← Chapters

စမ်းသပ်ခံပစ္စည်း

Vol. 88 Ch. 1232

စမ်းသပ်ခံပစ္စည်း

Vol. 88 Ch. 1232

အမှောင်တိမ်တိုက် မျှော်နန်းသခင်က သူ့မျှော်နန်း၏ ၁၃လွှာမြောက်တွင် ရပ်နေပြီး မြို့ကို စောင့်ကြည့်နေသည်။ သူ့ဝန်းကျင်တွင် မြူများ လွှမ်းခြုံထားသော်လည်း အာရုံခံစားမှုကောင်းသည့်သူတိုင်းက သူ၏ ဂဏှာမငြိမ်ဖြစ်နေသည်ကို ခံစားမိလိမ့်မည်။ သူက မြို့ထဲ၌ တစ်စုံတစ်ခုကို ရုတ်ချည်း ခံစားမိသွားလေ၏။

ထိုအရာက ခေတ္တမျှ ဖြစ်ကာ ချက်ချင်းပျောက်ကွယ်သွားသော်လည်း သူ့လူထဲမှ တစ်ယောက်အား သူတို့မရှိသင့်သည့်နေရာ၌ အာရုံခံမိလိုက်သည်။

ငါ မှန်နေတာလား။ ငါ့လူတွေဆီမှာ တစ်ခုခု ဖြစ်နေတာလား…

သူက ချက်ချင်းစစ်ဆေးကြည့်ဖို့ ပထမဆုံးအလိုလိုသိစိတ်ကို ခုခံလိုက်ပြီး အမှောင်မြူခိုး လုပ်ကြံသူများကို ဆင့်ခေါ်ဖို့ ဆက်သွယ်ရေးအဆောင်တစ်ခု ပို့လွှတ်လိုက်သည်။

တစ်စက္ကန့်ပင် မကြာသေးဘဲ မြူခိုးအရိပ်များစွာက သူ့နောက်တွင် ပေါ်ထွက်လာလေ၏။

“သခင်” သူတို့က ပြိုင်တူပြောလိုက်ကြသည်။

“တချို့ကြွက်တွေက ငါတို့အဖွဲ့ထဲမှာ လာပြီးတော့ ကျူးကျော်နေတယ်။ သူတို့ကို ဖယ်ရှားပစ်ရအောင်” မျှော်နန်းသခင်က အမိန့်ပေးလိုက်သည့်အခါ အဖွဲ့က ပြန်ဖြေလိုက်ကြ၏။

“အမိန့်အတိုင်းပါ”

အားလုံးက သူတို့၏ နေရာမှ ပျောက်ကွယ်သွားကြ၏။ မျှော်နန်းသခင်က သေမျိုးများသာ နေထိုင်လေ့ရှိသည့် အဆိုးဆုံးနေရာဖြစ်သည့် မြေအောက်အိမ်တစ်လုံးဆီ ဦးဆောင်ခေါ်သွားသည်။

ဒီနေရာကို ရွေးချယ်ထားသည့်သူက နေရာကောင်းကို တကယ်ကို ရွေးထားတာပဲ။ ဒီလျှို့ဝှက်စခန်းရဲ့ ကာကွယ်မှုကလည်း တော်တော်လေး ကောင်းမွန်တယ်။

မျှော်နန်းသခင်က နှာခေါင်းရှုံ့ကာ တွေးလိုက်သည်။  သူနှင့် ဆန့်ကျင်၍ သူ့လူများကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်သည့် သူဆီမှ များစွာ မျှော်လင့်ထား၏။ သို့သော်လည်း ထိုသူက မည်မျှပင် လုပ်ရည်ကိုင်ရည်ရှိစေကာမူ သို့မဟုတ် သူတို့နောက်တွင် မည်သူရှိနေစေကာမူ ထိုခြိမ်းခြောက်မှုကို တတ်နိုင်သမျှ မြန်မြန်ရှင်းထုတ်ပစ်ရမည်။

မျှော်နန်းဆောင်ထဲက တစ်ခုဖြစ်ဖို့ မျှော်လင့်တယ်။ အဲဒါမှ ဒီဟာကို အကြောင်းပြချက်အနေနဲ့ သုံးပြီးတော့ သူတို့ဆီက အရင်းအမြစ်တွေကို ထုတ်ယူလို့ရမယ်…

တိမ်တိုက်မျှော်နန်းသခင်က သူ့လူများကို ချိုးဖောက်ဖို့ အမိန့်ပေးရင်း တွေးလိုက်၏။ ထင်ထားသည့်အတိုင်း အထဲရှိ လူများက ခုခံလာပြီး ဤစခန်း၏ အစီအရင်ဖြင့် သူတို့ကို တိုက်ခိုက်လာခဲ့သည်။ သို့သော်လည်း အမှောင်မြူခိုး လုပ်ကြံသတ်ဖြတ်သူများက မြင်တွေ့သမျှ အရာအားလုံးကို သတ်ဖြတ်ပစ်နေသည့်အတွက် အသုံးမဝင်ပေ။ ထိုလူအများစုက အားနည်းကြသည့်အတွက် မြို့ထဲ ဝင်ရောက်လာသည့်အခါ ကျင့်ကြံဆင့် မြင့်မားသူများကို အာရုံခံမိဖို့ ပိုမိုလွယ်ကူသည်က သာမန်သာ ဖြစ်၏။

တစ်ခုခုတော့ မဟုတ်သေးဘူး

မျှော်နန်းသခင်က တွေးလိုက်မိသည်။ ကိစ္စတွေက ထင်ထားသည်ထက် ပိုမိုချောမွေ့နေ၏။ သူက သူ့လူများအား ဂရုစိုက်ဖို့ အမိန့်ပေးလိုက်ပြီးသည့်နောက်တွင် သူတို့ရောက်လာကတည်းက ကြီးကြီးမားမား တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ကို ခံစားမိနေ၏။ သို့သော်လည်း မျှော်နန်းသခင်က သူ့အထဲတွင် မြင်လိုက်ရသည့်အရာအတွက် ပြင်ဆင်မထားနိုင်ပေ။ ခဲဖြူရောင်ဆံပင်နှင့် မျက်ဝန်းရှိထားသည့် ရုပ်ချောချောအမျိုးသားတစ်ဦးက သူ့ကို စောင့်ဆိုင်းနေပြီး သူ့စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အဖွဲ့ဝင်အားလုံးကလည်း ထိုသူ့အနောက်တွင် ရပ်နေကြသည်။

အမှောင်တိမ်တိုက် မျှော်နန်းသခင်က ဤသည်က ထောင်ချောက်တစ်ခုဖြစ်မှန်း သဘောပေါက်သွားကာ ထွက်သွားလိုသော်လည်း နောက်ကျလွန်းသွားခဲ့သည်။ သူ့အံ့ဖွယ်အသိစိတ်က ဤအခန်းသည် ယခုအခါ အလားအလာကောင်းသည့် အစီအရင်များဖြင့် ထွက်ခွာမှုကို ပိတ်ဆို့ထားပြီး သီးခြားပိုင်းခြားထားသည့် ဒိုင်မေးရှင်းတစ်ခုအတွင်း ရှိနေသည်ကို ပြောပြနေ၏။ ထို့နောက် သူက စိတ်ငြိမ်ငြိမ်ထားကာ တစ်ဖက်သူနှင့် ရင်ဆိုင်လိုက်သည်။

“မင်းက ဘယ်သူလဲ”

ဝမ်ဝေ့က သူ့ကို ပြန်မဖြေဘဲ အမှောင်တိမ်တိုက် မျှော်နန်းသခင်နှင့် အမှောင်မြူခိုး လုပ်ကြံသတ်ဖြတ်သူများအား တိုက်ရိုက်ကြည့်လိုက်သည်။

“ခင်ဗျားဆီမှာ ရှားပါးတဲ့ အမှောင်မြူခိုးချီ ရှိတာပဲ။ အဲဒါက ချီကို တခြားသူတွေနဲ့ မျှဝေပြီးတော့ လုပ်ကြံသတ်ဖြတ်ရေးနဲ့ ဆိုင်တဲ့ အရည်အချင်းတွေကို တိုးမြှင့်ပေးပြီး ဗဟုသုတနဲ့ သတင်းအချက်အလက်တွေကိုပါ ဝေမျှထားနေတာပဲ။ ဒီချီရဲ့ ပင်မကိုင်ဆောင်သူက ဒုတိယကိုင်ဆောင်သူတွေအပေါ်မှာ အကြွင်းမဲ့ထိန်းချုပ်မှု ရှိတယ်။ သူတို့က သူနဲ့ ပြီးပြည့်စုံစွာ သဟဇာတဖြစ်နေပြီးတော့ သူတို့ရဲ့ စိတ်ကိုလည်း ဖတ်ရှုနိုင်တယ်။ အဲဒါဆိုတော့ ခင်ဗျားရဲ့ အတွင်းကမ္ဘာထဲမှာ နေထိုင်တဲ့ ဖန်ဆင်းမှု သက်ရှိတွေနဲ့ အမှောင်မြူခိုးချီကို ဝေမျှထားတာ ဉာဏ်ရှိတာပဲ။ ခင်ဗျားကို စွမ်းရည်အမျိုးမျိုးနဲ့ စွမ်းအားတွေပါ ရလာစေတယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် မှတ်ချက်ပေးလိုက်၏။

“ဒါပေမဲ့ ခင်ဗျားရဲ့ ချီက ရှားပါးပြီး ဘယ်လောက်ပဲ အသုံးဝင်ဝင် ဒါက ခင်ဗျားကို စိတ်ဝင်စားရတဲ့ အကြောင်းအရင်း မဟုတ်သေးဘူး။ ခင်ဗျားက တန်ဖိုးရှိတယ်လို့ ထင်တဲ့အချက် မဟုတ်သေးဘူး”

ဝမ်ဝေ့က ဇာ့ဂ်အသိဝေမျှရေး အစီအစဉ်ကြောင့် အကြည့်များ တောက်ပလာသည်။ အမှောင်မြူခိုးချီက အနာဂတ်တွင် ထိုသို့သော သက်ရှိမျိုးကို ဖန်တီးဖို့ရာအတွက် ပြောင်မြောက်သည့် အချက်အလက်စုဆောင်းရေး နည်းလမ်းတစ်ခု ဖြစ်၏။

အမှောင်တိမ်တိုက် မျှော်နန်းသခင်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။ သူ့အလိုလိုသိစိတ်က ထိုအမျိုးသားသာ သူ့ကို ဖမ်းမိသွားပါက ထိုသို့ဆိုးရွားမည့်အနာဂတ်အကြောင်း သတိပေးနေသည်။ သူက သူ့လူများနှင့် လျှို့ဝှက်ဆက်နွယ်မှုကို အသုံးပြုကာ တိုက်ခိုက််ဖို့ အမိန့်ပေးလိုက်၏။ ထို့ကြောင့် မြူခိုးလုပ်ကြံသူများက သူတို့၏ အရည်အချင်း သို့မဟုတ် နည်းစနစ်များကို ချက်ချင်းအသက်သွင်းလိုက်ကြသည်။ သူတို့တွင် နှမြောဖို့ကောင်းသွားစေသည်က ထိုအရာက အသုံးမဝင်ခဲ့ပေ။

ကံကြမ္မာမြစ်ကြောင်း၏ ပုံရိပ်ယောင်က သူတို့အခန်းအတွင်း ပေါ်ထွက်လာကာ ကြိုးမျှင်များစွာ ထုတ်လွှတ်လာကာ ထိုလုပ်ကြံသတ်ဖြတ်သူများဆီ ဝင်ရောက်သွားကာ ဖြစ်စဉ်ကို ရပ်တန့်လိုက်သည်။ မျှော်နန်းသခင်က သူ့လူများနှင့် ဆက်နွယ်မှု အတင်းအကြပ် ဖြတ်တောက်ခံလိုက်ရသည်ကို မြင်သည့်အခါ အမူအရာ ပျက်ယွင်းသွားလေ၏။ သူက အလျင်အမြန် စိတ်ငြိမ်အောင်ထိန်းကာ ဖြေရှင်းနည်းကို စဉ်းစားလိုက်သည်။ ထို့နောက် သူက အတွင်းကမ္ဘာထဲမှ ဖန်ဆင်းမှုသက်ရှိတွေကို အသုံးပြုခြင်းနှင့် အဆုံးသတ်သွားလေ၏။

သူက တာအိုအုပ်ချုပ်သူဖြစ်သည့်အတွက် ထိုသူများအား သူ့ကမ္ဘာမှ ထွက်သွားဖို့ ခွင့်မပြုနိုင်သော်လည်း သူ့ထူးကဲသည့် ချီက သူ့ကို သေချာသည့် အနေအထားတစ်ခုထိ ခွင့်ပြုပေးထားသည်။

လေဟာနယ်ချိုးဖောက်ခြင်း

အမှောင်တိမ်တိုက် မျှော်နန်းသခင်က အခန်းအတွင်း ပေါ်ထွက်လာကာ ပါရမီရှင်တစ်ယောက်ကို ရွေးပြီး သူ့အား အခြေအနေမှ လွတ်မြောက်ဖို့ ကူခိုင်းခဲ့သည်။ သူ့အတွက် ကံဆိုးသွားသည်က သူသည် နောက်စက္ကန့်ကြာပြီးသည့်နောက်တွင်လည်း တူညီသည့် အခန်းအတွင်း၌သာ ပေါ်ထွက်လာလေ၏။ ဝမ်ဝေ့က သူ့ရှေ့၌ ပေါ်ထွက်လာကာ လက်သီးဖြင့် ထိုးချလိုက်သည်။

အမှောင်တိမ်တိုက် မျှော်နန်းသခင်က ဤသို့အခြေအနေဖြစ်နေသော်လည်း တန်းအရေးနိမ့်ခြင်း မရှိပေ။ သူက သူ့ခန္ဓာကိုယ်ကို အပြာရောင်ကျောက်တုံးအဖြစ် ပြောင်းလဲပြီး ဝမ်ဝေ့၏ လက်သီးချက်ကို အောင်အောင်မြင်မြင် တားဆီးလိုက်နိုင်သည်။ သို့သော်လည်း ဤသည်က သူ့စွမ်းရည်၏ အကန့်အသတ်ဖြစ်ပြီး တိုက်ပွဲ၏ အဆုံးသတ် ဖြစ်ပေသည်။ သူ့ခန္ဓာကိုယ်က ဝမ်ဝေ့၏ လက်သီးချက်နှင့် ထိတွေ့သွားသည်နှင့် သူ့အမူအရာက ပြောင်းလဲသွားလေသည်။

အကြောင်းအရင်းကမူ အားကောင်းသည့် ချိတ်ပိတ်မှုတစ်ခုက သူ့အတွင်းကမ္ဘာကို လွှမ်းခြုံသွားပြီး သူ့စွမ်းအားကို ပိတ်ဆို့လိုက်၍ ဖြစ်၏။

မျှော်နန်းသခင်က ထိုချိတ်ပိတ်မှုကို ခုခံဖို့ ကြိုးစားခဲ့ပြီး ဆက်လက် တိုက်ခိုက်လိုက်သည်။ သို့သော် ဝမ်ဝေ့က ဝိညာဉ်တိုက်ပွဲကို အသုံးပြုကာ သူ့ကို သတိမေ့အောင် လုပ်လိုက်၏။

“ဟမ်” သူက ထိုသူများကို ကြည့်ရင်း ရေရွတ်လိုက်၏။

ငါ့ရဲ့ ဇာ့ဂ်သာ ဒီလိုလွယ်လွယ်ကူကူ ဖြေရှင်းလို့ရတယ်ဆိုရင်တော့ ဆိုးရွားသွားပြီ…

အထူးသဖြင့် သတင်းအချက်အလက် ဆက်သွယ်ရေးစနစ်ကြောင့်ပေါ့…

ငါ ဆက်သွယ်ရေးစနစ်အတွက် သေးငယ်ပြီးတော့ သီးသန့်ကွဲထွက်နေတဲ့ ကံကြမ္မာမြစ်ကြောင်းကို တည်ဆောက်သင့်တယ်။ အဲဒါက လူအများစု ဝင်စွက်ဖက်တာကို ကာကွယ်ပေးလိမ့်မယ်…

ဝမ်ဝေ့က သူ အစီအစဉ်ကို သဘောကျသည့်အတွက် ခေါင်းညိတ်လိုက်၏။ သို့သော်လည်း ထိုအရာက အတွေးလွန်နေခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။ သူက ထိုအစီအစဉ်ကို အကောင်အထည်မဖော်ခင် ရှေ့ဆက် လျှောက်လှမ်းရမည့် အရည်အချင်း ရှိနေသေး၏။

“နောက်တစ်ဆင့်ဆီ သွားလိုက်ရအောင်” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။ အမှောင်တိမ်တိုက်မျှော်နန်းဆောင်ကို ထိန်းချုပ်မှုအောက်တွင် ထားရှိရင်းဖြင့် ဝမ်ဝေ့က ကျန်ရှိနေသည့် ၂၀ရာခိုင်နှုန်းကို ပစ်မှတ်မထားခင် ၈၀ရာခိုင်နှုန်းကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

မျှော်နန်းဆောင်က လုပ်ကြံသတ်ဖြတ်ရေးတာဝန်များအတွက် ကိုယ်ပိုင်လူများ ရှိ၏။ သို့သော်လည်း မျှော်နန်းသခင်က ဉာဏ်ရှိသူဖြစ်သည့်အတွက် သူ့အရေအတွက်ကို ချဲ့ထွင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပြီး သူ့စွမ်းအားကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူက လုပ်ကြံသတ်ဖြတ်ရေးခန်းမကို အတွင်းခန်းမနှင့် ပြင်ပခန်းမဟူ၍ ခွဲထားခဲ့သည်။ အတွင်းခန်းမက အမှောင်မြူခိုး လုပ်ကြံသတ်ဖြတ်သူများနှင့် သူနှင့် နီးကပ်သူများအတွက်ဖြစ်ကာ ပြင်ပခန်းမကမူ လုပ်ကြံသတ်ဖြတ်သူများအဖြစ် ခစားသည့် ပြင်ပလူများကို ခေါ်ထားသည်။

လုပ်ကြံသတ်ဖြတ်ရေးခန်းမကို ဝင်ရောက်သည့်သူတိုင်းက သူတို့သည် တာဝန်ကို ပြီးမြောက်ကာ အရင်းအမြစ်နှင့် လဲလှယ်နိုင်ကြသည်။ မျှော်နန်းဆောင်က ပါရမီထူးကဲသည့်သူများကို အတွင်းခန်းမဆောင်သို့ ဝင်ရောက်ဖို့ ဖိတ်ကြားခဲ့လေ၏။ ထိုခန်းမက လူသစ်စုဆောင်းရေး နည်းလမ်းတစ်ခု ဖြစ်ပေသည်။

ဝမ်ဝေ့က မျှော်နန်းသခင်ကို ထိန်းချုပ်ပြီး အထွတ်အထိပ် ဆင့်ခေါ်မှုကို အသက်သွင်းလိုက်သည်။ ထိုအရာက ပြင်ပအဖွဲ့ဝင်အားလုံးကို အရေးကြီးအစည်းအဝေး တက်ဖို့ရာအတွက် ခေါ်ဆိုသည့် ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်၏။ ထိုအရာက ပြင်ပခန်းမ၌သာ လုပ်ပိုင်ခွင့်ရှိပြီး ထိုခေါ်ဆိုမှုကို ငြင်းဆိုသည့်သူတိုင်းက သူတို့၏ ဇစ်မြစ်ကို လက်လျှော့ရလိမ့်မည်။

အခြေအနေအပေါ်မူတည်၍ ထိုသူများက စည်းမျဉ်းမဲ့ဇုန်တစ်ခုလုံးထဲတွင် နာမည်ပျက် စာရင်းသွင်းခံရနိုင်ချေ ရှိသည်။

ထိုဆင့်ခေါ်မှုဖြင့် သံလိုမျိုး နိမ့်ကျသည့် လုပ်ကြံသတ်ဖြတ်သူများနှင့် ရွှေလိုမျိုး မြင့်မားသည့် လုပ်ကြံသတ်ဖြတ်သူများက အမှောင်တိမ်တိုက် မျှော်နန်းဆောင်ဆီ ရောက်ရှိလာကြသည်။ နှမြောစရာကောင်းလှစွာဖြင့် သူတို့က ကျားဂူထဲ ဝင်ရောက်သလိုမျိုး ဖြစ်နေလေ၏။ ဝမ်ဝေ့က သက်ညှာမှုမပြဘဲ ထိုသူများကို ထိန်းချုပ်ကာ သူ့လက်အောက် ထည့်သွင်းခဲ့သည်။ အရာအားလုံး ထိန်းချုပ်ပြီးသည်နှင့် သူက အစိမ်းရောင်မြေကမ္ဘာ မျှော်နန်းဆောင်ဆီ ဦးတည်တော့မည့်ဆဲဆဲတွင် မုန့်ခယ်ဆီမှ အဆောင်တစ်ခု လက်ခံရရှိလိုက်သည်။

“တစ်ခုခုဖြစ်လို့လား” ဝမ်ဝေ့က သတင်းအချက်အလက်ကို ဖတ်ရင်းဖြင့် သူက အာကာပြင်မုခ်ဝတစ်ခုကို ဖွင့်ကာ တစ်စုံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

…………………………………………

မုန့်ခယ်က ဂြိုလ်အသေးလေးဆီ သွားရောက်ခဲ့၏။ ကြည့်ရုံဖြင့်ပင် ထိုဂြိုလ်က လှပကာ ကောင်းကင်ဘုံတမျှ သာယာလှသည်။ သေမျိုးများက ပျော်ရွှင်နေပြီး စားသောက်ဖို့ အမြောက်အများရှိကာ ပျော်ရွှင်ကြသည့်ဘဝ၌ နေထိုင်နေကြ၏။ သို့သော်လည်း လူတချို့ကသာ ထိုအရာကို ပုံရိပ်ယောင်မှန်း သိကြလိမ့်မည်။ မုန့်ခယ်က မြူခိုးဖြင့် ဝန်းရံထားသည့် တောင်တစ်လုံးဆီ ရောက်ရှိသွားလေသည်။

သူ ရောက်ရှိလာသည့်အခါ တောင်ထိပ်ရှိ မြူခိုးများက ကင်းသွားပြီး နတ်ဆိုးနှင့်တူသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ သူမက ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေ၏။ သို့သော် သူမ၏ ဆံပင်က အတော်လေး မဲမှောင်နေသည်။

သူမက နှုတ်ခမ်းပေါ်တွင် အစိမ်းရင့်ရင့်အမှုန်များဖြင့် ဆိုးထားဟန်ပေါ်၏။ သူမ၏ ချွန်မြမြလက်သည်းတို့ကလည်း ခရမ်းရင့် ဖြစ်နေသည်။

အဆိပ်နတ်ဆိုးမက သူမ၏ ခရမ်းရောင်မျက်ဝန်းများဖြင့် တောင်အောက်သို့ လှမ်းကြည့်လိုက်သည်။

“လူရိုင်းဘုရင်လား။ ဘယ်လိုလုပ် ဒီရောက်လာတာလဲ” သူမက သူ့ကို အမှတ်ရသွားဟန်ဖြင့် မေးလိုက်သည်။

“ရှင် မနေ့က ရှုံးနိမ့်သွားတယ်လို့တော့ ကြားသားပဲ” သူမက အသံထဲတွင် လှောင်ပြောင်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

“ရှင့် ပြိုင်ဘက်ကို အနိုင်ယူဖို့ ကျွန်မဆီက အဆိပ်လာယူတာလား”

“ငါက အဲ့လိုလူမျိုးလို့ ထင်နေလား” မုန့်ခယ်က ပြန်လည်ချေပလိုက်၏။

“အဟုတ်ပဲ” နတ်ဆိုးမက ခေါင်းညိတ်လိုက်၏။

“အဲဒါဆိုတော့ ရှင် ဘာလာလုပ်တာလဲ။ ကျွန်မက ရှင့်ခန္ဓာကိုယ်လေ့ကျင့်ရေးအတွက် သက်ရောက်မှုရှိစေမဲ့ အဆိပ်မျိုးကို မဖန်တီးရသေးဘူး” သူမ၏ အသံထဲတွင် နောက်ဆုံးစကားမှ မျက်နှာပူမှုနှင့် စိတ်ပျက်မှုများ ပါဝင်နေလေ၏။

“ငါ အခု ခစားတဲ့ အရှင်အသစ်ရဲ့ ကိုယ်စားရောက်လာတာ” မုန့်ခယ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၍ နတ်ဆိုးမက မျက်မှောင်ကြုတ်လိုက်သည်။

“အညံ့ခံမှာလား။ ဒါမှမဟုတ်ဘူးဆိုရင် အတင်းအကြပ် ဖိအားပေးရမှာလား"

All Chapters