← Chapters

အခန်း (၁၂၄၉)

Vol. 90 Ch. 1249

အခန်း (၁၂၄၉)

Vol. 90 Ch. 1249

“ဝီ”

အလင်းတန်းအမျှင် အများအပြားသည် ပျောက်ကွယ်သွားကြသည်။

ကိစ္စမရှိပေ။ လူအများအပြားက ပုံသွင်းဓား၏တန်ဖိုးကို နားမလည်နိုင်ကြပေ။

နာရီဝက်အကြာတွင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။

“မြစ်ရေမြို့က ပုံသွင်းဓားရဲ့ သီးသန့်ထုတ်လုပ်ပိုင်ခွင့်အတွက် မူလဒင်္ဂါး သန်းနှစ်ရာကို ကမ်းလှမ်းလာပါတယ်”

“ဝီ”

အလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာသည်။

စာတန်းများကို မြင်နေရသည်။

သန်းတစ်ရာ ....

သန်းနှစ်ရာ ....

သန်းသုံးရာ ....

ဝူဟွားနှင့် မာနဉ်ယွမ်က မျက်လုံးပြူးနေပြီး ယုချန်တောက်ကို အားကျစွာကြည့်သည်။

“ညီအစ်ကိုယုက တကယ်ချမ်းသာလာတော့မှာပဲ ....”

မူပိုင်ခွင့်အတွက် ဈေးနှုန်းသည် အလွန်မြင့်မားနေသည်။ အနာဂတ်တွင် ပိုမိုများပြားသောဝင်ငွေကို ဆက်တိုက် ရနေလိမ့်မည်။

ထိုဖြစ်ရပ်မျိုးသည် အမှန်တကယ်ပင် ဖြစ်လာခဲ့သည်။

“အကြီးအကဲယု၊ ဆုံးဖြတ်လိုက်ပါ”

ထန်ယွမ်ကလည်း ယုချန်တောက်ကို အားကျစွာကြည့်သည်။

ထိုအဆင့်ခြောက် .... မဟုတ်သေးပေ အဆင့်ခုနစ် ပန်းပဲပညာရှင်က သဘောတူလိုက်လျှင် သူ့ထက် ပိုမိုချမ်းသာသော မူပိုင်ခွင့်ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်။

အလုပ်ရုံထဲတွင်ရှိသော လူတိုင်းက ယုချန်တောက်ကို ကြည့်လိုက်ကြသည်။

ယုချန်တောက်က ခေါင်းခါသည်။

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

“ခေါင်းဆောင်၊ ကျွန်တော့်ကိုယ်စား စီစဉ်ပေးပါ”

“အခု ကျွန်တော့်ခေါင်းထဲမှာ ဗလာဖြစ်နေတယ်။ ဘာကိုမှ မဆုံးဖြတ်နိုင်ဘူး”

ထိုစကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်လိုက်ကြသည်။

ထိုကြွယ်ဝမှုမျိုးက ရုတ်တရက် ရောက်လာသောကြောင့် မည်သူက စိတ်အေးအေး ထားနိုင်မည်နည်း။

“ကောင်းပြီ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အလင်းလွှာတွင်ရှိသော စာတန်းများကို ကြည့်လိုက်သည်။

“ရောင်းလိုက်တာ ပိုကောင်းလိမ့်မယ်”

‘ရောင်းရမှာလား’

‘ဘယ်လောက်ရမှာလဲ’

ယုချန်တောက်အပါအဝင် လူတိုင်းက နားမလည်နိုင်ကြပေ။

“ပုံသွင်းဓားက အဏုကြည့်မျက်လုံးနဲ့ လိုက်ဖက်ညီပေမဲ့ ရိုးရှင်းပြီး ပုံတူပွားဖို့ အရမ်းလွယ်တယ်”

လူတစ်ယောက်က ရှင်းပြသည်။

“အဲဒါကြောင့် ပိုက်ဆံမြန်မြန်ရအောင် ရောင်းထုတ်လိုက်တာ အကောင်းဆုံးပဲ”

ဟန်မူယဲ့က အလင်းလွှာတွင်ရှိသော စာများကို ညွှန်ပြသည်။

“မူပိုင်ခွင့်ကို လိုင်စင်ချပေးရင် အနည်းဆုံး မူလဒင်္ဂါးဆယ်သန်း ရလိမ့်မယ်”

“ပြီးတော့ ပစ္စည်းတစ်ခုချင်းစီ ဒါမှမဟုတ် အကျိုးအမြတ်မှာ မူပိုင်ခအတွက် ၁%ကိုလည်း ပြန်ရလိမ့်မယ်”

“ဒီမှာ ကမ်းလှမ်းလာတဲ့ အဖွဲ့အစည်းတွေက အများကြီးရှိနေတယ်”

“အဲဒီအဖွဲ့အစည်းတွေကို မူပိုင်ခွင့်ပေးလိုက်ရင် ချက်ချင်း မူလဒင်္ဂါးသန်းနှစ်ရာလောက် ရလိမ့်မယ်။ နောက်ဆက်တွဲ မူပိုင်ခကိုလည်း ထပ်ရအုံးမယ်”

“အနည်းဆုံး နှစ်တစ်သိန်းလောက်အထိ ဘာမှလုပ်စရာမလိုဘဲ ဝင်ငွေရနေလိမ့်မယ်”

ဟန်မူယဲ့၏အသံက အလုပ်ရုံထဲတွင် ပဲ့တင်ထပ်သွားသည်။

ယုချန်တောက်၏ နှုတ်ခမ်းထောင့်က အလိုလျောက် ကော့တက်သွားသည်။

တခြားလူများက အားကျစိတ်ကို မဖုံးကွယ်နိုင်တော့ပေ။

သူက ညတွင်းချင်း ချမ်းသာလာသည်။

“ခေါင်းဆောင်ဟန်ရဲ့ ရွေးချယ်မှုက မဆိုးပါဘူး”

ထန်ယွမ်က ခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“အခု မြို့ကြီးတွေက စက်ရုံလုပ်ငန်းစဉ်တွေကို ချိန်ညှိနေတုန်းပဲ။ အဏုကြည့်မျက်လုံးက နေရာတိုင်းကို မရောက်သေးဘူး။ ပုံသွင်းဓားအတွက် အလားအလာကောင်းတယ်”

“တာအိုရောင်းရင်းယုက သုံးနှစ်၊ ငါးနှစ်အတွင်းမှာ နောက်ထပ် မူလဒင်္ဂါး သန်းတစ်ရာ၊ သန်းနှစ်ရာလောက်ကို ထပ်ရလိမ့်မယ်”

ဝူဟွားနှင့် မာနဉ်ယွမ်တို့၏ မျက်နှာထားက တောင့်တင်းသွားသည်။

ယုချန်တောက်က ယခုလေးတင် မူလဒင်္ဂါး ငါးသန်း၊ ခြောက်သန်းခန့်ရှိသော ကြွယ်ဝမှုများအားလုံးကို ဆုံးရှုံးသွားခဲ့သည်။ သို့သော် ယခုအချိန်တွင် သန်းရာချီသော ကြွယ်ဝမှုကို ပိုင်ဆိုင်သွားခဲ့သည်။

လောက၏ အခွင့်အရေးများသည် အမှန်တကယ်ပင် ထူးဆန်းသည်။

“ကောင်းပါပြီ။ ခေါင်းဆောင်ရဲ့ စကားအတိုင်း ရောင်းလိုက်ပါမယ်”

ယုချန်တောက်က အသက်ရှူသွင်းလိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။

စာချုပ် ချုပ်ဆိုရန်အတွက် အနည်းငယ် အချိန်ယူရသည်။

ထန်ယွမ်နှင့် အဆင့်ကိုးပန်းပဲပညာရှင် လေးယောက်က ယုချန်တောက်ကို ဆွေးနွေးညှိနှိုင်းရန် ကူညီပေးလိုက်ကြသည်။

စာချုပ်ကိစ္စရပ်များကို ဝင်္ကပါထဲတွင် လျှို့ဝှက်စွာ လုပ်ဆောင်ရသည်။

သို့သော် ဝင်္ကပါ၏ အပြင်ဘက်တွင်ရှိသော လူများက ထွက်မသွားကြပေ။ သူတို့က တီးတိုးစကားပြောပြီး စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။

“အကြီးအကဲယုက ကောင်းကင်ကို တစ်ခါတည်း ရောက်သွားတာပဲ”

အဆင့်ငါးပန်းပဲပညာရှင်တစ်ယောက်က အားကျပြီး မျှော်လင့်နေသော မျက်နှာထားဖြင့် ပြောသည်။

ဟန်မူယဲ့က မူပိုင်ခွင့်အတွက် လျှောက်ထားခဲ့သောအချိန်တွင် လူတိုင်းက အားကျနေသော်လည်း မသေချာမှုကို ခံစားရသည်။

သူတို့၏ ခေါင်းဆောင်က အလွန်အားကောင်းသည်။

သို့သော် အကြီးအကဲယုက သူတို့နှင့် နှစ်ပေါင်းများစွာကြာအောင် အတူရှိခဲ့သည်။ သူ၏ ပုံစံကို သူတို့က ရင်းနှီးနေသည်။

အဆင့်ခြောက်ဖြစ်ခဲ့သော အကြီးအကဲယုက သူတို့၏ရှေ့တွင် သာမန်ဆန်သောပစ္စည်းဖြင့် မူပိုင်ခွင့်ကို အောင်မြင်စွာ လျှောက်ထားပြီး ချက်ချင်း ချမ်းသာသွားခဲ့သည်။ ထိုဖြစ်ရပ်သည် ဟန်မူယဲ့၏ မူပိုင်ခွင့်လျှောက်ထားခြင်းထက် သူတို့အပေါ်တွင် အဆပေါင်းများစွာ ပိုမိုသက်ရောက်မှုရှိသည်။

“မူပိုင်ခွင့်လျှောက်ထားရတာ သိပ်မခက်ဘူးပဲ”

“ငါတို့မှာလည်း မူပိုင်ခွင့်ပန်းပဲဆရာ ဖြစ်လာဖို့ အခွင့်အရေးရှိတယ်”

ဝင်္ကပါ၏ အပြင်ဘက်တွင် လူအများ၏ မျက်လုံးများက တောက်ပလာကြသည်။

သူတို့က လုပ်နိုင်စွမ်းရှိသည်ဟု ခံစားရသည်။

ဟန်မူယဲ့၏ ဘေးတွင်ရှိသော ဟယ်ရန်စွန်းက အနားကပ်လာပြီး စကားတချို့ ပြောလိုက်သည်။

ထို့နောက် စာလိပ်တစ်ခုကို ထုတ်ပေးသည်။

“အဆင့်ခုနစ်ပန်းပဲပညာရှင် ယန်တင်းတဲ့လား”

“သူက ယုချန်တောက်ကို အနိုင်ယူပြီး ယုချန်တောက်ရဲ့ ကြွယ်ဝမှုတွေအားလုံးကို ယူသွားတာလား”

ဟန်မူယဲ့က စာလိပ်ကို ကြည့်လိုက်ပြီး စိန်ခေါ်ပွဲအသစ်ကြောင့် မျက်မှောင်ကြုတ်သည်။

သူက စိန်ခေါ်ပွဲကို စိတ်မဝင်စားပေ။ အဆင့်ခုနစ် ပန်းပဲပညာရှင်လေးနှင့် ငြင်းခုန်ပြီး အချိန်မဖြုန်းချင်ပေ။

သူ့အတွက် သူတော်စင်အဆင့် ပန်းပဲပညာရှင်ကပင် မလုံလောက်ပေ။

“သူက ဒီလောက်တောင် ဇွဲကောင်းနေမှတော့ လက်ခံပေးလိုက်ရမှာပေါ့”

ဟန်မူယဲ့က အေးစက်စွာ ပြောလိုက်ပြီး စိန်ခေါ်စာတွင်ပါသော လောင်းကြေးကို ကြည့်သည်။

“မူလဒင်္ဂါး သန်းနှစ်ဆယ်၊ မိုင်းတွင်းသုံးတွင်း၊ တိမ်တိုက်ရွှေသတ္တုတွေနဲ့ ငါ့အလုပ်ရုံကို လောင်းကြေးထပ်ချင်တာလား။ သူက တကယ် လောဘကြီးတာပဲ”

အလုပ်ရုံကို တည်ဆောက်ရန်အတွက် အနည်းဆုံး မူလဒင်္ဂါးသန်းသုံးဆယ် ကုန်ကျခဲ့သည်။

ထိုအရာသည် အဆောက်အအုံများအတွက်သာ ဖြစ်သည်။ ဝန်ထမ်းများကို လေ့ကျင့်ပေးခြင်း၊ ပန်းပဲပညာရှင်များနှင့် စာချုပ်ချုပ်ခြင်း၊ မူပိုင်ခွင့် စသည်တို့သည် တန်ဖိုးမဖြတ်နိုင်ပေ။

မိုင်တစ်သန်းထက် ကျော်လွန်နေလျှင်ပင် ဤအလုပ်ရုံမျိုးကို ရှာမတွေ့နိုင်ပေ။

အလုပ်ရုံဆယ့်နှစ်ခုလုံးကို အပြည့်အဝ လည်ပတ်နိုင်လျှင် စက်မှုပညာရှင် တစ်သိန်းကျော်နှင့် ပန်းပဲပညာရှင်များကို လိုအပ်လိမ့်မည်။

ဤနေရာတွင် နေ့စဉ်ဖန်တီးနိုင်သော ကြွယ်ဝမှုကို စိတ်ကူးမယဉ်နိုင်ပေ။

“ခေါင်းဆောင်၊ ဒီစိန်ခေါ်ပွဲကို ကျွန်တော်ကိုင်တွယ်လိုက်ပါမယ်”

ဝူဟွားက လျင်မြန်စွာ ပြောသည်။

သူက ယန်တင်း၏ ကျွမ်းကျင်မှုကို သေချာမြင်ခဲ့ရသည်။

ဝူဟွားနှင့် မာနဉ်ယွမ်တို့၏အမြင်တွင် သူတို့၏ ‌ခေါင်းဆောင်က ဖန်တီးနိုင်စွမ်းကောင်းသော်လည်း ပန်းပဲနည်းစနစ်တွင် ယန်တင်းနှင့် မယှဉ်နိုင်လောက်ပေ။ ဝူဟွားနှင့် မာနဉ်ယွမ်တို့က အဆင့်မြင့်ပန်းပဲပညာရှင်များ ရောက်မလာခင်အထိ အချိန်ဆွဲထားနိုင်သည်။

သို့မဟုတ် အလုပ်ရုံ၏အကြောင်း သတင်းပြန့်သွားမည့်အချိန်ကို စောင့်နိုင်သည်။ ထိုသို့ ဖြစ်သွားလျှင် သူတို့၏ ခေါင်းဆောင်ကို မည်သူမှ စိန်ခေါ်ရဲမည်မဟုတ်ပေ။ ခေါင်းဆောင်ဟန်က အရင်းအမြစ်နှင့် အဆက်အသွယ်များကို ပိုင်ဆိုင်ထားသည်။ သူက အချိန်ရလာလျှင် အဆင့်ရှစ်၊ အဆင့်ကိုး၊ သူတော်စင်အဆင့် ပန်းပဲပညာရှင် ဖြစ်လာလိမ့်မည်။

သူတို့က ခေါင်းဆောင်အတွက် ကြိုးစားပေးရမည်။ ထိုသို့ဆိုလျှင် အနာဂတ်တွင် အကျိုးအမြတ်များ ရလာလိမ့်မည်။

ယုချန်တောက်ကဲ့သို့ ရုတ်တရက် ဉာဏ်အလင်းရပြီး တစ်ခါတည်း ကောင်းကင်သို့ ရောက်သွားလျှင် ပိုကောင်းသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

သူက စိန်ခေါ်ပွဲကို စိတ်မဝင်စားပေ။ ထို့ကြောင့် တစ်ကြိမ်ငြင်းပယ်လိုက်လျှင် ကိစ္စမရှိပေ။

ဒုတိယအကြိမ် ငြင်းပယ်မည်ဆိုလျှင်တော့ သူ၏ ဂုဏ်သိက္ခာကို ထိခိုက်လာလိမ့်မည်။

ထို့အပြင် တစ်ဖက်လူ၏ လောင်းကြေးက အလွန်များသည်။

အလုပ်ရုံက တိမ်တိုက်ရွှေကို အရေးပေါ် လိုအပ်နေသည်။

သူတို့က တံခါးဝသို့လာပြီး လက်ဆောင်ပေးနေသောကြောင့် သူက လက်ခံပေးရမည်။

“ငါက သုံးရက်ကြာရင် စိန်ခေါ်ပွဲကို လက်ခံမယ်လို့ ပြောလိုက်ပါ”

ဟန်မူယဲ့က ပြောသည်။

“ပြီးတော့ အဲဒီ ပန်းပဲပညာရှင် ယန်တင်းကို ထပ်ပြောလိုက်ပါအုံး။ ငါက အဆင့်ခုနစ် ပန်းပဲပညာရှင်မဟုတ်ဘူး။ အဆင့်ကိုးပန်းပဲပညာရှင်ပဲ။ ဘုရားမြို့မှာ အဆင့်ကိုးတံဆိပ်ပြားမရှိလို့ အဆင့်ခုနစ်တံဆိပ်ပြားကို ခဏသုံးနေတာ။ အဆင့်ကိုးတံဆိပ်ပြားက လမ်းမှာ ရောက်နေပြီ”

‘အဆင့်ကိုးလား’

‘အဆင့်ကိုး ပန်းပဲပညာရှင်တဲ့လား’

မာနဉ်ယွမ်နှင့် ဝူဟွားက ဆွံ့အနေသည်။

‘တကယ်လား’

‘ဒါက အတုအယောင်လိုပဲ’

ဟယ်ရန်စွန်းက ပျော်ရွှင်သွားသည်။

‘ဆရာဟန်က ထူးခြားတယ်ဆိုတာ ငါသိတယ်။ သူက အဆင့်ခုနစ်မဟုတ်ပဲ အဆင့်ကိုးကို ရောက်နေပြီ’

မာနဉ်ယွမ်၊ ဝူဟွားတို့နှင့် မတူဘဲ ဟယ်ရန်စွန်းက ဟန်မူယဲ့ကို အပြည့်အဝ ယုံကြည်သည်။

သူက ဝိညာဉ်အမှတ်အသား ပါဝင်သော ဟန်မူယဲ့ပေးလိုက်သည့် တုံ့ပြန်စာကိုယူပြီး ဘုရားမြို့သို့ လျင်မြန်စွာ ထွက်သွားခဲ့သည်။

....

ဘုရားမြို့၊ ကျန်းမိသားစုအိမ်တော် ....

ကျန်းရွှမ်နှင့် မိသားစုခေါင်းဆောင်များက စုဝေးနေကြသည်။

စိန်ခေါ်စာသည် သူတို့၏ရှေ့တွင် ရှိနေသည်။

“အားလုံးပဲ ခေါင်းဆောင်ဟန်က အဆင့်ကိုးပန်းပဲပညာရှင် ဖြစ်တယ်လို့ ဟယ်ရန်စွန်းက ပြောသွားတယ်။ ငါတို့ ဘာလုပ်သင့်လဲ”

ကျန်းရွှမ်က လေးနက်သောမျက်နှာထားဖြင့် တခြားလူများကို ကြည့်လိုက်သည်။

တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

“ညီအစ်ကိုကျန်း၊ အဲဒါကို ယုံလား”

အဖြူရောင်ဆံပင်နှင့် လူအိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်ထားပြီး တီးတိုးပြောသည်။

‘ယုံလား’

‘မယုံဘူးလေ’

‘ဘုရားမြို့မှာ အဆင့်ခုနစ်က အကန့်အသတ်ပဲ’

‘အဆင့်ကိုးတွေက တခြားမြို့ကြီးတွေကို ရောက်သွားကြပြီ’

‘ဒီနေရာမှာ အနာဂတ်မရှိဘူးလေ’

“အဆင့်ကိုးပန်းပဲပညာရှင်က ဘုရားမြို့မှာ အခြေချမယ်လို့ မယုံဘူး”

အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ပြောသည်။

တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

ကျန်းရွှမ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပြောသည်။

“ငါလည်း မယုံဘူး။ ဒါပေမဲ့ သေချာပေါက် ပြောလို့မရဘူး”

“ငါက အဆင့်ခုနစ် ပန်းပဲပညာရှင် ယန်တင်းကို ပြောပြီးပြီ။ သူက ဆုံးဖြတ်လိမ့်မယ်”

“ဒီတစ်ကြိမ်မှာ လောင်းကြေးပမာဏက အတော်များတယ်လေ”

ခဏအကြာတွင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဝင်လာခဲ့သည်။

သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး လူတိုင်းကို နှုတ်ဆက်သည်။ ထို့နောက် ကျန်းရွှမ်ကို ဦးညွတ်သည်။

“‌ခေါင်းဆောင်၊ စိန်ခေါ်ပွဲကို ထုတ်ပြန်ပြီးပြီဆိုမှတော့ ပြောင်းလဲလို့မရဘူးလို့ ဆရာယန်တင်းက ပြောပါတယ်”

“ဒါပေမဲ့ သူက စိတ်ချရအောင်လို့ သူ့ရဲ့ဆရာဖြစ်တဲ့ အဆင့်ကိုးပန်းပဲပညာရှင် ဆရာချန်ကျွမ်းကို ဘုရားမြို့ဆီ ဖိတ်ခေါ်လိုက်ပါတယ်”

“အဲဒါကြောင့် စိန်ခေါ်ပွဲကို ဆယ်ရက်ကြာသည်အထိ ဆိုင်းငံ့ထားဖို့ မှာလိုက်ပါတယ်”

အဆင့်ကိုးပန်းပဲပညာရှင် ....

ဆယ်ရက် ....

မဆိုးပေ။

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက ပေါ့ပါးစွာ ပြုံးလိုက်ကြသည်။

ဆရာယန်တင်းက စိန်ခေါ်ပွဲကို ငြင်းဆန်မည်ဟု ထင်ထားခဲ့သည်။ သို့သော် မငြင်းသည့်အပြင် သူ့ဆရာဖြစ်သော အဆင့်ကိုးပန်းပဲပညာရှင်ကိုပင် ဖိတ်ခေါ်ခဲ့သည်။

‘ဒါဆိုရင် စိတ်ချရတယ်’

‘ငါတို့က သေချာပေါက် အနိုင်ရလိမ့်မယ်’

All Chapters