← Chapters

အကျော်အမော်များသာယာကြည်နူး! ချင်းလင်စံအိမ်သို့အပန်းဖြေထွက်ခြင်း! ၂

Vol. 27 Ch. 391

အကျော်အမော်များသာယာကြည်နူး! ချင်းလင်စံအိမ်သို့အပန်းဖြေထွက်ခြင်း! ၂

Vol. 27 Ch. 391

ထိုအခိုက်မှာ တကယ့်နတ်စည်းစိမ်ပင်။

သံသာပင်: သာယာမှု +၁၊ စိတ်ငြိမ်ခြင်း +၁၊ စိတ်နှင့်ခန္ဓာပြေလျော့စေခြင်း +၁၊ စိတ်ဖိအားသက်သာစေခြင်း +၁။

သစ်မွှေးနံ့သာ: ရနံ့လှိုင်ခြင်း +၂၊ ခန္ဓာကိုယ်သွေးလည်ပတ်မှုလုပ်ဆောင်ပေးခြင်း +၂၊ စိတ်တည်ငြိမ်စေခြင်း +၂၊ ချီလည်ပတ်မှု +၂၊ မူးဝေမောပန်းသက်သာစေခြင်း +၂။

သဘာဝအူလုံလက်ဖက်ရည်: လက်ဖက်ရည်နံ့ +၂၊ အချိုအရသာစွဲကျန်ခြင်း +၂၊ စေးကပ်မှုဖယ်ရှားပေးခြင်း +၂၊ အစာကြေစေခြင်း +၂၊ လန်းဆန်းစေခြင်း +၂၊ ကင်ဆာဆန့်ကျင်ခြင်း +၁။

တခြားလူများအတွက် ဤသုံးမျိုးထဲမှတစ်မျိုးနှင့်ထိတွေ့ရန်ပင်ခက်ခဲသော်လည်း သူကတပြိုင်တည်းခံစားနေရသည်။

ဘယ်သူရှိဦးမလဲ?

ဒါမှနတ်စည်းစိမ်မဖြစ်ရင် ဘယ်ဟာဖြစ်မလဲ?

တစ်ဖက်တွင်_

လင်းလန်ဇီလည်း မီဒီယာဌာနကိုဦးဆောင်၍ ရှေးဟောင်းဂင်ဂိုဥယျာဉ်အတွက် ကြော်ငြာဗီဒီယိုရိုက်နေသည်။ သံသာပင်နှင့် လိုက်ဖက်သောဗီဒီယိိုကိုရိုက်ရသေးသည်။

ညပိုင်းလူစည်ချိန်၌ မာတီမီဒီယာဌာနက ကြော်ငြာဗီဒီယိုအရှည်ကြီးရိုက်ပြီး စံအိမ်တရားဝင်အကောင့်တွင်တင်လိုက်သည်။

စံအိမ်တရားဝင်အကောင့်မှာ အရင်ထက်အများကြီးပိုပြီးအသက်ဝင်နေ၏။

အရင်က အကောင့်တာဝန်ခံမှာကျောက်မိုချင်းဖြစ်ပြီး သူမကကျွမ်းကျင်သူမဟုတ်ပေ။ သူမမှာ စံအိမ်နှင့်ဘဏ္ဍာရေးဌာနကိုလည်းစီမံရသောကြောင့် ဒီအတွက်အပြည့်အဝအာရုံစိုက်ထားဖို့မဖြစ်နိုင်။

ထို့ကြောင့် အရင်ကျောက်မိုချင်းရိုက်သောဗီဒီယိုအားလုံးမှာ စနစ်မှထုတ်သောအရည်အသွေးများ၏အထောက်အပံ့နှင့်သာဖြစ်သည်။





အခုလင်းလန်ဇီတာဝန်ခံဖြစ်လာပြီး စီစဉ်သူ၊ မီးထိုး၊ အယ်ဒီတာနှင့် ဓာတ်ပုံဆရာပညာရှင်များရှိလာသောကြောင့် ရိုက်ထားသောဗီဒီယိုများ၏အရည်အသွေးအလွန်မြင့်လာသည်။ ထို့အပြင် သူတို့က တချို့စိတ်ဝင်စားစရာဗီဒီယိုများ၊ စံအိမ်၏ပရိသတ်များအပြန်အလှန်ဆက်သွယ်မှုရှိသောဗီဒီယိုများကိုလည်း အလှည့်ကျရိုက်နိုင်သည်။

မွေးနီနှင့်ဝမ်ချိုင်တိရစ္ဆာန်နှစ်ကောင်တောင် မကြာခဏဗီဒီယိုရိုက်ရန်ဆွဲခေါ်ခံရပြီး စီးပွားဖြစ်ဖွင့်ဖို့တွန်းအားပေးခံရသည်။

ဒီကောင်လေးနှစ်ကောင်က ကြောက်စရာကောင်းအောင်ဉာဏ်ကောင်း၍သာတော်တော့၏။ ထုံအအလူများ၏သဘောကို သူတို့နားလည်ပုံရသည်။ သူတို့ကိုဆွဲခေါ်ပြီးအချိုသပ်လိုက်လျှင် လူဝင်စားလာသလိုရှိသည်။

ထို့ကြောင့် တရားဝင်အကောင့်တွင် ပရိသတ်အရေအတွက်တိုးလာ၏။ လင်းလန်ဇီက ရှေးဟောင်းဂင်ဂိုဥယျာဉ်ဗီဒီယိုတင်လိုက်သောအခါ ပရိသတ်အတော်များများမြင်သွားကြသည်။

''မင်္ဂလာပါ အားလုံးပဲ... ထပ်ဆုံပြီနော်... ဒီနေ့အားလုံးကိုနေရာသစ်တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်... အဲဒါကတော့ ကျွန်မတို့စံအိမ်ရဲ့ရှေးဟောင်းဂင်ဂိုဥယျာဉ်ပါ... ဒီမှာ ရှေးဟောင်းဂင်ဂိုပင်ကြီးနှစ်ပင်ရှိပါတယ်''

ထို့နောက် ရှေးဟောင်းဂင်ဂိုပင်နှစ်ပင်၏အနီးကပ်ဗီဒီယိုကို စဖွင့်လိုက်သည်။

ရှေးဟောင်းဂင်ဂိုပင်နှစ်ပင်ကြော်ငြာခြင်းက ပရိသတ်များ၏အာရုံကိုသိပ်မဖမ်းစားနိုင်။

နောက်ပြီး ဂင်ဂိုပင်များ၏အလှအပရာသီချိန်က အောက်တိုဘာနောက်ပိုင်းမှဖြစ်သည်။ အဲဒီအပြင် ဒီရှေးဟောင်းဂင်ဂိုပင်ကို ဘယ်နှစ်ထောင်ချီဂင်ဂိုပင်ကယှဉ်နိုင်ဦးမလဲ?

ပြီးတော့ ဗီဒီယိုထဲတွင် နှစ် ၅၀၀ သက်တမ်းရှိဂင်ဂိုပင်နှစ်ပင်က စိမ်းလန်းပြီးနည်းနည်းခမ်းနားပုံပေါက်သော်လည်း ဒီလိုသက်တမ်းရင့်အပင်မျိုး တခြားမှာမရှိတာမဟုတ်။

အတော်များများက ဗီဒီယို၏အစကိုကြည့်ပြီး ဗီဒီယိုမဆုံးသေးခင် မနေနိုင်ဘဲမှတ်ချက်ဝင်ပေးကြသည်:

''ချင်းလင်စံအိမ်ရဲ့ရှေးဟောင်းဂင်ဂိုဥယျာဉ်က အရင်နဲ့ယှဉ်ရင် နည်းနည်းအဆင့်အတန်းနိမ့်သလိုပဲ''

''ဒီတစ်ခါဂင်ဂိုပင်က နည်းနည်းရိုးတယ်... ရှိနေကြထူးထူးခြားခြားလက္ခဏာတွေမရှိဘူး... ဂင်ဂိုပင်ကြည့်တဲ့ရာသီချိန်အတွင်းမဟုတ်တော့ ဆွဲဆောင်မှုသိပ်မရှိဘူး''

''အားလုံး သိပ်မလောနဲ့... ဒီသစ်ပင်နှစ်ပင်က အရမ်းနားနေတယ်... ကြည့်ပျော်ရှုပျော်တော့ရှိသေးတယ်''

“...”

ဆိုရိုးရှိသလိုပင်: စကားကိုလောလောလောလောပြောပြီး စောစောစီးစီးမှတ်ချက်ချလျှင် မျက်နှာအရိုက်ခံရဖို့များသည်။

ဗီဒီယိုတဝက်တွင် ဗီဒီယိုမှအသံထွက်လာပြန်သည်:

''အားလုံး သံသာပင်ရဲ့ဒဏ္ဍာရီကိုကြားဖူးတယ်ဟုတ်? နှစ် ၅၀၀ သက်တမ်းကျော်တဲ့ရှေးဟောင်းအပင်တွေက သာယာတဲ့အသံထွက်နိုင်တယ်လို့ ကောလာဟလရှိတယ်လေ... ကျွန်မတို့ချင်းလင်စံအိမ်ရဲ့ နှစ် ၅၀၀ သက်တမ်းရှိတဲ့ရှေးဟောင်းဂင်ဂိုပင်က အသံထွက်နိုင်ပါတယ်''

''ရှေးဟောင်းဂင်ဂိုပင်နှစ်ပင်ရဲ့အသံကို ကျွန်မတို့အသံသွင်းထားပါတယ်... ပြီးရင် သံသာပင်ကိုခံစားကြည့်ပါရှင်''





ထိုစကားများကြောင့် ဗီဒီယိုကြည့်နေသူများလုံးဝအံ့ဩသွားသည်။

သံသာပင်?

အတော်များများက ဒီစကားအရင်ကမကြားဖူး။

အရင်ကြားဖူးသူများက အလွန်စိတ်ဝင်တစားဖြစ်သွားကြ၏။ သံသာပင်က တကယ်ရှားသောကြောင့်ပင်။ လူအများစုမှာ သူတို့ဘဝတွင် သံသာပင်ကိုကြားဖူးဖို့အခွင့်အရေးရှိလိမ့်မည်မဟုတ်ပေ။

သို့သော် သံသာပင်အကြောင်းသိသူဖြစ်စေ၊ မသိသူဖြစ်စေ လူတိုင်းအံ့ဩသွားကြသည်။

နူးနူးညံ့ညံ့သာယာသောအသံက ဗီဒီယိုမှထွက်လာ၏။

အသံကထူးဆန်းသည်။ မည်သည့်တူရိယာနှင့်မျှ တီးခတ်ထားပုံမရသော်လည်း အလွန်သာယာသည်။ အဓိကအချက်မှာ လူတိုင်းတေးသံကိုကြားသည်နှင့် တဖြည်းဖြည်းစိတ်ငြိမ်ပြီး သက်သောင့်သက်သာရှိလာသည်။ စိတ်ဖိအား ဖြည်းဖြည်းချင်းပျောက်ကွယ်သွား၏။

ထိုအချိန်တွင် အတွေးတစ်ခုရှိတော့သလိုလို။ ထိုအတွေးမှာ ပေါ့ပေါ့ပါးပါးတေးသံ၏အဓိပ္ပါယ်စစ်စစ်ပင်။

သို့သော် ဒါကလည်း အတော်များများကိုအံ့အားသင့်စေပြန်သည်။

အရင်က ပေါ့ပေါ့ပါးပါးတေးသံကိုလူတိုင်းကြားဖူးသည်။ စိတ်ဖိအားလျော့ကျစေဖို့၊ စိတ်နှင့်ခန္ဓာသက်သာစေဖို့ နားထောင်ခြင်းဖြစ်၏။ ပေါ့ပါးသောတေးသံ၏သက်ရောက်မှုက တစ်ယောက်နှင့်တစ်ယောက်မတူ။ သို့သော် သက်ရောက်မှုဘယ်လိုရှိရှိ ဒါကိုမမီတာသေချာသည်။ အားလုံးကိုတစ်စစီဖြိုခွဲလိုက်သည်။

ထိုအချိန်တွင် တစ်ယောက်ကအသိအမှတ်ပြုပြီး ချက်ချင်းမှတ်ချက်ပေးလိုက်သည်:

''ဒါသံသာပင်လား? ဒါသစ်ပင်ကကြားရတဲ့အသံလား?''

''ငါကအပေါ်ယံကြည့်မိတာပဲ... အရင်မှတ်ချက်ကိုဖျက်လိုက်ပြီ... ဒီဂင်ဂိုပင်နှစ်ပင်က အံ့ဩစရာပဲ!''

''သောက်... မယုံနိုင်ဘူး... ငါစာတမ်းလုပ်ရင်းစိတ်ပျက်ပြီးပေါက်ကွဲတော့မလို့... ဒီအသံ​ကြားတာနဲ့ စိတ်ပျက်တာတွေတဖြည်းဖြည်းပျောက်သွားတာ... လူရောစိတ်ပါ သက်သာသွားတယ်''

“...”

လုံးဝထင်ထားသည့်အတိုင်း သံသာပင်က အားလုံးကိုအံ့ဩသွားစေသည်။

ရုတ်တရက် တေးသံရပ်သွားသည်။ ထိုအချိန်တွင် အားလုံးနည်းနည်းစနိုးစနောင့်ဖြစ်သွား၏။ ပူအိုက်သောရာသီတွင် ရုတ်တရက်မီးပျက်၍ Air-con ရပ်သွားသလိုပင်။

ထိုအခိုက် ဗီဒီယိုထဲတွင် အသံထပ်ကြားပြန်သည်:

''သံသာပင်ကိုအားလုံးခံစားမိပြီထင်ပါတယ်... အားလုံးကိုစိတ်ပျက်အောင်မလုပ်မိပါဘူးနော်? ဒါပေမဲ့ အားလုံးကိုပြောပြချင်တာက ဂင်ဂိုပင်နှစ်ပင်အောက်မှာနားထောင်ရင် ဒီအသံဖမ်းထားတာထက် ပိုကြည်နူးဖို့ကောင်းတာဆိုတာ အမှန်ပါပဲ... စိတ်နဲ့ဝိဉာဉ်အတွက် အံ့အားသင့်စရာပါ''

''ဒါပေမဲ့ ရှေးဟောင်းဂင်ဂိုဥယျာဉ်ရဲ့ဧည့်သည်ဝင်နိုင်စွမ်းက အကန့်အသတ်ရှိနေပါတယ်... အဲဒီနေရာမှာ လူတိုင်းနားထောင်လို့မဖြစ်ပါဘူး... သတို့သမီးခန်းယူထားတဲ့ ခရီးသည်တွေနဲ့ VIP ဧည့်သည်တွေပဲ ရှေးဟောင်းဂင်ဂိုဥယျာဉ်အခမဲ့လက်မှတ်ကိုရနိုင်ပါတယ်... တခြားခရီးသည်တွေကတော့ အခမဲ့မဲနှိုက်ခွင့်ရပါမယ်... တစ်နေ့ကိုပေါက်မဲ ၁၀၀ ပဲရှိမှာပါ''





All Chapters