ဒီသခွားသီးစားချင်တာသေချာလား? အထူးရွှေ့ပြောင်းလုပ်ဆောင်! ၃
Vol. 27 Ch. 399
ဒါကြောင့် ဒီမျိုးစေ့ကို ဆေးဥယျာဉ်ထဲစိုက်ကြည့်ချင်သည်။ အပင်ပေါက်ခါနီးရင် သူကိုယ်တိုင်ဂိမ်းဆေးဥယျာဉ်ထဲဝင်ပြီး အသစ်ပေါက်သောမျိုးစေ့ကိုတူးထုတ်မည်။
ဒါသူအရင်ကမလုပ်ဖူးသောနည်းလည်းဖြစ်သည်။
အရင်က သီးနှံများအားလုံးမှည့်မှ ဟင်းသီးဟင်းရွက်များကိုခူးသည်။ တစ်ဝက်တပျက်နှင့် ဝင်စွက်ဖက်တာမျိုးလုံးဝမလုပ်ခဲ့ဖူး။
ဂိမ်းအချိန်အချိုးအစားအရ တစ်ရက်ကနှစ်ဝက်။ ဒိုနာစီမြက်ရင်းအပင်ပေါက်ချိန်က ၃ ရက်မှ ၇ ရက်။
ဒီတော့ ဒီအပင်ပေါက်ချိန်က နှစ်ဝက်ရဲ့ ၁.၆%။
တစ်ရက်မှာ ၂၄ နာရီနဲ့ ၁၄၄၀ မိနစ်။ အချိန်အချိုးအစားအရ ဒိုနာစီမြက်ရင်းမျိုးစေ့အပင်ပေါက်ဖို့ ၂၃ မိနစ်လောက်စိုက်ထားရမည်။
အဲဒီနောက် ဂိမ်းထဲကတူးယူပြီး ရွှေ့စိုက်လိုက်ရင် လက်တွေ့လိုဖြစ်သွားပြီ။ လီခိုင်တောင် သံသယဝင်မှာမဟုတ်။
ချင်လင်မှာရုတ်တရက် သူအရမ်းဉာဏ်ကောင်းသလိုခံစားလိုက်ရသည်။
ဒီအကြံအလုပ်ဖြစ်မဖြစ်က စမ်းသပ်ကြည့်ပြီးမှသိရတော့မည်။
ထိုအတွေးနှင့် ချင်လင်ကဂိမ်းဇာတ်ကောင်အား ဆေးဥယျာဉ်ဆီသွားပြီး သူ့ကျောပိုးအိတ်ထဲမှဒိုနာစီမြက်ရင်းမျိုးစေ့ကိုစိုက်စေသည်။ ထို့နောက် ဂိမ်းမှအာရုံပြန်လွှဲပြီး ချက်ချင်းဖုန်းထုတ်၍ နာရီမှတ်လိုက်၏။


အချိန်ကုန်လွန်သွားသည်။
သူ့ဖုန်းထဲကအချိန် ၂၂ မိနစ်ကျော်ပြီး ၂၃ မိနစ်ရောက်ခါနီးတွင် အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
ချင်လင်က ဆေးဥယျာဉ်ဆီတန်းသွားလိုက်၏။
သူ့ရှေ့တွင် ဆေးဥယျာဉ်မှာလည်း တကယ့်မြေအစစ်ဖြစ်နေပြီ။
သူ့ဘေးမှမြေများနှင့်မတူ၊ ဆေးဥယျာဉ်ပတ်လည်တွင် အထူးကွင်းများရှိပြီး ဆေးဥယျာဉ်မှာပြောင်ရှင်းနေဆဲပင်။
မူလခန်းမအနောက်ဘက်ခြံဝင်းမှတူးထားသော မျိုးစေ့တချို့သာရှိသည်။ ဒီဆေးဥယျာဉ်မှာမျိုးစေ့အားလုံးစိုက်ဖို့မဖြစ်နိုင်။ သူမျိုးစေ့ရှာရဦးမည်။
ချင်လင်က ချက်ချင်းငုတ်တုပ်ထိုင်ချပြီး ဆေးဥယျာဉ်ကိုရှာလိုက်သည်။ တစ်ခဏအတွင်း မျိုးစေ့တစ်စေ့တွေ့သည်။ အမြစ်ထွက်နေပြီး မဲမဲအပင်ပေါက်လေးက သူ့အခွံကိုဖောက်ထွက်နေသည်ကိုမြင်ရ၏။
ဒီအပင်ရဲ့အရွက်က တကယ်မဲတာပဲ။
ချင်လင်က မျိုးစေ့ကိုသေချာတူးထုတ်လိုက်ပြန်သည်။ မျိုးစေ့ကသူ့လက်ထဲမှာဆိုတော့ ရွှေ့ပြောင်းစိုက်ဖို့ဖြစ်နိုင်တယ်ဆိုတဲ့သဘောပေါ့။
ထို့နောက် အချိန်ယူ၍ တခြားမျိုးစေ့များရှာကာ ဂိမ်းထဲမှထုတ်ယူခဲ့သည်။
သူ့စိတ်ထဲမှဖန်သားပြင်ကိုပြန်ကြည့်လိုက်သည်။ဂိမ်းဆေးဥယျာဉ်ထဲကမျိုးစေ့များတူးထုတ်ပြီးပြီဖြစ်၍ ဆေးဥယျာဉ်မှာအပင်စိုက်မထားကြောင်းပြနေသည်။
သူကချက်ချင်း မူလခန်းမအနောက်ဘက်ခြံဝင်းထဲသွားပြီး လီခိုင်လုပ်ထားသောမြေကွက်ထဲ ထိုမျိုးစေ့များသေချာပြန်စိုက်ထားလိုက်၏။
မြေကြီးထဲတွင် ရှင်သန်နိုင်စွမ်း +၂ အရည်အသွေးရှိ၍ ဒီမျိုးစေ့အပင်ပေါက်အများစုရှင်နိုင်လိမ့်မည်။ မျိုးစိတ်တိုးတက်မှု +၁ အရည်အသွေးရမရကတော့ နောက်ပိုင်းကြီးထွားမှုဖြစ်စဉ်အပေါ်သာမူတည်သည်။


ဒီကြီးထွားနေစဉ်အတွင်း မျိုးစိတ်တိုးတက်မှုတစ်ပင်တလေရှိခဲ့ရင် ဒီပတ်ဝန်းကျင်နဲ့အလိုက်သင့်ကြီးထွားနိုင်စွမ်းရှိသည်။ ဒါဆိုရင် ကျယ်ကျယ်ပြန့်ပြန့်ပျိုးထောင်နိုင်လိမ့်မည်။
တစ်ပင်မှမဖြစ်ခဲ့ရင်တော့ ကံမကောင်း၊ ပြန်လုပ်ရပေမည်။
သို့ရာတွင် ကြီးထွားမှုဖြစ်စဉ်ကကြာရှည်၍ ဒီမျိုးစေ့ဖြစ်နိုင်စွမ်းရှိတတ်၏။ မျိုးစေ့အပင်ပေါက်နေစဉ်ရက်ပိုင်းကို အားထားတာပိုကောင်းမည်။
ဒီမျိုးစေ့များရွှေ့ပြောင်းစိုက်ပြီး နောက်တစ်နေ့ဘယ်လိုရှင်သန်မလဲအပေါ်မူတည်နေသည်။
နောက်တစ်နေ့_
ဂိမ်းထဲကပစ္စည်းများပို့ပြီးနောက် ချင်လင်ကချက်ချင်းမူလခန်းမဘက်သွား၍ လီခိုင်လုပ်ထားသောမြေကွက်တွင် မနေ့ကဂိမ်းထဲမှရွှေ့စိုက်ထားသောမျိုးစေ့များကိုကြည့်လိုက်သည်။
တချို့ကပုပ်နေသည်။ အခွံမှထွက်နေသောအဖူးများမှာ ညှိုးခြောက်နေ၏။ ဒါထိခိုက်တာရှင်းသည်။
သို့ရာတွင် တချို့ကကောင်းကောင်းရှင်နေဆဲပင်။ အခွံမှတိုးထွက်နေသောအဖူးမဲမဲများမှာ ပိုသန်နေသောကြောင့် သူစိတ်သက်သာရာရသွား၏။
မသေခြင်းက တိုက်ပွဲတစ်ဝက်ရောက်ခြင်းတဲ့။
အခု ဒီမျိုးစေ့တွေဆက်ကြီးလာဖို့စောင့်ရုံသာရှိတော့သည်။
ဒီဖြစ်စဉ်အတွင်း ဒီထိခိုက်မှုမရှိတဲ့မျိုးစေ့တချို့တလေမှာ မျိုးစိတ်တိုးတက်မှု +၁ အရည်အသွေးရခဲ့ရင် ပျိုးထောင်အောင်မြင်ဖို့အခွင့်အရေးများပြီ။
အောင်မြင်ပြီဆိုတာနဲ့ အားလုံးသေချာပေါက်အံ့ဩသွားလိမ့်မည်။ အဲဒီအချိန်ကျရင် ချင်းလင်ဓာတ်ခွဲခန်းအတွက်နာမည်ရပြီ။
ပါမောက္ခရန်၏တရုတ်သိပ္ပံနည်းပညာအကယ်ဒမီဌာနကလည်း အကြိမ်များစွာစမ်းသပ်ခဲ့ပြီး လုံးဝမအောင်မြင်သေးကြောင်းသိထားကြသည်။
အချိန်ကျရင် ဒီအောင်မြင်မှုကို တချို့ဆေးပညာပြဌာန်းစာအုပ်တွေမှာတောင်ပုံနှိပ်ဖော်ပြပြီး ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်ကြီးများနှင့်နီးစပ်လာနိုင်သည်။
ခရီးသွားလုပ်ငန်းစီမံရေးမေဂျာတစ်ဦးအနေနဲ့ ဒီလိုဂုဏ်ပြုထိုက်တာမျိုးတော့ သူမရနိုင်ဘူးပေါ့။ သူ့အစ်ကိုလီခိုင်ကိုသာ အထင်မှားစေမည်။ အဲဒီအချိန်ကျရင် စာအုပ်တွေကနေအဆောင်အယောင်နဲ့ပစ္စည်းတွေအများကြီး သေချာပေါက်ရလိမ့်မည်။
အခုတော့ သူလုပ်စရာရှိတာက စောင့်ဖို့သာ။