← Chapters

အခန်း (၁၂၅၅)

Vol. 90 Ch. 1255

အခန်း (၁၂၅၅)

Vol. 90 Ch. 1255

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် နှစ်စဉ်ဆုကြေးကို ထုတ်ဝေပေးခဲ့သည်။ မျက်တောင်တစ်ခတ်စာအတွင်း နှစ်ပေါင်းသုံးဆယ် ကုန်လွန်သွားသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်တွင် ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ ဆုကြေးများသည် ကြယ်စင်စုစကြဝဠာတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

တစ်ကြိမ်တွင် မူပိုင်ခွင့်နှစ်ခုကို အောင်မြင်ခဲ့ပြီး ဆုကြေးအဖြစ် သန်းတစ်သိန်းရခဲ့သော ကျောင်းတော်တစ်ခု ရှိနေသည်။ ထိုဖြစ်ရပ်ကြောင့် ကြယ်စင်စု စကြဝဠာတစ်ခုလုံးက တုန်ခါသွားပြီး ကျောင်းတော်က ပါရမီရှင်နှင့် လက်ရွေးစင်များကို စုစည်းနိုင်ခဲ့သည်။

ပျက်စီးလုနီးပါးဖြစ်နေသော အလုပ်ရုံတစ်ခုလည်း ရှိခဲ့သည်။ ထိုအလုပ်ရုံက သန်းသုံးသောင်းကို ဆုကြေးအဖြစ် ရခဲ့ပြီး ပြန်လည်ရှင်သန်လာသည်။ ပန်းပဲပညာရှင်အစည်းအရုံး၏ အလိုအရှိဆုံး အလုပ်ရုံတစ်ခု ဖြစ်လာခဲ့သည်။

နတ်ဘုရားတစ်ဝက်အဆင့်တွင် ‌ရောက်နေပြီး အဆင့်မတက်နိုင်သော ပန်းပဲပညာရှင်တစ်ယောက်လည်း ရှိခဲ့သည်. ထိုပန်းပဲပညာရှင်က ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ သန်းတစ်သောင်းဆုကြေးကို ရရှိပြီး သုံးနှစ်အကြာတွင် အဆင့်တက်သွားခဲ့သည်။

နှစ်ပေါင်းသုံးဆယ်အတွင်း ကျူကျင်းကုန်သွယ်ရေးအဖွဲ့က အလုပ်ရုံ ၁၂ခုမှ အလုပ်ရုံတစ်ရာအဖြစ် တိုးတက်လာခဲ့သည်။

နှစ်စဉ် အဏုကြည့်မျက်လုံး သန်းတစ်ရာအပြင် ကြယ်စင်စုစကြဝဠာတွင် လှည့်ပတ်နေသော တခြားကိရိယာများ အမျိုးအစား တစ်ထောင်နီးပါးကိုလည်း ထုတ်လုပ်ပေးသည်။

ထိုထဲတွင် အလုပ်ရုံငါးဆယ်က ချပ်ဝတ်နှင့် ရုပ်သေးရုပ်အား ပေါင်းစပ်ထားသော ရုပ်သေးရုပ်များကို ထုတ်လုပ်ပေးသည်။

တခြားအလုပ်ရုံ ဆယ်ခုကတော့ လူတူရုပ်သေးများကို ထုတ်လုပ်သည်။

ထိုရုပ်သေးများသည် ဟန်မူယဲ့၏ လေ့လာမှုရလဒ် ဖြစ်သည်။

ယနေ့အချိန်တွင် ဟန်မူယဲ့၏ ပန်းပဲနည်းစနစ်က အလွန်အဆင့်မြင့်သောကြောင့် တခြားလူများက မခန့်မှန်းနိုင်တော့ပေ။

ပန်းပဲပညာရှင်အစည်းအရုံးက သူ့ကို ဌာနချုပ်သို့ လာရောက်ရန် နှစ်စဉ် ဖိတ်ခေါ်ခဲ့သော်လည်း ဟန်မူယဲ့က မသွားခဲ့ပေ။

သူက ဌာနချုပ်သို့ ရောက်သွားလျှင် ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို လေ့လာနိုင်တော့မည်မဟုတ်ပေ။

နှစ်ပေါင်းသုံးဆယ်အတွင်း ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ ဆရာဟန်ကို ကြယ်စင်စုစကြဝဠာတစ်ခုလုံးက လေးစားလာကြသည်။

မရေမတွက်နိုင်သော လူများသည် ဆရာဟန်၏ ဆုကြေးကြောင့် ရှေ့ဆက်သွားနိုင်ခဲ့သည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ ဆုကြေးကြောင့် မရေမတွက်နိုင်သော အလုပ်ရုံနှင့် ကျောင်းတော်များ ပေါ်ထွက်လာခဲ့သည်။

မရေမတွက်နိုင်သော လူများက နောက်ကွယ်တွင်ရှိသော ထူးခြားဆန်းကြယ်သည့် ဆရာဟန်နှင့် တွေ့ချင်နေကြသည်။

“ဆရာဟန်၊ ယုထောင်မြို့ပျက် ပွင့်လာပါပြီ”

ချပ်ဝတ်နှင့် ဟယ်ရန်စွန်းက ခန်းဆောင်ထဲသို့ ဝင်လာပြီး ဦးညွတ်လိုက်သည်။

ဟယ်ရန်စွန်းက နှစ်ပေါင်းသုံးဆယ်အတွင်း အဆင့်ရှစ် အထွတ်အထိပ် ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင် ဖြစ်လာသည်။

ဘုရားမြို့၏ မိသားစုကြီးများကတော့ ကျဆင်းသွားကြသည်။

ဟယ်ရန်စွန်းက ယုထောင်မြို့ပျက်သို့ ဝင်ရောက်ပြီး ပျောက်ဆုံးသွားသော ဖခင်၏ သဲလွန်စကို မရှာချင်လျှင် နေကြတ်မြို့သို့ သွာရောက်ခဲ့လိမ့်မည်။

“ယုထောင်မြို့ပျက် ပွင့်လာပြီလား”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်သည်။

“ကောင်းပြီ”

သူက နှစ်ပေါင်းသုံးဆယ်ကြာအောင် စောင့်ဆိုင်းခဲ့ပြီး ယုထောင်မြို့ပျက်၏ လက်ပြတ်ကို အရယူနိုင်တော့မည်။

ဟန်မူယဲ့က ကြယ်စင်စုစကြဝဠာနှင့် ရင်းနှီးလေ လေဟာနယ်ထဲတွင် ပုန်းအောင်းနေသော ကျွမ်းကျင်သူများကို သတိထားလေ ဖြစ်နေသည်။

ထိုကျွမ်းကျင်သူများက ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို တခြားလူဆီသို့ ပေးလိုက်မည့်အစာ ဖုန်တက်ခံလိမ့်မည်။

သူက ကမ္ဘာဦးချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို အလျင်စလို စုဆောင်းလိုက်လျှင် လေဟာနယ်ထဲတွင်ရှိသော ကျွမ်းကျင်သူများက သတိထားမိလိမ့်မည်။

သူ၏ လက်ရှိခွန်အားနှင့် ကြယ်စင်စုစကြဝဠာ၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများကို မခုခံနိုင်သေးပေ။

သို့သော် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်လျှင် ကွဲပြားသွားလိမ့်မည်။

ထိုအဆင့်သို့ ရောက်မှသာ သူက ကမ္ဘာဦးချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို စုဆောင်းနိုင်မည်။

နေ့တစ်ဝက်အကြာတွင် သင်္ဘောပျံတစ်စင်းသည် အလုပ်ရုံမှ ထွက်လာခဲ့သည်။

သင်္ဘောပျံက ယုထောင်မြို့ပျက်ဆီသို့ ဦးတည်ထားသည်။

ယုထောင်မြို့ပျက်သည် အဆင့်ကိုးဖြစ်ပြီး ပုံမှန်အတိုင်းဆိုလျှင် လေဟာနယ်ထဲတွင် ပုန်းအောင်းနေသည်။ နှစ်ငါးဆယ်တွင် တစ်ကြိမ်သာ ပေါ်လာတတ်သည်။

ထိုသို့ ပေါ်လာသောအချိန်သည် တစ်နှစ်ကြာမြင့်ပြီး အပြင်လူများက စူးစမ်းရှာဖွေကြသည်။

ရှေးခေတ်စစ်ပွဲကြောင့် ပျက်စီးသွားသော မရေမတွက်နိုင်သည့်မြို့များသည် ကြယ်စင်စုစကြဝဠာတွင် ရှိနေသည်။

တချို့မြို့များသည် ရှေးခေတ်၏ အရင်းအမြစ်ကို သယ်ဆောင်ထားပြီး တချို့ကတော့ ရှေးခေတ်စစ်ပွဲ၏ အကြွင်းအကျန်များကို ထိန်းသိမ်းထားသည်။

ထိုပစ္စည်းများသည် ယနေ့ခေတ်အတွက် အလွန်တန်ဖိုးရှိသည်။

ယနေ့အချိန်တွင် ရှားပါးနေသော အရင်းအမြစ်များကို အမျိုးမျိုးသော အပျက်အစီးနယ်မြေများမှတစ်ဆင့် ရနိုင်သည်။

ဟန်မူယဲ့က ဟယ်မိသားစုခြံဝိုင်းတွင် သိမ်းဆည်းထားသော ရုပ်သေးရုပ်၏လက်မောင်းကို လိုချင်သည်။

ဟယ်ရန်စွန်းကတော့ ဖခင်ဖြစ်သူ ဟယ်ကျူကို ရှာချင်သည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့မှ ထွက်လာသော သင်္ဘောပျံသည် ပေသုံးရာခန့်သာ ကြီးမားပြီး မီးခိုးရောင်သန်းနေသည်။ ထိုသင်္ဘောပျံက ပုံမှန်အတိုင်းသာဖြစ်ပြီး မထူးဆန်းပေ။

သို့သော် အထဲတွင် အနည်းဆုံး ပေသုံးထောင်ကျယ်ဝန်းပြီး အမျိုးမျိုးသော နေရာများအဖြစ် ခွဲခြားထားသည်။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့၊ ဟယ်ရန်စွန်းတို့နှင့်အတူ လူတစ်ရာခန့်က ယုထောင်မြို့ပျက်သို့ လိုက်လာခဲ့သည်။

အပျက်အစီးနယ်မြေကို ရှာဖွေရန်အတွက် အနည်းဆုံး အဆင့်လေး ဖြစ်နေရမည်။

အဆင့်လေးမဟုတ်လျှင် သားရဲများ၏အစာ ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် သင်္ဘောပေါ်တွင် ပါလာသော လူများသည် အနိမ့်ဆုံး အဆင့်လေး ဖြစ်ကြသည်။

သို့သော် အဆင့်လေး တစ်ယောက်မှမပါပေ။ အနည်းဆုံး အဆင့်ငါး ဖြစ်ကြသည်။

ထို့အပြင် သူတို့အားလုံးသည် ဟယ်မိသားစုမှ ဖြစ်သည်။

အလုပ်ရုံ၏ အဆင့်ခြောက်၊ အဆင့်ခုနစ်နှင့် အဆင့်ရှစ်များလည်း ရှိနေသည်။

ဟန်မူယဲ့က အဆင့်ကိုးကျွမ်းကျင်သူများကို အလုပ်ရုံအားစောင့်ရှောက်ရန် မထားခဲ့လျှင် အဆင့်ကိုးများလည်း ပါလာလိမ့်မည်။

ဟယ်ရန်စွန်းက ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ စီမံခန့်ခွဲသူဖြစ်ပြီး သူနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီသော အဆင့်ရှစ် ထိပ်တန်းအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်ကို ပိုင်ဆိုင်သည်။

သူက အလုပ်ရုံ၏ အဆင့်ကိုးအစောင့်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။

အလုပ်ရုံ၏ အစောင့်များက ဟယ်ရန်စွန်းကို ကျောင်းတော်သို့ သွားရောင်သင့်သည်ဟု ပြောကြသည်။

ဟယ်ရန်စွန်းက ဟန်မူယဲ့နှင့် ဆွေးနွေးခဲ့သည်။ သူတို့က ယုထောင်မြို့ပျက်ကို ရှာဖွေပြီးလျှင် နေကြတ်ကျောင်းတော်သို့ အတူတူသွားလိမ့်မည်။

ဟန်မူယဲ့က နေကြတ်ကျောင်းတော်တွင်ရှိသော ချိပ်ပိတ်ထားသည့် ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို စိတ်ဝင်စားနေသည်။

နေကြတ်ကျောင်းတော်တွင် ထိုချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို တရားဝင် လေ့လာနိုင်သည်။ ထို့အပြင် ကျောင်းတော်၏ ခွင့်ပြုချက်ကို ရယူပြီး ထိန်းချုပ်ကြည့်နိုင်သည်။

ယနေ့အချိန်တွင် ယုချန်တောက်နှင့် တခြားလူများက အလုပ်ရုံကို ထိန်းချုပ်ထားကြသည်။

ချန်မြောင်က ဟန်မူယဲ့၏ ကိုယ်စားလှယ်ဖြစ်ပြီး အလုပ်ရံဒ၏ မူပိုင်ခွင့်များအတွက် တာဝန်ယူထားသည်။

ထန်ယွမ်နှင့် နောက်ထပ်ရောက်လာသော သူတော်စင်အဆင့် ပန်းပဲပညာရှင်နှစ်ယောက်က အလုပ်ရုံ၏ ထုတ်ကုန်ကို တာဝန်ယူသည်။

ဟန်မူယဲ့က အလုပ်ရုံနှင့်ပတ်သတ်ပြီး ဝင်ပါရန် မလိုတော့ပေ။

သူက နှစ်ကုန်တွင် ဆုကြေးချီးမြှင့်ပေးရန်သာ လိုအပ်သည်။

သူက ချန်မြောင်နှင့် စကားပြောနေသည်။

“ကြယ်စင်စုစကြဝဠာမှာ ပုန်းကွယ်နေတဲ့ လူချမ်းသာတွေ အများကြီးရှိတယ်”

ချန်မြောင်ကိုယ်တိုင်ကလည်း ကြွယ်ဝသော မူပိုင်ခွင့်ပန်းပဲပညာရှင်တစ်ဦး ဖြစ်သည်။

“ခေါင်းဆောင်ဟန်၊ သခင်လေးဟယ် ကျွန်တော်တို့က ယုထောင်မြို့ပျက်ကို ရောက်လာပါပြီ”

သင်္ဘောပျံ၏ ကုန်းပတ်မှ အသံတစ်သံ ထွက်လာသည်။

ဟန်မူယဲ့က အပြင်ဘက်သို့ ထွက်လာပြီး ပတ်ဝန်းကျင်တွင် ရှိနေသော မီးခိုးရောင်အလင်းလွှာကို မြင်ရသည်။

ကောင်းကင်နှင့်မြေကြီးကို သက်ရောက်နေသော လေဟာနယ်စွမ်းအင်၏ တုန်ခါမှု ဖြစ်သည်။

မီးခိုးရောင်အလင်းသည် နတ်အာရုံကို တားဆီးနိုင်ပြီး ရုပ်သေးရုပ်နှင့် ချပ်ဝတ်အား ထိန်းချုပ်ရာတွင် စွမ်းအားပိုကုန်စေသည်။

အဆင့်လေးတွင်ရှိသော လူများကိုသာ လာရောက်ခွင့်ပြုသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။ အဆင့်လေးအောက်တွင်ရှိသော လူများက ဤနေရာတွင် မတိုက်ခိုက်နိုင်ပေ။

ထို့အပြင် လေဟာနယ်စွမ်းအင်၏ ဖိအားကလည်း လှုပ်ရှားမှုကို ချုပ်နှောင်ထားသည်။

လူတစ်ယောက်တွင် ပျံသန်းနိုင်သော တောင်ပံများ မရှိလျှင် လှုပ်ရှားရန်အတွက် အလွန်သန်မာရမည်။

သင်္ဘောပျံက လှုပ်ရှားနေသည်။ ရှေ့တွင် ပေဆယ်ချီရှည်လျားသော သားရဲတစ်ကောင်က တောင်ပံဖြန့်ပြီး သင်္ဘောဆီသို့ ဦးတည်လာသည်။ သားရဲ၏ ထက်မြိသော လက်သည်းများက ကုန်းပတ်တွင်ရှိသော အစောင့်များကို ချိန်ရွယ်ထားသည်။

သားရဲက အလွန်လျင်မြန်ပြီး အစောင့်တစ်ယောက်၏ရှေ့သို့ ချက်ချင်းရောက်လာသည်။

“သားရဲ သေစမ်း”

အစောင့်က ‌အေးစက်စွာ နှာမှုတ်လိုက်ပြီး လက်သီးဖြင့် ထိုးသည်။

သူ၏ လက်သီးပုံရိပ်က သားရဲ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။

“ဘန်း”

သားရဲက တုန်ခါနေပြီး ဘန်းခနဲ ပေါက်ကွဲသွားသည်။

အစောင့်က အဆင့်ခုနစ် ချပ်ဝတ်သခင် ဖြစ်သည်။ အဆင့်သုံးသားရဲက မယှဉ်နိုင်ပေ။

ထိုလက်သီးချက်သည် ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသော သားရဲများကို ထိတ်လန့်စွာ ထွက်ပြေးသွားစေသည်။

ဟန်မူယဲ့က ရှေ့သို့ ကြည့်သည်။ မီးခိုးရောင်မြူခိုးများနှင့် လွှမ်းခြုံထားသော မြို့တစ်မြို့သည် ထိုနေရာတွင် ရှိနေသည်။

“သွားကြစို့”

သူက လှုပ်ရှားလိုက်ပြီး ပျံထွက်သွားသည်။

ဟယ်ရန်စွန်းနှင့် တခြားလူများက သူ့နောက်တွင် နီးကပ်စွာ လိုက်လာကြသည်။

သူတို့အားလုံး ထွက်သွားသောအခါ သင်္ဘောပျံက မြူခိုးများထဲမှ ဖြည်းဖြည်းချင်း ထွက်ခွာပြီး အပြင်ဘက်တွင် စောင့်နေသည်။

ယုထောင်မြို့ပျက်နှင့် နီးကပ်လာသောအခါတွင် တိုက်ပွဲအငွေ့အသက်ကို မြင်ရသည်။

မရေမတွက်နိုင်သော နံရံများက ပျက်စီးနေသည်။ ချပ်ဝတ်အပိုင်းအစနှင့် လက်နက်များကိုလည်း မြင်ခဲ့ရသည်။

သိပ်မဝေးသောနေရာတွင် ဒါဇင်ချီသော လူအုပ်စုက ဟန်မူယဲ့တို့ကို မြင်လိုက်ရသောအခါတွင် ရပ်တန့်လိုက်ပြီး နောက်ဆုတ်သွားသည်။

ဟန်မူယဲ့တို့က အရေအတွက်များပြီး အားကောင်းပုံပေါ်သည်။

“ဒီကိုရောက်လာတဲ့လူတွေက ယုထောင်မြို့ပျက်ရဲ့ မျိုးဆက်တွေ မဟုတ်ရင် ပတ်ဝန်းကျင်မြို့က လူတွေပဲ”

ဟယ်ရန်စွန်းက နောက်ဆုတ်သွားသောလူများကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ယခင်က ယုထောင်မြို့၏ မိသားစုများသည် ပြန့်ကျဲသွားခဲ့သည်။ ဟယ်မိသားစုကလည်း မြို့ခုနစ်မြို့၊ ရှစ်မြို့ခန့်တွင် ပြန့်ကျဲနေသည်။

ဘုရားမြို့၏ ဟယ်မိသားစုသည် အားအနည်းဆုံး မိသားစုခွဲတစ်ခု ဖြစ်ခဲ့သည်။

သူတို့က ရှေ့ဆက်သွားသောအခါတွင် ပိုမိုများပြားသော လေဟာနယ်သားရဲများကို မြင်ခဲ့ရသည်။ ထို့အပြင် ဝိညာဉ်ပျောက်ဆုံးသွားသော သတ်ဖြတ်မှုကိုသာ နားလည်သည့် လူများကိုလည်း မြင်ခဲ့ရသည်။

သူတို့က လေဟာနယ်လောကတွင် လမ်းပျောက်သွားသောလူများ ဖြစ်ကြသည်။

ယုထောင်မြို့က လေဟာနယ်ထဲသို့ ရောက်သွားသောအခါ လေဟာနယ်စွမ်းအားက သူတို့၏ ဝိညာဉ်ကို တိုက်စားသွားသည်။ ထို့အပြင် အထီးကျန်နေသောကြောင့် အသိစိတ်ကို ဆုံးရှုံးလာသည်။

“ဘန်း”

အဆင့်ခြောက်အစောင့်တစ်ယောက်က အသိစိတ်ပျောက်ဆုံးနေသော လူတစ်ယောက်ကို တွန်းထုတ်လိုက်သည်။

ထိုလူက အသက်ရှင်နေသောအချိန်တွင် အနည်းဆုံး အဆင့်ခြောက်ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သတ်ဖြတ်မှုကိုသာ နားလည်သော လူသတ်စက်တစ်ခု ဖြစ်လာခဲ့သည်။

ဟယ်ရန်စွန်း၏ မျက်နှာထားက မည်းမှောင်နေသည်။

သူ၏ဖခင် ဟယ်ကျူက ဤနေရာတွင် ပျောက်ဆုံးသွားခဲ့သည်။

ဟယ်ရန်စွန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အသက်ရှူသွင်းလျက် ပြောသည်။

“ဟယ်မိသားစုအိမ်တော်က ယုထောင်မြို့ပျက်ရဲ့ အရှေ့ဘက်မှာ ရှိပါတယ်။ ဒီနေရာကနေဆိုရင် ကျွန်တော်တို့က မြို့ကို ဖြတ်သွားရပါမယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပေရာချီအကွာအဝေးကို တစ်ချက်တည်း ကျော်ဖြတ်ခဲ့သည်။

မြို့ထဲသို့ ဝင်ရောက်လာသောအခါ ပျက်စီးနေသော အဆောက်အအုံများကို နေရာတိုင်းတွင် မြင်နိုင်သည်။

သူက မြို့တော်၏ ခမ်းနားမှုကို ခန့်မှန်းကြည့်နိုင်သည်။

ယုထောင်မြို့ပျက်သည် အနည်းဆုံး မိုင်တစ်ရာကျယ်ဝန်းခဲ့မည်။

ပုံရိပ်အများအပြားသည် ရှေ့တွင် လှုပ်ရှားနေသည်။

ဤနေရာတွင် မည်သူမှ အထောက်အထားကို ဖော်ပြမည်မဟုတ်ပေ။

“ဘုန်း”

ပေါက်ကွဲသံနှင့်အတူ ရွှေအလင်းတစ်ခု ပေါ်ထွက်လာသည်။

ပေသုံးဆယ်မြင့်မားသော ရုပ်သေးရုပ်ကို မြင်ရသည်။

“အဲဒါက ရှေးခေတ်ရဲ့ ရုပ်သေးရုပ်ပဲ။ တစ်ယောက်ယောက်က မြို့ဂိတ်တံခါးနဲ့ သိပ်မဝေးတဲ့နေရာမှာ ဒီလိုရုပ်သေးရုပ်ကို ရှာတွေ့နိုင်အောင် ကံကောင်းမယ်လို့ ထင်မထားခဲ့ဘူး”

အဆင့်ခြောက်ရုပ်သေးသခင်တစ်ယောက်က အားကျစွာ ပြောသည်။

ရှေးခေတ်ရုပ်သေးရုပ်များသည် တန်ဖိုးရှိရုံသာမက ပန်းပဲနည်းစနစ်များကိုလည်း လေ့လာပြီး စုဆောင်းထားနိုင်သည်။

All Chapters