← Chapters

အံ့ဩသွားသောလီခိုင်! ပါမောက္ခရန်: ရှောင်လီဉာဏ်ကြီးရှင်မဟုတ်ရင်! ၃

Vol. 27 Ch. 402

အံ့ဩသွားသောလီခိုင်! ပါမောက္ခရန်: ရှောင်လီဉာဏ်ကြီးရှင်မဟုတ်ရင်! ၃

Vol. 27 Ch. 402

ဓာတ်ခွဲခန်းစဆောက်ရင် လယ်ကွက်ဟောင်းထဲမှတူးဖော်ရရှိသောမြေကြီးကို ဓာတ်ခွဲခန်းနှင့်စာချုပ်ချုပ်ထားသော ပြုပြင်ထားသည့်မြေကွက်ထဲရွှေ့ပြောင်းရလိမ့်မည်။

တခြားသူများက ဘာဖြစ်နေလဲမသိသော်လည်း သူကအသေးစိတ်သိသည်။ ဂိမ်းထဲကအထူးမြေကြီးထပ်ယူပြီး ပြင်ဆင်ထားရမည်။

ချင်လင်က ဂိမ်းဇာတ်ကောင်ကိုဆက်တူးစေသည်။ ခဏအကြာ အသိပေးသံနှစ်သံထွက်လာ၏။

(ခရမ်းစွဲကျောက်မျက်သတ္တုတူးဖော်ရရှိသည့်အတွက် ဂုဏ်ယူပါတယ်!)

(နဂါးပုံကျောက်မျက်သတ္တုတူးဖော်ရရှိသည့်အတွက် ဂုဏ်ယူပါတယ်!)

ဒီ ၈ လွှာမှာရသမျှက တကယ်နောက်ပိုင်းမှာ စုစည်းထားတာပဲ။

ဂိမ်းဇာတ်ကောင်၏သေတ္တာထဲတွင်လည်း သိမ်းထားသောကျောက်မျက်များစွာရှိသည်။ အခု ၂၀ ကျော်ပြီ။

ဒါတွေအားလုံး သူတို့လက်ထပ်တဲ့အခါ ကျောက်မိုချင်းအံ့ဩသွားအောင်လုပ်ရမည်။

သူကဂိမ်းဇာတ်ကောင်ကိုဆက်တူးခိုင်းမည်အပြု ရုတ်တရက် လောလောလောလောနှင့်တံခါးခေါက်သံကြားလိုက်ရသည်။

ချင်လင်က ဇဝေဇဝါနှင့်လှမ်းအော်လိုက်ရာ လီခိုင်ကရုံးခန်းတံခါးဖွင့်၍ အလောတကြီးဝင်လာပြီး အံ့ဩသံနှင့်_

''ညီလေးချင်... မင်းအတွက်သတင်းကောင်းရှိတယ်... ဒီမြေကွက်ထဲက ဒိုနာစီမြက်ရင်းမျိုးစေ့အပင်ပေါက်နေပြီ''

လီခိုင်၏ပုံစံကိုမြင်လျှင် ချင်လင်ကသူ့ဘာသာပြုံးလိုက်ပြီး ချက်ချင်းအံ့ဩဟန်ဆောင်ကာ_

''တကယ်လား? အပင်ပေါက်နေပြီလား?''

လီခိုင်ကခေါင်းညိမ့်အတည်ပြုလိုက်ပြီး_

''အင်း... တကယ်ပေါက်နေတာ... ညီလေးချင် ငါသိနေတယ်... မင်းရဲ့အထူးမြေကြီးကအလုပ်ဖြစ်မယ်လို့... ဒီအပင်ပေါက်တဲ့မျိုးစေ့တွေကိုကျယ်ကျယ်ပြန့်ပြန့်ပျိုးထောင်နိုင်ရင် SMA ဝေဒနာရှင်ကလေးတွေအများကြီးကို သေချာပေါက်ကယ်နိုင်မှာ''

''အစ်ကိုလီ... အဲဒါအားလုံးခင်ဗျားကြောင့်ပဲ... ခင်ဗျားရဲ့ကြိုးစားမှုကြောင့်ရတာ''

ချင်လင်ကချက်ချင်း သူ့အပေါ်စပြီးပုံချလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူနဲ့ဘာမှမဆိုင်။ အားလုံးလီခိုင်လုပ်တာချည်း။

လီခိုင်က လုံးဝသံသယမရှိပေ။ သူကပျော်ရွှင်ပြီး သူ့စိတ်ကူးနဲ့သူ_

''ဒီသတင်းကောင်းကို ရှိုးဝမ်ကိုပြောပြရမယ်... ဒီသတင်းကြောင့် သူအတော်လေးစိတ်သက်သာရာရမှာ သေချာတယ်''

ဒီလိုနှင့် ချင်လင်၏ရုံးခန်းထဲမှ ခပ်သုတ်သုတ်ထွက်သွားသည်။

ထိုမြင်ကွင်းကြောင့် ချင်လင်ခေါင်းခါမိသည်။

အစ်ကိုလီက ဒေါက်တာထန်ကိုတကယ်စိုးရိမ်တာပဲ။

သူကသူ့စိတ်ထဲမှဖန်သားပြင်ကိုဆက်ကြည့်ပြီး သတ္တုတွင်း ၈ လွှာကျန်နေရာများကိုတူးလိုက်သည်။ ဖြစ်ချင်တော့ တခြားဘာမှမရ၍ ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံပြန်စေလိုက်သည်။

နောက်အကြိမ်၌_

ချင်လင်က အနောက်ဘက်ခြံဝင်းမြေကွက်ထဲနေ့တိုင်းသွား၍ အလှအပသခွားမျိုးစေ့ကိုစစ်ဆေးကြည့်ပြီး လီခိုင်က ဒိုနာစီမြက်ရင်းစိုက်ထားသောမြေထဲ လုံးဝစိတ်နှစ်ထားသည်။





သုံးရက်ကြာပြီးနောက်_

မြေကွက်ထဲစိုက်ထားသောအလှအပသခွားမျိုးနှင့်တခြားမျိုးစေ့များလည်း အပင်ပေါက်လာသည်။

ချင်လင်က ဝါးလုံးများရှာပြီး အလှအပသခွားပင်နွယ်တက်ရန် အလှအပသခွားမျိုးစေ့ဘေးတွင် စိုက်ထားလိုက်သည်။

ဂိမ်းထဲကသူရွှေ့စိုက်ထားသော ဒိုနာစီမြက်ရင်းအရွက်များလည်း စပြန့်ကားပြီး အတော်လေးကြီးနေပြီ။

လီခိုင်က ထိုဒိုနာစီမြက်ရင်းပင်များကိုနေ့တိုင်းကြည့်၍ သူ့မှတ်စုစာအုပ်ထဲတွင်ချရေးထားသည်။

နောက်ထပ်လဝက်အကြာ အလှအပသခွားမျိုးစေ့မှနွယ်အရှည်ကြီးများတက်ပြီး မြေကွက်တွင်ထိုးစိုက်ထားသောဝါးလုံးများကိုဖုံးအုပ်သွားသည်။

ဂိမ်းထဲကရွှေ့စိုက်ထားသော ဒိုနာစီမြက်ရင်းပင်များမှာ အရွက်တွေဝေဝေဆာဆာနှင့်။

သို့သော် ဒိုနာစီမြက်ရင်းပင်၏ဆေးအာနိသင်က မြေပေါ်ကအရွက်မှာမဟုတ်။

ထိုအရွက်များတွင် ပန်းပွင့်ခြင်းနှင့်မျိုးစေ့ဖွဲ့ခြင်း အကျိုးသာရှိသည်။

အမှန်တကယ်အာနိသင်ရှိသည်က မြေအောက်ထဲမှအမြစ်ပင်။ အမြစ်များဖြတ်ပြီးရင် ရွှေ့ပြောင်းစိုက်နိုင်ပြီ။

အရေးကြီးဆုံးအချက်မှာ မျိုးစေ့မဖွဲ့ခင် ဒိုနာစီမြက်ရင်းကိုဖြတ်ပြီး ရွှေ့ပြောင်းစိုက်ရမည်။

မျိုးစိတ်တိုးတက်မှုရှိမရှိမှာ ဒီမြက်ရင်းများကိုဖြတ်၍ရွှေ့ပြောင်းစိုက်ပြီးနောက် ရှင်သန်နိုင်စွမ်းရှိမရှိအပေါ်မူတည်သည်။

မရှင်နိုင်ပါက မျိုးစိတ်တိုးတက်မှုအစပျိုးနေခြင်းကြောင့်ဖြစ်ဖို့များသည်။

ရှင်နိုင်လျှင် သေချာပေါက်အစပျိုးပြီးဖြစ်၏။ ဒါဆိုရင် အပင်ကြီးထွားပြီးဖွဲ့ထားသောမျိုးစေ့ကို အသုတ်လိုက်စိုက်ပျိုးနိုင်ပြီ။

''ညီလေးချင်... ဒီဒိုနာစီမြက်ရင်းအမြစ်တွေကိုဖြတ်ပြီး ရွှေ့စိုက်လို့ရတော့မယ်''

လီခိုင်က ချင်လင်ဆီလာပြီး မျက်မှောင်ကြုတ်ကာ_ ''ဒါပေမဲ့ ဒီဒိုနာစီမြက်ရင်းအမြစ်တွေကိုဖြတ်တဲ့နေရာမှာ ငါကအတွေ့အကြုံမရှိဘူး... တစ်ခုခုမှားသွားမှာစိုးတယ်... ပါမောက္ခရန်ရဲ့ဌာနကလည်း ဒိုနာစီမြက်ရင်းလေ့လာတုန်းက ဒီအဆင့်မှာမအောင်မြင်ခဲ့ဘူးလို့ကြားတယ်''

''အဲဒါကြောင့် ပါမောက္ခရန်ကိုအကူအညီတောင်းချင်တာ... အဲဒီဌာနမှာ SMA လိုအစားထိုးဆေးပင်တွေ သုတေသနလုပ်ထားတယ်... ပါမောက္ခရန်ကလည်း သုတေသနတာဝန်ခံထဲကတစ်ယောက်ပဲ''

''စိတ်မပူနဲ့... ငါဒီအထူးမြေကြီးကိုနည်းလမ်းရှာပြီးဖုံးကွယ်ပေးထားမယ်... ပါမောက္ခရန်မသိစေရဘူး''

ဒီကိစ္စနဲ့ပတ်သက်ပြီး ညီလေးချင်၏အမြင်ကိုသူမေးရမည်။ ညီလေးချင်သဘောမတူရင် သူ့ဘာသာရွှေ့ပြောင်းစိုက်ကြည့်ရုံသာ။

လီခိုင်ကဒီလိုဆိုမှတော့ ချင်လင်ကမငြင်း။ သူကောင်းကောင်းကိုင်တွယ်နိုင်သည်ဟု ယုံကြည်ထားသည်။

ခွင့်ပြုချက်ရပြီးနောက် လီခိုင်ကအချိန်ဖြုန်းမနေဘဲ ပါမောက္ခရန်ကိုချက်ချင်းဖုန်းဆက်လိုက်၏။

...

ပေကျင်းမြို့_

တရုတ်သိပ္ပံနည်းပညာအကယ်ဒမီ_

အထူးသုတေသနဌာနတွင် နိုင်ငံအတွင်းအတော်ဆုံးသုတေသနသမားများ အုပ်စုဖွဲ့စုဝေးနေကြသည်။





ပါမောက္ခရန်မှာ လူမှုဘဝကျန်းမာရေးသုတေသနတာဝန်ခံတစ်ဦးဖြစ်သည်။

ဒီအပိုင်းက အလွန်ကျယ်ပြန့်သည်။ လက်ရှိအထွေထွေသုတေသနမှာ လူမှုဘဝကျန်းမာရေးဆေးဝါးကိုထိုးဖောက်နေသည်။ ရောဂါအမျိုးမျိုးအတွက် တန်ဖိုးကြီးဆေးဝါးအားလုံးက ပစ်မှတ်ဖြစ်၏။

အရင်ပါမောက္ခရန်တို့အောင်မြင်ခဲ့သောကင်ဆာဆေးက အိမ်တွင်းသုံးမရနိုင်။ ပါမောက္ခရန်၏ရလဒ်များကြောင့် ထိုဆေးဝါးများ၏တန်ဖိုးအကြီးအကျယ်ကျဆင်းသွားပြီးကျန်းမာရေးအာမခံထဲဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

မူလက ကုသမှုတစ်ပိုင်းတစ်ပိုင်းအတွက် ယွမ်သိန်းချီကုန်ကျ၏။ ယခုကျန်းမာရေးအာမခံရပြီးနောက် ကုသမှုတစ်ပိုင်းကို ယွမ် ၅၀၀၀ သာကျတော့မည်။

ထို့ကြောင့် လူပေါင်းများစွာအတွက်အကျိုးရှိခဲ့သည်။

ပါမောက္ခရန်က ဒီလုပ်ဆောင်ချက်ပြီးနောက်ပိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့၏တာဝန်ခံပုဂ္ဂိုလ်ဖြစ်လာသည်။

ရုံးခန်းတစ်ခုတွင် ပါမောက္ခရန်က သူ့အဖွဲ့ကိုအစည်းအဝေးခေါ်ထားသည်။

''အားလုံးပဲ... ဘယ်လိုအကြံဉာဏ်အသစ်တွေနဲ့ ဒီပုံပြောင်းဓာတ်ပစ္စည်းကိုကျော်လွှားနိုင်မလဲ စဉ်းစားကြည့်ပါ''

ပါမောက္ခရန်က LCD ဖန်သားပြင်ပေါ်မှစမ်းသပ်ထားသောအချက်အလက်ကိုကြည့်ရင်း တခြားသူများကိုပြောလိုက်သည်။

ထိုအချက်အလက်မှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်တွင်ပါသောပုံပြောင်းဓာတ်ပစ္စည်းများကို စမ်းသပ်ဓာတ်ခွဲထားသောအချက်အလက်ပင်။

သုတေသနလုပ်ပြီး ဒီပုံပြောင်းဓာတ်ပစ္စည်းက အမျိုးမျိုးသောတန်ဖိုးကြီးဆေးဝါးသုတေသနတွင်အထောက်အကူဖြစ်လိမ့်မည်ဟု အတည်ပြုနိုင်သည်။ ဒီပုံပြောင်းဓာတ်ပစ္စည်းကိုဖော်ထုတ်နိုင်ရင် တန်ဖိုးကြီးဆေးဝါးအမျိုးမျိုးကလည်း သာမန်တန်ဖိုးရှိသောဆေးဝါးများဖြစ်လာလိမ့်မည်။

ဖြစ်ချင်တော့ ဒီပုံပြောင်းဓာတ်ပစ္စည်းက သူထင်ထားတာထက်အများကြီးပိုပြီး အောင်မြင်ဖို့ခက်နေသည်။

ထိုအချိန်တွင် ပါမောက္ခရန်၏ဖုန်းတုန်ခါနေသည်ကိုခံစားရသည်။ ဖုန်းဝင်လာ၏။ သူကအရင်ဆုံး သူ့အဖွဲ့ကိုအချက်အလက်ကြည့်ခိုင်းထားပြီး အစည်းအဝေးခန်းမှထွက်ကာ ဖုန်းထုတ်လိုက်သည်။

ရှောင်လီ၏နံပါတ်ပင်။

ချင်းလင်စံအိမ်ကလီခိုင်မှန်း သူသိသည်။ အရင်ကသူ့ဆီ SMA အစားထိုးဆေးအတွက်မျိုးစေ့တောင်းပြီး လေ့လာချင်သည်ဟုပြောဖူးသည်။ သူကဒိုနာစီမြက်ရင်းမျိုးစေ့တချို့ ပို့ပေးခဲ့သည်။

သူတို့ဌာနမှာ SMA အစားထိုးဆေးအတွက် မျိုးစေ့သိပ်များများစားစားမရှိ။ ဒိုနာစီမြက်ရင်းမျိုးစေ့က နည်းနည်းပိုများသော်လည်း ဒါတွေရဖို့ဌာနကအများကြီးပေးထားရသည်။

သူအဲဒါတွေအကုန်သုံးပစ်ပြီလား?

သူ့ကိုထပ်ပေးဖို့မဖြစ်နိုင်။

ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ကိုဒိုနာစီမြက်ရင်းမျိုးစေ့လေ့လာဖို့အကြံမပြုချင်။ အကြောင်းမှာ သူကချင်းလင်စံအိမ်တွင် အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုလေ့လာနေပြီး နည်းနည်းကိုင်တွယ်ထားပြီးဖြစ်ကြောင်း သူလည်းသိသောကြောင့်ပင်။

ထိုစမ်းသပ်မှုက မျှော်လင့်ချက်ရှိသေးသည်ဟုခံစားရသည်။ ရလဒ်တွေက သူတို့ဌာနရဲ့စမ်းသပ်မှုတချို့ကိုအထောက်အကူပြုနိုင်လိမ့်မည်။

အခုသူက ဒိုနာစီမြက်ရင်းမျိုးစေ့ကိုလေ့လာတော့မည်ဆိုတော့ တာဝန်တွေများပြီး အာရုံမစိုက်နိုင်ဖြစ်လိမ့်မည်။

အင်မတန်ထူးချွန်သောဉာဏ်ကြီးရှင်မျိုးမဟုတ်ရင် တစ်ခုကိုစိတ်နှစ်ထားတာအကောင်းဆုံးပင်။ မဟုတ်ရင် နှစ်ခုလုံးကိုကျေနပ်စေဖို့ခက်လိမ့်မည်။

ပြီးတော့ SMA ဆေးဝါးအစားထိုးဆေးပစ္စည်းကိုလေ့လာဖို့က ဘယ်လိုလုပ်ဒီလောက်လွယ်မှာလဲ?

ဒီ SMA ဆေးဝါးကလည်း သူတို့အောင်မြင်တော့မည့်ဆေးဝါးများထဲကတစ်မျိုးဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ယွမ် ၇၀၀၀၀၀ တန်ဆေးထိုးအပ်တစ်ချောင်းက တရုတ်အတွက်စိတ်ပျက်စရာအိပ်မက်ဆိုးပင်။ သို့သော် ဒီလောက်အားထုတ်မှုအများကြီးမှာ သူတို့တစ်ခါမှမအောင်မြင်ခဲ့။ ဒီလိုဆေးဝါးမျိုးအောင်မြင်ဖို့က ရေရှည်အားကုန်သုံးရမည့်တိုက်ပွဲဖြစ်သည်။

ဒါကြောင့် ဘာမဆိုရှောင်လီတစ်ယောက်တည်းလေ့လာဖို့မဖြစ်နိုင်။

သူ့ကိုအပူချိန်နိမ့်မျိုးစိတ်စမ်းသပ်တာအာရုံစိုက်ဖို့ နားချရဦးမည်။ သူ့ရဲ့လုပ်နိုင်စွမ်းကိုလည်းလေးစားရင်းရှိသောကြောင့်ဖြစ်၏။

ထိုအတွေးနှင့် ပါမောက္ခရန်ကဖုန်းကိုင်လိုက်သည်။





All Chapters