မိုးမျှော်ဝင့်ကြွားသည့်နွား! ဆရာလင်းကြောင်ပြီ! ၃
Vol. 27 Ch. 395
''နှစ် ၅၀၀ ဂင်ဂိုပင်နှစ်ပင်က ဒီလိုအသံမျိုးထုတ်နိုင်သေးတယ်... သူတို့အတွက် နိုင်ငံတော်ပထမအဆင့်သစ်ပင်ထိန်းသိမ်းရေးလက်မှတ်လျှောက်လို့ရလောက်တယ်မလား?''
''ပြီးတော့ စီရင်စုက ဆရာလင်းကိုဆုချချင်တယ်... ဒါကိုအမြန်ဆုံးဆောင်ရွက်ခိုင်းပါ''
ချန်လီကခေါင်းညိမ့်ပြီး_ ''အင်း... အမြန်ဆုံးလုပ်ခိုင်းလိုက်မယ်''
ထိုအချိန်တွင် စွန်းရှန်ကရုတ်တရက်ထမေးသည်_
''ချန်လီ... ဒီဂင်ဂိုပင်နှစ်ပင်က ငါတို့ရုံချန်းစီရင်စုကိုအကြီးအကျယ်နာမည်ကြီးစေမယ်ထင်လား?''
ချန်လီက သိချင်စိတ်နှင့်ပြန်မေးလိုက်၏_
''စွန်းရှန်... မင်းမှာတခြားအကြံရှိလား?''
စွန်းရှန်က ခဏတွေးလိုက်ပြီး_
''ရုံချန်းစီရင်စုခရီးသွားလုပ်ငန်းအတွက် ကြော်ငြာဗီဒီယိုရိုက်ချင်တယ်လို့ မင်းပြောတယ်မလား? ဘာလို့ ဒီဂင်ဂိုပင်နှစ်ပင်ကို ပြယုဂ်အဖြစ်မထားရမှာလဲ? ဆရာလင်းရဲ့မိသားစုကို သစ်ပင်ကကယ်ခဲ့တဲ့အချိန်ကစပြီး တချို့ချဲ့ကားထားတဲ့ဇာတ်ကြောင်းတွေနဲ့ရော... နောက်ဆုံး ချင်းလင်စံအိမ်နာမည်ကြီးလာပြီး ရှုမျှော်ခင်း 4A နေရာလျှောက်တာအောင်မြင်တဲ့အကြောင်းနဲ့အဆုံးသတ်လိုက်... ဒါကြော်ငြာကောင်းပဲမလား?''
ချန်လီက ထိုစကားကြားလျှင် သူ့မျက်လုံးများဝင်းလက်သွားပြီး_
''ကောင်းသားပဲ... ဒီရှေးဟောင်းဂင်ဂိုပင်နှစ်ပင်ရဲ့ပြိုင်ဘက်ကင်းပုံနဲ့ နောက်ကျအရမ်းနာမည်ကြီးမှာသေချာတယ်... ဒီလိုမှတ်တမ်းမျိုးလုပ်တာ ငါတို့ရုံချန်းစီရင်စုရဲ့ဂုဏ်သတင်းကို လုံးဝတက်စေလိမ့်မယ်... အခုချက်ချင်း ဒီအကြောင်း သူဌေးချင်နဲ့ဆွေးနွေးမယ်''
သည်လိုနှင့် သူကရုံးခန်းအပြင်ခပ်သုတ်သုတ်ထွက်သွားသည်။
ရုံချန်းစီရင်စုမှာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနှင့်ဖွံ့ဖြိုးမှုအပိုင်းတွင် ပိုပိုပြီးနာမည်ကြီးလာသည်။ ဒီလိုအချိန်မျိုးတွင် သူတို့ဖွံ့ဖြိုးမှုကိုတိုးတက်စေမည့်အခွင့်အရေးမှန်သမျှ လက်လွှတ်ခံမည်မဟုတ်။
နောက်ပြီး ဒီတင်ပြချက်က အမှန်တကယ်ကြော်ငြာဖို့နည်းလမ်းကောင်းဖြစ်သည်။
...
ဆရာလင်းမှာ လတ်တလောနာမည်ကြီးနေသော်လည်း အလွန်နေရထိုင်ရခက်နေသည်။
အကြောင်းမှာ ချင်းလင်စံအိမ်ခရီးသည်များက သူ့ကိုစားသောက်ဆိုင်စားဖိုမှူးမှန်း ချက်ချင်းသိသွားသောကြောင့်ပင်။ စားသောက်ဆိုင်တွင် ခရီးသည်များတဖြည်းဖြည်းအုံလာပြီး ဆရာလင်းဆိုတာဘယ်လိုပုံလဲလာကြည့်ကြ၏။
ဆရာလင်းဘယ်သူဆိုတာကလည်း မတော်တဆပေါ်သွားခြင်းဖြစ်သည်။


ဆရာလင်းမှာ လိုင်းပေါ်တွင်နာမည်ကြီးလာမည်ဟုမထင်။ သူကလိုင်းမသုံး။ အရွယ်လည်းရနေပြီး လိုင်းပေါ်တက်ခဲသော စာဖိုမှူးတစ်ဦးပင်။
လူနှစ်ယောက်က စားသောက်ဆိုင်ထဲဝင်ပြီး ပုံမှန်အတိုင်းကြည့်ရှုနေသည်။ စားဖိုမှူးအကူက ဆရာလင်းကိုလှမ်းခေါ်လိုက်သောအခါ ခရီးသည်များကြားသွား၏။ ထို့နောက် ရုတ်တရက်နာမည်ကြီးလာသောဆရာလင်းက စားသောက်ဆိုင်စာဖိုမှူးမှန်း လူတွေတစ်ယောက်ပြီးတစ်ယောက်သိကုန်သည်။
အဲဒီနောက်ချက်ချင်း လူများလွန်းသောကြောင့် စားသောက်ဆိုင်ပြုံကျသွား၏။ ခရီးသည်အများကြီးစားသောက်ဆိုင်ထဲပြေးလာပြီး ဆရာလင်းနှင့်ဓာတ်ပုံရိုက်ချင်ကြသည်။
ထိုမြင်ကွင်းမှာ နာမည်ကြီးအင်တာနက်ဆယ်လီများကို ရုတ်တရက်လူများဝိုင်းအုံလာသလိုပင်။
ဆရာလင်းက ဘာတွေဖြစ်နေမှန်းလုံးဝမသိ။ သူကြောင်နေသည်။
စားဖိုဆောင်ထဲတွင်_
စားသောက်ဆိုင်စားပွဲထိုးများနှင့်စားဖိုမှူးတချိူ့မှာ ဆရာလင်းရှေ့တွင် စိုးရိမ်တကြီးရပ်နေကြသည်။
စားသောက်ဆိုင်မှာ အပြင်ခရီးသည်များအတွက် ပုံမှန်အတိုင်းဆောင်ရွက်ပေးရန် လူများကြပ်သိပ်လွန်းနေ၏။
ဒါပေမဲ့ ဒီခရီးသည်တွေကို မောင်းထုတ်လို့လည်းမဖြစ်ဘူးမလား?
''ဘာတွေဖြစ်နေတာလဲ?'' ဆရာလင်းက စိုးရိမ်ပုံနှင့်မျက်မှောင်ကြုတ်လိုက်သည်။
သူက ဆယ်လီမဟုတ်။
ဘာလို့ဒီလူတွေက သူ့ကိုဝိုင်းအုံနေတာလဲ?
ဆရာလင်း၏စကားကြားလျှင် စားပွဲထိုးကအံ့ဩသွားပြီး_
''ဆရာလင်း... ခင်ဗျားနာမည်ကြီးနေတာ ခင်ဗျားမသိဘူးလား?''
''ဘာနာမည်ကြီးတာလဲ?'' ဆရာလင်းက မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
အလုပ်သမားခေါင်းကချက်ချင်းဖုန်းထုတ်ပြီး လိုင်းပေါ်တက်လိုက်သည်။ သူက ဆရာလင်းအား ဂင်ဂိုပင်နှင့်သူ့အကြောင်းသတင်းကိုပြ၍_
''ဆရာလင်း... ခင်ဗျားဘာသာကြည့်တော့''
ဆရာလင်းမှာသတင်းကြည့်ပြီးသောအခါ သူ့မျက်လုံးများကျယ်သွားပြီး အလန့်တကြားမေးလိုက်သည်_
''ဒါ... ဘာလို့ သတင်းမှာပါလာတာ... ဒီအကြောင်းလူတွေအများကြီးသိကုန်ပြီလား?''
အလုပ်သမားခေါင်းက အလေးအနက်ခေါင်းညိမ့်ကာ_ ''အင်း... လူတွေအများကြီးသိတယ်... ဆရာလင်း... ခင်ဗျားအခုအရမ်းနာမည်ကြီးနေတာ... ဘာပဲဖြစ်ဖြစ် ဒီနေ့ခင်ဗျားရဲ့ဂုဏ်သတင်းက ဆယ်လီတွေထက်သာလိမ့်မယ်... စားသောက်ဆိုင်ထဲဝိုင်းနေတဲ့လူတွေသာကြည့်တော့''
''ဘုရားရေ...'' ဆရာလင်းမှာ သတိလက်လွတ်လက်မြှောက်ပြီး သူ့နဖူးသူရိုက်မိသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?


ကြွားပြီး လျှောက်ပြောတာကပြောတာပဲ။ ဒါပေမဲ့ ဘာလို့တချို့ကယုံရတာလဲ? ဇာတ်လမ်းတောင်ရေးထားသေးတယ်။ အဆိုးဆုံးက သတင်းမှာပါတယ်တဲ့။
ဒါကောင်းဖို့ပဲ။ အားလုံးအသိ။
သူလိုနွားကြီးက ဒီလိုကြွားနိုင်မယ်လို့ လုံးဝမတွေးမိ။
ဒီလူတွေ ဦးနှောက်မရှိကြဘူးလား?
ဘယ်သူမဆိုပြောနိုင်တာပဲမလား?
ဆရာလင်းမှာ သူအပြောစောလွန်း၍ ဦးနှောက်ခြောက်နေစဉ် ဖုန်းမြည်လာသည်။ သူ့သူဌေးနံပါတ်ကိုတွေ့သောအခါ ချက်ချင်းဖုန်းကိုင်လိုက်၏။
ဖုန်းထဲမှချင်လင်အသံလည်းထွက်လာသည်_
''ဆရာလင်း... ရုံးခန်းထဲလာပါဦး... ပြောစရာရှိလို့''
ဆရာလင်းကဖုန်းချ၍ အနောက်ဘက်တံခါးမှထွက်ပြီး ချင်လင်၏ရုံးခန်းဘက်သွားလိုက်သည်။ သူဌေးရုံးခန်းထဲဝင်ဝင်ချင်း လက်ထောက်ချန်ကိုတွေ့ရသည်။
ချန်လီက ဆရာလင်းကိုမြင်လျှင် ချက်ချင်းမတ်တပ်ရပ်၍ရှေ့တိုးလာပြီး ဆရာလင်း၏လက်ကိုဆွဲကာ_ ''ဆရာလင်း... ခင်ဗျားကိုတကယ်ကျေးဇူးတင်တယ်... တန်ဖိုးရှိတဲ့ရှေးဟောင်းအပင်နှစ်ပင်ကိုကယ်နိုင်ခဲ့တာ ခင်ဗျားကြိုးစားခဲ့လို့ပါ... စီရင်စုက ဒီရှေးဟောင်းဂင်ဂိုပင်နှစ်ပင်အတွက် နိုင်ငံတော်အဆင့်တစ်ထိန်းသိမ်းရေးအပင်အဖြစ်လျှောက်ဖို့လုပ်နေပါတယ်... အဲဒီအချိန်ကျရင် ခင်ဗျားရဲ့အားထုတ်မှုကို အချက်အလက်နဲ့မှတ်တမ်းတင်ထားမှာပါ... စီရင်စုကလည်း ပါဝင်ဆောင်ရွက်မှုဆုအကြီးကြီးနဲ့ဆုချမှာပါ''
''ဒါ...'' ဆရာလင်းမှာ ပါးစပ်အဟောင်းသားနှင့်၊ တခဏတော့ ဘယ်လိုပြန်ဖြေရမှန်းမသိ။
ပွင့်ပွင့်လင်းလင်းပြောရရင် သစ်ပင်ကိုဘယ်လိုကယ်လိုက်မှန်းမသိချေ။
သို့ရာတွင် ချန်လီကဆက်ပြီး_
''ဆရာလင်း... စီရင်စုက ခရီးသွားကြော်ငြာမှတ်တမ်းအထူးဗီဒီယိုရိုက်ဖို့ သူဌေးချင်နဲ့ဆွေးနွေးနေတာလည်းရှိပါတယ်... ဒီဂင်ဂိုပင်နှစ်ပင်နဲ့ခင်ဗျားရဲ့ဇာတ်လမ်းကို အဓိကဇာတ်ကွက်ထားပြီး ဒါကိုရိုက်ကူးဖို့ မှတ်တမ်းတင်ဒါရိုက်တာတစ်ယောက်ရှာထားပါမယ်... အဲဒီအချိန်ကျရင် ဇာတ်လမ်းအကြောင်းအသေးစိတ်ပြောပြဖို့ ဆရာလင်းကိုအကူအညီတောင်းရပါဦးမယ်''
''အာ...” ဆရာလင်းအံ့ဩသွားသည်။
သူကတကယ်ကြွားရုံသက်သက်။ ဘာလို့မှတ်တမ်းလုပ်နေတာလဲ?
နတ်ဘုရားကျီစယ်တာ လွန်နေပြီမလား?
ချင်လင်က ချန်လီပြောတာကြားရင် ဘယ်ငြင်းမလဲ။
ဒီမှတ်တမ်းက စီရင်စုအတွက်အကျိုးဖြစ်ရုံသာမက စံအိမ်ရဲ့ပုံစံကိုလည်းမြှင့်တင်ပေးမည်လေ။
ဒီအတွက် ဆရာလင်းကိုတကယ်ကျေးဇူးတင်ရမည်။ မဟုတ်ရင် ကိစ္စချောသွားအောင်ဘယ်လိုလုပ်ရမလဲ သူတကယ်မတွေးတတ်။
ထိုအတွေးနှင့် သူကဆရာလင်းကိုပြုံးပြလိုက်ကာ_ ''ဆရာလင်း... အဲဒီအချိန်ကျရင် ကျွန်တော်နဲ့ပူးပေါင်းပေးပါ... ခင်ဗျားရဲ့ကိုယ်ပိုင်အခန်းမှာ သရုပ်ဆောင်ချင်ဆောင်ရနိုင်တယ်''
“...” ထိုစကားကြားလျှင် ဆရာလင်းကြောင်သွားသည်။
ဒီလိုအဆုံးသတ်ဖို့ လုံးဝမဖြစ်နိုင်ဘူး။