← Chapters

ဖွံ့ဖြိုးရေး အစီအစဉ်

Vol. 88 Ch. 1231

ဖွံ့ဖြိုးရေး အစီအစဉ်

Vol. 88 Ch. 1231

ဒီနေရာက ကောလဟာလအတိုင်း ကောင်းကင်တာအိုရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေလို့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ထိ သက်ရောက်မှုရှိနေတာလား…

ဝမ်ဝေ့က ထိုအတွေးကို သဘောမကျပေ။ ထိုအရာက ကောင်းကင်တာအိုသည် အန္တိသဟဇာတနှင့် မေတ္တယျတို့ထက် ပိုမိုအားကောင်းသည့်  အဆင့်ဖြစ်ကြောင်း ညွှန်ပြနေလေ၏။ သို့သော်လည်း ထိုသို့ဆိုပါက သူက အန္တိမသဟဇာတကို အဘယ်ကြောင့် သူ့စွမ်းအားယူဖို့ ခွင့်ပြုရသနည်း။

ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်တွေက မဟာတာအိုက ခွင့်ပြုပေးထားသည့် စံနှုန်းနည်းလမ်းတစ်ခု ဖြစ်သရွေ့ သူတို့ကို မဟာတာအိုထိန်းချုပ်နိုင်ခွင့် ပေးထားတာမျိုးပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သော်လည်း ထိုအဖြေကို သဘောမကျသေးပေ။

နောက်ထပ် ဖြစ်နိုင်ချေတစ်ခုက ကောင်းကင်တာအိုက မဟာတာအိုရဲ့ စွမ်းအားကို အသုံးပြုပြီးတော့ စည်းမျဉ်းမဲ့ဇုန်ကို ဖန်တီးခဲ့တာပဲ။ အဲဒါကြောင့် ဒီသက်ရှိတွေအပေါ်မှာ သက်ရောက်မှုရှိနိုင်တာ။ ဒါပေမဲ့ ဘာလို့ အဲ့လိုလုပ်ရတာလဲ။ ကမ္ဘာရဲ့ အရင်းအမြစ်ဖြန့်ဝေမှုကို မျှခြေညီစေတာက မဟာတာအိုပါဝင်လောက်အောင် လုံလောက်တဲ့ အကြောင်းအရင်းတော့ မဟုတ်သေးဘူး။ အဲဒါဆိုတော့ ဒီနေရာအတွက် နက်နဲတဲ့ လျှို့ဝှက်ချက်ရှိနေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် ငါ့ရဲ့ ကောက်ချက်ချမှုက မှားယွင်းနေတာလား…

ဝမ်ဝေ့က အဖြေလိုချင်မိသော်လည်း တွေးရုံမျှဖြင့် အကူအညီမဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူက ဤနေရာကို အုပ်စိုးပြီးသည်နှင့် အချိန်တချို့ယူကာ လျှို့ဝှက်ချက်ကို အဖြေထုတ်နိုင်လိမ့်မည်။

“မင်းကို မေးစရာတစ်ခု ရှိတယ်” ဝမ်ဝေ့က ပြောလိုက်၏။

“ပြောပါ” မုန့်ခယ်က ခေါင်းညိတ်လိုက်၏။

“လူရိုင်းမျိုးနွယ်က အမည်မသိဇစ်မြစ်တစ်ခု ရှိတယ်ဆိုတာမျိုးလား”

မုန့်ခယ်က သောက်လက်စကိုရပ်ရင်း သူ့ကို ကြည့်လိုက်သည်။

“ဘာလဲ။ ငါက ထိလွယ်ရှလွယ် ခေါင်းစဉ်မျိုးကို ပြောမိတာလား”

“အဲ့လိုမျိုးပေါ့” မုန့်ခယ်က သူ့သေရည်ခွက်ကို အဆုံးသတ်ကာ ပြောလိုက်သည်။

“ကျုပ်တို့က ကျုပ်တို့ဘာသာစကားနဲ့ ဓလေ့ကြောင့် ခွဲခြားမှုတွေ အများကြီး ခံစားခဲ့ရတာ။ အထူးသဖြင့် ကျုပ်တို့သမိုင်းကြောင်း အစောပိုင်းခေတ်ကာလမှာပေါ့။ ဒါပေမဲ့ ဗုဒ္ဓဘာသာကတော့ မူမမှန်မှုတစ်ခုဆိုပေမဲ့ အဆင်ပြေနေခဲ့တာပဲလေ”

ဝမ်ဝေ့က သူ ဆိုလိုသည်ကို နားလည်လေ၏။ ဗုဒ္ဓဘာသာ၏ နာမည်နှင့် သဘာဝက အိန္ဒိယမှ ဇစ်မြစ်ဖြစ်သည့်အတွက် သူတို့ကလည်း ဤစကြဝဠာအတွင်း မူမမှန်မှုတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ဟွင်သွမ်းစကြဝဠာတစ်လျှောက်၌ သူတို့ကို အကျယ်တဝင့် လက်ခံကာ ကိုးကွယ်ကြသေးသည်။

“မင်းတို့မျိုးနွယ်က မင်းတို့ရဲ့ ဇစ်မြစ်ကို သိချင်မှာပဲပေါ့။ ရှာဖွေဖို့ မကြိုးစားကြည့်ဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။

“ကြိုးစားကြည့်တာပေါ့” မုန့်ခယ်က ပြန်ဖြေလိုက်သည်။

“ရလဒ်က ကျုပ်တို့က အားလုံးလိုမျိုး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ မွေးဖွားလာတာပဲ။ ကျုပ်တို့ရဲ့ ဓလေ့က တခြားသူတွေနဲ့ နည်းနည်းလေးလောက် သွေဖယ်သွားရုံပါ”

“ဆိုလိုတာက ဖွံ့ဖြိုးတိုးတက်မှုမှာ မူမမှန်မှုဆိုတာ မရှိဘူးပေါ့။ ဒီလိုမျိုး ဓလေ့သဘာဝကို အလိုလိုဆင့်ကဲပြောင်းလဲလာတာမျိုးပေါ့”

“ဟုတ်တယ်” မုန့်ခယ်က ခေါင်းညိတ်လိုက်၏။

“နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ မသိလိုက်ဘဲနဲ့ လွှမ်းမိုးခံလိုက်ရတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်စဉ် မုန့်ခယ်က သူ့အား ချီးကျူးကာ ကြည့်လိုက်သည်။

“ကျုပ်တို့တွေလည်း တခြားဟွင်သွမ်းအရင်းအမြစ်ကမ္ဘာက လူအများစုက အဲ့လိုမျိုး ဆင့်ကဲပြောင်းလဲလာတာကို သိပြီးတဲ့နောက်မှာ ကောက်ချက်ချခဲ့ကြတယ်။ သူတို့တွေက အသေးအဖွဲအပြောင်းအလဲလေးတွေနဲ့ တူညီတဲ့ ဓလေ့တွေ ဖွံ့ဖြိုးတိုးတက်လာတာလေ”

ဝမ်ဝေ့က ထိုအခြေအနေကို စဉ်းစားလိုက်၏။ သူက ဗုဒ္ဓဘာသာနှင့် လူရိုင်းမျိုးနွယ်၏ ဇစ်မြစ်ကို စိတ်ဝင်စားနေမိပြီး သူတို့က သမိုင်းမတိုင်မီကမ္ဘာနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေရမည်ဖြစ်ကြောင်း ယုံကြည်ထားသည်။ မဟာတာအိုက ထိုကိစ္စတွင် ပါဝင်ပတ်သက်နေလိမ့်မည်ဟု ယုံကြည်ထား၏။

“ကောင်းပြီလေ။ ဖြေပေးတာ ကျေးဇူးပဲ” ဝမ်ဝေ့က သူသည် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သို့ မရောက်မချင်း ထိုကိစ္စများ၏ အဖြေကို မရနိုင်ကြောင်း သိထားလေ၏။ ထိုအခါ ဟုန်ကျွင်းဆီ မေးပြီး အဖြေတိုက်ရိုက်ရဖို့ ခက်ခဲမည်မဟုတ်ပေ။

“ကောင်းပြီလေ။ ကျုပ်ရော မေးခွန်းတစ်ခု မေးလို့ရမလား” မုန့်ခယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မေးပါ”

“ခင်ဗျားရဲ့ တိုက်ခိုက်ရေးဉာဏ်ရည်က ဘာလို့အဲ့လောက်မြင့်နေရတာလဲ။ ခင်ဗျား တိုက်ခိုက်တဲ့ဟာက ပါရမီတစ်ခုတည်းရဲ့ ရလဒ်ကြောင့်တော့ မဟုတ်ဘူး။ ကြည့်ရတာ တိုက်ပွဲသန်းပေါင်းများစွာကို တွေ့ကြုံခံစားရသလိုမျိုးပဲ။ ဒါပေမဲ့ ကျုပ်ခန့်မှန်းမိသလောက် ခင်ဗျားက ကောင်းကင်ဘုံအဆင့်ပဲ။ ဒါပေမဲ့ အရမ်းကိုငယ်လွန်းသေးတယ်။ ဘယ်လိုလုပ် အဲ့တာဖြစ်နိုင်မှာလဲ”

“အတော်လေးကို လေ့လာမှုအားကောင်းတာပဲ” ဝမ်ဝေ့က လက်ကိုမြှောက်ပြီး အဆောင်တစ်ခု ဖွဲ့စည်းကာ ပြောလိုက်သည်။

“ဒါကို လက်ဆောင်အဖြစ် မှတ်လိုက်ပေါ့”

“အိပ်မက်တိုက်ခိုက်ရေးလား” မုန့်ခယ်က ထိုအထဲမှ သတင်းအချက်အလက်များကို အာရုံခံမိကာ ရေရွတ်လိုက်သည်။ သူက မျက်လုံးကို မှိတ်လိုက်ပြီး  ငါးမိနစ်ကြာမြင့်ပြီးသည့်နောက် ပြန်လည်ဖွင့်လိုက်၏။ ထိုစွမ်းအားက စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။

“ကျေးဇူးပါ”

သူက အလေးအနက် ပြောလိုက်သည်။

သူက တစ်ချိန်လုံး တိုက်ခိုက်မနေနိုင်သည့်အတွက် ဤအရာကား သူ့လိုလူမျိုးအတွက် ပိုမိုကြီးမားသည့် လက်ဆောင်ဟူ၍ မရှိတော့ပေ။

“ကိစ္စမရှိပါဘူး”

“ကျုပ်လိုမျိုး တိုက်ခိုက်ရတာကို သဘောကျတဲ့သူ ရှိလိမ့်မယ်လို့ ထင်မထားမိဘူး” မုန့်ခယ်က ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဒီလိုမျိုး ပြောင်မြောက်တဲ့ နည်းလမ်းမျိုးကို ဘာလို့ အရင်က မတွေးခဲ့မိပါလိမ့်”

“ငါ တစ်ယောက်တည်း ဖန်တီးထားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တိုက်ခိုက်ရေးပညာရပ်ကို သဘောကျကြရုံပါပဲ”

“အော် တခြားသူရှိသေးတာပဲ။ သူနဲ့ တွေ့လို့ရမလား”

“သူက ဒိုင်မေးရှင်းအနိမ့်မှာပဲ ရှိသေးတယ်။ အခုထိ မတက်လှမ်းလာလောက်သေးဘူး”

“နှမြောစရာပဲ။ ဒါပေမဲ့ သူ တက်လှမ်းလာတဲ့အခါ ကျုပ်ကို သတိပေးဦး။ သူ့အတွက် ပွဲအကြီးကြီးနဲ့ ကြိုဆိုပေးမယ်”

“ကိစ္စမရှိဘူး”

နှစ်ဦးသားက စကားစမြည်ပြောပြီးသည့်နောက်တွင် အစည်းအဝေးကို သွားလိုက်ကြ၏။ ပြင်ပလောကက လူရိုင်းဘုရင်၏ ရှုံးနိမ့်မှုကြောင့် အံ့အားသင့်နေသော်လည်း ထိုအမျိုးသားကမူ သူ့ဧရာမကုတင်းကြီးပေါ် ဇနီးဘေးတွင် လဲလျောင်းရင်း စကားပြောနေလေ၏။

“မင်းရော ဘယ်လိုထင်လဲ”

“ကံကြမ္မာကနေ မျက်နှာသာပေးခံရတဲ့သူကပဲ ရှင့်ကို အနိုင်ယူနိုင်မှာ” တုကွန်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက မေးလိုက်သည်။

“သူ့နာမည်က ဝမ်ဝေ့လို့ ပြောတယ်မလား”

“ဟုတ်တယ်လေ။ ဘာလို့လဲ”

“သူက ဝမ်မျိုးနွယ်ကလို့ ထင်လား”

“အင်း ဒါက ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဝမ်မျိုးရိုးက ပုံမှန်မျိုးရိုးပဲလေ”

“အဲဒါက ဖြစ်နိုင်တယ်လို့ ထင်လား။ သူက ဝမ်မျိုးနွယ်ကဖြစ်လို့ ဒီလောက်တောင် ပါရမီထူးကဲနေပြီးတော့ ကြမ္မာအမြောက်အများလည်း ရှိနေတာများလား …  ပြီးတော့ အဲဒီကံကြမ္မာအတွက် ရွေးချယ်ခံထားရသေးတယ်။”

“မင်း ပြောတာ ဟုတ်သားပဲ” မုန့်ခယ်က ခေါင်းညိတ်လိုက်၏။

“ဒီလိုဆိုရင် ငါတို့ရဲ့ မဟာမိတ်က ကမ္ဘာတွေကို အနိုင်ပိုင်းပြီးတဲ့နောက်မှာ အဆုံးသတ်ပစ်ဖို့ မလိုဘူး။ သက်ဆိုင်ရာအင်အားစုတွေနဲ့ ထပ်ပြီးတော့ မဟာမိတ် ဖွဲ့လို့ရတယ်”

“ရှင် သေချာရဲ့လား။ ကျွန်မတို့ အကြီးအကဲတွေက ကြားနေကိုပဲ တန်ဖိုးထားကြတာလေ” တုကွန်းက ပြောလိုက်သည်။

“တော်တော်များများက ကပ်ပါးတွေကို ဖယ်ရှားလိုက်တာနဲ့ ကမ္ဘာကြီးက အာဏာရှင် ၁၃ယောက် အုပ်ချုပ်တဲ့ ကာလကို ပြန်ရောက်သွားမယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ အဲဒီသူတွေက နေမင်းနှစ်စင်းကနေ အခြေအနေကို ချိုးဖောက်ပြီးသွားပြီဆိုတာကို သတိမထားမိကြဘူး။ ရောက်ရှိလာမဲ့ ခေတ်ကာလက အရင်လို ဖြစ်မှာ မဟုတ်ဘူး။ ပြီးတော့ ကစားပွဲအသစ်ကို ပြန်လည်တည်ထောင်ဖို့ ယှဉ်ပြိုင်မှုတွေ ရှိလာလိမ့်မယ်။ သူတို့နဲ့ တူညီတဲ့ အဆင့်ကို ရောက်ရှိတဲ့သူတိုင်းက ကစားသမား ဖြစ်လာလိမ့်မယ်” မုန့်ခယ်က ပြောလိုက်သည်။

“ဒါပေမဲ့ အဲ့လိုကျင့်ကြံဆင့်မျိုးကို ရနိုင်မှာမလို့လား” တုကွန်းက မေးလိုက်သည်။

“အဲဒီနှစ်ယောက်က အပြင်လူတွေနဲ့ တူတယ်”

ထို့ကြောင့် ထိုဖြစ်ရပ်တွင် ပါဝင်ဆင်နွှဲခဲ့သည့် ထိပ်တန်းစံပြများနှင့် အင်အားကြီးပုဂ္ဂိုလ်များထဲတွင် နှစ်ယောက်သာ အသက်ရှင်ကျန်ခဲ့၏။

“ပထမဖြစ်တာက အခက်ခဲဆုံးဆိုတာပါပဲ” ဝမ်ပေါင်လဲ့က မှတ်ချက်ပေးလိုက်သည်။

“အခု အားလုံးက ဖြစ်နိုင်မှန်း သိပြီဆိုတော့ အောင်မြင်တဲ့သူကို လေ့လာပြီးတော့ ပြန်ပြီးဖန်တီးဖို့ ပိုပြီး လွယ်ကူတယ်လေ။ ပိုပြီးအရေးကြီးတာက အဲဒီပါဝင်ယှဉ်ပြိုင်တဲ့သူတွေက တစ်ခုခု မသင်ယူဘဲ နေမယ်လို့တော့ မထင်ဘူး” မုန့်ခယ်က သူ့အနာဂတ်အကြောင်း စဉ်းစားကာ ပြောလိုက်သည်။ သူက ခန္ဓာကိုယ်နှင့် စိတ်ဆန္ဒပေါင်းစည်မှုကို ပြီးပြည့်စုံသွားသည်နှင့် ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ကာ မငြိမ်းသက်နိုင်ဖွယ်စံပြ ဖြစ်လာလိမ့်မည်။ သူ့ပါရမီနှင့် မျိုးနွယ်၏ ထောက်ပံ့မှုတို့ဖြင့် သူသည် ရှေးဦးစံပြဟူသော ဂုဏ်ပုဒ်ကို ရယူဖို့ရာ ယုံကြည်ချက် အပြည့်အဝရှိ၏။ ထို့ကြောင့် သူ့အမြင်က ကျယ်ပြန့်ကာ စံပြအနောက်မှ အဆင့်ကို မျှော်မှန်းနေမိသည်။

“ရှင် ပြောတာဟုတ်တယ်” တုကွန်းက ခေါင်းညိတ်လိုက်၏။

နှစ်ဦးသားက အနာဂတ်အကြောင်း ဆွေးနွေးခဲ့ကြသည်။ နောက်တစ်ရက်၌ သူတို့က ညှိနှိုင်းခဲ့ကြ၏။ သူတို့ကို အံ့အားသင့်သွားစေသည်က ဝမ်ဝေ့သည် စာချုပ်နှင့် ပတ်သက်ပြီး တင်းကြပ်မှုများ မရှိပေ။ ထို့ကြောင့် ညှိနှိုင်းသူဖြစ်သည့် တုကွန်းကိုပင် မျက်မှောင်ကြုတ်သွားစေ၏။

ဝမ်ဝေ့က မုန့်ခယ်၏ အကျင့်စရိုက်ကို ကောင်းကောင်းသိထားသည့်အတွက် ထိုသူက သစ္စာရှိကာ  သေမည်ဆိုလျှင်ပင် စကားကို ထိန်းသိမ်းမည့်သူဖြစ်ကြောင်း ယုံကြည်သည်။ ထို့ကြောင့် သူက ထိုဆွေးနွေးမှုမှတဆင့် လိုက်လျောခြင်းဖြင့် သူ့ဆွဲဆောင်မှုကို ပြသခဲ့သည်။ ဤသည်က သူ့ယုံကြည်မှုကို ပြသပြီး မုန့်ခယ်လိုမျိုး ပါရမီရှင်တစ်ယောက်အတွက် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို ဖန်တီးဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်၏။

“အရာအားလုံးကို ညှိနှိုင်းပြီးသွားပြီဆိုတော့ နောက်အဆင့်ကို ဆွေးနွေးရအောင်” ဝမ်ဝေ့က ကြေညာလိုက်သည်။ သူတို့သုံးဦးက ဤနေရာအကြောင်း သတင်းအချက်အလက်များကို ဖလှယ်ကြပြီး ရိုးရှင်းသည့် အစီအစဉ်က ဝမ်ဝေ့က မျှော်နန်းဆောင်များနှင့် တာဝန်ယူဖြေရှင်းစဉ် မုန့်ခယ်က နတ်ဆိုးများကို တာဝန်ယူလိုက်သည်။ ထို့နောက် သူတို့က အတူတကွ ပေါင်းစည်းပြီး အဖွဲ့များကို နှိမ်နင်းကာ ရက်စက်ခြင်းဘုရင်နှင့် လျှို့ဝှက်သခင်တို့ကို ရင်ဆိုင်မည်ဖြစ်၏။

အားလုံးက သူတို့၏ သက်ဆိုင်ရာ ကဏ္ဍများရှိသည်နှင့် သူတို့က စတင် အကောင်အထည်ဖော်လိုက်ကြသည်။ ဝမ်ဝေ့က အမှောင်တိမ်တိုက် မျှော်နန်းဆောင်ဆီ ပြန်သွားစဉ် မုန့်ခယ်ကမူ အဆိပ်နတ်ဆိုးဆီ သွားရောက်လည်ပတ်ခဲ့သည်။ သူ့ပဏာမဇနီးသည် တုကွန်းကမူ ၇၃ ရာခိုင်နှုန်းရှိထားသည့် ထာဝရကောင်းကင်ဘုံအဆင့် တစ်ယောက် ဖြစ်လေသည်။ သူမက ရုပ်သေးရုပ်နတ်ဆိုးနှင့် သွားရောက်တွေ့ဆုံခဲ့၏။

ဝမ်ဝေ့က အမှောင်တိမ်တိုက် မျှော်နန်းဆောင်၏ မြူထဲ တိတ်တဆိတ် ပြန်ရောက်လာစဉ် လူတချို့က သူ့အား စောင့်ဆိုင်းနေလေ၏။ သူတို့က သူ့အား တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြောလိုက်သည်။

“အခြေအနေ ဘယ်လိုလဲ”

“ကျွန်မတို့တွေ စည်းကမ်းထိန်းသိမ်းရေးခန်းမကို ထိန်းသိမ်းပြီးသွားပါပြီ” သေးငယ်သည့် လုပ်ကြံသတ်ဖြတ်သူ အမျိုးသမီးက ပြောလိုက်သည်။

“ဒါပေမဲ့ မျှော်နန်းဆောင်ရဲ့ အားအကောင်းဆုံးအဖွဲ့ဝင်တွေက အမှောင်မြူခိုးလုပ်ကြံသူတွေပဲ။ သူတို့က မျှော်နန်းသခင်အောက်မှာ ခစားကြတာ။ ကျွန်မတို့က သူတို့နဲ့ မရင်းနှီးတော့ သူတို့ကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“မင်းတို့ လုပ်ခဲ့တာက ကောင်းပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“တခြားရှိသေးလား”

“မျှော်နန်းသခင်က ကျွန်မတို့ရဲ့ လှုပ်ရှားမှုကို သံသယဖြစ်လောက်တယ်”

“သံသယ ဖြစ်လောက်တယ်တဲ့လား”

“သူက အမြဲတမ်း သံသယဖြစ်လေ့ ရှိတယ်” ထိုအမျိုးသမီးက ရှင်းပြလိုက်သည်။ သံသယက ဤအလုပ်နှင့် ပတ်သက်နေသည့်အတွက် အံ့အားသင့်စရာတော့ မဟုတ်ပေ။

“ဒါပေမဲ့ နောက်ပိုင်းမှာ သူက နည်းနည်းလေး ဝရုန်းသုန်းကား ဖြစ်နေသလိုပဲ”

“သူက သံသယရှိတယ်ဆိုရင်လည်း ကိစ္စမရှိဘူး။ ငါတို့တွေ အဲဒီအချက်နဲ့ လှုံ့ဆော်ပေးလို့ရနိုင်တယ်” ဝမ်ဝေ့စိုးရိမ်သည့် တစ်ခုတည်းသော ပြဿနာက ပုန်းအောင်းနေသည့် မျှော်နန်းသခင် ထွက်ပေါ်လာပြီး သူ့အား အချိန်ဖြုန်းတီးစေမည်ကို ဖြစ်သည်။

All Chapters