← Chapters

အကျော်အမော်များသာယာကြည်နူး! ချင်းလင်စံအိမ်သို့အပန်းဖြေထွက်ခြင်း! ၃

Vol. 27 Ch. 392

အကျော်အမော်များသာယာကြည်နူး! ချင်းလင်စံအိမ်သို့အပန်းဖြေထွက်ခြင်း! ၃

Vol. 27 Ch. 392

ထိုစကားကြောင့် အားလုံးအံ့ဩသွားသည်။

စောစောက ပေါ့ပေါ့ပါးပါးတေးသံကတင် အံ့ဩစရာကောင်းနေပြီ။ ဒါပေမဲ့ အခုပြောပုံအရ ရှေးဟောင်းဂင်ဂိုပင်အောက်မှာ သံသာပင်နားထောင်ရင် ဒီထက်ပိုပြီးကြည်နူးစရာကောင်းမယ်ပေါ့?

ထို့ကြောင့် အတော်များများက ချင်းလင်စံအိမ်တရားဝင်အကောင့်၏ကြိုတင်ယူစနစ်ပေါ် အမှတ်တမဲ့နှိပ်လိုက်ကြသည်။

အစက ချင်းလင်စံအိမ်ကိုသွားဖို့ရည်ရွယ်ထားပြီးသား။ အခုတော့ ဗီဒီယိုထဲမှာပြောထားတဲ့အာနိသင်ကိုကိုယ်တိုင်တွေ့ကြုံခံစားကြည့်ဖို့မစောင့်နိုင်တော့။

သို့သော် ချင်းလင်စံအိမ်၏ကြိုတင်ယူ link ထဲဝင်လိုက်သောအခါ ယူစရာအခန်းမရှိတော့မှန်းတွေ့လိုက်ရသည်။

အစကတည်းက ချင်းလင်စံအိမ်မှာ သတို့သမီးခန်း ၁၅၀ ကျော်သာရှိသည်။ အိပ်ပျော်စေသော အထူးနံ့သာဖြူနံ့သာကြောင့် အခန်းယူဖို့ခက်ရသည့်အထဲ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်အခန်းရပါ့မလဲ?

သူတို့အခန်းယူချင်ရင် အခန်းလွတ်ချိန်စောင့်ရမည်။ အခန်းလွတ်ထွက်လာပါက တခြားသူများနှင့်အမြန်နှုန်းချင်းပြိုင်ရမည်။

ဗီဒီယိုကြည့်နေသူများက ဗီဒီယို၏အဆုံးတွင် အီစတာဥစာကိုချက်ချင်းတွေ့သွားကြသည်:

သံသာပင်အသံသွင်းကို QQ ဂီတပလက်ဖောင်းတွင်တင်ထားပြီးပါပြီ။ 'ချင်းလင်စံအိမ်သံသာပင်'ဟူ၍ရှာပြီး download ဆွဲယူနိုင်ပါသည်။

ထိုစာကြောင့် အတော်များများက ချက်ချင်း QQ ဂီတထဲဝင်လိုက်ကြသည်။ စောစောကသံသာပင်ကို နားထောင်ရတာမဝ။ download ဆွဲဖို့နေရာရှိတာ အတော်ဖြစ်သွားသည်။

ရှောင်ဟွေ့ဟွေ့မှာ ကုမ္ပဏီတစ်ခု၏စီစဉ်သူဝန်ထမ်းတစ်ဦးဖြစ်သည်။ ကြီးကြပ်သူ၏အမိန့်ပေးခံရပြီး ဖောက်သည်များကိုမတတ်နိုင်ကြောင်း ငြင်းမရသူဖြစ်သည်။

သူမအလုပ်က အလွန်ဖိအားများသည်။ သူမ၏အကြီးဆုံးဆန္ဒမှာ ခွင့်ရက်များများစုပြီး ကုမ္ပဏီအကြောင်းမတွေးဘဲ မေလတိုင်းခရီးထွက်နိုင်ဖို့ဖြစ်သည်။

မေလခရီးထွက်နိုင်ဖို့လည်း တောက်လျှောက်အစီအစဉ်ဆွဲခဲ့ရသည်။ အစက သွားဖို့နေရာများရွေးချယ်ထား၏... အနောက်ပိုင်းရေကန်၊ တလီ၊ ချင်းလင်စံအိမ် စသည်ဖြင့်။

ဒီအတောအတွင်း ထိုရှုခင်းနေရာများ၏တရားဝင်အကောင့်မှ ဗီဒီယိုများကိုနှိုင်းယှဉ်ကြည့်ထားမည်။ ထို့နောက် ရှုမျှော်ခင်းတစ်နေရာချင်းကိုဖယ်ထုတ်သွားမည်။

အစီအစဉ်ဂိမ်းတစ်ခုကစားနေသလိုပင်။ နောက်ဆုံးကျန်သည့်ရှုမျှော်ခင်းနေရာကို သူမသွားမည်။





သို့ရာတွင် စောစောကသူမအံ့ဩမိသော သံသာပင်ကိုနားထောင်ပြီး တခြားရှုခင်းနေရာများအားလုံးကိုခြစ်ချလိုက်ရာ ချင်းလင်စံအိမ်သာကျန်တော့သည်။ ဒီနှစ်အတွက်ခွင့်ကို ချင်းလင်စံအိမ်မှာ အချိန်ဖြုန်းဖို့ဆုံးဖြတ်လိုက်၏။

ရှောင်ဟွေ့ဟွေ့က ချက်ချင်း QQ ဂီတထဲဝင်ပြီးရှာလိုက်သည်: 'ချင်းလင်စံအိမ်၏သံသာပင်'။ ထင်ထားသည့်အတိုင်း ထိုသီချင်းကျလာသည်။

နောက်ပြီး လူ ၁၃၂၇၁ ယောက် download ဆွဲထားပြီးဖြစ်သည်။

ရှောင်ဟွေ့ဟွေ့က download ဆွဲမည်ကိုမြန်မြန်ရွေးပြီး ပြန်ဆွဲတင်လိုက်ရာ download ဆွဲထားသောအရေအတွက်က ၁၆၇၂၁ ဖြစ်သွား၏။

မယုံနိုင်စရာပဲ။

သူမကလျှို့ဝှက်ဖန်မဟုတ်၊ ထိုဆယ်လီအဆင့်များကိုသိပ်အာရုံမစိုက်သော်လည်း download ဆွဲထားတဲ့အရေအတွက်က များလွန်းတယ်မလား?

သို့သော် သီချင်း download ဆွဲပြီးသည်နှင့် ဂရုမစိုက်နိုင်တော့။ နားကြပ်ထုတ်၍ ဖုန်းနှင့်ချိတ်ပြီး ချင်းလင်စံအိမ်၏သံသာပင်ကို စနားထောင်လိုက်သည်။

''ချင်းလင်စံအိမ်၏သံသာပင်မှကြိုဆိုပါတယ်!''

ပထမတစ်ခွန်းကြားပြီးသည်နှင့် ငြိမ့်ငြိမ့်ညောင်းညောင်းအသံထွက်လာသည်။

တကယ်သံသာပင်ပဲ။

ခဏအကြာ ရှောင်ဟွေ့ဟွေ့မှာ လူရောစိတ်ပါဖြည်းဖြည်းချင်းပြေလျော့သွားသလိုခံစားရသည်။ အလုပ်၏ဖိအား၊ သူမ၏ကြီးကြပ်သူနှင့်ဖောက်သည်များ၏ဖိအားများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး စိတ်ပွင့်ထွက်သွားသည်။

အလုပ်မလုပ်ခင် နာရီဝက်လောက်နားထောင်ပေးရင် သေချာပေါက်အကျိုးရှိမည်ဟုခံစားရသည်။

သံသာပင်ကို သူမ၏သီချင်းစာရင်းထဲမှ ဘယ်တော့မှဖျက်မည်မဟုတ်ဟုလည်းတွေးမိသည်။

ဒီအချက်ကြောင့် မေလထဲ ချင်းလင်စံအိမ်သို့ခရီးထွက်မည့်ရည်ရွယ်ချက်လည်းခိုင်မာသွားသည်။

ဂင်ဂိုပင်နှစ်ပင်ဆီ စိတ်အပန်းဖြေထွက်မည်။

ရုတ်တရက် သူမဘေးတွင် ဒေါသတကြီးသံကြားလိုက်ရ၏။ အရပ်ရှည်ရှည် ခြေတံရှည်ရှည်နှင့်မိန်းကလေးတစ်ယောက်က သူမလက်ထဲမှစာဖိုင်ကိုစားပွဲပေါ်ပစ်ချလိုက်သည်။

ရှောင်ဟွေ့ဟွေ့ကမြင်ပြီး မေးလိုက်သည်_

''စွန်းလီ... အဆိုပြုလွှာ ပယ်ချခံရပြန်ပြီလား?''





စွန်းလီက ဒေါသသံနှင့်_ ''ဟိုကောင်ပေါ့... သူကျွေးတာကို လိုက်မစားတာနဲ့... တမင်သက်သက် ငါ့ကိုနှောင့်တာ... ငါ့ကို အစီအစဉ် A နဲ့ B ပြောင်းခိုင်းတယ်''

''သီချင်းနားထောင်လိုက်... စိတ်လျှော့''

ရှောင်ဟွေ့ဟွေ့က စွန်းလီဆီနားကြပ်ပေးလိုက်သည်။

အဲဒီကြီးကြပ်သူဘာအကွက်ရွှေ့နေလဲ သူမအသိ။ တစ်မျက်နှာလုံးဝက်ခြံဗရပွနှင့် ဌာနထဲကအမျိုးသမီးဝန်ထမ်းများကို ထမင်းလိုက်ကျွေးချင်နေသည်။

သူဘာတွေးနေလဲ ဘယ်သူကမသိဘဲနေမှာလဲ? အဲဒီစိတ်ပျက်စရာကြီးကို ဘယ်သူကြိုက်မလဲ?

ဒါပေမဲ့ ဒီလိုလူမျိုးက တာဝန်ခံဖြစ်နေသည်။ သူတို့ကိုအလုပ်မထုတ်နိုင်သော်လည်း သူများထက်ပိုပြီး သူတို့ကိုအခက်အခဲဖြစ်အောင်လုပ်နိုင်သည်။

ဌာနထဲကလူအများစုမှာ သူ့ကြောင့်ဒုက္ခရောက်ရသည်။

စွန်းလီကနားကြပ်ယူပြီး နားထဲထည့်ထည့်လိုက်သည်။ သူမမှာ ချမ်းသာသောမိသားစုကမဟုတ်၍ လူ့အဖွဲ့အစည်းထဲတွင် အလုပ်ကောင်းကောင်းရှာဖို့မလွယ်။ အလုပ်ကဘယ်လောက်ဆိုးဆိုး မထွက်နိုင်ချေ။ သူမစိတ်သက်သာစေရန် သီချင်းသာနားထောင်လိုက်သည်။

သို့သော် နားကြပ်မှသာယာသောအသံကြားပြီး ရုတ်တရက်အံ့ဩသွားသည်။

ခဏအကြာ သူမကအမှတ်တမဲ့မေးလိုက်၏_

''ဟွေ့ဟွေ့... ဒါဘာသီချင်းလဲ? အံ့ဩစရာပဲ''

ဒီလိုဖြစ်ရပ်မျိုး နေရာအတော်များများတွင်ဖြစ်သွားသည်။

ချင်းလင်စံအိမ်၏နောက်ဆုံးဗီဒီယိုကိုကြည့်ပြီးသူတိုင်းက သံသာပင်၏သက်ရောက်မှုကိုစိတ်ဝင်စားသွားသည်။ ဤသည်မှာ စနစ်ကသံသာပင်အပေါ်တိုက်ရိုက်သက်ရောက်သော အရည်အသွေးပင်။ ဘယ်သူမှမလွန်ဆန်နိုင်။ ထို့နောက် အများစုက QQ ဂီတပလက်ဖောင်းသွား၍ ချင်းလင်စံအိမ်မှတင်သောသံသာပင်ကို download ဆွဲကြသည်။

ထို့ကြောင့်လည်း စံအိမ်ဗီဒီယိုမှာပိုပိုပေါက်သွားပြီး QQ ဂီတလက်ဖောင်းမှ download ပိုဆွဲလာကြသည်။

ဒီလိုဆက်ဆက်တိုးလာပြီးသိပ်လာခြင်းကြောင့် လုံးဝပေါက်သွား၏။

နောက်တစ်နေ့တွင် မရေမတွက်နိုင်သောလူများကဖုန်းထုတ်၍ ဗီဒီယိုအတိုများကြည့်ကြသည်။ အင်တာနက်တစ်ခုလုံးတွင် သံသာပင်နှင့်ပြည့်နေပြီမှန်း သူတို့တွေ့လိုက်ရသည်။

သံသာပင်ဆိုတာ ဘာကြီးလဲ?

သံသာပင်က အရမ်းဆန်းကြယ်တာပဲ!

ဒီလိုဗီဒီယိုမျိုးတွေ မှိုလိုပေါက်လာသည်။

တစ်ညသိပ်ပြီးနောက် ချင်းလင်စံအိမ်၏သံသာပင်မှာ ရေပန်းစားရုံသာမက လျှံပါထွက်သွား၏။ ဒီတစ်ကြိမ်တွင် အရင်အကြိမ်များထက်ပိုပြီးတောင်နာမည်ကြီးသွားသည်။

ညတွင်းချင်း သံသာပင်ကို လူများစွာ၏မျက်လုံးထဲရောက်အောင်လည်းလုပ်လိုက်နိုင်သည်။

အရင်သံသာပင်အကြောင်းကြားဖူးသူက လူနည်းစုသာရှိ၏။ တကယ်တော့ အများစုက ဘာမှန်းမသိကြပေ။

သို့ရာတွင် မနေ့ညက ချင်းလင်စံအိမ်၏သံသာပင်ကို လူပေါင်းမရေမတွက်နိုင်အောင်ကြားသွားပြီး စွဲလန်းသွားကြသည်။

တေးဂီတဆိုသည်မှာ ပဲ့တင်ထပ်မှုအများဆုံးအနုပညာပင်။ ဂီတကောင်းက လူများကိုနစ်ဝင်စေသည်။

သို့သော် သံသာပင်မှာ မြှုပ်ရုံတင်မဟုတ်တော့။

ကြားဖူးသူများက သာယာကြည်နူးမှုကိုမည်သို့ဖော်ပြရမည်မသိကြချေ။

ဒီပေါ့ပေါ့ပါးပါးတေးသံကို သူတို့သီချင်းစာရင်းကနေ ဘယ်တော့မှမဖျက်မှာ သံသယဖြစ်ဖွယ်မရှိပေ။





All Chapters