← Chapters

အခန်း (၁၂၆၀)

Vol. 90 Ch. 1260

အခန်း (၁၂၆၀)

Vol. 90 Ch. 1260

‘မိုင်တစ်သန်းပတ်ဝန်းကျင်မှာ နံပတ်တစ်ပါရမီရှင်ဖြစ်တဲ့ ဟယ်ရန်စွန်းက ဟယ်မိသားစုရဲ့ ခေါင်းဆောင်ပဲ မဟုတ်ဘူးလား’

နလန်မိုရန်ကို စောင့်ကြပ်နေသော အကြီးအကဲချင်က လမ်းပျောက်သွားသည်။

သူတော်စင်အဆင့် မိသားစုဖြစ်သော မြို့ကြီးတစ်မြို့၏ နလန်မိသားစုမှာပင် ထိုပါရမီရှင်မျိုး မရှိပေ။

ယုံမင်တစ်မြို့လုံးကို လိုက်ရှာကြည့်လျှင်ပင် မတွေ့နိုင်ပေ။

သူ၏အဖေ ဟယ်ကျူက နလန်မိသားစု၏ နံပတ်တစ်ပါရမီရှင် ဖြစ်သည်။ သို့သော် ဟယ်ရန်စွန်းနှင့် ယှဉ်လိုက်သောအခါတွင် မှေးမှိန်သွားသည်။

လေထုထဲတွင် ဟယ်ရန်စွန်းက ဝင့်ကြွားစွာ ရပ်နေသည်။ ‌ပြေးဝင်လာသော လူများက ရပ်တန့်လိုက်ကြသည်။

ထိုလူများထဲတွင် အဆင့်လေးမှ အဆင့်ရှစ်အထိ ပါဝင်သည်။

အနည်းဆုံး လူတစ်ရာခန့် ရှိနေသည်။

လူတိုင်းက မိုင်ဆယ်ချီအကွာတွင် ရပ်တန့်လိုက်ပြီး ရှေ့တိုးမလာနိုင်ကြပေ။

သူတို့က နေရာအသီးသီးမှ ရောက်လာကြပြီး ဟယ်ရန်စွန်း၏ ဂုဏ်သတင်းကို အပြည့်အဝ မသိနိုင်သော်လည်း အဆင့်ရှစ်ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်ကို သတိထားပြီး ဆက်ဆံရန် လိုအပ်သည်။

ဤနေရာသည် ယုထောင်မြို့ပျက် ဖြစ်သည်။ လောင်းကြေးပြိုင်ပွဲ မဟုတ်ပေ။

သူတို့၏ သေခြင်းရှင်ခြင်းကို ဂရုစိုက်ရမည်။

သို့သော် သူတို့က ဟယ်ရန်စွန်း၏ ခေါင်းပေါ်တွင်ရှိသော လက်မောင်းတစ်ဖက်ကို ကြည့်လိုက်ပြီး ဆုံးဖြတ်သည်။

ထိုလက်မောင်းသည် အလွန်တန်ဖိုးရှိသည်။

စွန့်စားရန် ထိုက်တန်သည်။

“မင်းက ပါရမီရှင်တစ်ယောက်ပါ။ ဒါပေမဲ့ ယုထောင်မြို့ပျက်ကို လွှမ်းမိုးနိုင်မယ်လို့ ထင်နေတာလား”

သိပ်မဝေးသောနေရာတွင် လူတစ်ယောက်က စကားပြောလိုက်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲ၍ ပျံသန်းလာသည်။

“အားလုံးပဲ အရင်ဆုံး တိုက်ခိုက်မယ်။ ပြီးမှ ဆွေးနွေးကြရအောင်”

ထိုအသံနှင့်အတူ တောက်ပသော ရေခဲနဂါးသည် ဟယ်ရန်စွန်းဆီသို့ ပြေးဝင်လာသည်။

ရေခဲနဂါးက အပြာရောင်အခိုးအငွေ့ကို ရှူထုတ်လိုက်ပြီး ပေထောင်ချီပတ်ဝန်းကျင်ကို လွှမ်းမိုးသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း၏ မျက်လုံးများက တောက်ပလာသည်။

ဟယ်ရန်စွန်း၏ အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ထားနိုင်လျှင် လှုပ်ရှားရန် ထိုက်တန်သည်။

ပွင့်လင်းစွာ တိုက်ခိုက်လျှင် ဟယ်ရန်စွန်းနှင့် ဟယ်မိသားစုက ရန်ငြိုးထားလိမ့်မည်။ သို့သော် အရှုပ်အထွေးကြားတွင် အခွင့်ကောင်းယူပြီး လက်မောင်းကို တစ်ခါတည်း ဆွဲယူလိုက်လျှင် မည်သူက သိနိုင်မည်နည်း။

လူတိုင်းက စောင့်ဆိုင်းနေကြသည်။

ကျွမ်းကျင်သူတစ်ဦးက ဟယ်ရန်စွန်းနှင့် တိုက်ခိုက်လျှင် သူတို့အားလုံးက တွန့်ဆုတ်မနေဘဲ လှုပ်ရှားကြလိမ့်မည်။

“အကြီးအကဲချင်”

နလန်မိုရန်က စိုးရိမ်နေပြီး ပြောသည်။

သူက အစ်ကိုဖြစ်သူ၏ ခွန်အားကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်။

ယခုအချိန်တွင် သူက အလွန်ဂုဏ်ယူမိသည်။

သူ့အစ်ကိုကြီးက ရှုံးနိမ့်သွားလျှင် မဖြစ်ပေ။

“သခင်လေး၊ စိတ်ချပါ။ သခင်လေးဟယ်က ရှုံးနိမ့်သွားမှာ မဟုတ်ပါဘူး။ ပါရမီရှင်တွေကို အထင်မသေးသင့်ဘူး”

အကြီးအကဲချင်က တီးတိုးပြောသည်။

“တကယ်လို့ သခင်လေးဟယ် ရှုံးနိမ့်သွားရင် ဝင်ပါလိုက်ပါ့မယ်”

ထိုစကားကြောင့် နလန်မိုရန်က စိတ်အေးသွားသည်။

မြို့ငယ်များတွင်ရှိသော ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များသည် သူနှင့်အတူ ပါလာသော အကြီးအကဲချင်နှင့် မယှဉ်နိုင်ကြပေ။

ကောင်းကင်ထက်တွင် ဟယ်ရန်စွန်းက လက်မြှောက်လိုက်သည်။

သူ့ဘေးတွင်ရပ်နေသော ရုပ်‌သေးရုပ်က လေပြင်းတစ်ခုသဖွယ် လှုပ်ရှားသည်။

သူ့ပုံရိပ်ကလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း၏မျက်နှာထားက ပြောင်းလဲသွားသည်။

“ရုပ်သေးနဲ့ချပ်ဝတ် နှစ်မျိုးပေါင်းနည်းစနစ်”

အကြီးအကဲချင်က မယုံကြည်နိုင်စွာ ပြောသည်။

“အဲဒါက မြို့ကြီးတွေရဲ့ ထိပ်တန်းကျောင်းတော်တွေမှာပဲ တွေ့နိုင်တဲ့ အမွေအနှစ်ပဲ”

‘မြို့ကြီးတွေရဲ့ ထိပ်တန်းကျောင်းတော်လား’

‘ဒါပေမဲ့ ဘုရားမြို့က မြို့ကြီးတစ်ခု မဟုတ်ဘူးလေ’

‘ဟယ်ရန်စွန်းက မြို့ကြီးတွေကို မသွားရ‌သေးဘူးမဟုတ်လား။ မဟုတ်ရင် သူက ဒီမှာ ရှိမနေလောက်ဘူး’

‘သူက အဲဒီလိုနည်းစနစ်မျိုးကို နားလည်နိုင်တဲ့ ပါရမီရှင်တစ်ယောက်လား’

“ဘုန်း ....”

ဓားမော့လေးလက်က ရေခဲနဂါး၏ဦးခေါင်းကို ခုတ်ချလိုက်သောအခါတွင် လူတိုင်းက တုန်ခါသွားသည်။

အဆင့်ခုနစ် ရုပ်သေးရုပ်မှ ဖြစ်ပေါ်လာသော ရေခဲနဂါးသည် တစ်ခါတည်း ပျက်စီးသွားသည်။

ဓားမော့လေးလက်သည် ဆက်တိုက်လည်ပတ်နေပြီး ရေခဲနဂါးကို တစ်ပိုင်းတစ်စစီ ဖြစ်သွားအောင် လုပ်ပစ်ခဲ့သည်။

အဆင့်ခုနစ် ရုပ်သေးသခင်က သွေးအန်လိုက်ရပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။

သူ၏ ရုပ်သေးရုပ်က လျင်မြန်စွာ ရှုံးနိမ့်သွားသောကြောင့် သူ၏ ဝိညာဉ်က ဒဏ်ရာရသွားသည်။

ဟယ်ရန်စွန်းက အဆင့်ခုနစ် ရုပ်သေးသခင်ကို တစ်ချက်တည်း အနိုင်ယူခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

လူတိုင်း၏ မျက်နှာထားက လေးနက်နေပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြသည်။

အလွန်အားကောင်းသည်။

နှစ်ထပ်ကွမ်း အဆင့်ရှစ်ပညာရှင်ကို သူတို့က မည်သို့ တိုက်ခိုက်နိုင်မည်နည်း။

“ပုံမှန်အတိုင်းပဲ ဒီနေရာမှာ ရှာဖွေပြီးသွားရင် ဘုရားမြို့ရဲ့ ဟယ်မိသားစုကိုလာပြီး လျော်ကြေးအနေနဲ့ ဆယ်သန်းစီ ယူလို့ရတယ်”

မူလဒင်္ဂါး ဆယ်သန်း ....

မိသားစုတစ်ခုစီအတွက် မူလဒင်္ဂါး ဆယ်သန်းဆိုလျှင် အနည်းဆုံး သန်းရာချီ၍ ပေးရလိမ့်မည်။

သို့သော် ဟယ်ရန်စွန်းက မျက်တောင်ပင်မခတ်ပေ။

‘ဘာဖြစ်နေတာလဲ’

နလန်မိုရန်က နားမလည်နိုင်ပေ။

‘ငါ့အစ်ကိုက အရမ်းချမ်သာတာလား’

‘ဟယ်မိသားစုက အဆင့်ငါးမိသားစုလေးပဲ မဟုတ်ဘူးလား’

“ကျေးဇူးတင်ပါတယ် သခင်လေးဟယ်။ အဲဒါဆိုရင် ချီယုမြို့ရဲ့ စွန်းမိသားစုက ဒီကိစ္စမှာ ဝင်မပါတော့ပါဘူး”

“ဟားဟား၊ သခင်လေးဟယ်က တကယ်ရက်ရောတာပဲ။ ရှုယန်မြို့ရဲ့ တုမိသားစုက ထွက်သွားပါတော့မယ်”

“ငါတို့ တုယွီမြို့ရဲ့ ဟူမိသားစုကလည်း ဘာမှ မပြောနိုင်တော့ပါဘူး”

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်တွင်ရှိနေသော လူများက လူစုခွဲသွားကြသည်။

သူတို့က မူလဒင်္ဂါးဆယ်သန်းကို သေချာပေါက် ရလိမ့်မည်။ ထို့ကြောင့် မသေချာသော အခြေအနေတွင် အထိခိုက်ခံပြီး ဝင်ပါရန် မလိုအပ်ပေ။

သူတို့က အစွမ်းကုန်ထုတ်သုံးလျှင်ပင် ရတနာကို ရနိုင်မည်မဟုတ်ပေ။

ဟယ်ရန်စွန်းက နောက်ဆုတ်သွားသောလူများကို ကြည့်လိုက်ပြီး ကောင်းကင်ပေါ်သို့ ခုန်တက်၍ လက်ပြတ်ကို ဆွဲယူသည်။

လက်ပြတ်က ရွှေအလင်းကို ထုတ်လွှတ်ပြီး ဟယ်ရန်စွန်းကို တိုက်ခိုက်သည်။

အနည်းဆုံး အဆင့်ကိုးခွန်အားကို ပိုင်ဆိုင်သည်။

လက်ပြတ်၏ ခုခံနိုင်စွမ်းက အဆင့်ကိုးတွင် ရှိနေသည်။

ဟယ်ရန်စွန်းက ခပ်ဟဟရယ်သည်။ သူ့နောက်တွင်ရှိသော ရုပ်သေးရုပ်က ရှေ့တက်လာပြီး အလင်းတန်းကို တားဆီးလိုက်သည်။

သူက တစ်ဖက်သို့လှည့်ပြီး ရုပ်သေးရုပ်နှင့် ပူးပေါင်း၍ ဓားမော့အလင်းကို ထုတ်လွှတ်သည်။

လေထုထဲတွင် ဟယ်ရန်စွန်းနှင့် ရုပ်သေးရုပ်က ပြီးပြည့်စုံစွာ ပူးပေါင်းပြီး တိုက်ခိုက်မှုနှင့် ခုခံမှုကို ပြုလုပ်နေကြသည်။

အောက်တွင်ရှိသော ဟယ်မိသားစုဝင်များဖြစ်စေ၊ တခြားမြို့များ၏ ကျွမ်းကျင်သူများဖြစ်စေ မျက်နှာထားပြောင်းလဲသွားကြသည်။

“မိုင်တစ်သန်းပတ်ဝန်းကျင်မှာ နံပတ်တစ်ပါရမီရှင် ဖြစ်သင့်ပါတယ်”

လူအိုကြီးတစ်ယောက်က ပြောသည်။

“မျိုးဆက်သစ်တွေက အားကောင်းလာပြီပဲ”

“သူ့ရဲ့ တိုက်ခိုက်မှုတွေက တကယ်ကို သေသပ်တာပဲ။ ရုပ်သေးရုပ်ရဲ့ လက်မောင်းကတောင် ဘာမှ မတတ်နိုင်ဘူး”

“သူ့ရဲ့ ရုပ်သေးနည်းစနစ်က တကယ်အားကောင်းတာပဲ။ ရုပ်သေးရုပ်နဲ့ အပြည့်အဝ ပူးပေါင်းနိုင်တယ်”

“ဒါက ချပ်ဝတ်သခင်တစ်ယောက်ရဲ့ ခွန်အားပေါ့”

ဟယ်ရန်စွန်းက ဓားမော့ဖြင့် လက်မောင်းကို ခုတ်ချလိုက်ပြီး စွမ်းအင်လှိုင်းများကို ဖြာထွက်လာစေသည်။

ပေတစ်ထောင်ရှည်လျားသော ရုပ်သေးရုပ်၏ လက်မောင်းက သာမန်လူတစ်ယောက်၏ လက်မောင်းအဖြစ် ကျုံ့ဝင်သွားပြီး ဟယ်ရန်စွန်း၏လက်ထဲသို့ ရောက်လာသည်။

“ဘုန်း”

သူက လက်မောင်းကို ယူလိုက်သောအချိန်တွင် အဆင့်ကိုးရုပ်သေးရုပ်က ရုတ်တရက် ခုန်ထွက်လာပြီး သူ့ကို လက်သီးဖြင့် ထိုးသည်။

ထိုရုပ်သေးရုပ်က လေဟာနယ်တွင် ပုန်းအောင်းနေခဲ့သည်။

ဟယ်မိသားစု၏ ဘိုးဘေးရုပ်သေးရုပ် ဖြစ်သည်။

ဟယ်ရန်စွန်းက ကြိုတင်ခန့်မှန်းထားပုံပေါ်သည်။ သူက ဓားမော့ဖြင့် လက်သီးချက်ကို ကာကွယ်သည်။

သူ့နောက်တွင်ရှိသော ရုပ်သေးရုပ်က ရှေ့သို့ ခုန်တက်လာပြီး ဓားမော့နှစ်လက်ကို ပေါင်းစပ်၍ ခုတ်ချသည်။

ရုပ်သေးရုပ်၏ လက်သီးချက်က ဟယ်ရန်စွန်းဆီသို့ ရောက်မလာခင် ဓားမော့ခုတ်ချက်ကြောင့် ရင်ဘတ်တွင် ဒဏ်ရာရပြီး ပြုတ်ကျသွားသည်။

“အကြီးအကဲရဲ့ နည်းစနစ်တွေက ခေတ်နောက်ကျနေပြီ”

ဟယ်ရန်စွန်းက ရွှေရောင်လက်ပြတ်ကို ကိုင်ထားပြီး တည်ငြိမ်စွာပြောသည်။

အပျက်အစီးများကြားတွင် ရှိနေသော ရုပ်သေးရုပ်၏ ရွှေအလင်းက ဖြည်းဖြည်းချင်း ‌ပျောက်ကွယ်သွားသည်။

ဟယ်ရန်စွန်းက အောက်ဆင်းလိုက်ပြီး ဟန်မူယဲ့ဆီသို့ လျှောက်လာသည်။

“အစ်ကိုကြီးက တကယ်သန်မာတာပဲ”

“ဒါက အဖေပြောတဲ့ ဟယ်မိသားစုရဲ့ရတနာပဲ ဖြစ်ရမယ်။ ကျွန်တော်နဲ့အတူ နလန်မိသားစုကို လိုက်ခဲ့ပါ။ အဖေက နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ကို ဖိတ်ခေါ်ပြီး ဒီလက်မောင်းကို အစ်ကိုကြီးရဲ့ ရုပ်သေးရုပ်မှာ တပ်ပေးလိမ့်မယ်”

နလန်မိုရန်က စိတ်လှုပ်ရှားစွာ ပြောသည်။

သို့သော် ဟယ်ရန်စွန်းက လက်မောင်းကို ဟန်မူယဲ့ဆီသို့ ရိုသေစွာ ပေးလိုက်သည်။

‘ဒါက ဘာလဲ’

‘ဒီလိုရတနာမျိုးကို ပေးပစ်လိုက်မှာလား’

‘အဲဒီလူက ဘယ်သူလဲ’

နလန်မိုရန်က ဟန်မူယဲ့ကို မယုံကြည်နိုင်စွာ ကြည့်သည်။

သူ့ဘေးတွင်ရှိသော အကြီးအကဲချင်က သူ့ကို ဆွဲ‌ခေါ်လိုက်သည်။

‘ပါရမီရှင်ဟယ်ရန်စွန်းကတောင် လေးစားရတဲ့လူကို ဘယ်လိုလုပ်ပြီး မေးခွန်းထုတ်နိုင်မှာလဲ’

ဟန်မူယဲ့က နလန်မိုရန်ကို လျစ်လျူရှုထားပြီး လက်ပြတ်ကို လှမ်းယူသည်။

“ကောင်းပြီ။ ငါယူလိုက်မယ်”

ထို့နောက် သူက ဟယ်မိသားစု၏ ဘိုးဘေးခန်းဆောင်ကို ညွှန်ပြလိုက်ပြီး ပြောသည်။

“အဲဒီက ရုပ်တုတွေမှာ လျှို့ဝှက်ချက်တွေ ရှိတယ်။ မင်းက လေ့လာကြည့်လို့ရတယ်”

“မင်းရဲ့ ကျင့်ကြံခြင်းအတွက် အကျိုးရှိလိမ့်မယ်”

ဟယ်ရန်စွန်း၏ ကျင့်ကြံခြင်းနှင့် ခွန်အားကို ဟယ်မိသားစု၏ အမွေအနှစ်က အသိအမှတ်ပြုထားသည်။

ယခုအချိန်တွင် သူက အမွေအနှစ်ကို ဆက်ခံလိုက်လျှင် အကျိုးအမြတ် ရလိမ့်မည်။

အနည်းဆုံး သူက ဘိုးဘေးများ၏ အကာအကွယ်ဖြစ်သော ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို အသက်သွင်းနိုင်မည်။

“သင်ပြပေးတဲ့အတွက် ကျေးဇူးပါဆရာဟန်”

ဟယ်ရန်စွန်းက လေးစားစွာ ဦးညွတ်သည်။

ဟန်မူယဲ့က လက်ပြတ်ကို ယူလိုက်ပြီး လှည့်ထွက်သွားသည်။

ဟန်မူယဲ့ ထွက်သွားသောအခါ ဟယ်ရန်စွန်းက နလန်မိုရန်ကို ကြည့်လိုက်သည်။

“ဆရာဟန်က အမြဲတမ်း လေးစားနေရမယ့် လူတစ်ယောက်ပဲ။ အဲဒါကို မှတ်ထားပါ”

သူက ထိုသို့ ပြောလိုက်ပြီး ဘိုးဘေးခန်းဆောင်သို့ ခပ်သွက်သွက် လျှောက်သွားသည်။

“ဒီနေ့ဖြစ်ရပ်ကို လျှို့ဝှက်ထားကြပါ”

“ယုထောင်မြို့ပျက်ကနေ ပြန်လာရင် ဘုရားမြို့ကိုလာပြီး ငါ့ကို လာတွေ့ပါ”

ဟယ်ရန်စွန်း၏အသံကို ကြားရသည်။

တခြားဟယ်မိသားစုဝင်များက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သခင်လေးဟယ်က တခြားလူများကို မူလဒင်္ဂါးဆယ်သန်း ပေးနိုင်လျှင် မိသားစုဝင်များအတွက် ပိုပေးနိုင်လိမ့်မည်။

ထိုတစ်ခုတည်းနှင့်ပင် ဤခရီးက ထိုက်တန်သည်။

ဟယ်ရန်စွန်းက ဘိုးဘေးခန်းဆောင်ထဲသို့ ပြန်ရောက်သွားသောအချိန်အထိ နလန်မိုရန်က ကြောင်အနေဆဲဖြစ်သည်။ သူက တစ်ဖက်သို့လှည့်ပြီး အစောင့်များကို ကြည့်သည်။

“ငါက တစ်ခုခု နားလည်မှုလွဲသွားတာလား”

အစောင့်များက ပြန်မဖြေနိုင်ကြပေ။ သူတို့ကလည်း ကြောင်အနေသည်။

All Chapters