← Chapters

အခန်း (၁၂၅၀)

Vol. 90 Ch. 1250

အခန်း (၁၂၅၀)

Vol. 90 Ch. 1250

“ခေါင်းဆောင်ဟန်နဲ့ ဟယ်မိသားစုက ဘုရားမြို့မှာရှိတဲ့ ငါတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖျက်ဆီးဖို့မကြိုးစားဘူးဆိုရင် ဒီလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး”

အပြာရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က ညင်သာစွာပြောသည်။

တခြားလူများက ရှုပ်ထွေးသောမျက်နှာထားဖြင့် ခေါင်းခါလိုက်ကြသည်။

သူတို့က ဘာတတ်နိုင်မည်နည်း။

သူတို့အားလုံးက ဟယ်မိသားစုခေါင်းဆောင် ဟယ်ကျူကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။

စိန်ခေါ်ပွဲအား ဆယ်ရက် ဆိုင်းငံ့လိုက်ခြင်းသည် အရေးမကြီးပေ။ သို့သော် တိမ်တိုက်ရွှေသတ္တုအား လိုအပ်နေသော အလုပ်ရုံအတွက် အဆင်မပြေပေ။

ကံကောင်းစွာဖြင့် ကုန်ကြမ်းများ ကုန်ဆုံးမသွားခင် သုံးရက်မြောက်နေ့တွင် မေပယ်တောအုပ်မြို့၏ ကျန်းမိသားစုက အရင်းအမြစ်များကို ပို့ပေးခဲ့သည်။

သူတို့နှင့်အတူ ကျန်းမိသားစု၏ သခင်မလေး ကျန်းယွီရန် ပါလာသည်။

ကျန်းမိသားစုက ဟယ်ရန်စွန်း၏နောက်ခံကို သိလိုက်သောကြောင့် ကျန်းရှန်က ကျန်းမိသားစု၏ လုပ်ငန်းများအားလုံးကို ဟယ်မိသားစု၊ ကျူကျင်းကုန်သွယ်ရေးအဖွဲ့နှင့် ဆက်သွယ်စေခဲ့သည်။

တခြားလူများက ကျူကျင်းကုန်သွယ်ရေးအဖွဲ့နှင့် ဆရာဟန်၏ အလားအလာကို မသိသော်လည်း ကျန်းရှန်က သိနေသည်။

ကျန်းမိသားစု၏ ကျွမ်းကျင်သူများ ဟယ်မိသားစုသို့ ရောက်မလာခင် ကျန်းရှန်က ကျန်းယွီရန်ကို ဆင့်ခေါ်ခဲ့သည်။

သူက အဆင့်သုံးချပ်ဝတ်ကို ပေးလိုက်သည်။

“ဒါက အဆင့်သုံးချပ်ဝတ်ပဲ။ သမီးက နောက်ကျရင် လိုလာလိမ့်မယ်”

မိသားစု၏ ပထမအကြီးအကဲက အဆင့်သုံးချပ်ဝတ်ကို ပေးခဲ့သောကြောင့် ကျန်းယွီရန်က ပျော်ရွှင်နေသည်။

“ကျေးဇူးပါအကြီးအကဲ”

ကျန်းယွီရန်က ချပ်ဝတ်သံမဏိပြားကို ဆုပ်ကိုင်ထားပြီး ကျန်းရှန်ကို ကြည့်သည်။

အကြီးအကဲက သူမကို ထိုသို့ အဖိုးတန်သောလက်ဆောင်အား အလကားပေးနေခြင်း မဖြစ်နိုင်ပေ။

“ယွီရန်၊ သမီးကို ဘာဖြစ်လို့ ဟယ်မိသားစုဆီပို့လိုက်တာလဲ သိလား”

ကျန်းရှန်က ပြောသည်။

‘ဘာဖြစ်လို့လဲ’

ကျန်းယွီရန်က နားလည်သည်။

သူမက ကလေးတစ်ယောက် မဟုတ်တော့ပေ။

သူမက ဟယ်ရန်စွန်းကို သဘောကျမိသော်လည်း မိသားစုနှစ်ခု၏ အကျိုးအမြတ်ကို ပေါင်းစည်းရန်အတွက်သာ ဖြစ်သည်။

သူမက ဘုရားမြို့သို့ သွားရောက်ပြီး ဟယ်မိသားစုနှင့် ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ရမည်။

ကျန်းရှန်က ကျန်းယွီရန်၏ မျက်နှာထားကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“အဲဒါဆိုရင် ဘာလုပ်ရမလဲ သိလား”

‘ဘာလုပ်ရမလဲ’

ကျန်းယွီရန်က နားမလည်နိုင်ဖြစ်နေပြီး ရှက်ရွံ့သွားသည်။

‘ဟယ်ရန်စွန်းကို အဖော်လုပ်ပေးရမှာ မဟုတ်ဘူးလား’

“သမီးက ဘုရားမြို့ကိုရောက်ရင် ဟယ်သခင်မနဲ့ နီးကပ်အောင် နေသင့်တယ်။ ဟယ်ရန်စွန်းက သိတတ်တဲ့ ကလေးတစ်ယောက်ပဲ။ သမီးက သူ့အမေကို စိတ်ကျေနပ်စေရင် ဟယ်မိသားစုမှာ တည်ငြိမ်နေလိမ့်မယ်”

“ပြီးတော့ ဟယ်ရန်စွန်းက အောင်မြင်ဖို့ ကံပါလာတယ်။ သူနဲ့အတူ ရှိချင်တယ်ဆိုရင် တိုးတက်လာအောင် ကြိုးစားရမယ်”

“မဟုတ်ရင် သမီးက သူနဲ့ ထိုက်တန်မှာမဟုတ်ဘူး”

ကျန်းရှန်၏ မျက်နှာထားက လေးနက်နေသည်။

ထိုစကားကြောင့် ကျန်းယွီရန်က တစ်ကိုယ်လုံး တုန်ခါသွားသည်။

သူမ၏ နောက်ကွယ်တွင် မေပယ်တောအုပ်မြို့၏ အဆင့်ခြောက်မိသားစုကြီးဖြစ်သော ကျန်းမိသားစု ရှိနေသည်။ သူတို့က ဟယ်မိသားစုထက် ပိုမိုသန်မာသည်။

‘ငါက ဟယ်ရန်စွန်းနဲ့ ထိုက်တန်မှာမဟုတ်ဘူးလို့ အကြီးအကဲက ဘာဖြစ်လို့ပြောတာလဲ’

“ယွီရန်၊ ကျန်းမိသားစု အောင်မြင်ဖို့က သမီးအပေါ်မှာ မူတည်နေတယ်”

ကျန်းရှန်က အလေးအနက် ပြောသည်။

ထို့ကြောင့် လမ်းတစ်လျှောက်တွင် ကျန်းယွီရန်က စိုးရိမ်နေခဲ့သည်။

သူတို့က ဘုရားမြို့သို့ ရောက်လာပြီး ကျန်းမိသားစု၏ ကျွမ်းကျင်သူများက အလုပ်ရုံသို့ ရောက်သွားသောအခါတွင် သူမက အကြီးအကဲ၏စကားကို နားလည်ခဲ့သည်။

‘ဘုရားမြို့လေးမှာ ဒီလိုအလုပ်ရုံမျိုး ရှိနေတာလား’

‘ဟယ်မိသားစုက ဒီလုပ်ငန်းစုကို ပိုင်ဆိုင်တာလား’

အပြင်လူများက ဟန်မူယဲ့အကြောင်းကို သိပ်မသိကြပေ။ စီးပွားရေးလုပ်ငန်းများ အားလုံးသည် ဟယ်မိသားစု၏ နာမည်အောက်တွင် ရှိနေသည်။

ကျန်းယွီရန် ရောက်လာသောကြောင့် ဟယ်ရန်စွန်းက အံ့အားသင့်သွားသည်။ တစ်ချိန်တည်းမှာပင် အနည်းငယ် ကျေနပ်နေသည်။

သူက လူငယ်တစ်ယောက် ဖြစ်သည်။

သူက ကျန်းယွီရန်ကို ခေါ်လာသောအခါတွင် ဟယ်သခင်မက အလွန်ပျော်ရွှင်နေသည်။ သူမက လက်ဆောင်များ ပေးလိုက်သည်။

ကျန်းမိသားစု၏ ဝိညာဉ်သတ္တုများသည် အလုပ်ရုံကို အဆင်ပြေသွားစေသည်။ အဏုကြည့်မျက်လုံး၏ ထုတ်လုပ်မှုက တိုးတက်လာခဲ့သည်။

ပုံသွင်းရန်အတွက် စက်မှုပညာရှင်များကိုသာ လိုအပ်သောကြောင့် ပန်းပဲပညာရှင်များက ဝိညာဉ်အင်းကွက်များကို ထွင်းထုနေကြသည်။

သေးငယ်သော အဏုကြည့်မျက်လုံးတစ်ခုသည် မူလဒင်္ဂါးသုံးထောင် တန်ဖိုးရှိသည်။ သူတို့က တစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်လျှင် အနည်းဆုံး မူလဒင်္ဂါးဆယ်ပြား ချီးမြှင့်ခံရမည်။

ထိုသို့ သေးငယ်သော ပစ္စည်းမျိုးကို တစ်ရက်လျှင် အခုရေတစ်ရာခန့် လွယ်ကူစွာ ဖန်တီးနိုင်သည်။

ယခင်က အဆင့်တစ်နှင့် အဆင့်နှစ် ပန်းပဲပညာရှင်များသည် တစ်လလျှင် မူလဒင်္ဂါး ရာအနည်းငယ်ကိုသာ ရကြသည်။

ယခုအချိန်တွင် သူတို့၏ နေ့စဉ်ဝင်ငွေသည် ယခင်က လစဉ်ဝင်ငွေနှင့် တူညီနေသည်။

မျက်တောင်တစ်ခတ်စာအတွင်း ဆယ်ရက်အချိန် ကုန်ဆုံးသွားသည်။

လွန်ခဲ့သော ဆယ်ရက်တွင် ဟန်မူယဲ့က ပန်းပဲနည်းစနစ်များကို လေ့လာနေခဲ့သည်။

ယုချန်တောက်က စာချုပ်အမျိုးမျိုးကို ချုပ်ဆိုပြီး မူလဒင်္ဂါး သန်းသုံးရာခန့် ရခဲ့သည်။

ယခုအချိန်မှစ၍ သူက များပြားသော အကျိုးအမြတ်ကို ဆက်တိုက်ရနေမည်။

သို့သော် လွန်ခဲ့သော ဆယ်ရက်တွင် သူက ပေါ့ပါးစွာ မနေနိုင်ခဲ့ပေ။

ဟန်မူယဲ့က ယုချန်တောက်အား ပန်းပဲနည်းစနစ်များ သင်ကြားပေးရန်အတွက် ဓာတ်စင်ငါးပါးမီးပြင်းဖိုကို တာဝန်ပေးခဲ့သည်။

ဟန်မူယဲ့၏ စကားအရ ယုချနန်တောက်က အဆင့်ကိုးပညာရှင် အသစ်တစ်ယောက်ဖြစ်ပြီး ဆက်လက်လေ့လာရန် လိုအပ်နေသည်။

ထို့အပြင် ရုတ်တရက် ကြွယ်ဝလာသောကြောင့် သူ၏ စိတ်အခြေအနေက တည်ငြိမ်မှုမရှိပေ။

သူ၏ စိတ်အခြေအနေနှင့် ကျင့်ကြံခြင်းကို ထိန်းသိမ်းထားရန်အတွက် ပညာရပ်များအား လေ့လာရန် လိုအပ်သည်။

အမှန်ပင်ဖြစ်သည်။ လွန်ခဲ့သောဆယ်ရက်တွင် ယုချန်တောက်က ဓာတ်စင်ငါးပါးမီးပြင်းဖိုဆီမှ များပြားသော ပန်းပဲနည်းစနစ်များကို လေ့လာခဲ့သည်။ သူ၏ စွမ်းရည်က တိုးတက်လာသည်။

အဓိကအချက်အနေဖြင့် လွန်ခဲ့သောဆယ်ရက်တွင် သူက အလွန်အလုပ်များနေသောကြောင့် ရုတ်တရက်ရလာသော ငွေကြေးများကို မေ့သွားခဲ့သည်။

သူက သီးသန့်ကျင့်ကြံရာမှ ထွက်လာသောအခါ မာနဉ်ယွမ်နှင့် ဝူဟွားက ခံစားချက်များဖြင့် သက်ပြင်းချသည်။ ယုချန်တောက်က ကြောင်အသွားပြီး ဖျော့တော့စွာ ပြုံးသည်။

“ငါက လူချမ်းသာတစ်ယောက် ဖြစ်နေတာကို မေ့သွားတယ်”

“ငါက လောင်းကြေးရှုံးသွားတဲ့ အဆင့်ခြောက်ပန်းပဲပညာရှင်လို့ ထင်နေတုန်းပဲ”

“ဒါပေမဲ့ ငါက ကြွယ်ဝတဲ့ အဆင့်ခုနစ် ပန်းပဲပညာရှင် ဖြစ်နေပြီ”

ထိုစကားများသည် အလွန်ရဲတင်းသည်။

ဤတစ်ကြိမ်တွင် ယုချန်တောက်နှင့် တခြားလူများက ဟန်မူယဲ့နှင့်အတူ ဘုရားမြို့တွင်ရှိသော လောင်းကြေးတိုက်ပွဲသို့ လိုက်သွားကြသည်။

အားလပ်နေသော လူများကလည်း ပွဲကြည့်ရန် ရောက်လာကြသည်။

ဟယ်သခင်မ၊ ကျန်းယွီရန်နှင့် ဟယ်မိသားစုဝင်များ ဦးဆောင်ထားသော လူတစ်ရာခန့်လည်း ရှိနေသည်။

သူတို့က ပန်းပဲပညာအစည်းအရုံး၏ ခန်းဆောင်ရှေ့တွင်ရှိသော စင်မြင့်သို့ ရောက်လာကြသည်။

မြို့ထဲတွင်ရှိသော စပ်စုချင်သည့်လူများကလည်း စုဝေးလာသည်။

စင်မြင့်ပေါ်တွင်ရှိ‌သော ယန်တင်းက ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် ယုချန်တောက်နှင့် တခြားနှစ်ယောက်ကို ကြည့်သည်။

သူက ပေါ့ပါးစွာ ပြုံးလိုက်ပြီး ပြောသည်။

“မင်းတို့သုံးယောက်က ငါပြောခဲ့တာကို စဉ်းစားပြီးပြီလား”

“ဒီနေ့မှာ ငါက ခေါင်းဆောင်ဟန်ကို အနိုင်ယူလိုက်ရင် မင်းတို့က ငါ့နောက်ကို လိုက်မှာလား”

ချက်ချင်းဆိုသလိုပင် လူတိုင်းက ဟန်မူယဲ့၏နောက်တွင် ပါလာသော ယုချန်တောက်၊ ဝူဟွားနှင့် မာနဉ်ယွမ်တို့ကို ကြည့်လိုက်ကြသည်။

ထိုသုံးယောက်သည် ဘုရားမြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်များ ဖြစ်ခဲ့ကြသည်။

ယခုအချိန်တွင် သူတို့၏အထက်တွင် ခေါင်း‌ဆောင်တစ်ယောက် ပေါ်လာပြီး စင်မြင့်တွင်လည်း အဆင့်ခုနစ် ပန်းပဲပညာရှင်တစ်ယောက် ရှိနေသည်။

မဟာအကြီးအကဲသုံးယောက်၏ ခေတ်သည် ပြီးဆုံးသွားခဲ့သည်။

လူတိုင်းက သူတို့သုံးယောက်ကို ကြည့်လိုက်ပြီး ခံစားနေရသည်။

မဟာအကြီးအကဲသုံးယောက်ကပင် တခြားလူများနှင့် ကိုက်ညီရန် ရွေးချယ်မှုပြုလုပ်နေရသည်။

လောကတွင်ရှိသော ကျင့်ကြံသူများအားလုံးသည် အတူတူပင် ဖြစ်ကြသည်။

သူတို့တွင် ရွေးချယ်စရာမရှိပေ။

“တာအိုရောင်းရင်ယန်တင်း၊ မင်းက ခေါင်းဆောင်ဟန်ကို အရင်ဆုံး အနိုင်ယူသင့်တယ်”

ယုချန်တောက်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

သူ့အတွက် အလွန်ထူးဆန်းနေသည်။

စင်မြင့်ပေါ်တွင်ရှိသော ပန်းပဲပညာရှင်သည် သူ့ကို အနိုင်ယူပြီး ကြွယ်ဝမှုများကို ဆုံးရှုံးသွားစေသည်။

သို့သော် ယခုအချိန်တွင် ယုချန်တောက်က မကျေနပ်ချက်ကို မခံစားရပေ။

အနည်းငယ်ပင် ကျေးဇူးတင်မိသည်။

လောင်းကြေးတိုက်ပွဲကြောင့်သာမဟုတ်လျှင် သူက ပုံသွင်းဓားကို ဖန်တီးနိုင်ခဲ့မည်မဟုတ်ပေ။

သူက မူပိုင်ခွင့်ကို မူလဒင်္ဂါး သန်းသုံးရာနှင့် ရောင်းချလိုက်ပြီး လာမည့်နှစ်တစ်သိန်းတွင် အကျိုးအမြတ်များကို ဆက်ရနေလိမ့်မည်။

ယခင်ဖြစ်ရပ်များအရ မူပိုင်ခွင့်တန်ဖိုး၏ အဆသုံးဆယ် ပြန်ရနိုင်သည်။

ထိုကြွယ်ဝမှုဖြင့် သူက အဆင့်ရှစ်၊ အဆင့်ကိုး၊ သူတော်စင်အဆင့်၊ နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်လိမ့်မည်။

ကြွယ်ဝမှုသည် အရေအတွက်တစ်ခုသာ ဖြစ်သည်။

သူ ယုချန်တောက်က အခွင့်အရေးတစ်ခုကို ကံကောင်းစွာ ရရှိခဲ့ပြီး အောင်မြင်လာသည်။

သူ၏ အောင်မြင်မှုသည် ခေါင်းဆောင်ဟန်ကြောင့် ဖြစ်သည်။

ခေါင်းဆောင်ဟန်မရှိလျှင် သူက ထိုအခွင့်အရေးမျိုးကို ရနိုင်မည်မဟုတ်ပေ။

သူ့ရှေ့တွင်ရှိသောလူက နတ်ဘုရားအဆင့် ပန်းပဲပညာရှင် ဖြစ်နေလျှင်ပင် သူက အညံ့ခံမည်မဟုတ်ပေ။

နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တိုင်းသည် ကြွယ်ဝနေခြင်းမဟုတ်ပေ။

ယုချန်တောက်၏စကားကို ကြားလိုက်ရသောအခါတွင် ယန်တင်း၏မျက်နှာထားက လေးနက်လာသည်။

“ငါက မင်းပြောချင်တာကို နားလည်ပါတယ်”

ယန်တင်းက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ငါက မင်းတို့ခေါင်းဆောင်ကို အရင်ဆုံး အနိုင်ယူလိုက်မယ်။ မင်းတို့က ဘယ်လိုရွေးချယ်မလဲ ကြည့်ကြတာပေါ့”

ထို့နောက် သူက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ခေါင်းဆောင်ဟန်၊ ခင်ဗျားက အဆင့်ကိုးပန်းပဲပညာရှင်လို့ ကြားခဲ့တယ်”

“ဒီစိန်ခေါ်ပွဲမှာ သင်ပြပေးဖို့ တွန့်ဆုတ်မနေပါနဲ့”

အဆင့်ကိုး ....

လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

‘ခေါင်းဆောင်ဟန်က အဆင့်ကိုးပန်းပဲပညာရှင်လား’

‘အဲဒါက ဖြစ်နိုင်ရဲ့လား’

သူတို့က တွေးနေကြသည်။

ဘုရားမြို့၏ မိသားစုကြီးတွင်ရှိသော လူများက ပြုံးလိုက်ကြသည်။

ခေါင်းဆောင်ဟန်က အဆင့်ကိုး မဖြစ်နိုင်ပေ။ သူက ယန်တင်းကို ခြောက်လှန့်ချင်သောကြောင့် ကြွားဝါနေခြင်း ဖြစ်သည်။

သူက သေချာပေါက် အဆင့်ခုနစ် ဖြစ်သည်။

လောကတွင် အဆင့်ကိုးပန်းပဲပညာရှင်ကို နေရာတိုင်းတွင် မတွေ့နိုင်ပေ။

သူက အမှန်တကယ်ပင် အဆင့်ကိုးဖြစ်နေလျှင် ဘုရားမြို့သို့ အဘယ်ကြောင့် ရောက်လာသနည်း။

ကံဆိုးစွာဖြင့် ယန်တင်းက ထိတ်လန့်မသွားဘဲ စိန်ခေါ်ပွဲကို လက်မလျော့ခဲ့ပေ။

ယနေ့တွင် ခေါင်းဆောင်ဟန်က ရွေးချယ်စရာမရှိဘဲ ရောက်လာခဲ့သည်။

ယန်တင်း၏ ဆရာက ကျောင်းတော်သားတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ၏ ပန်းပဲနည်းစနစ်က ထူးခြားသည်။

ခေါင်းဆောင်ဟန်က ယန်တင်းကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။

အစစ်အမှန် အဆင့်ကိုးပညာရှင်တစ်ယောက် ဖြစ်နေမှ ရမည်။

ဟန်မူယဲ့က စင်မြင့်ပေါ်သို့ ရောက်လာပြီး ယန်တင်းကို ကြည့်သည်။ ထို့နောက် သူက သိပ်မဝေးသောနေရာတွင် ရှိနေသည့် အစိမ်းပုပ်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ကို ဆက်ကြည့်သည်။

ထိုလူအိုကြီးက ပန်းပဲပညာရှင်တံဆိပ်ပြားကို ဝတ်မထားသော်လည်း ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“အဆင့်ကိုးပန်းပဲပညာရှင်ပဲ။ ဟားဟား၊ ဒီကောင်လေးက သတိကြီးတာပဲ။ အဆင့်ကိုးပန်းပဲပညာရှင် တစ်ယောက်ကို ဖိတ်ထားတယ်”

ခေးအော့က စနောက်ချင်သောလေသံဖြင့် ပြောသည်။

သူက အဆင့်ကိုးဖြစ်နေလျှင်ပင် အရေးမကြီးပေ။

“လွယ်လွယ်ကူကူ အနိုင်ရသွားတဲ့ပုံစံမျိုး မလုပ်ရင် အပိုလောင်းကြေးတွေ ရလာလိမ့်မယ်”

ရွှေရောင်ငှက် အကြံဆိုးဖြင့် ပြောသည်။

ဟန်မူယဲ့က သူတို့ကို လျစ်လျူရှုထားသည်။

All Chapters