← Chapters

ဒီသခွားသီးစားချင်တာသေချာလား? အထူးရွှေ့ပြောင်းလုပ်ဆောင်!

Vol. 27 Ch. 397

ဒီသခွားသီးစားချင်တာသေချာလား? အထူးရွှေ့ပြောင်းလုပ်ဆောင်!

Vol. 27 Ch. 397

ချင်လင်ကမှတ်ချက်ကိုကြည့်ပြီး ဘာလို့အလှအပသခွားသီးလို့ခေါ်မှန်းသိသွားသည်။

အရသာ -၂၊ စားကောင်းခြင်း -၂ ကြောင့် စားမရတာရှင်းသည်။

ဒါဆိုရင် ကျန်တဲ့အရေပြားပေါ်ကပ်တာက အလှအပအာနိသင် +၂ နဲ့ အစိုဓာတ်ပေးတဲ့အာနိသင် +၂ ရှိမယ်မလား?

နောက်ပြီး ကပ်ရမည့်နေရာသတ်မှတ်မထား၍ မျက်နှာသာမက တခြားနေရာများကပ်၍လည်းရနိုင်သည်။

အံ့ဩစရာပဲ။

ဘာပဲဖြစ်ဖြစ် အမျိုးသားတွေကိုဆွဲဆောင်တာက အမျိုးသမီးတွေရဲ့လှပတဲ့မျက်နှာလေးသက်သက်မှမဟုတ်ဘဲ။ ခန္ဓာကိုယ်အကာအရံတွေဖယ်ရှားလိုက်တာနဲ့ အမျိုးသားတွေကိုဆွဲဆောင်နိုင်တာတွေအများကြီး။

ဒါပေမဲ့ ဒီသီးသန့်မထင်မရှားအာနိသင်ဆိုတာကို သူနားမလည်။

အထူးဆေးဖက်ဝင်အရည်အသွေးများရှိနေလား?

ဒါပေမဲ့ ဆေးဖက်ဝင်အရည်အသွေးဆိုပြီး ဖော်ပြလိုက်လို့မရဘူးလား?

ချင်လင်အတွေးများနေသည်။ ဖြစ်နိုင်တာက...

ခဏအကြာ သခွားသီးနှစ်လုံးနှင့်ဂိမ်းထဲမှထွက်လာပြီး အလှအပသခွားသီး၏အာနိသင်ကိုစမ်းကြည့်ချင်နေသည်။

လက်တွေ့လောကထဲပြန်ရောက်လျှင် ချင်လင်ကတံခါးဖွင့်ပြီး ရုံးခန်းအပြင်ထွက်လိုက်သည်။ သန့်သန့်ရှင်းရှင်းအသီးခွဲဓားနှင့်ပန်းကန်ယူရန် စားဖိုဆောင်လာပြီးနောက် သခွားသီးနှစ်လုံးကိုဆေးကြောကာ ရုံးခန်းပြန်လာခဲ့သည်။

ရုံးခန်းထဲဝင်ဝင်ချင်း ဝမ်ချိုင်ကအော်ဟစ်၍သူ့ဆီပြေးလာသည်။ သူ့ဆီရောက်လျှင် ဆောင့်ကြောင့်ထိုင်၍ သူ့လည်ပင်းတွင်ဆွဲထားသော QR ကုဒ်ကိုကိုက်လိုက်သည်။

အခုတော့ ခွေးကဒါကို နေ့စဉ်အပျော်လိုလုပ်နေသည်။ သူ့အမေနှင့်ပန်းကန်ပြားဆော့သည့်အပြင် သူ့ကိုတစ်နေ့တစ်ကြိမ် QR ကုဒ်စကင်န်မဖြစ်မနေဖတ်ခိုင်းသည်။





ချင်လင်ကဖုန်းထုတ်၍ QR ကုဒ်စကင်န်ဖတ်ပြီး ရုံးခန်းထဲလျှောက်လာသည်။

ခွေးလည်း QR ကုဒ်ချပြီးနောက် သူ့သခင်လက်ထဲမှသခွားသီးနှစ်လုံးကိုမြင်သွားပုံရသည်။ ရုံးခန်းထဲလိုက်ဝင်လာ၏။

ထိုအချိန်တွင် ချင်လင်မှာ ခွေးကိုဂရုမစိုက်အား။ ရုံးခန်းတံခါးပိတ်ပြီးလော့ချလိုက်သည်။ ယောက်ျားကြီးတစ်ယောက် မျက်နှာမှာသခွားသီးကပ်နေတာမြင်သွားရင် ရှက်စရာကောင်းလိမ့်မည်။

အလှအပသခွားသီးမှာ သာမန်သခွားသီးများလိုပင်၊ ခွဲလိုက်သောအခါ အရမ်းကြွပ်ဆတ်မနေဘဲ အလွန်အလိုက်သင့်ရှိသည်။

ခဏအကြာ ချင်လင်ကသခွားသီးခွဲပြီး ပန်းကန်ပြားပေါ်ထားကာ သူ့မျက်နှာတွင်ကပ်လိုက်၏။

သူ့မျက်နှာအရေပြားနှင့်သခွားသီးထိထိချင်း အေးမြသွားသည်။

ဒါအထူးအရည်အသွေးမဟုတ်။ မတ်လအစောပိုင်းမှာ ရာသီဥတုမအေးဘူးဆိုရင်ထူးဆန်းနေမှာပေါ့။

ဝု! ~

ခွေးဟောင်လိုက်သည်။ သူ့လက်ကိုခုံပေါ်ယှက်တင်ပြီး သူ့ကိုစိုက်ကြည့်နေ၏။

ဝု... ဝု!

ခွေးကသူကြည့်နေတာမြင်ပြီး ထပ်ဟောင်လိုက်သည်။

ချင်လင်မှာ မျက်နှာပေါ်တင်ထားသောအရာကြောင့် သူ့ကိုဂရုမစိုက်နိုင်။ ထိုင်ခုံပေါ်ထိုင်မည်အပြုတွင် ခွေးကစိုးရိမ်တကြီးထပ်ဟောင်ပြန်သည်။ သူကဟောင်ရင်း သူ့လက်သည်းကိုမြှောက်၍ နောက်ထပ်သခွားသီးကိုညွှန်ပြနေ၏။

သူ့အပြုအမူကြောင့် ချင်လင်အံ့ဩသွားသည်။

အစကတည်းက ဝမ်ချိုင်အလွန်တော်၊အလွန်ဉာဏ်ကောင်းတာ သူသိသည်။ သူ့ကိုဂိမ်းထဲခေါ်သွားပြီး ပန်းကန်ပြားဖမ်းနည်းလေ့ကျင့်ပြီးနောက်ပိုင်း သူ့ဉာဏ်ရည်ထပ်တက်လာ၏။

ဒါပေမဲ့ တစ်ခုခုတောင်းနေတဲ့သူ့ပုံစံက လူသားဆန်လွန်းမနေဘူးလား?

ဝု!

သူ့သခင်စိုက်ကြည့်နေသောကြောင့် သူကမျှော်လင့်ချက်ပါသောမျက်လုံးများနှင့် ထပ်ဟောင်ပြလိုက်သည်။

လောဘကြီးတဲ့ခွေး။





ချင်လင်ကရုတ်တရက် ခွေးကိုအမြင်ကပ်ကပ်နှင့်ကြည့်လိုက်သည်။

ပုံမှန်ဆို ခွေးကသခွားသီးတောင်းမှာမဟုတ်။ ဒီအလှအပသခွားသီးကိုစားချင်လို့ဖြစ်ရမည်။ ဒီသခွားသီးမှာ အတွေ့အထိ -၂၊ စားကောင်းခြင်း -၂ နှင့်။

ချင်လင်ကရုတ်တရက် ဒီအရည်အသွေးနှစ်မျိုး၏အာနိသင်ကိုသိချင်သွားသည်။ ဒီခွေးကိုကသူ့တံခါးပေါက်ရောက်လာမှတော့ အချိန်ဆိုင်းမနေဘဲ နောက်သခွားသီးကိုကောက်၍ ရက်ရက်ရောရောပစ်ပေးလိုက်၏။

ထို့ကြောင့် ခွေးကသွက်သွက်လက်လက်ခုန်ပြီး ပန်းကန်ပြားဖမ်းစွမ်းရည်ကိုအသုံးချကာ သခွားသီး​မြေပေါ်မကျခင် သူ့ပါးစပ်နှင့်အံကျကိုက်လိုက်သည်။

ခွေးကသူ့ပါးစပ်ထဲသခွားသီးရောက်တာနဲ့ ဘယ်စောင့်နေမလဲ? ကိုက်တာပေါ့။

'ဂျွတ်'ခနဲအသံနှင့် သခွားသီးအရည်က ချက်ချင်းသူ့ပါးစပ်ထဲလျှံသွားသည်။

ထိုအခိုက် ခွေးမှာဓာတ်လိုက်သလို မျက်လုံးများပြူးကျယ်သွား၏။ သူ့ပါးစပ်ထဲမှသခွားသီးကိုထွေးထုတ်ကာ အန်ချလိုက်သည်။

ဝု! ~

ခွေးကအန်လည်းအန်၊ သခွားသီးကိုမြန်မြန်ယက်ထုတ်ပြီး ချင်လင်ကိုမကျေမနပ်ဟောင်လိုက်၏။

''မင်းဘာသာစားချင်​တာလေ... အခုမှလာပြီးအတွန့်တက်နေ''

ချင်လင်ကခွေးဆက်အန်နေပုံကိုကြည့်ရင်း အားရပါးရပြုံးလိုက်သည်။ ထို့နောက် သူ့ရုံးခန်းထိုင်ခုံတွင်ပြန်ထိုင်လိုက်၏။

အချိန်ပြည့်ခါနီးတွင် ချင်လင်ကမျက်နှာပေါ်မှသခွားသီးများခွာချပြီး အမှိုက်ပုံးထဲပစ်လိုက်သည်။ ဒီအလှအပသခွားသီးကပ်ပြီး သူ့မျက်နှာမှာထူးထူးခြားခြားနေလို့ကောင်းသွားသည်ဟုဆိုနိုင်သည်။ အဓိကအချက်မှာ အရည်အသွေးမြင့်မျက်နှာကပ်ခွာ၏အာနိသင်ထက် အများကြီးပိုပြီးအစိုဓာတ်ကိုခံစားရခြင်းပင်။

သူကျောက်မိုချင်းကိုအဖော်လိုက်ပြီး ထိပ်တန်းဘရန်း ၁၀ ခုထဲမှတစ်ခုဖြစ်သော L’Oréal စျေးအရောင်းချပွဲနှင့်ကြုံဖူးသည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် L’Oréal’s အရည်အသွေးမြင့်မျက်နှာကပ်ခွာမှာ ဒီအရည်အသွေး ၂ သခွားသီး၏အစိုဓာတ်ခံစားချက်နှင့်ယှဉ်လျှင် အသုံးမဝင်သလောက်ပင်။

အရည်အသွေး ၁ ဆိုရင်တောင် အာနိသင်က ဒီ L’Oréal’s အရည်အသွေးမြင့်မျက်နှာကပ်ခွာထက်ညံ့မည်မဟုတ်။

ဒါကိုပျိုးထောင်နိုင်ရင် စျေးကွက်က ဖရဲသီးထက်သေချာပေါက်ပိုကြီးလိမ့်မည်။ သူ့အလားအလာက ချင်းလင်လက်ဖက်ရည်နှင့် မတိမ်းမယိမ်းရှိလိမ့်မည်။

ချင်းလင်လက်ဖက်ရည်က အမျိုးသားတွေရဲ့လိုအပ်ချက်ဆိုရင် ဒီအလှအပသခွားသီးက အမျိုးသမီးတွေရဲ့တောင့်တချက်ပင်။

ချင်းလင်လက်ဖက်ရည်ကို အမျိုးသမီးများလည်းလိုအပ်သည်ဟု တချို့ကပြောကောင်းပြောနိုင်သလို ဒီအလှအပသခွားသီးကို အမျိုးသားများလည်းလိုအပ်သည်ဟု ချင်လင်ယုံကြည်သည်။

ချင်လင်က သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုပြန်ကြည့်ပြီး ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်မျိုးစေ့ဆိုင်သွား၍ အလှအပသခွားမျိုးစေ့ဝယ်စေသည်။

ဒါကိုရထားမှတော့ လက်တွေ့လောကထဲယူရမည်။

ဒါကိုလက်တွေ့လောကမှာစိုက်ရင် ဖရဲမျိုးအသစ်လိုကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရုံသာမက ဖရဲမျိုးအသစ်လို တစ်ချိန်တည်းရာသီအလိုက်စိုက်ပျိုးရသောအရည်အသွေးလည်းရှိမည်။ လုပ်ဆောင်ရန်ကဏ္ဍများစွာလည်းရှိမည်။ (အခန်း ၂၁၈)

ဂိမ်းဇာတ်ကောင်ကိုတံခါးဆီပြန်စေပြီးနောက် ချင်လင်ကရုံခန်းတံခါးလော့ပြန်ချလိုက်၏။ သူကအန်နေဆဲဖြစ်သောဝမ်ချိုင်ကိုတစ်ချက်ကြည့်ကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်လေသည်။





All Chapters