မိုးမျှော်ဝင့်ကြွားသည့်နွား! ဆရာလင်းကြောင်ပြီ! ၂
Vol. 27 Ch. 394
သီးသန့်နေရာဖြစ်သောကြောင့် မနေ့ညကဒီနေရာကိုကုံးချီသတိမထားမိ။
ရှေးဟောင်းဂင်ဂိုဥယျာဉ်အပြင်ဘက်တွင် ချန်တပေမှာ လုံခြုံရေးအစောင့်များနှင့် ဝင်ပေါက်၊ ထွက်ပေါက်ကိုစောင့်ကြပ်နေသည်။ ဝင်ပေါက်တွင်လက်မှတ်စစ်ဆေးနေသော ဝန်ထမ်းများလည်းရှိသည်။
ကုံးချီကလက်မှတ်ထုတ်၍ ခြံဝင်းထဲမဝင်ခင် သူတို့ကိုဝင်ခွင့်လက်မှတ်ပေးလိုက်သည်။
အထဲတွင် လူတချို့ရောက်နေပြီ။ ဒီလူတွေအားလုံးက သတို့သမီးခန်းကိုပြန်ယူသောခရီးသည်များဖြစ်လိမ့်မည်။
ထိုလူများမှာ ကျောက်စာတိုင်နှစ်တိုင်ရှေ့တွင်စုဝေးပြီး ဆွေးနွေးနေကြ၏။
''ဒီဂင်ဂိုပင်နှစ်ပင်မှာ ဒီလိုဇာတ်လမ်းရှိတာပဲ''
''ဆရာလင်းက ဘယ်သူလဲ? သူနဲ့သစ်ပင်နှစ်ပင်ရဲ့ဇာတ်လမ်းက ရင်ထဲထိလိုက်တာ''
''ဟုတ်ပါ့... ဆရာလင်းက သစ္စာရှိတဲ့သူပဲ... ကျေးဇူးပြန်ဆပ်ပြီး ဒီသစ်ပင်နှစ်ပင်ကိုကယ်ခဲ့တယ်''
''ဒီဂင်ဂိုပင်နှစ်ပင်က လွန်ခဲ့တဲ့ဆယ်စုနှစ်မှာ ဆရာလင်းရဲ့မိသားစုကိုကယ်ပြီး နောက်ဆယ်စုနှစ်အကြာမှာ သူတို့ကိုယ်သူတို့ကယ်ခဲ့တာပဲ''
“...”
ကုံးချီနှင့်သူ့ဇနီးက စပ်စပ်စုစုနှင့် ကျောက်စာတိုင်နှစ်တိုင်နားရောက်လာသည်။ ထိုအပေါ်တွင် ဆရာလင်းဆိုသောလူတစ်ယောက်နှင့်ရှေးဟောင်းဂင်ဂိုပင်နှစ်ပင်၏ဇာတ်လမ်းကိုထွင်းထားသည်။
သူတို့စုံတွဲက ဇာတ်လမ်းကိုလုံးဝစိတ်ဝင်စားသွား၏။ သူတို့လာတာ သံသာပင်ကြောင့်။
ဒါပေမဲ့ ဒီလိုဇာတ်လမ်းမျိုးရှိမယ်လို့ဘယ်သိမလဲ?


ထိုဇာတ်လမ်းက သံသာပင်အတွက် နောက်ထပ်သမိုင်းဝင်ခံစားချက်ပေါင်းထည့်ပေးလိုက်သည်။
ထိုအချိန်တွင် လေတစ်ချက်တိုက်ပြီး သာယာသောအသံမြည်လာသည်။
ကုံးချီနှင့်သူ့ဇနီးက ထိုအသံကြားလျှင် ပိုအံ့ဩစရာကောင်းသောကြည်နူးစရာဆိုသည်ကိုသဘောပေါက်သွားသည်။
ထိုအပင်အောက်တွင် တကယ့်သံသာပင်အသံကိုကြားလိုက်ရသည်။
...
အချိန်လွန်သည်နှင့်အမျှ_
စံအိမ်သို့ရောက်လာသောခရီးသည်များမှာ ခါတိုင်းထက်ပိုများလာသည်။
စံအိမ်ပြည့်လျှံသွားပြန်၏။
ရုတ်တရက်ခရီးသည်ဦးရေတက်လာခြင်းမှာ ရှေးဟောင်းဂင်ဂိုပင်နှစ်ပင်ကြောင့်ပင်။ သတို့သမီးခန်းမယူနိုင်သူက မဲနှိုက်ပြီးမှ ရှေးဟောင်းဂင်ဂိုပင်ဥယျာဉ်လက်မှတ်ကိုရနိုင်သည်။
သို့ရာတွင် ရှေးဟောင်းဂင်ဂိုဥယျာဉ်လက်မှတ်ပေါက်နှုန်းက အရင်အကြီးအကဲစားပွဲနှင့် တစ်နေ့တစ်လုံးသာဝယ်နိုင်သောဥကြီးထက်ပိုများသည်။ လက်မှတ်ပေါက်ပြီး ရှေးဟောင်းဂင်ဂိုဥယျာဉ်ထဲဝင်ရဖို့ ခရီးသည်များအတွက် အချိန်သိပ်မကြာ။
သတို့သမီးခန်းယူထားသောခရီးသည်များ စံအိမ်ရောက်သောအခါ ချက်ချင်းသူတို့လက်မှတ်ကိုအခမဲ့ယူ၍ ရှေးဟောင်းဂင်ဂိုဥယျာဉ်ဆီတန်းသွားနိုင်သည်။
ထိုခရီးသည်များက တကယ့်သံသာပင်အသံကြောင့်အံ့အားသင့်ရသလို ဆရာလင်းနှင့်ဂင်ဂိုပင်နှစ်ပင်၏ဇာတ်လမ်းမှာ လိုင်းပေါ်တွင်နာမည်ကြီးလာသည်။
ထို့အပြင် ထိုခရီးသည်များကြားတွင် ပုံပြောကောင်းသော အနုပညာသည်ဘလော့ဂါများပါသည်။
ထိုဘလော့ဂါများ၏ဗီဒီယိုများတွင် သူတို့မျက်နှာပြလေ့မရှိ။ တချို့ပုံပြင်များကို သူတို့ဘာသာဇာတ်ညွှန်းခွဲပြီး သူတို့ပရိသတ်များကိုရှင်းရှင်းလင်းလင်းပြောပြနိုင်ရန်အပိုင်းခွဲထားသည်။
မကြာမီ ''ဆယ်စုနှစ်အကြာက ငါ့အသက်ကိုကယ်ခဲ့တယ်... နောက်ဆယ်စုနှစ်မှာ မင်းပြန်ရှင်သန်ဖို့ ငါ့ဘဝကိုစွန့်စားတယ်''ဟူသော ထူးထူးခြားခြားခေါင်းစဉ်နှင့် နာမည်ကြီးလာသည်။


''မနေ့ညကတည်းက သံသာပင်က အင်တာနက်ကိုစသိမ်းပိုက်နေတာ... ကျွန်တော့်နားပတ်လည်မှာ သာသာယာယာအသံကိုကြားနေရတယ်''
''ချင်းလင်စံအိမ်သံသာပင်က နားဝင်ချိုတာအားလုံးအသိပဲ... သဘာဝလက်ဆောင်လေ... ဒါပေမဲ့ အဲဒီနောက်ကွယ်မှာ အရမ်းစိတ်လှုပ်ရှားစရာဇာတ်လမ်းရှိမှန်း ဘယ်သူမှမသိပါဘူး''
''အရင်ဆယ်စုနှစ်သုံးလေးခုလောက်က အချိန်တစ်ချိန်ရှိခဲ့တယ်... အဲဒီတုန်းက လင်းမျိုးရိုးကလေးတစ်ယောက်က သူ့အဘိုးကိုပစ်မှတ်ထားလိုက်နှောင့်ယှက်တာခံရလို့ သူ့မိသားစုနဲ့တောထဲထွက်ပြေးခဲ့ရတယ်...''
''...ညပိုင်းတောထဲမှာ သံသာပင်က ကလေးရဲ့မိသားစုကိုကယ်ခဲ့တယ်... အချိန်တွေကြာပြီးနောက်ပိုင်း ကလေးရဲ့မိသားစုက သူတို့မွေးရပ်မြေပြန်သွားတယ်... သူအရွယ်ရောက်လာတယ်... အိမ်ထောင်ကျတယ်... ကလေးရတယ်... မြေးတွေရလာတယ်... ဆရာလင်းဖြစ်လာတာပေါ့''
''ဒါပေမဲ့ ဆရာလင်းက ဂင်ဂိုပင်နှစ်ပင်ကိုဘယ်တော့မှမမေ့ဘူး... အချိန်နဲ့အမျှ သူလာလည်တယ်... တစ်ခါက ရှေးဟောင်းဂင်ဂိုပင်နှစ်ပင်ဆီသူရောက်လာတော့ စိတ်မချမ်းသာစရာဖြစ်နေတယ်... ညှိုးခြောက်ပျက်စီးပြီး အချိန်မရွေးသေတော့မလိုပဲ''
''အရင်က သူ့အသက်ကိုကယ်ဖူးတာတွေးမိတော့ ဆရာလင်းက သူဘာလုပ်ရမလဲသူသိတယ်... သူပြန်ပေးဆပ်ချင်တယ်... ပြီးခဲ့တဲ့ဆယ်စုနှစ်က သူ့မိသားစုကိုကယ်ခဲ့တယ်... နောက်ဆယ်စုနှစ်အကြာမှာ သူအတတ်နိုင်ဆုံးကြိုးစားပြီးကယ်တင်မယ်ပေါ့''
''အဲဒါကြောင့် ဆရာလင်းက တစ်နေ့ပြီးတစ်နေ့ တစ်နှစ်ပြီးတစ်နှစ် သစ်ပင်ကိုစကယ်တယ်... သူ့လစာအများစုကိုသစ်ပင်ကယ်ဖို့သုံးခဲ့တယ်... နောက်ဆုံး ဆရာလင်းရဲ့အားစိုက်ထုတ်မှုက အဖြေထွက်လာတယ်... ဂင်ဂိုပင်နှစ်ပင်ကပြန်ရှင်ပြီး အရွက်တွေဝေဝေစည်စည်ထွက်လာတယ်... သံသာပင်အသံကိုပြန်ကြားရတယ်''
''ဆရာလင်းကြောင့်သာမဟုတ်ရင် အခုဒီသာယာတဲ့သစ်ပင်အသံကို အားလုံးကြားနိုင်မှာမဟုတ်တာ အသေအချာပါပဲ''
ဗီဒီယိုအဆုံးတွင် ကျောက်စာတိုင်များ၏ဓာတ်ပုံလည်းပါသည်။ ထိုအပေါ်တွင်ထွင်းထားသောဇာတ်လမ်းကို ထင်ထင်ရှားရှားမြင်ရသည်။
အနုပညာရှင်ဘလော့ဂါက ကျောက်စာတိုင်ဇာတ်လမ်းကိုပြန်ပြောပြခြင်းဖြစ်၏။
ထိုခေါင်းစဉ်နာမည်ကြီးလာသည်နှင့် ဂင်ဂိုပင်နှစ်ပင်နှင့်ဆရာလင်း၏ဇာတ်လမ်းကို လူတိုင်းမြန်မြန်ဆန်ဆန်သိသွားကြသည်။ နောက်ကွယ်မှာ ဒီလိုရင်ထဲထိစရာဇာတ်လမ်းမျိုးရှိမည်ဟု ဘယ်သူမှမထင်မိ။
ရုတ်တရက်ဆိုသလို ထိုဖြစ်ရပ်က စိတ်ကိုနူးညံ့သွားစေပုံရသည်။
ဆရာလင်းလည်း နာမည်ကြီးလာသည်ပေါ့။ လိုင်းပေါ်တွင် သူကသစ္စာရှိကြောင်းပြောထားသောမှတ်ချက်များ ပိုပိုများလာသည်။
တခဏတော့ ဆရာလင်း၏ရေပန်းစားမှုမှာ အင်တာနက်ဆယ်လီကြီးများထက်မလျော့ပေ။
ထိုနာမည်ကြီးလာခြင်းကြောင့် စီရင်စုတွင် သတင်းများတက်လာသည်။
စွန်းရှန်က ချန်လီ၏တင်ပြချက်ရသောအခါ အင်တာနက်ပေါ်မှသတင်းများကြည့်ပြီး မယုံနိုင်_
''အစကတည်းက စံအိမ်မှာ နှစ် ၅၀၀ သက်တမ်းဂင်ဂိုပင်နှစ်ပင်ရှိတယ်လေ... ဒါပေမဲ့ ဒီလိုအသံမျိုးမထွက်နိုင်သေးဘူးမလား?''
ချန်လီကခေါင်းညိမ့်ပြီး_ ''အင်း... ဒါပေမဲ့ မင်းလည်းသိတဲ့အတိုင်းပဲ... အရင်တာဝန်ခံက ဒါကိုလုံးဝအာရုံစိုက်တာမဟုတ်ဘူး... ဆရာလင်းက သစ်ပင်ကိုတိတ်တိတ်လေးကယ်နေခဲ့လို့လေ... ဒီလူတွေပြီးတော့ သူဌေးချင်ကစံအိမ်ကိုလက်ခံခဲ့တယ်... ဆရာလင်း သစ်ပင်ကယ်တာကိုထောက်ပံ့ပေးတယ်... ဒါသူကယ်ခဲ့တဲ့ပုံပဲ''
စွန်းရှန်ကထိုစကားကြားလျှင် ချက်ချင်းဒေါသသံနှင့်ပြောလိုက်သည်_
''အဲဒီကောင်တွေ သွားတာကောင်းတယ်... အဲကောင်တွေမသွားခဲ့ရင် သူဌေးချင်ကစံအိမ်ကိုလက်လွှဲယူရမှာမဟုတ်ဘူး... ဒီသစ်ပင်နှစ်ပင်ကို ဆရာလင်းကယ်ဖို့မဖြစ်နိုင်ဘူး... အခုကြည့်လေ... ဒီသစ်ပင်နှစ်ပင်က တို့ဆီလူတွေဘယ်လောက်များခေါ်လာလဲလို့?''