အခန်း (၁၂၅၂)
Vol. 90 Ch. 1252
သက်လတ်ပိုင်းအရွယ် အဆင့်ကိုးပန်းပဲပညာရှင်က တံဆိပ်ပြားကို လက်နှစ်ဖက်ဖြင့် ပေးလိုက်ပြီး ဆက်ပြောသည်။
“ဆရာဟန်၊ သူတော်စင်အဆင့်အဖြစ် ဆက်ပြီးစာရင်းသွင်းချင်ရင် ဌာနချုပ်ဆီ သွားရပါမယ်”
သူတော်စင်အဆင့် ....
‘ခေါင်းဆောင်ဟန်က သူတော်စင်အဆင့် ဖြစ်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတာလား’
စင်မြင့်ပေါ်တွင် ရှိနေဆဲဖြစ်သော ယန်တင်းက ရည်မှန်းချက်များအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ငေးမောနေသည်။
စင်မြင့်၏ အောက်တွင်ရှိသော ယန်တင်း၏ဆရာ အဆင့်ကိုးပန်းပဲပညာရှင် ကျူးယွီထန်းက မျက်လုံးပြူးသွားပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူက ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်ပေ။
“ဆရာဟန်၊ ဒါက မူပိုင်ခွင့်တံဆိပ်ပြားပါ”
အဆင့်ကိုးပန်းပဲညာရှင် နောက်တစ်ယောက်က သစ်သားသေတ္တာကို ဖွင့်ပြီး အရောင်အသွေးစုံလင်သော သလင်းကျောက်တံဆိပ်ပြားကို ထုတ်ပေးသည်။
မူပိုင်ခွင့်တံဆိပ်ပြား ဖြစ်သည်။
မူပိုင်ခွင့်သည် မျိုးဆက်တစ်ခုလုံးကို ချမ်းသာလာစေနိုင်သည်။
‘ခေါင်းဆောင်ဟန်က အဲဒီတံဆိပ်ပြားကို ဘယ်အချိန်တုန်းက ရလိုက်တာလဲ’
စင်မြင့်၏အောက်တွင် ပင့်သက်ရှိုက်သံများကို ကြားနိုင်သည်။
ကျူးယွီထန်းက ဟန်မူယဲ့၏ရင်ဘတ်ပေါ်သို့ ရောက်သွားသော တံဆိပ်ပြားနှစ်ခုကို ကြောင်အစွာ ကြည့်နေသည်။
ပန်းပဲနည်းစနစ်တွင် ပြိုင်ဘက်ကင်းသော လူများကသာ အသစ်တီထွင်ပြီး မူပိုင်ခွင့်ကို ရနိုင်သည်။
မူပိုင်ခွင့်ရထားသော ပန်းပဲပညာရှင်များသည် များသောအားဖြင့် သူတော်စင်အဆင့်သို့ ရောက်သွားကြသည်။
နတ်ဘုရားအဆင့်ပင် ဖြစ်နိုင်သည်။
ယန်တင်းက လက်လှမ်းမမီနိုင်သော ဟန်မူယဲ့၏ တံဆိပ်ပြားနှစ်ခုကို ငေးကြည့်နေခဲ့သည်။
“ပြီးတော့ ဆရာယုချန်တောက်က မူပိုင်ခွင့်အောင်မြင်သွားတဲ့အချိန်မှာ ငါတို့က လမ်းတစ်ဝက်ကို ရောက်နေတဲ့အတွက် မင်းရဲ့ မူပိုင်ခွင့်တံဆိပ်ပြားကို ယူမလာနိုင်ခဲ့ဘူး။ အစည်းအရုံးက ပို့ပေးပါလိမ့်မယ်”
“ဒါပေမဲ့ ငါတို့က မင်းကို အဆင့်ခုနစ်တံဆိပ်ပြား ပေးနိုင်တယ်။ မင်းက မူပိုင်ခွင့်အောင်မြင်ထားတဲ့အတွက် အဆင့်ခုနစ်အတွက် စမ်းသပ်ခံစရာ မလိုတော့ဘူး”
အဆင့်ကိုးပန်းပဲပညာရှင် တစ်ယောက်က စင်မြင့်အောက်တွင်ရှိသော လူအုပ်ကို ကြည့်လိုက်ပြီး ပြောသည်။
လူတိုင်းက ယုချန်တောက်ကို လှည့်ကြည့်လိုက်ကြသည်။
‘မဟာအကြီးအကဲယုက မူပိုင်ခွင့်ပန်းပဲပညာရှင် ဖြစ်သွားတာလား’
အဆင့်ခုနစ် ပန်းပဲပညာရှင်နှင့် မူပိုင်ခွင့် ပန်းပဲပညာရှင် ....
ထိုလူသည် ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ မဟာအကြီးအကဲ ယုချန်တောက် ဖြစ်သည်။
ယခင်က သူသည် အဆင့်ခြောက်ပန်းပဲပညာရှင်သာ ဖြစ်ခဲ့သည်။
‘ဘုရားမြို့မှာ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ပြီး တိုးတက်မလာတဲ့ အကြီးအကဲယုက ဘယ်လိုလုပ်ပြီး အဆင့်တက်သွားတာလဲ’
‘ဘယ်လိုလုပ်ပြီး မူပိုင်ခွင့်ပန်းပဲပညာရှင် ဖြစ်လာတာလဲ’
‘သူ့ရဲ့ အောင်မြင်မှုတွေက ဘယ်မှာလဲ’
သို့သော် အဆင့်ကိုးပန်းပဲပညာရှင်တစ်ယောက်က လိမ်ပြောနေမည်မဟုတ်ပေ။
“အစည်းအရုံးရဲ့ စည်းကမ်းတွေအရ မူပိုင်ခွင့်ပန်းပဲပညာရှင် ဖြစ်လာဖို့ အနည်းဆုံး မူလဒင်္ဂါးသန်းတစ်ရာ တန်ဖိုးရှိတဲ့ မူပိုင်ခွင့်ကို ဖန်တီးနိုင်ရမယ်”
လူတစ်ယောက်က အားကျနေသော မျက်လုံးများဖြင့် ယုချန်တောက်ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
မူလဒင်္ဂါး သန်းတစ်ရာ ....
‘ယုချန်တောက်က အဲဒီလောက်တောင် ချမ်းသာတာလား’
စင်မြင့်ပေါ်တွင် ကြောင်အစွာရပ်နေသော ယန်တင်းက ယုချန်တောက်ကို ကြည့်လိုက်သည်။ ယုချန်တောက်က ဂရုစိုက်ပုံမရဘဲ သူ့ကို ပြုံးပြသည်။
သူက တစ်ဖက်လူ၏ ကြွယ်ဝမှုအားလုံးကို အနိုင်ရခဲ့သည်။
သူက ဘုရားမြို့၏ မဟာအကြီးအကဲသုံးယောက်ကို သိမ်းသွင်းနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် စိတ်ကူးတစ်ခုသာဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ယန်တင်းက တံဆိပ်ပြားနှစ်ခုနှင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်လွတ်သွားသည်။
‘ငါက ဘုရားမြို့ကိုရောက်လာပြီး ဘာတွေအောင်မြင်ခဲ့လဲ’
‘ငါက မူပိုင်ခွင့်ရထားတဲ့ အဆင့်ကိုးပန်းပဲပညာရှင်ကို စိန်ခေါ်ချင်ခဲ့တယ်’
‘ပြီးတော့ အဆင့်တက်သွားတဲ့ မူပိုင်ခွင့်ပန်းပဲပညာရှင် ယုချန်တောက်ကိုလည်း သိမ်းသွင်းချင်ခဲ့တယ်’
“ယန်တင်း၊ သွားကြရအောင်”
စင်မြင့်အောက်တွင်ရှိသော ကျူးယွီထန်းက ပြောလိုက်သည်။
ယန်တင်းက ပတ်ဝန်းကျင်တွင်ရှိသော မိသားစုကြီးများ၏ ကျွမ်းကျင်သူများကိုပင် မကြည့်နိုင်ဘဲ ကျူးယွီထန်းနှင့်အတူ တိုက်ရိုက် ထွက်သွားခဲ့သည်။
“ခင်ဗျားတို့ ကျူကျင်းကုန်သွယ်ရေးအဖွဲ့မှာ အလုပ်လုပ်ချင်လား”
ဟန်မူယဲ့က ပြုံးလိုက်ပြီး စင်မြင့်ပေါ်တွင်ရှိသော အဆင့်ကိုးပန်းပဲပညာရှင်နှစ်ယောက်ကို ပြောသည်။
သူတို့နှစ်ယောက်က အဆင့်ကိုးဖြစ်သည်။
သူတို့က လုပ်နိုင်စွမ်းရှိသည်။
ဟန်မူယဲ့၏စကားကို ကြားရသောအခါ အဆင့်ကိုးပန်းပဲပညာရှင်နှစ်ယောက်က တောက်ပနေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ကျွန်တော်တို့ လုပ်ချင်ပါတယ်”
ဘယ်ဘက်တွင်ရှိသော အဆင့်ကိုးပန်းပဲပညာရှင်က ပြုံးလိုက်ပြီး ပြောသည်။
“ကျွန်တော်က ခေါင်းဆောင်ဟန်ရဲ့ အလုပ်ရုံကို မြင်ချင်လို့ ဘုရားမြို့ဆီ ရောက်လာတာပါ”
“ခေါင်းဆောင်ဟန်ရဲ့ အလုပ်ရုံက လုပ်အားခမြင့်ပြီး အသက်မွေးဖို့ နေရာကောင်းတစ်ခုပဲလို့ ပြောကြတယ်”
ညာဘက်တွင်ရှိသော အဆင့်ကိုးပန်းပဲပညာရှင်က ခပ်ဟဟရယ်သည်။
အဆင့်ကိုးပန်းပဲပညာရှင်များသည် နေရာတိုင်းတွင် အသက်မွေးနိုင်သည်။
သူတို့က ကြယ်စင်စုစကြဝဠာတွင် အဖိုးတန်သည်။
သို့သော် ပန်းပဲပညာရှင်အစည်းအရုံးအတွက် ဟန်မူယဲ့၏ ကျူကျင်းကုန်သွယ်ရေးအဖွဲ့က အလွန်အရေးကြီးသည်။
သူ၏ အလုပ်ရုံက လေဟာနယ်မြို့ကြီးများတွင် မတည်ရှိသော နည်းပါးလှသည့် အလုပ်ရုံကြီးများထဲမှ တစ်ခု ဖြစ်သည်။ ထို့အပြင် သီးသန့် လည်ပတ်နိုင်ပြီး မူပိုင်ခွင့်ကိုလည်း ပိုင်ဆိုင်သည်။
သူတို့နှစ်ယောက်က မူပိုင်ခွင့်တံဆိပ်ပြားကို ပေးပို့ရန် တာဝန်ယူလိုက်သောအခါတွင် အစည်းအရုံး၏ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက သူတို့နှစ်ယောက်ကို ဘုရားမြို့၏ အလုပ်ရုံတွင် နေထိုင်ရန် တာဝန်ပေးခဲ့ကြသည်။
စောင့်ကြည့်ရန်၊ ခိုးယူရန် မဟုတ်ပေ။
ဟန်မူယဲ့၏ အလုပ်ရုံကို ကူညီပေးရန်သာ ဖြစ်သည်။
အလုပ်ရုံ၏ အကျိုးအမြတ်များကို မေ့ထားလျှင်ပင် ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း တောင်ပံခတ်နေသော လိပ်ပြာတစ်ကောင် ဖြစ်သည်။
အစည်းအရုံး၏ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက လိပ်ပြာတောင်ပံခတ်မှုကြောင့် ဖြစ်ပေါ်လာမည့် ကြယ်စင်စုစကြဝဠာအား လွှမ်းမိုးသွားနိုင်သော မုန်တိုင်းတစ်ခုကို စောင့်နေကြသည်။
ဟန်မူယဲ့နှင့် အဆင့်ကိုးပန်းပဲပညာရှင်နှစ်ယောက်က အလုပ်ရုံသို့ ထွက်သွားကြသည်။
ယုချန်တောက်နှင့် တခြားလူများက ဘုရားမြို့၏ မိသားစုကြီးများကို ကိုင်တွယ်ရန် နေခဲ့ကြသည်။
ဤတစ်ကြိမ်တွင် မိသားစုကြီးများက သန်းဆယ်ချီ၍ လောင်းကြေးထပ်ခဲ့သည်။ ထို့အပြင် မိုင်းတွင်းနှင့် တိမ်တိုက်ရွှေသတ္တုများလည်း ပါဝင်သည်။
“မဟာအကြီးကဲယု၊ ဆရာယု၊ ကျွန်တော်တို့က အစည်းအရုံးအတွက် ခက်ခဲအောင် မလုပ်ချင်ခဲ့ပါဘူး ....”
အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ခါးသီးနေသော မျက်နှာထားဖြင့် ယုချန်တောက်၏ရှေ့သို့ ရောက်လာပြီး ညင်သာစွာပြောသည်။
ယုချန်တောက်က လူအိုကြီး၏လက်ထဲတွင်ရှိသော လောင်းကြေးစာအုပ်ကို ယူလိုက်ပြီး ခေါင်းခါသည်။
“ဆရာရှု၊ ဒီကိစ္စက ငါနဲ့မဆိုင်ဘူး။ အစည်းအရုံးနဲ့လည်း မဆိုင်ဘူး”
သူက မိသားစုကြီးများ၏ စိုးရိမ်နေသောလူများကို ကြည့်လိုက်ပြီး ပြောသည်။
“အမှန်အတိုင်းပြောရရင် ခေါင်းဆောင်ဟန်အတွက် မင်းတို့က သိပ်ပြီး အရေးမကြီးပါဘူး”
အမှန်ပင်ဖြစ်သည်။ ဘုရားမြို့လေးသည် ခေါင်းဆောင်ဟန်အတွက် အရေးမပါပေ။
ယုချန်တောက်တို့ ထွက်သွားသောအခါတွင် ကျန်းရွှမ်နှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အကူအညီမဲ့စွာ ခေါင်းခါသည်။
“အခု ဟယ်မိသားစုကပဲ ငါတို့ကို ကယ်တင်နိုင်လိမ့်မယ်။ ခွင့်လွှတ်ပေးဖို့ တောင်းပန်ရုံပဲ တတ်နိုင်မယ်”
“ငါတို့က သိပ်ပြီး မတိုက်ခိုက်လိုက်ရဘဲ ဟယ်ကျူက လေဟာနယ်ထဲကို သူ့ဘာသာကျသွားလို့ တော်သေးတယ်”
“ဟယ်မိသားစုက ဆရာဟန်ကို နောက်ခံအဖြစ် ရသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
အဆင့်ကိုးပန်းပဲပညာရှင်ဖြစ်သော ကျောက်မင်နှင့် ရှကျစ်က အလုပ်ရုံကို လှည့်ကြည့်ပြီး နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
အလုပ်ရုံ၏ အရွယ်အစားဖြစ်စေ၊ ကမ်းလှမ်းချက်များဖြစ်စေ အလွန်ကောင်းမွန်သည်။
အဆင့်ကိုးပန်းပဲပညာရှင်တစ်ယောက်၏ အခြေခံလစာသည် တစ်နှစ်လျှင် ဆယ်သန်းခန့် ရှိသည်။ တခြားဆုကြေးများနှင့် ပေါင်းလိုက်လျှင် လွယ်ကူစွာ ဆယ်သန်းကျော်သွားလိမ့်မည်။
ထိုဝင်ငွေမျိုးကို တခြားနေရာတွင် မရနိုင်ပေ။
မြို့ကြီးများကပင် ထိုသို့ မြင့်မားသော လစာကို ပေးလေ့မရှိပေ။
ကျောက်မင်နှင့် ရှကျစ်က အစည်းအရုံး၏တာဝန်များကိုလည်း လုပ်ရဦးမည်။ ထိုအတွက် အပိုဆုကြေးမရသော်လည်း တခြားအကျိုးအမြတ်များကို ရနိုင်သည်။
ထို့အပြင် အလုပ်ရုံ၏ ဆွဲဆောင်နိုင်သော မူပိုင်ခွင့်ဆုကြေးအကြောင်းကိုလည်း ကြားခဲ့ရသည်။
အဏုကြည့်မျက်လုံးများ၏ တစ်နှစ်တာအမြတ်ငွေသည် သန်းသုံးသိန်းခန့် ရှိသည်။
ထိုသန်းသုံးသိန်း၏ ခွဲဝေမှုအကြောင်းကို အလုပ်ရုံတွင်ရှိသော လူများနှင့် အစည်းအရုံး၏ ရာထူးကြီးပုဂ္ဂိုလ်များကသာ သိကြသည်။
ထိုသတင်းသည် လျှို့ဝှက်ချက်ဖြစ်သည်။
သို့သော် အချိန်ကြာလာသောအခါတွင် ကောလဟာလများ ပေါ်ထွက်လာသည်။ အမှန်တရားကို ခွဲခြားမသိနိုင်ပေ။
ထိုသတင်းများထဲတွင် အမြတ်ငွေအကြောင်းကို ယုံကြည်ကြသော်လည်း ဖန်တီးနိုင်စွမ်းအတွက် ဆုချီးမြှင့်ပေးမည်ဖြစ်သော သန်းတစ်သိန်းကို မယုံကြပေ။
မည်သူက ရူးသွပ်နေပြီး ထိုပမာဏကို အလကားသက်သက် ထုတ်ပေးမည်နည်း။
အလုပ်ရုံတွင်ရှိသော ဒဏ္ဍာရီလာပုဂ္ဂိုလ်သည် အရာရာကျွမ်းကျင်သော ခေါင်းဆောင်ဟန် မဟုတ်ဘဲ အကြီးအကဲယုချန်တောက် ဖြစ်လာသည်။
သူက သာမန်ဆန်သော အဆင့်ခြောက်ပန်းပဲပညာရှင်အဖြစ်မှ သန်းရာချီချမ်းသာသော မူပိုင်ခွင့်ပန်းပဲပညာရှင် ဖြစ်လာခဲ့သည်။
ထိုဖြစ်ရပ်မျိုးကို သာမန်လူများက နားထောင်ပြီး နမူနာယူချင်ကြသည်။
ယုချန်တောက်၏ ဇာတ်လမ်းက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်။
အလုပ်ရုံသို့ အသစ်ဝင်ရောက်လာသော အဆင့်ကိုးပန်းပဲပညာရှင် နှစ်ယောက်ကပင် အနည်းငယ် အားကျနေသည်။
သုံးရက်အကြာတွင် စွန်းမိသားစု၊ ကျန်းမိသားစုနှင့် မေပယ်တောအုပ်မြို့၏ ကုန်သည်အဖွဲ့ နှစ်ဖွဲ့က အလုပ်ရုံအတွက် လိုအပ်သော ကုန်ကြမ်းများကို ယူလာခဲ့သည်။
စွန်းမိသားစု၏ အဓိကပန်းပဲပညာရှင်များနှင့် ကျန်းမိသားစု၏ ကျွမ်းကျင်သူများ အားလုံးနီးပါး ပါလာသည်။
အားလုံးပေါင်း လူတစ်ထောင်ကျော်သည် အလုပ်ရုံသို့ ဝင်ရောက်ခဲ့သည်။
အလုပ်ရုံက တရားဝင်လည်ပတ်နေသောကြောင့် အစောင့်အကြပ် အများအပြားကို လိုအပ်သည်။
အနာဂတ်တွင် ကျွမ်းကျင်သူများကို ပိုမိုလိုအပ်လာလိမ့်မည်။
မြို့ကြီးနှင့် မြို့ငယ်များက သူလျှိုများကို စေလွှတ်နိုင်သည်။
သို့သော် အလုပ်ရုံတွင် လျှို့ဝှက်ချက်မရှိပေ။ အဏုကြည့်မျက်လုံးက ရိုးရှင်းပြီး အစည်းအရုံးနှင့် တခြားမြို့ကြီးများက သဘောတူထားခဲ့သည်။
ပွင့်လင်းစွာ ချပြထားလျှင်ပင် မည်သူမှ အတုလုပ်ရဲမည်မဟုတ်ပေ။
အစည်းအရုံးကို ပေးအပ်ထားသော မူလဒင်္ဂါးသန်းတစ်သိန်းသည် အလကားမဟုတ်ပေ။
မေပယ်တောအုပ်မြို့၏ ကုန်ကြမ်းများ ရောက်လာသောအခါ အလုပ်ရုံက အပြည့်အဝ လည်ပတ်နေသည်။ စက်မှုပညာရှင်များကို အလုပ်ချိန်ခွဲပြီး အဏုကြည့်မျက်လုံးများကို နေ့ရောညပါ ထုတ်လုပ်ခဲ့သည်။
အဏုကြည့်မျက်လုံးကို တစ်နှစ်လျှင် သန်းတစ်ရာ ထုတ်လုပ်မည်။ ယခုနှစ်တွင် အရေအတွက် လျော့ချထားသော်လည်း သန်းခုနစ်ဆယ် သတ်မှတ်ထားသည်။
ဟန်မူယဲ့က ထိုအကြောင်းကို ဂရုမစိုက်သော်လည်း အလုပ်ရုံ၏ စက်မှုပညာရှင်နှင့် ပန်းပဲပညာရှင်များက ဂရုစိုက်ကြသည်။ သူတို့က တစ်ခုပိုလုပ်နိုင်လျှင် ငွေပိုရမည်။
တစ်လအကြာတွင် သူတော်စင်အဆင့် ပန်းပဲပညာရှင် ထန်ယွမ်နှင့် အဆင့်ကိုးပန်းပဲပညာရှင် လေးယောက် ရောက်လာသည်။
သူတို့က တိတ်ဆိတ်စွာ ရောက်လာသော်လည်း သူတော်စင်အဆင့်နှင့် အဆင့်ကိုးများ ဖြစ်ကြသည်။ ထို့ကြောင့် အလုပ်ရုံက ဆူပွက်သွားသည်။
ဟန်မူယဲ့၏ တောင်းဆိုချက်အရ သူတော်စင်အဆင့်၊ အဆင့်ကိုး၊ အဆင့်ခြောက်နှင့် အဆင့်ခုနစ် ပန်းပဲပညာရှင်များသည် တစ်လလျှင်တစ်ကြိမ် သင်ခန်းစာပို့ချပေးသည်။
အလကားတော့ မဟုတ်ပေ။ သူတို့၏ အဆင့်အပေါ် မူတည်ပြီး ကုန်ကျစရိတ် ကွဲပြားသွားသည်။
ဥပမာအနေဖြင့် ထန်ယွမ်က သင်ခန်းစာတစ်ခုလျှင် မူလဒင်္ဂါးတစ်သန်းကို ကောက်ခံသည်။
မာနဉ်ယွမ်နှင် ဝူဟွားတို့ကဲ့သို့ အဆင့်ခြောက် ပန်းပဲပညာရှင်များက သင်ခန်းစာတစ်ခုလျှင် မူလဒင်္ဂါး ရှစ်သောင်းကို ကောက်ခံကြသည်။
ထိုပမာဏသည် အတော်လေးများသည်။
သူတော်စင်အဆင့် ကျွမ်းကျင်သူကပင် လွယ်ကူစွာရလာသော ငွေကြေးကို ငြင်းပယ်မည်မဟုတ်ပေ။
သုံးလအတွင်း အလုပ်ရုံ၏ ပန်းပဲပညာရှင်များအားလုံးသည် ကောင်းကင်ဘုံသို့ ရောက်နေသည်ဟု ခံစားရသည်။
သူတို့၏ဝင်ငွေက အဆပေါင်းများစွာ တိုးတက်လာရုံသာမက သင်ယူရန်အတွက် မရေမတွက်နိုင်သော အခွင့်အရေးများကိုလည်း ရနေသည်။
အလုပ်ရုံ၏ ပန်းပဲပညာရှင်များသည် သင်ခန်းစာများကို အလွတ်မပေးကြပေ။
ယခင်က ဘုရားမြို့သည် အခြေခံအုတ်မြစ် အားနည်းခဲ့သည်။
ယခု သူတော်စင်အဆင့်နှင့် အဆင့်ကိုး ပန်းပဲပညာရှင်များက သင်ခန်းစာပို့ချနေသောကြောင့် အခွင့်အရေးကို ဆုပ်ကိုင်ထားရမည်။