အခန်း (၁၂၅၉)
Vol. 90 Ch. 1259
နလန်မိုရန်၏ဖခင် ဟယ်ကျူက ပါရမီကောင်းပြီး ဆယ်စုနှစ်အနည်းငယ်အတွင်း အဆင့်ရှစ်သို့ ရောက်လာသည်။ သူက နလန်မိသားစု၏ အသက်အငယ်ဆုံး အဆင့်ရှစ်ချပ်ဝတ်သခင် ဖြစ်သည်။
သူ့အဖေက အဆင့်ကိုးသို့ ရောက်သွားရန် သိပ်ကြာမည်မဟုတ်ပေ။ ထို့ကြောင့် ယုထောင်မြို့ပျက်သို့ ရောက်မလာခဲ့ပေ။
နလန်မိုရန်က ဟယ်ရန်စွန်းနှင့် တခြားလူများ၏နောက်သို့ လိုက်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အိမ်တော်၏ အငွေ့အသက်သည် ယခင်က ခမ်းနားခဲ့သောဖြစ်ရပ်ကို ဖော်ပြနိုင်သည်။
သို့သော် နလန်မိသားစုနှင့် ယှဉ်လိုက်လျှင် လိုအပ်နေသည်။
“အကြီးအကဲချင်၊ ဟယ်ရန်စွန်းရဲ့ ကျင့်ကြံခြင်းက ဘယ်လိုနေလဲ”
နလန်မိုရန်က မေးလိုက်သည်။
သူ့နောက်တွင်ရှိသော အစောင့်များကို သူ့အမေက စီစဉ်ပေးလိုက်သည်။ သူတို့က အဆင့်ရှစ်ကျင့်ကြံသူ ဖြစ်သည်။
သူ့စကားကို ကြားရသောအခါတွင် အဖြူရောင်မုတ်ဆိတ်နှင့် အကြီးအကဲက ခေါင်းခါသည်။
“အာရုံခံလို့မရဘူး။ သူက လျှို့ဝှက်နည်းလမ်းတွေနဲ့ ဖုံးကွယ်ထားတာဖြစ်လိမ့်မယ်”
လူအိုကြီးက ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။
“ဒါမှမဟုတ် သူက အဆင့်တက်ထားတဲ့အတွက် ကျင့်ကြံဆင့် မတည်မငြိမ်ဖြစ်နေတာ ဖြစ်နိုင်တယ်”
နှစ်ခုလုံးသည် ဖြစ်နိုင်ခြေရှိသည်။
နလန်မိုရန်က သိပ်ပြီး အာရုံမစိုက်ပေ။ သူက ခေါင်းညိတ်လိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။
သူတို့က အဆောက်အအုံများကို ကျော်ဖြတ်ခဲ့ပြီး ဟယ်မိသားစု၏ ဘိုးဘေးခန်းဆောင်သို့ ရောက်လာသည်။
ဟယ်ရန်စွန်းက အထဲသို့ ဖြောင့်မတ်စွာ ဝင်သွားသည်။ ဟယ်မိသားစု၏ တခြားလူများက သူ့နောက်မှ ညီညာစွာ လိုက်လာကြသည်။
ထိုမြင်ကွင်းကြောင့် နလန်မိုရန်က အံ့အားသင့်သွားသည်။
‘ငါက အခုလေးတင်ပဲ ဟယ်ရန်စွန်းကို ဟယ်မိသားစုခေါင်းဆောင် ဖြစ်လာမယ်လို့ ပြောခဲ့တာလေ။ သူတို့က အရမ်း နာခံမှုရှိနေတာလား’
‘ဆန့်ကျင်ချင်တဲ့လူ တစ်ယောက်မှမရှိဘူးလား’
‘ဒါက အရမ်းအဆင်ပြေမနေဘူးလား’
ဟယ်ရန်စွန်းက ခန်းဆောင်ထဲသို့ ရောက်လာပြီး ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
ထိုဖြစ်ရပ်ကြောင့် နလန်မိုရန်က ပြုံးသည်။
ဟယ်မိသားစုတွင် စီမံပေးနိုင်သော လူတစ်ယောက် ရှိနေပုံရသည်။ ထို့ကြောင့် ဤနေရာတွင် လူတိုင်းက လေးစားစွာ ပြုမူကြသည်။
‘အဲဒီလူက အကြီးအကဲချင်ဆီမှာ ဘယ်နှကွက်လောက် ခံနိုင်မလဲမသိဘူး’
သူတို့က လေဟာနယ်မြို့ကြီးမှ ရောက်လာခဲ့သည်။ ထို့အပြင် သူတို့က နောက်ကျနေသည်။ ထို့ကြောင့် ဟယ်ရန်စွန်း၏ ဂုဏ်သတင်းကို မသိပေ။
သူ၏ ကျင့်ကြံဆင့်ကိုလည်း မသိကြပေ။
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို တီးတိုးပြောလိုက်ပြီး ခန်းဆောင်၏အလယ်သို့ လျှောက်သွားသည်။
ဟယ်မိသားစုဝင်များ အားလုံးက လေးနက်စွာ ရှိနေကြသည်။
နလန်မိုရန်က မျက်မှောင်ကြုတ်လိုက်ပြီး အဝတ်အစားများကို ဆွဲဆန့်၍ နေရာယူသည်။
ဟယ်ရန်စွန်း စကားတချို့ကို ရွတ်ဆိုလိုက်သောအခါ ခန်းဆောင်က တုန်ခါလာသည်။
ထိုဖြစ်ရပ်ကြောင့် နလန်မိုရန်၏ အစောင့်များက စိုးရိမ်လာကြသည်။ အကြီးအကဲချင်က လှုပ်ရှားလိုက်ပြီး နလန်မိုရန်၏ရှေ့တွင် ရပ်နေသည်။
“ဝီ”
ထိုင်ခုံတွင်ရှိသော ဘိုးဘေးရုပ်တုက မျက်လုံးဖွင့်လိုက်ပြီး ဟယ်ရန်စွန်းကို ရွှေအလင်းဖြင့် လွှမ်းခြုံသည်။
ထို့နောက် ရွှေအလင်းက ပြန့်ကားလာပြီး ခန်းဆောင်ထဲတွင်ရှိသော ဟယ်မိသားစုဝင်များအားလုံးကို လွှမ်းခြုံလိုက်သည်။
သူတို့၏ ခန္ဓာကိုယ်တွင်ရှိသော သွေးမျိုးဆက်စွမ်းအားက စတင်စုစည်းလာသည်။
ချီစွမ်းအင်အမျှင်များသည် ခန်းဆောင်၏အထက်တွင် သွယ်ယှက်နေကြသည်။
ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။
ဝင်္ကပါတစ်ခု အသက်ဝင်လာသည်။
သို့သော် ထိုဝင်္ကပါက အနည်းငယ် ကွဲပြားနေသည်။
“ဘုန်း”
ကိုးပေအရပ်မြင့်ပြီး ရွှေရောင်မျက်လုံးများနှင့် အနက်ရောင်ရုပ်သေးရုပ်သည် ဝင်္ကပါထဲမှ ထွက်လာသည်။
“အဆင့်ကိုးရုပ်သေးရုပ်ပဲ”
နလန်မိုရန်က ထိတ်လန့်စွာပြောသည်။
သူ့ရှေ့တွင်ရှိသော အကြီးအကဲချင်က လက်မြှောက်ပြီး တီးတိုးပြောသည်။
“သခင်လေး၊ ဂရုစိုက်ပါ။ အဲဒီရုပ်သေးရုပ်မှာ အသိစိတ်ရှိနေတယ်”
အသိစိတ် ....
ရုပ်သေးရုပ်က ရှေ့တွင်ရှိသော ဟယ်မိသားစုဝင်များကို ကြည့်လိုက်သည်။
“ငါက မင်းတို့ရဲ့ဘိုးဘေး ဟယ်မူချန်ရဲ့ အကြွင်းအကျန်ဝိညာဉ်နဲ့ ပေါင်းစပ်ထားတဲ့ ရုပ်သေးရုပ်ပဲ”
“မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်။ လျှို့ဝှက်နယ်မြေထဲကို ဝင်လိုက်ပါ။ အနိုင်ရတဲ့လူက ဟယ်မိသားစုရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်လိမ့်မယ်”
ရုပ်သေးရုပ်က အိုမင်းနေသောအသံဖြင့် ပြောသည်။
ဘိုးဘေးတစ်ယောက်၏ ရုပ်သေးရုပ် ....
ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။
နလန်မိုရန်၏ မျက်လုံးများက တောက်ပနေပြီး အော်ပြောလိုက်သည်။
“ဟယ်ရန်စွန်း၊ မင်းက ဘာကို စောင့်နေတာလဲ”
သူ့စကားအဆုံးတွင် ခန်းဆောင်က တိတ်ဆိတ်သွားသည်။
လူတိုင်းက သူ့ကို လှည့်ကြည့်ကြသည်။
‘မင်းပြောနေဖို့ မလိုပါဘူး’
ဤနေရာတွင် အမွေအနှစ်ဆက်ခံရန် အရည်အချင်းပြည့်မီသောလူက ဟယ်ရန်စွန်းတစ်ယောက်သာ ရှိသည်။
သူ၏ ကျင့်ကြံခြင်းကို ဖယ်ထားလျှင်ပင် ဘုရားမြို့တွင်ရှိသော ဟယ်မိသားစု၏ ကြွယ်ဝမှုကို ကြည့်လိုက်ရုံဖြင့် လူတိုင်းက သူ့ကို မျက်နှာသာပေးလိမ့်မည်။
ဤနေရာတွင်ရှိသော လူတိုင်းက သခင်လေးဟယ်ကို အမွေအနှစ်ရအောင် ကူညီပြီး အထင်အမြင်ကောင်း ချန်ထားနိုင်ရန် ကြိုးစားနေကြသည်။
သခင်လေးဟယ်က ကျေနပ်သွားပြီး အနည်းငယ် ကူညီပေးလျှင်ပင် သူတို့၏ မိသားစုများက တိုးတက်လာလိမ့်မည်။
ကြယ်စင်စုစကြဝဠာ တစ်ခုလုံးသည် ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ သခင်လေးဟယ်ကို သိကြသည်။
ရှေးခေတ်အမွေအနှစ်သည် အရေးမပါပေ။
ချက်ချင်းရနိုင်သော အကျိုးအမြတ်သည် အရာအားလုံး ဖြစ်သည်။
ခန်းဆောင်၏ ထူးဆန်းသော တိတ်ဆိတ်မှုကြောင့် နလန်မိုရန်က စိတ်ရှုပ်ထွေးနေသည်။
ဟယ်ရန်စွန်းက သူ့ကို လှည့်ကြည့်လိုက်ပြီး ရှေ့တွင်ရှိသော အဆင့်ကိုးရုပ်သေးရုပ်ကို ကြည့်သည်။
“အကြီးအကဲ၊ ဘိုးဘေးတွေက ဘယ်လိုအမွေအနှစ်မျိုးကို ချန်ထားခဲ့တာလဲ သိခွင့်ရှိမလား”
အဆင့်ကိုးရုပ်သေးရုပ်ကလည်း ကြောင်အနေသည်။
‘ဒီလိုအချိန်မှာတောင် အဲဒါကို မေးနေသေးတာလား’
‘မင်းက ဝင်္ကပါထဲကို ချက်ချင်းဝင်သွားရမှာ မဟုတ်ဘူးလား’
“ကျွန်တော်က လက်ပြတ်ကို လိုချင်ပါတယ်။ ကျန်တာအားလုံးကို ဟယ်မိသားစုရဲ့ အနာဂတ်မျိုးဆက်တွေအတွက် ချန်ထားခဲ့မယ်”
ဟယ်ရန်စွန်းက အဆင့်တူတစ်ယောက်ကို ပြောနေသည့်အတိုင်း ပေါ့ပါးစွာ ပြောသည်။
ရုပ်သေးရုပ်က အံ့အားသင့်နေပြီး ပြောသည်။
“အမွေအနှစ်ကိုရဖို့အတွက် ဒီနေရာမှာရှိတဲ့ လူတိုင်းကို အနိုင်ယူရမယ် ....”
သူ့စကားမဆုံးခင် ဟယ်ရန်စွန်းက လက်မြှောက်ပြီး ဖြတ်ပြောသည်။
“အကြီးအကဲ၊ သူတို့ကို မေးလိုက်ပါ။ ဘယ်သူက တိုက်ခိုက်ချင်လဲ”
ဘယ်သူမှ မတိုက်ခိုက်ချင်ကြပေ။
နလန်မိုရန်က စိတ်ရှုပ်ထွေးနေသည်။
‘ငါ့အစ်ကိုက ထူးခြားနေတာလား’
‘ဒီမှာရှိတဲ့လူတွေက သူ့ကို စိန်မခေါ်ရဲကြဘူးလား’
အဆင့်ကိုးရုပ်သေးရုပ်က စိတ်ရှုပ်ထွေးနေသည်။ ခဏအကြာတွင် ခေါင်းခါလိုက်သည်။
“မရဘူး။ မင်းက ငါ့ကို အနိုင်ယူရမယ်”
“ကောင်းပြီ”
ဟယ်ရန်စွန်းက ပြောလိုက်ပြီး ချပ်ဝတ်ကို ဆင့်ခေါ်သည်။
သူက အဆင့်ကိုးရုပ်သေးရုပ်နှင့် တိုက်ခိုက်တော့မည်။
“သူ့ချပ်ဝတ်က အဆင့်ရှစ်ပဲ”
နလန်မိုရန်၏ ရှေ့တွင်ရှိနေသော အကြီးအကဲချင်က မျက်လုံးပြူးသွားပြီး ထိတ်လန့်စွာပြောသည်။
အဆင့်ရှစ်ချပ်ဝတ် ....
‘သူက အဆင့်ရှစ်ချပ်ဝတ်ကို ထိန်းချုပ်နိုင်တာလား’
‘အဲဒါဆိုရင် အနည်းဆုံး အဆင့်ခုနစ် ဖြစ်လိမ့်မယ်’
‘သူက ဘယ်လိုလုပ်ပြီး အဆင့်ခုနစ် ဖြစ်လာတာလဲ’
‘ဒါက မဖြစ်နိုင်ဘူး’
နလန်မိုရန်က မျက်လုံးပြူးနေသည်။
အဆင့်ကိုးရုပ်သေးရုပ်က တိတ်ဆိတ်နေပြီး လက်မြှောက်သည်။ ဝင်္ကပါက ဟယ်ရန်စွန်းကို လွှမ်းခြုံသွားသည်။
ထိုအချိန်တွင် အသံတစ်သံ ထွက်လာသည်။
“ဟယ်မိသားစုရဲ့ မျိုးဆက်သစ်တွေဆီကနေ သွေးမျိုးဆက်စွမ်းအားကိုယူပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်ပေးနေတယ်။ ဒီအကြီးအကဲက နည်းနည်းတော့ လွန်နေပြီမဟုတ်လား”
ဟန်မူယဲ့ ဖြစ်သည်။
ဟယ်ရန်စွန်း၏ မျက်နှာထားက ပြောင်းလဲသွားသည်။ ရွှေအလင်းသည် သူ့ခေါင်းထက်တွင် ပေါ်ထွက်လာပြီး ဝင်္ကပါ၏အလင်းကို တားဆီးသည်။
အဆင့်ကိုးရုပ်သေးရုပ်က နှာမှုတ်လိုက်ပြီး လက်မြှောက်၍ ဟယ်ရန်စွန်းကို ဖိချသည်။
ဟယ်ရန်စွန်းက လက်မြှောက်သည်။ ဓားမော့နှစ်လက်သည် သူ့လက်ထဲတွင် ပေါ်လာပြီး ခုတ်ချလိုက်သည်။
“ခလွမ် ....”
ဟယ်ရန်စွန်းက ပေအနည်းငယ်အကွာအထိ နောက်ဆုတ်ပေးလိုက်ရသည်။
ရုပ်သေးရုပ်၏ လက်ကလည်း ရပ်တန့်သွားသည်။
“ဘာကို လှည့်စားချင်နေတာလဲ ကြည့်ရအောင်”
ဟယ်ရန်စွန်းက အော်ဟစ်လိုက်ပြီး ဓားမော့ဖြင့် ဆက်ခုတ်ချသည်။ ထို့နောက် ခုန်ထွက်လာပြီး ရုပ်သေးရုပ်နှင့် ရင်ဆိုင်သည်။
သူက အဆင့်ကိုးရုပ်သေးရုပ်နှင့် တိုက်ခိုက်နိုင်သည်။
နလန်မိုရန်က တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ငေးကြည့်နေမိသည်။
သူ၏ သွေးတစ်ဝက်အစ်ကိုကြီးက အလွန်သန်မာပြီး အဆင့်ကိုးရုပ်သေးရုပ်နှင့် ရင်ဆိုင်နိုင်သည်။
“ခလွမ်၊ ခလွမ် ....”
ဓားမော့သည် ရုပ်သေးရုပ်၏လက်မောင်းနှင့် ထိတွေ့နေသည်။ ဟယ်ရန်စွန်းက အမြန်နှုန်းကို အဆုံးစွန်အထိ ထုတ်သုံးထားသည်။
သူ၏ ဓားမော့နှင့် ချပ်ဝတ်ကို ဟန်မူယဲ့က ကိုယ်တိုင် သန့်စင်ပေးထားသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကိုလည်း နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က လေ့ကျင့်ပေးခဲ့သည်။ ထို့ကြောင့် အဆင့်ကိုးရုပ်သေးရုပ်သည် ခုခံနေရုံသာ တတ်နိုင်ခဲ့သည်။
ခန်းဆောင်ထဲတွင်ရှိသော နောက်ဆုတ်သွားသည့် ဟယ်မိသားစုဝင်များက မျက်လုံးပြူးနေကြသည်။
“မိုင်တစ်သန်းပတ်ဝန်းကျင်မှာ နံပတ်တစ်ပါရမီရှင်ဖြစ်တဲ့ ဟယ်ရန်စွန်းက အဆင့်ရှစ်အထွတ်အထိပ်ကို တကယ်ရောက်နေပြီပဲ”
အကြီးအကဲတစ်ယောက်က တီးတိုးပြောသည်။
‘မိုင်တစ်သန်းပတ်ဝန်းကျင်မှာ နံပတ်တစ်ပါရမီရှင်တဲ့လား’
နလန်မိုရန်က ပါးစပ်အဟောင်းသား ဖြစ်နေသည်။
“သခင်လေးက ချပ်ဝတ်နဲ့ ရုပ်သေးရုပ်ကို တစ်ခါတည်း လေ့ကျင့်ထားတယ်။ အခု ရုပ်သေးရုပ်ကိုတောင် ထုတ်မသုံးရသေးဘူး”
ဘုရားမြို့၏ ဟယ်မိသားစုဝင်တစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
‘နှစ်ထပ်ကွမ်းအဆင့်ရှစ်လား’
‘အဆင့်ရှစ်ရုပ်သေးသခင်ပေါ့’
နလန်မိုရန်က ဘေးတွင်ရှိသော အကြီးအကဲချင်ကို လှည့်ကြည့်သည်။
အကြီးအကဲချင်ကလည်း တိုက်ပွဲကို ကြောင်အစွာ ကြည့်နေသည်။
အဆင့်ကိုးရုပ်သေးရုပ်သည် ဟယ်ရန်စွန်းကို မတားဆီးနိုင်ခဲ့ပေ။
“ခလွမ် ....”
နောက်ဆုံးတွင် ဟယ်ရန်စွန်းက ရုပ်သေးရုပ်ကို နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့သည်။
“အကြီးအကဲ၊ ကျွန်တော်လိုချင်တာကို ထုတ်ပေးလို့ရပြီလား”
ဟယ်ရန်စွန်းက ဓားမော့နှစ်လက်ကို ကိုင်ထားပြီး အော်ပြောသည်။
ရုပ်သေးရုပ်က စူးရှစွာ အသံပြုသည်။ ထို့အသံကြောင့် ခန်းဆောင်ထဲတွင်ရှိသော ရုပ်တုများအားလုံးက ရွှေအလင်းဖြင့် တောက်ပလာသည်။
‘မင်းက အဲဒါကို လိုချင်တာလား။ ကောင်းပြီ။ ငါပေးလိုက်မယ်။ မင်းတို့အားလုံး ဘယ်လိုသေသွားမလဲ ကြည့်နေမယ်”
ထို့နောက် ရုပ်သေးရုပ်က လှုပ်ရှားလိုက်ပြီး ဝင်္ကပါထဲသို့ ပြန်ဝင်သွားသည်။
ချက်ချင်းဆိုသလိုပင် ဟယ်မိသားစုအိမ်တော်က တုန်ခါလာသည်။
ယုထောင်မြို့ပျက် တစ်ခုလုံးကလည်း တုန်ခါလာခဲ့သည်။
အဆုံးမရှိသော အလင်းစီးကြောင်းများသည် ဟယ်မိသားစုအိမ်တော်၏ ကောင်းကင်ထက်တွင် စုစည်းလာပြီး ဝင်္ကပါတစ်ခုကို ဖန်တီးသည်။
ပေတစ်ထောင်ရှည်လျားသော ရွှေရောင်လက်ပြတ်တစ်ခုသည် ဝင်္ကပါထဲတွင် ပေါ်လာသည်။
“အဲဒါက ဘာလဲ”
“လက်မောင်း ... အဲဒီလက်မောင်းပဲ”
“အဲဒါက ရှေးခေတ်ရဲ့ ကမ္ဘာဦးအဆင့်ရုပ်သေးရုပ်က လက်မောင်းပဲ။ ဒီနေ့ခေတ်ရဲ့ နတ်ဘုရားအဆင့်တွေထက် သာလွန်တယ်”
“မြို့သခင်က အဲဒီလက်မောင်းကိုရှာဖို့ ငါတို့ကို ပြောလိုက်တယ်”
ယုထောင်မြို့ပျက်တွင် မရေမတွက်နိုင်သော စကားသံများ ပေါ်ထွက်လာသည်။ လူတိုင်းက ဟယ်မိသားစုအိမ်တော်သို့ ဦးတည်လိုက်ကြသည်။
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ကျွန်တော်က အဲဒီလက်ပြတ်ကို ဆရာဟန်အတွက် ယူပေးပါ့မယ်”
ထို့နောက် သူက ပျံတက်သွားသည်။
“ငါက ဒီပစ္စည်းကို ယူမယ်။ ဘယ်သူက တားချင်လဲ”
သူ၏ အဆင့်ရှစ်ချပ်ဝတ်သည် ရွှေအလင်းကို ထုတ်လွှတ်သည်။ ဓားမော့နှစ်လက်ကလည်း တောက်ပနေသည်။
ဓားမော့နှစ်လက် သယ်ထားသော အဆင့်ရှစ်ရုပ်သေးရုပ်သည် သူ့ဘေးတွင် ပေါ်လာသည်။
နလန်မိုရန်က စစ်နတ်ဘုရားနှင့်တူသော ဟယ်ရန်စွန်းကို မော့ကြည့်လိုက်ပြီး ရေရွတ်သည်။
“အဲဒါက ငါ့အစ်ကိုကြီးလား”
အဆင့်ရှစ်ချပ်ဝတ်သခင်နှင့် အဆင့်ရှစ်ရုပ်သေးသခင် ....
‘လောကမှာ ဒီလိုပါရမီရှင်မျိုး ရှိနေသေးတာလား’