွား အားလုံး၏ စိတ်ဆန္ဒအားလုံးကို နိုးထလာစေခဲ့ပြီး တစ်သားတည်းအဖြစ် ပေါင်းစည်းကာ သူ့အစစ်အမှန်စိတ်ဆန္ဒအဖြစ် ပေါင်းစည်းခဲ့သည်။ သူ့မျက်ဝန်းဝန်းကျင်တွင် ရှိသည့် လျှပ်စီးက အနီရောင်မဟုတ်တော့ဘဲ ခရမ်းရောင် ဖြစ်လာလေ၏။

“အခု ငါက အကောင်းဆုံး အခြေအနေဖြစ်နေပြီ” လူရိုင်းဘုရင်က ကြေညာလိုက်သည်။

“အမှန်ပဲ။ အဲဒါဆိုတော့ ဖြည်းဖြည်းချင်း စလိုက်ကြရအောင်” ဝမ်ဝေ့က ကံကြမ္မာလွတ်မြောက်ရေး နည်းစနစ်ကို သုံးပြီး တစ်ဖက်သူရှေ့ ပေါ်ထွက်လာကာ ဝမ်းဗိုက်ကို ထိုးချလိုက်သည်။

လူရိုင်းဘုရင်က တံတောင်ဖြင့် တားဆီးခြင်းဖြင့် တုံ့ပြန်လာလေ၏။ ထိုတိုက်ကွက်က အစပိုင်းစမ်းသပ်မှုမျှ ဖြစ်သောကြောင် ဝမ်ဝေ့က ယခင်နည်းစနစ်ကို အသုံးပြုထားသည်။

ထင်ထားသည့်အတိုင်း လူရိုင်းဘုရင်က ယခင်တိုက်ပွဲမှ သင်ယူကာ သိသိသာသာ တိုးတက်လာလေ၏။ သို့သော် သူက ဝမ်ဝေ့နှင့် အဆင့်တူ မဟုတ်သေးပေ။ သို့သော်လည်း သူက ထိုသို့လုပ်ဖို့ရာ မလိုအပ်ပေ။ သူ့ကြွက်သားစိတ်ဆန္ဒက သူ လိုအပ်နေသည့်အရာကို ဖြည့်စည်းပေးသည့်အတွက် ဟာကွက်ကို ကာမိစေသည်။

မမြင်နိုင်ဖွယ် အငွေ့အသက်

လူရိုင်းဘုရင်၏ ခန္ဓာကိုယ်မှ ရွှေရောင်အရိပ်တစ်ခု လွှမ်းခြုံသွားပြီး သူ့လေထုက ပြောင်းလဲသွားခဲ့သည်။ သူ့ကို ကြည့်လိုက်သည့်သူတိုင်းက သူသည် မလွှမ်းမိုးနိုင်ဖွယ် စိတ်ဝိညာဉ်ရှိသည့် အမျိုးသားတစ်ယောက်ရှိကြောင်း တွေ့ရလိမ့်မည်။ သူက ရှုံးပွဲမဲ့ အနိုင်ရရှိထားသူ ဖြစ်၏။ သို့သော် သူက ထို့ကြောင့် ပြိုင်ဘက်ကင်းနေခြင်း မဟုတ်ပေ။ သူ ပြိုင်ဘက်ကင်းနေသည့်အရာက သူသည် မည်သို့သော အခြေအနေဖြစ်စေကာမူ လက်မလျှော့တတ်သည့် သဘာဝကြောင့် ဖြစ်၏။ ထို့ကြောင့် သူသည် သူ ရှေ့ဆက်ရမည့် လမ်းစဉ်ကို တားဆီးနိုင်မည့်သူ မရှိကြောင်း ယုံကြည်ထားသည့်အတွက် ပြိုင်ဘက်ကင်းနေခြင်း ဖြစ်၏။

ထိုနည်းစနစ်က မဟာတာအိုအားဖြည့်မှုကို ချီးမြှင့်ထားသောကြောင့် လူရိုင်းဘုရင်၏ စွမ်းအားက တိုးပွားလာသည်။

သူက မဟာတာအိုအရင်းအမြစ် ၈၉.၉၉ ရာခိုင်နှုန်းမှ ၈၉.၉၉၉၉ ရာခိုင်နှုန်းထိ ရောက်ရှိသွားပြီး စံပြအဆင့်နှင့် နီးကပ်သွားလေသည်။ သူ့ညာဖက်လက်က ဝမ်ဝေ့၏ ဦးခေါင်းဆီ ဦးတည်လိုက်သော်လည်း  ဝမ်ဝေ့က အလျင်အမြန် တုံ့ပြန်ခဲ့သည်။

အပြဌာန်းအရှိန်အဝါ

ဝမ်ဝေ့ ခန္ဓာကိုယ်မှ မီးခိုးရင့်ရင့် အငွေ့အသက် ထွက်ပေါ်လာပြီး ကမ္ဘာကြီးကို လွှမ်းခြုံသွားကာ ပြောင်းလဲသွားစေသည်။ လူရိုင်းဘုရင်၏ ခန္ဓာကိုယ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းက အနည်းငယ် လှုပ်ခတ်သွားခဲ့၏။ လူရိုင်းဘုရင်၏ စိတ်ထဲ သူ့ဘဝ၌ အရာအားလုံးကို ဆုံးဖြတ်ပေးနိုင်သည့် စွမ်းအားတစ်ခု ရှိနေကြောင်း အတွေးမျိုးဝင်လာမိသည်။ သူ့တိုက်ပွဲအနိုင်ရရှိမှုများ အပါအဝင် အောင်မြင်မှုအားလုံးက သူ့အပြုအမူ သို့မဟုတ် စွမ်းဆောင်ရည်၏ ရလဒ် မဟုတ်ဘဲ ကံကြမ္မာမှ ဆုံးဖြတ်ပေးထားခြင်းသာ ဖြစ်၏။

ထိုအတွေးက သူ့ယုံကြည်မှုစနစ်ကို ပျက်ပြားလုနီးပါး ဖြစ်သွားစေသည်။ ကံကောင်းစွာဖြင့် သူက စိတ်ဆန္ဒမြင့်မားသူဖြစ်သည့်အတွက် ထိုအတွေးများကို ကျော်လွှားနိုင်ခဲ့သည်။ သူ့အတွက် ကံဆိုးသွားစေသည်က သူ့အရှိန်အဝါ၏ သက်ရောက်မှုသည် အသုံးမဝင်လုနီးပါးဖြစ်သွားစေပြီး ဝမ်ဝေ့အား သူ့ထိုးခွင်းချက်ကို ရှောင်ရှားသွားစေနိုင်ပြီး ရင်ဘတ်ပေါ် တန်ပြန်တိုက်ခိုက်မှု ပြုလုပ်လာ၏။

လူရိုင်းဘုရင်က သူ့ဝမ်းဗိုက်တွင် အပေါက်တစ်ခုဖြင့် ခြေလှမ်းဒါဇင်ချီ နောက်ဆုတ်လိုက်ရသည်။

နောက်ဆုံးတွင် ဝမ်ဝေ့က သူ့အစစ်အမှန်စိတ်ဆန္ဒ နည်းစနစ်မှ စွယ်စုံသုံးနိုင်သည့် ဝှက်ဖဲကို ပြသလာလေ၏။ ထိုတိုက်ကွက်ထဲတွင် သူ့အစစ်အမှန်စိတ်ဆန္ဒက ရန်သူကို မျှားခေါ်ပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူရိုင်းဘုရင်က သတိလက်လွတ် ဖြစ်သွားစေ၏။

သို့သော်လည်း ပါရမီထူးကဲသည့် ခန္ဓာကိုယ်လေ့ကျင့်သူများက ဤသို့သော အခြေအနေမျိုးတွင် မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်နိုင်ကြောင်း သိသည်။ သူက အစစ်အမှန်စိတ်ဆန္ဒ နှစ်ခုကို အသုံးပြုပြီး တစ်ဖက်သူ၏ စွမ်းအားကို သူ့ခန္ဓာကိုယ်မှ ထုတ်ကာ တိုက်ပွဲကို ဆက်လက် တိုက်ခိုက်ခဲ့သည်။ ဝမ်ဝေ့က ဤတိုက်ပွဲကို အလေးအနက် မှတ်ယူထား၍ ပိုမိုကြမ်းတမ်းလာသည်။ တစ်ဖက်လူရှေ့ ရောက်သွားကာ ယခင်နည်းလမ်းဟောင်း တစ်ခုကို အသုံးပြုခဲ့သည်။

သူက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများမှ ကြွက်သား၊ အရေပြား၊ အရိုးနှင့် တစ်ခုချင်းစီမှ တုန်ခါမှုကို စုဝေးကာ သူ့လက်အတွင်း ထည့်သွင်းခဲ့သည်။ ထိုသို့သော တိုက်ခိုက်မှုမျိုးက အံ့အားသင့်ဖွယ်ကောင်းသော်လည်း လူရိုင်းဘုရင်၌ အဖြေရှိနေပြီးသား ဖြစ်၏။

သူ့အနောက်ဖက်၌ လူ့ဘီလူး ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာ၏ အရှိန်အဝါက မိခင်တစ်ယောက်က ကလေးငယ်ကို ကာကွယ်ပေးနေသည့်အလား လူရိုင်းဘုရင်ကို လွှမ်းခြုံသွားခဲ့သည်။ ဝမ်ဝေ့၏ လက်သီးကျရောက်သည်နှင့် ထိုပုံရိပ်ယောင်တစ်လျှောက် အက်ကြောင်းများစွာ ပေါ်ထွက်လာသော်လည်း ထိုနည်းစနစ်က အသုံးပြုသူအား တိုက်ကွက်အများစုကို တားဆီးပေးထားနိုင်သည်။

ဝမ်ဝေ့၏ မျက်လုံးမှ ဟွင်သွမ်းမီးတောက်ဖြင့် ပစ်ခတ်လာသည်။ လူရိုင်းဘုရင်က ပါးစပ်ဟကာ ဝါးမျိုလိုက်၏။ သူ့ပါးစပ်က တွင်းနက်ကြီးသဖွယ် ဖြစ်သည်။ ထိုအရာက အမှန်တရားနှင့် သိပ်အလှမ်းမဝေးလှပေ။ လူ့ဘီလူးများစွာကို ပေါင်းစည်းပြီးသည့်နောက်တွင် လူရိုင်းဘုရင်၏ ခန္ဓာကိုယ်က ဆင့်ကဲပြောင်းလဲသွားခဲ့၏။ သူ့ဝမ်းဗိုက်က လူ့ဘီလူး၏ ဝမ်းဗိုက်ဖြစ်သည့်အတွက် ကိုယ်ပိုင်ဒိုင်မေးရှင်းတစ်ခု ပါဝင်နေသည်။

ဝမ်ဝေ့က ကြိုးမျှင်များကို ဖွဲ့စည်းကာ လူရိုင်းဘုရင်၏ ခြေလက်များကို တွယ်ညိစေသည်။ သို့သော် ထိုအမျိုးသားက အံ့မခန်းနည်းလမ်းဖြင့် ထိုနည်းစနစ်မှ လွတ်မြောက်သွားလေ၏။ အက်တိုစက္ကန့်ပိုင်းလေးအတွင်း သူက ခန္ဓာကိုယ်ကို အမှုန်တစ်ခုလောက်မျှ အရွယ်အစားလောက် ကျုံ့ပြီးသည့်နောက်တွင်  ကြိုးများမှ လွတ်မြောက်ပြီး ချက်ချင်းဆိုသလို အရွယ်အစား ပြန်ပြောင်းလိုက်သည်။

စစ်နတ်ဘုရားရဲ့ ပါရမီသုံးခု

လူရိုင်းဘုရင်က သူနှင့် တူညီသည့် စွမ်းအားမျိုးရှိသည့် ပုံရိပ်ယောင်သုံးခု သို့မဟုတ် ကိုယ်ပွားသုံးခုကို ဖန်တီးခဲ့သည်။ သူက ဤတိုက်ပွဲအတွင်း အရေးသာချက်ရှိစေဖို့ အရေအတွက်များကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ပုံရိပ်များကို အမိန့်ပေးပြီး တစ်ဖက်သူကို တိုက်ခိုက်ခိုင်းခဲ့၏။ ကိုယ်ပွားများက ဝမ်ဝေ့ကို ဝိုင်းလိုက်ပြီး စတင်တိုက်ခိုက်လာသည်။

ဝုန်း

တိုက်ကွက်က အလုပ်ဖြစ်ဟန်ပေါ်သည်။ ထိုအရာနှင့် ထိတွေ့မိသည်နှင့် ဝမ်ဝေ့က ခဲဖြူရောင်မြူခိုးအဖြစ် ပေါက်ကွဲထွက်သွားသည်။ သို့သော်လည်း အားလုံးက မပျော်ရွှင်နိုင်ခင် မြူခိုးက ကိုယ်ပွားများကို လွှမ်းခြုံသွားပြီး  မြူများက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကာ အကောင်းအတိုင်းရှိနေသည့် ဝမ်ဝေ့ကိုသာ ချန်ထားခဲ့ပြီး ကိုယ်ပွားများကမူ သူတို့နဖူးအထက် အမှတ်အသားများ ရှိနေလေ၏။

ထို့နောက် သူတို့က သူတို့၏ ဖန်တီးသူကို အမုန်းတရားဖြင့် ကြည့်လိုက်ကြသည်။

လူရိုင်းဘုရင်က သူ့နည်းစနစ်ကို တိတ်တဆိတ် ဖယ်ရှားဖို့ ကြိုးစားကြည့်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

ဘိုးဘေးအော်သံ

သူက ပါးစပ်ဟကာ အသံတိုက်ခိုက်မှုကို အသုံးပြုခဲ့၏။ ထို့နောက် လူရိုင်းဘုရင်နောက်ကွယ်တွင် လူရိုင်းတစ်ယောက်နှင့် လူ့ဘီလူးတစ်ယောက် ပေါ်ထွက်လာကာ သူနှင့်အတူ အော်ဟစ်လိုက်၏။ ထိုအသံပေါက်ကွဲမှုက ကြီးမားသည့် တုန်ခါလှိုင်းကို ထုတ်လွှတ်လာရုံသာမကဘဲ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ဖိနှိပ်စွမ်းအားပင် ပါဝင်နေသည်။ ထိုအရာက တတိယဂုဏ်သတ္တိဖြစ်ပြီး စိတ်ဝိညာဉ်ကို တိုက်ခိုက်ခြင်း ဖြစ်၏။

ဝမ်ဝေ့က ထိုကိုယ်ပွားသုံးခုကို သူ့ရှေ့တွင် ရပ်ခိုင်းပြီး သူတို့၏ စွမ်းအားကို ပူးပေါင်းကာ ကြောက်မက်ဖွယ်ကောင်းသည့် အော်သံအတွက် လမ်းကြောင်းကို ရှင်းလင်းခဲ့သည်။

ထို့နောက် သူက သွေးကို လှုံ့ဆော်ပြီး လှံအဖြစ် ဖွဲ့စည်းကာ ထိုလမ်းတစ်လျှောက် ပစ်ခတ်လိုက်၏။

လူရိုင်းဘုရင်က ထိုလှံမှ အံ့မခန်းထိုးဖောက်နိုင်စွမ်းကို ခံစားမိသည့်အခါ ပြောင်းလဲသွားလေ၏။ ထိုအရာအပေါ် ကပ်ငြိနေသည့် အစစ်အမှန်စိတ်ဆန္ဒက ထိုးဖောက်နိုင်စွမ်းအပေါ် မူတည်နေသည်။ သူ့စိတ်ထဲ ထိုအခြေအနေကို သုံးသပ်နေစဉ် သူက သူ့ခုခံမှုသည် ချက်ချင်းဆိုသလို ထိုးဖောက်နိုင်ချေရှိကြောင်း သဘောပေါက်သွားခဲ့သည်။

ထို့ကြောင့် ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း အရေပြား၊ ကြွက်သား၊ အသွေး၊ အတွင်းအင်္ဂါများကို ထိန်းချုပ်လိုက်ပြီး အမာကြောဆုံးအဖြစ်သည့် အရိုးကိုသာ ချန်ထားခဲ့သည်။ သူက အရိုးလက်ကို မြှောက်ရင်း သွေးနီရောင်လှံကို တားဆီးလိုက်၏။ ထိုခေတ္တမျှ လူရိုင်းဘုရင်က တိုက်ကွက်ကို တားဆီးလိုက်သည့်အချိန် သူက မှန်ကန်သည့် ရွေးချယ်မှုဖြစ်ကြောင်း သက်သေပြခဲ့သည်။ နှမြောစရာကောင်းလှစွာဖြင့် တစ်ဖက်သူက သူ့ရှေ့၌ အကွက်များစွာကို ကြိုမြင်နေလေ၏။

သွေးလှံက ရုတ်ချည်းဆိုသလို သွေးနီရောင် အပ်များအဖြစ် ပေါက်ကွဲထွက်သွားပြီး သူ့အရိုး ၃၆၅ ခုလုံးကို ထိုးစိုက်ဝင်သွားသည်။

လူရိုင်းဘုရင်၏ မျက်နှာက ထိုအခြေအနေ၏ လေးနက်မှုကို ခံစားမိသည့်အခါ ပြောင်းလဲသွားခဲ့၏။ ထိုအပ်များထဲတွင် အစစ်အမှန်ဆန္ဒ ပါဝင်နေသည့်အတွက် သူက ချက်ချင်းဖယ်ရှားဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် သူတို့ထဲက အများစုက ဖြေရှင်းဖို့ရာ အချိန်အတော်ကြာမြင့်လိမ့်မည်။

လူရိုင်းဘုရင်က သူ့ရှေ့ ရောက်ရှိလာသည့် ဝမ်ဝေ့ကို အာရုံစိုက်လိုက်၏။ သူက တုံ့ပြန်မည့်ဆဲဆဲတွင် သွေးနီရောင် အပ်နှင့် အစစ်အမှန်ဆန္ဒတို့က ပေါက်ကွဲထွက်လာကာ သူ့အား ယာယီမလှုပ်မယှက် ဖြစ်သွားစေသည်။

ထို့နောက် ဝမ်ဝေ့က သူ့အရိုးခန္ဓာကို ထိကာ စွမ်းအားကို ချိတ်ပိတ်လိုက်သည်။

“မင်း ရှုံးသွားပြီ” ဝမ်ဝေ့က ကြေညာလိုက်၏။

All Chapters