← Chapters

အခန်း (၁၂၅၃)

Vol. 90 Ch. 1253

အခန်း (၁၂၅၃)

Vol. 90 Ch. 1253

ထန်ယွမ်နှင့် အဆင့်ကိုးပန်းပဲပညာရှင်များက သင်ခန်းစာပို့ချသောအခါတွင် အလုပ်ရုံက လူများဖြင့် ပြည့်နှက်နေသည်။

မာနဉ်ယွမ်နှင့် အဆင့်‌ခြောက်ပညာရှင်များ၏ သင်ခန်းစာတွင် လူဦးရေ ပိုများသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ သင်ခန်းစာကို အဆင့်နိမ့် ပန်းပဲပညာရှင်များသာမက စက်မှုပညာရှင်များကလည်း နားထောင်ကြသည်။

စက်မှုပညာရှင်များက သူတော်စင်အဆင့်နှင့် အဆင့်ကိုးပန်းပဲပညာရှင်များ၏ သင်ခန်းစာကို နားထောင်ရန် အရည်အချင်း မရှိသေးပေ။ သူတို့က အဆင့်ခြောက် ပန်းပဲပညာရှင်များ၏ သင်ခန်းစာကိုသာ နားထောင်နိုင်ကြသည်။

ပန်းပဲပညာရှင်များက လစာပိုကောင်းသောကြောင့် စက်မှုပညာရှင်များက တည်ငြိမ်စွာနေရန် မဖြစ်နိုင်တော့ပေ။

သူတို့က ကျင့်ကြံဆင့်တိုးတက်လာပြီး အင်းကွက်တချို့ကို ထွင်းထုချင်သည်။

ထိုသို့ လုပ်ဆောင်ရန် မခက်ပေ။

သုံးလအတွင်း၌ အလုပ်ရုံ၏ စက်မှုပညာရှင် သုံးဆယ်ကျော်သည် အင်းကွက်များကို ထွင်းထုရန် သင်ယူနိုင်ခဲ့သည်။

သူတို့က အခြေခံအုတ်မြစ် အားနည်းသောကြောင့် ပန်းပဲပညာရှင်များ ဖြစ်မလာသေးပေ။ သို့သော် အဆင့်မြင့်စက်မှုပညာရှင်များ ဖြစ်လာပြီး အလွန်ကောင်းမွန်သော လစာကို ရနိုင်သည်။

ထို့ကြောင့် အဆင့်တစ်ပန်းပဲပညာရှင်များက စိုးရိမ်လာကြသည်။

သူတို့က တိုးတက်မလာလျှင် စက်မှုပညာရှင်များက သူတို့၏အလုပ်ကို ယူသွားလိမ့်မည်။

သုံးလအကြာတွင် အဏုကြည့်မျက်လုံးများ၏ ပထမအသုတ်ကို အစည်းအရုံးသို့ ပို့ပေးနိုင်ခဲ့သည်။

အဆင့်ကိုးချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များက အဏုကြည့်မျက်လုံး သန်းနှစ်ဆယ်ကို ယူသွားကြသည်။

ထိုအရေအတွက်သည် မူလဒင်္ဂါး သန်းခြောက်သောင်းနှင့် တူညီသည်။

ထိုပမာဏသည် လူတိုင်းကို ရူးသွပ်သွားစေနိုင်သည်။

ကံကောင်းစွာဖြင့် အစည်းအရုံးက ထိုကိစ္စကို လျှို့ဝှက်ပြီး အာရုံစိုက်ထားခဲ့သည်။

ပထမဆုံးကုန်သွယ်မှုသည် ‌ချောမွေ့စွာ ပြီးဆုံးသွားသည်။

နောက်သုံးလအကြာတွင် ထပ်မံပေါ်ထွက်လာသော အဏုကြည့်မျက်လုံး သန်းသုံးဆယ်ကိုတော့ ကုန်သည်အဖွဲ့နှင့် ပို့ပေးရန် မလိုတော့ပေ။

တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို တည်ဆောက်ထားပြီး အစည်းအရုံး၏ ဌာနချုပ်နှင့် တိုက်ရိုက် ဆက်သွယ်ခဲ့သည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသက်သွင်းအတွက် မူလဒင်္ဂါးဆယ်သန်း ကုန်ကျသည်။

သို့သော် ထိုကုန်ကျစရိတ်သည် အစည်းအရုံးအတွက် အရေးမပါပေ။

အဏုကြည့်မျက်လုံးနှင့် ပတ်သတ်ပြီး မြို့ကြီးများ၏ လိုအပ်ချက်သည် အစည်းအရုံး၏ ခန့်မှန်းချက်ထက် ကျော်လွန်နေသည်။

အဏုကြည့်မျက်လုံးသည် ပန်းပဲပညာရှင်များ၏ လိုအပ်ချက်ကို လျော့နည်းသွားစေသည်။ ထို့အပြင် အသေးစိတ်ကျသော ပုံသွင်းဓားသည်လည်း ပန်းပဲလုပ်ငန်းစဉ်ကို ပြောင်းလဲစေခဲ့သည်။

ယုချန်တောက်၏ ပုံသွင်းဓားသည် ဝိညာဉ်အင်းကွက်များကို ထွင်းထုရာတွင် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေသည်။ သေးငယ်သော နေရာတစ်ခုတွင် များပြားသော အင်းကွက်များကို ထွင်းထုနိုင်သည်။

အဏုကြည့်မျက်လုံး၏ အကူအညီဖြင့် အင်းကွက်များကို အသေးစိတ်ကျကျ ရေးဆွဲနိုင်သည်။

ထို့နောက် အစိတ်အပိုင်းများကို ပေါင်းစပ်လိုက်သောအခါ ချပ်ဝတ်နှင့် ရုပ်သေးရုပ်၏ စွမ်းအားကို တိုးတက်လာစေသည်။

ပုံသွင်းဓား၏ မူပိုင်ခွင့်ကို ရောင်းချထားသောကြောင့် အလုပ်ရုံများက ကိုယ်တိုင်ပြုလုပ်နိုင်သည်။

ထို့ကြောင့် ပုံသွင်းဓားသည် မြို့ကြီးများတွင် လျင်မြန်စွာ နာမည်ကြီးလာပြီး အဆင့်နိမ့်ပန်းပဲပညာရှင်တိုင်းတွင် တစ်ခုစီ ရှိကြသည်။

ထို့အပြင် ပုံသွင်းဓားကို အဆင့်မြင့်၊ အထူးအဆင့် စသည်ဖြင့် အမျိုးအစား ခွဲခြားထားသည်။

ကုန်ကျစရိတ် အနည်းငယ်သာရှိ‌သော ပုံသွင်းဓားကို ယခုအချိန်တွင် မူလဒင်္ဂါး ရာချီ၍ ပေးရသည်။

အချက်အလက်များအရ ယုချန်တောက်၏ ယခုနှစ်အတွက် အကျိုးအမြတ်သည် သန်းတစ်ထောင် ရှိသွားလိမ့်မည်။

ထို့ကြောင့် ယုချန်တောက်နှင့် ဆက်ဆံရေးကောင်းသော မာနဉ်ယွမ်၊ ဝူဟွားနှင့် တခြားလူများက အလွန်အားကျနေကြသည်။

သူတော်စင်အဆင့် ပန်းပဲပညာရှင် ထန်ယွမ်ကပင် ယုချန်တောက်ကို ယဉ်ကျေးစွာ ဆက်ဆံသည်။

လူချမ်းသာတစ်ယောက်ကို မည်သူက မျက်နှာသာမပေးချင်မည်နည်း။

ဟန်မူယဲ့ကတော့ အလုပ်ရုံထဲတွင် နေထိုင်ပြီး ပန်းပဲနည်းစနစ်များကို လေ့လာသုံးသပ်နေသည်။

ထန်ယွမ်က ဟန်မူယဲ့နှင့် အကြံဉာဏ်များ ဖလှယ်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ဆက်မလုပ်တော့ပေ။

သူတော်စင်အဆင့်ဖြစ်သော သူက ဟန်မူယဲ့၏ နည်းစနစ်များကို နားမလည်နိုင်ဟု ပြောခဲ့သည်။

‌ခေါင်းဆောင်ဟန်၏ လေ့လာမှုက အလွန်နက်နဲသောကြောင့် မဟုတ်ပေ။ နယ်ပယ်အသစ် ဖြစ်နေပြီး သူ၏ ကျွမ်းကျင်မှုနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်ဟု ရှင်းပြခဲ့သည်။

အလုပ်ရုံ၏ ပန်းပဲပညာရှင်များသည် ခေါင်းဆောင်ဟန်က မူပိုင်ခွင့်အသစ်ကို လျှောက်ထားတော့မည်ဟု ခန့်မှန်းနေကြသည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ ပထမနှစ်တွင် အဏုကြည့်မျက်လုံး ၈၃သန်းကို ထုတ်လုပ်ခဲ့သည်။

ဟန်မူယဲ့ သတ်မှတ်ထားသော သန်းခုနစ်ဆယ်ထက် ကျော်လွန်နေသည်။

ဟန်မူယဲ့က အဏုကြည့်မျက်လုံးများ၏ အရေအတွက်ကို ဂရုမစိုက်သော်လည်း တခြားလူများက ဂရုစိုက်ကြသည်။

ပန်းပဲပညာရှင်အစည်းအရုံးက အဏုကြည့်မျက်လုံးများကို ပိုမိုထုတ်လုပ်နိုင်ရန်အတွက် အဆင့်အမျိုးမျိုးရှိသော ပန်းပဲပညာရှင် တစ်ရာကျော်ကို စေလွှတ်ခဲ့သည်။

ဟန်မူယဲ့က တစ်နှစ်လျှင် အဏုကြည့်မျက်လုံး သန်းတစ်ရာကိုသာ ထုတ်လုပ်ရန် မသတ်မှတ်ခဲ့လျှင် အစည်းအရုံးက တခြားအလုပ်ရုံတစ်ခုကို ဖွင့်လှစ်ရန် အားပေးလိမ့်မည်။

ဟန်မူယဲ့မှလွဲ၍ မည်သူက ပိုက်ဆံကို မလိုချင်မည်နည်း။

နှစ်ကုန်ပိုင်းတွင် အလုပ်ရုံက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

သူတို့တင်မဟုတ်ပေ။ ပန်းပဲပညာရှင် အစည်းအရုံး၊ မြို့ကြီးများနှင့် ကျောင်းတော်များကလည်း စောင့်ဆိုင်းနေကြသည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ မူပိုင်ခွင့်ဆုကြေး ဖြစ်သည်။

ဟန်မူယဲ့က ပန်းပဲပညာရှင်များ၏ ဖန်တီးနိုင်စွမ်းကို အားပေးရန်အတွက် ဆုကြေးချီးမြှင့်ရန် စီစဉ်ထားခဲ့သည်။

အစည်းအရုံး၏ ဌာနချုပ်နှင့် မြို့ကြီးတချို့မှလွဲ၍ ဆုကြေး၏ပမာဏကို မည်သူမှ မသိကြပေ။

ဆုကြေးချီးမြှင့်မည့် စည်းကမ်းများကို ဟန်မူယဲ့က ကိုယ်တိုင်သတ်မှတ်ထားပြီး အပြင်လူများက မသိနိုင်ပေ။

အစည်းအရုံးကပင် ယခုတစ်ကြိမ်ဆုကြေး၏ ခွဲဝေမှုကို သိချင်နေကြသည်။

အလုပ်ရုံ၏ ခန်းဆောင်တွင် ပန်းပဲပညာရှင်သုံးထောင်က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

သူတို့၏ ရှေ့တွင်ရှိသော စင်မြင့်သည် အလင်းလွှာများကို ထုတ်ပေးလိုက်သည်။

အလင်းလွှာများသည် ပန်းပဲပညာရှင် အစည်းအရုံး၏ ဌာနချုပ်၊ မြို့ကြီးနှင့် ကျောင်းတော်များတွင်လည်း ပေါ်လာကြသည်။

“ကျူကျင်းဆုကြေး ပေါ်ထွက်လာပြီ”

“ကျူကျင်းကုန်သွယ်ရေးအဖွဲ့က တီထွင်မှုကို အားပေးချင်တဲ့အတွက် ဆုကြေးနဲ့ပတ်သတ်ပြီး အရမ်းရက်ရောတယ်လို့ ပြောကြတယ်။ သူတို့က ဘယ်လောက်ပေးမှာလဲ မသိဘူး”

“ဘယ်သူသိမလဲ။ သိပ်တော့မနည်းလောက်ဘူး။ တစ်သန်း၊ နှစ်သန်းလောက်တော့ ရှိမှာပါ။ အစည်းအရုံးက လူတိုင်းကို စောင့်ကြည့်ပေးဖို့အတွက် စာထုတ်ထားတယ်လေ”

မရေမတွက်နိုင်‌သော အလင်းလွှာများ၏ရှေ့တွင် လူအများသည် တီးတိုးပြောနေကြသည်။

ဤတစ်ကြိမ်တွင် ပန်းပဲပညာရှင် အစည်းအရုံးသာမက ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင် အစည်းအရုံးကိုလည်း မျက်မြင်ကြုံတွေ့နိုင်ရန် ဖိတ်ခေါ်ထားသည်။

“ယခုနှစ်အတွက် တီထွင်မှုကျောင်းတော် ဆုကြေးကို တောင်စကားမြို့ရဲ့ တောင်စကားကျောင်းတော်က ရရှိသွားပါတယ်”

ရွှေရောင်စာလုံးများသည် အလင်းလွှာတွင် ပေါ်လာသည်။

လူတိုင်းက မျက်လုံးပြူးသွားသည်။

အစည်းအရုံး၏ ကျွမ်းကျင်သူများက မတ်တပ်ရပ်မိကြသည်။

ကျောင်းတော်တွင်ရှိသော လူများ၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာသည်။

“ဆုကြေးက သန်းတစ်သောင်းပါ”

သန်းတစ်သောင်း ....

‘ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ရူးသွားပြီပဲ’

‘ပန်းပဲပညာရှင်အစည်းအရုံးကလည်း ရူးနေပြီပဲ’

ထိုဆုကြေးကို မြင်လိုက်ရသော ပန်းပဲပညာရှင်တိုင်းက ရူးသွပ်သွားကြသည်။

ပထမဆုံးဆုကြေးသည် အနည်းငယ်သာဖြစ်မည်ဟု လူတိုင်းက ထင်ထားကြသည်။

အများဆုံး တစ်သန်းခန့်သာ ရှိလိမ့်မည်။

သို့သော် သန်းတစ်သောင်း ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။

‘ဘယ်ကုန်သွယ်ရေးအဖွဲ့က အရမ်းအားနေပြီး သန်းထောင်ချီတဲ့ဆုကြေးကို ချီးမြှင့်နေတာလဲ’

“ငါမြင်လိုက်ရတာ မှန်ရဲ့လား”

ကျောင်းတော်၏ ခန်းဆောင်တစ်ခုတွင် အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲက မျက်မှောင်ကြုတ်ထားသည်။

အလင်းလွှာတွင် စာလုံးများ ရှိနေဆဲဖြစ်သည်။

သို့သော် ဆုကြေးပမာဏက မယုံနိုင်စရာကောင်းသည်။

“သန်းတစ်သောင်းတဲ့လား။ ဘယ်သူက အဲဒီလောက် ရက်ရောနေတာလဲ”

“ဒါက အတုပဲ ဖြစ်ရမယ်။ အချက်အလက်တွေကို ပေးပို့တဲ့နေရာမှာ အမှားရှိသွားတာ ဖြစ်နိုင်တယ်။ တစ်သန်းပဲ ဖြစ်လိမ့်မယ်”

မြို့ကြီးများတွင် အလင်းလွှာကို စောင့်ကြည့်နေသော လူတချို့က ယုံကြည်ချက်ရှိစွာ ပြောလိုက်ကြသည်။

“သန်းတစ်သောင်းတဲ့လား။ ပန်းပဲပညာရှင်အစည်းအရုံးက မွဲသွားတော့မှာပဲ”

မြို့တစ်မြို့၏ ခန်းဆောင်တွင် နတ်ဘုရားအဆင့် ချပ်ဝတ်သခင်တံဆိပ်ပြားနှင့် အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

‘ကပ်စေးနှဲတဲ့ ပန်းပဲပညာရှင်အစည်းအရုံးက နည်းလမ်းပြောင်းလိုက်တာလား’

“လောဟာနယ်မြို့တွေရဲ့ ဖိအားကြောင့် ပန်းပဲပညာရှင်အစည်းအရုံးက လှုပ်ရှားလိုက်တာလား”

အလင်းလွှာကို စောင့်ကြည့်နေ‌သော နတ်ဘုရားအဆင့် ရုပ်သေးသခင်တစ်ယောက်က တီးတိုးပြောသည်။

လူအများအပြားက မျက်မှောင်ကြုတ်ပြီး လှောင်ပြောင်နေကြသည်။

“သန်းတစ်သောင်း၊ အစည်းအရုံးက ဒီဆုကြေးကို ပြန်သိမ်းမှာလား”

“အဲဒီလူအိုကြီးတွေက ဒီလောက်ရက်ရောမှာမဟုတ်ဘူး”

လူတချို့ကတော့ နောက်ကွယ်တွင်ရှိသော အကြောင်းအရာကို သိနေကြသည်။

ထိုလူများကတော့ အဏုကြည့်မျက်လုံးအတွက် ကျူကျင်းကုန်သွယ်ရေးအဖွဲ့နှင့် စာချုပ်ချုပ်ခဲ့သော မြို့ကြီးမှလူများ ဖြစ်ကြသည်။ ဆုကြေးထုတ်ပေးသောလူကို သူတို့က သိနေသည်။

“မရင်းနှီးတဲ့ ကျောင်းတော်တစ်ခုမှာ သန်းတစ်သောင်းကို တိုက်ရိုက်ရင်းနှီးရဲတယ်။ ကျူကျင်းကုန်သွယ်ရေးအဖွဲ့ရဲ့ ဆရာဟန်က တကယ်ရဲတင်းတာပဲ”

မြို့ကြီးတစ်မြို့တွင် အလင်းလွှာကို စောင့်ကြည့်နေသော အပြာရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က ညင်သာစွာ ခေါင်းညိတ်သည်။

ထိုအချိန်တွင် တောင်စကားကျောင်းတော်၏ လူတိုင်းက ဆွံ့အနေကြသည်။

သူတို့၏ ကျောင်းတော်က အမျိုးမျိုးသော လက်နက်သန့်စင်ခြင်း တီထွင်မှုနှင့် ပတ်သတ်ပြီး စာတမ်းတစ်ခုကို တင်သွင်းခဲ့သည်။

သူတို့၏ ကျောင်းအုပ်က အစည်းအရုံး၏ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက်နှင့် ရင်းနှီးသည်။ ထိုကျွမ်းကျင်သူ၏ ဖိတ်ခေါ်မှုကြောင့် တပည့်များကို တီထွင်မှုနှင့်ပတ်သတ်သော အလုပ်တာဝန်များ ပေးအပ်ပြီး စုပေါင်း၍ စာတမ်းတင်ခဲ့သည်။

ထိုစာတမ်းနှင့် ပတ်သတ်ပြီး ကျောင်းတော်က ဆုကြေးရလာလျှင် ကျောင်းသားများကို ခွဲပေးမည်ဟု ကတိထားခဲ့သည်။

ယခုအချိန်တွင် သန်းတစ်သောင်း ဆုကြေးရလာသည်။

မည်သူက ယုံနိုင်မည်နည်း။

“ကျောင်းအုပ်၊ ဒါက တကယ်လား”

အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ညင်သာစွာ ပြောသည်။

တခြားလူများကလည်း ခေါင်းညိတ်လိုက်ကြသည်။

အမှန်အတိုင်း မဖြစ်နိုင်ပေ။ သူတို့၏ တောင်စကားကျောင်းတော်က နာမည်မကြီးပေ။ သူတို့၏ ပိုင်ဆိုင်မှုများအားလုံးကို ပေါင်းလိုက်လျှင်ပင် သန်းတစ်သောင်း မရနိုင်ပေ။

ကျောင်းတော်တွင် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်သုံးယောက် ရှိနေသော်လည်း များသောအားဖြင့် သူတို့က ကျောင်းတော်၏ အရေးကိစ္စကို ဂရုမစိုက်ကြပေ။

‘ငါတို့ကျောင်းတော်က တကယ်ပဲ မူလဒင်္ဂါးသန်းတစ်သောင်းကို ရနိုင်မှာလား”

“ဒါက အမှန်ပဲဖြစ်လိမ့်မယ် ....”

ကျောင်းအုပ်၏ အကြည့်များက နက်ရှိုင်းနေပြီး တီးတိုးပြောသည်။

“ဒီတစ်ကြိမ်မှာ အစည်းအရုံးက ကြီးကြီးမားမားလုပ်ဖို့ ကြံစည်နေတယ်”

‘သန်းတစ်သောင်းထုတ်ပေးပြီး လူတိုင်းကို သိမ်းသွင်းမှာလား’

“ဝီ”

တုန်ခါသံတစ်ခု ပေါ်ထွက်လာသည်။ ကျောင်းအုပ်က အလင်းလွှာကို ဆက်ကြည့်လိုက်သည်။

“ဆုကြေးရောက်လာပြီ”

“ဆုကြေးကို တစ်ခါတည်း ပေးလိုက်တာပဲ”

ခန်းဆောင်ထဲတွင် လူတိုင်းက အလင်းလွှာကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။ သူတို့က လမ်းပျောက်နေသည်။

‘တကယ်ကြီး မူလဒင်္ဂါး သန်းတစ်သောင်းလား’

‘ကျောင်းတော်ရဲ့ ဘဏ်အကောင့်ထဲကို တစ်ခါတည်း ရောက်လာတာပဲ’

All Chapters