ဌာနတစ်ခုက လူတစ်ယောက်ကိုမယှဉ်နိုင်! ချက်တာရော?
Vol. 27 Ch. 403
ပါမောက္ခရန်က လီခိုင်၏ဖုန်းကိုကိုင်ပြီးနားချမည်အပြု လီခိုင်ကပြောလာသည်_
''ပါမောက္ခရန်... ကျွန်တော့်သုတေသနမှာ ပါမောက္ခရဲ့အကူအညီလိုတယ်''
ပါမောက္ခရန်က ထိုစကားကြားလျှင် မေးလိုက်သည်_ ''ရှောင်လီ... ငါဘယ်လိုကူညီပေးရမှာလဲ?''
လီခိုင်ကရှင်းပြလိုက်၏_ ''ပါမောက္ခရန်... အရင်ကကျွန်တော် ဒိုနာစီမြက်ရင်းမျိုးစေ့နည်းနည်းတောင်းဖူးတယ်မလား? ဒီရက်ပိုင်းမှာ ကျွန်တော်သုတေသနလုပ်ပြီး ပျိုးထောင်ကြည့်နေတာ... ပြီးတော့ ဖြတ်ပြီးရွှေ့စိုက်လို့ရတဲ့ပျိုးပင်လေးတွေအများကြီးရှိနေပြီ... ဒါပေမဲ့ ဒီအပိုင်းမှာ ကျွန်တော်အတွေ့အကြုံမရှိဘူး... အဲဒါကြောင့် ပါမောက္ခကိုအကူအညီတောင်းချင်လို့''
ပါမောက္ခရန်မှာ လီခိုင်၏စကားကြားပြီး လုံးဝအံ့ဩသွားသည်။
သူဘာကြားလိုက်တာလဲ?
ရှောင်လီက ဒိုနာစီမြက်ရင်းပင်တွေအများကြီးပျိုးထောင်ထားပြီတဲ့လား?
အများကြီး?
မဖြစ်နိုင်ဘူးမလား?
ပါမောက္ခရန်က အလောတကြီးမေးလိုက်သည်_
''ရှောင်လီ... မင်းပြောနေတာ ဒိုနာစီမြက်ရင်းဟုတ်တယ်နော်?''
ဌာနက ဒီဒိုနာစီမြက်ရင်းမျိုးစေ့တွေရဖို့ပေးဆပ်ထားရပြီး အရင်ကသုတေသနစမ်းသပ်ချက်များစွာလုပ်ခဲ့သော်လည်း ရလဒ်မကောင်းပေ။
တစ်ခါက ပျိုးပင် ၅ ပင်အောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ခဲ့သည်။ သို့သော် ဖြတ်ပြီးရွှေ့စိုက်လိုက်သောအခါ ရွှေ့စိုက်သောပျိုးပင်အားလုံးသေကုန်သည်။
ဒီဆေးပင်က အလွန်ထူးခြားသည်။
ဖြတ်ပြီးရွှေ့မစိုက်ရင် အဆစ်က လူသားတွေချိတ်ဆက်ထားသလိုမျိုးစေ့ထုတ်ဖို့မတတ်နိုင်။ဖြတ်ပြီးရွှေ့စိုက်မှသာ အဆစ်တိုင်းက မှီခိုမှုကင်းသောသက်ရှိဖြစ်လာပြီး မျိုးစေ့ဖွဲ့နိုင်မည်။
သဘာဝအပင်များမှာ အမြစ်မပုပ်ခင် သဘာဝအတိုင်းပင်စည်ညိုးခြောက်သွားဖို့ကိုသာစောင့်၍ မျိုးစေ့မဖွဲ့ခင် အလယ်တွင်အညှောက်ပေါက်ရန်အဆစ်ချန်ပြီးကြီးထွားလာသည်။
ဒီအချက်နှင့်ပတ်ဝန်းကျင်ရွေးလွန်းခြင်းကြောင့် ပျောက်ကွယ်လုနီးနီးဖြစ်နေသည်။


အရင်သူတို့ဌာနမှထုတ်သောပျိုးပင်တချို့မှာလည်း ဖြတ်ပြီးရွှေ့စိုက်ရာမအောင်မြင်ခဲ့။
မျိုးစေ့အကန့်အသတ်ရှိသောကြောင့် ဒီအတွက်သုတေသနပိုင်းကိုပြင်ဆင်ထားရသည်။
အခုရှောင်လီက တစ်ယောက်တည်းအများကြီးပျိုးထောင်လိုက်ပြီလား?
သူကတကယ်ပဲ ဒီလိုပညာရှင်မျိုးလား?
လီခိုင်၏အသံကိုထပ်ကြားရသည်_
''ပါမောက္ခရန်... ဒိုနာစီမြက်ရင်းဟုတ်ပါတယ်''
ပါမောက္ခရန်က အတည်ပြုစကားကြားသည်နှင့် အလျင်စလိုမေးလိုက်၏_
''ရှောင်လီ... အများကြီးပျိုးထောင်ထားတယ်လို့ပြောလိုက်တာလား? ပျိုးပင်တွေဘယ်လောက်များရှိလဲ?''
လီခိုင်ကပြန်ဖြေသည်_ ''စုစုပေါင်းပျိုးပင် ၂၀ ကျော်ရှိပါတယ်''
''ဒီလောက်အများကြီး!'' ပါမောက္ခရန်လုံးဝအံ့ဩသွား၏။ ထိုအချိန်တွင် လီခိုင်ကိုနားချဖို့အာရုံမရှိတော့။ သူကချက်ချင်းပင်_
''ရှောင်လီ... အဲဒီပျိုးပင်တွေကို မင်းကောင်းကောင်းဂရုစိုက်ရမယ်နော်... ငါအခုချက်ချင်းလေယာဉ်စီးပြီး ချင်းလင်စံအိမ်လာခဲ့မယ်''
ရှောင်လီကတကယ် သူ့ကိုအံ့ဩစရာအကြီးကြီးပေးလိုက်တာပဲ။
ဖုန်းချပြီးနောက် ပါမောက္ခရန်ကအစည်းအဝေးခန်းထဲဝင်ပြီး အထဲမှလက်ထောက်တစ်ယောက်ကိုပြောလိုက်သည်_
''ရှောင်ယွီ... မင်မြို့တော်ကိုလေယာဉ်လက်မှတ်ဖြတ်လိုက်... ငါနဲ့မင်မြို့တော်ကိုလိုက်ခဲ့ပေး... ချင်းလင်ဆေးဖက်ဝင်ဝိုင်ထဲကပုံပြောင်းဓာတ်ပစ္စည်းကို ကျန်တဲ့သူတွေဆက်လေ့လာလိမ့်မယ်''
''ကောင်းပါပြီ ပါမောက္ခရန်'' ရှောင်ယွီကချက်ချင်းခေါင်းညိမ့်လိုက်သည်။
မကြာမီ ပါမောက္ခရန်က သေတ္တာတစ်လုံးနှင့် မင်မြို့တော်ဆီလေယာဉ်စီးလာသည်။
လေယာဉ်ပေါ်၌_
ပါမောက္ခရန်က ငြိမ်ပြီးစတင်တွက်ချက်နေသည်။
ဒိုနာစီမြက်ရင်းက SMA ကုထုံးဆေးဝါးရဲ့အဓိကပါဝင်ပစ္စည်းကိုအစားထိုးပေးနိုင်သည်။
ပြဿနာဖြေရှင်းပြီးတာနဲ့ ဆေးဖော်စပ်နည်းထဲကတခြားဆေးတွေကိုလည်း အာနိသင်တူစျေးသက်သာသောဆေးဝါးများနှင့်စမ်းကြည့်နိုင်သည်။
ဒါဆိုရင် ဒါနိုင်ငံခြားဆေးဝါးအဖွဲ့ကပိုင်တဲ့မူပိုင်ခွင့်မဟုတ်တော့။
SMA ကုထုံးဆေးဝါးစျေးကြီးရခြင်းမှာ ဆေးပင်သက်သက်၏ကုန်ကျစရိတ်အပြင် အဓိကအချက်က ထိုဆေးဝါးအဖွဲ့၏သိပ္ပံသုတေသနလုပ်ချိန်နှင့်ကုန်ကျစရိတ်စျေးကြီးသောကြောင့်ပင်။
ထိုဆေးအတွက် ဆေးဝါးကုမ္ပဏီ၏သုတေသနကုန်ကျစရိတ်က သန်းရာချီသည်။


ဒီစမ်းသပ်မှုကုန်ကျစရိတ်ကို များပြားသောလူနာများအပေါ်ဖြန့်လိုက်ရင် ကိစ္စမရှိ။ လူနာများက ယွမ်ဆယ်ဂဏန်း ဒါမှမဟုတ် ရာဂဏန်းသာ မျှခံရမည်။
သို့သော် ကုန်ကျစရိတ်ကို ရှားပါးဝေဒနာရှင်အုပ်စုအပေါ်ထားလိုက်သောအခါ ယွမ် ၇၀၀၀၀၀ တန်ထိုးဆေးဆိုတာ ပေါ်လာသည်။
အကယ်၍ ဒီဆေးဝါးကိုအစားထိုးဖော်ထုတ်သုံးစွဲနိုင်ရင် နိုင်ငံခြားမူပိုင်ခွင့်ကိုရှောင်ရှားနိုင်ရုံသာမက သုတေသနကုန်ကျစရိတ်လည်းမရှိတော့။ ဆေးပင်တန်ဖိုးသက်သက်သာ ကျန်တော့သည်။
အာနိသင်တူတန်ဖိုးနည်းဆေးဝါးနှင့် တစ်ပွဲတလမ်းစမ်းပြီးရင် ဒီ SMA ဆေးတစ်လုံးကို ယွမ် ၇၀၀၀၀၀ မှ ယွမ် ၁၀၀၀၀ လောက်အထိလျှော့ချနိုင်လိမ့်မည်။
အလားတူအကြိမ် ၂၀ ဆေးထိုးခြင်းအတွက် တန်ဖိုးက ယွမ် ၁၄ သန်းမှ ၂၀၀၀၀၀ အထိလျော့ကျသွားမည်။
ကျန်းမာရေးအာမခံထဲဝင်သွားရင် လူတွေအတွက် ပိုသက်သာဦးမည်။
ဒါဘာအဓိပ္ပါယ်လဲ?
စိတ်ပျက်စရာက မျှော်လင့်ချက်ဖြစ်သွားပြီလေ။
လမ်းဆုံးနေတဲ့ရောဂါက လူတိုင်းကုနိုင်တဲ့ရောဂါဖြစ်လာမည်။
အောင်မြင်ပြီဆိုတာနဲ့ အုတ်အော်သောင်းတင်းဖြစ်သွားနိုင်သည်။
ဒါက နိုင်ငံခြားဆေးဝါးအဖွဲ့ရဲ့အကျိုးစီးပွားကို ပြင်းပြင်းထန်ထန်ခြိမ်းခြောက်မှုလည်းဖြစ်သည်ပင်။ သို့သော် သူတို့တစ်နယ်တည်းသားများ၏အကျိုးနှင့်ယှဉ်လျှင် နိုင်ငံခြားဆေးဝါးအဖွဲ့၏အကျိုးစီးပွားမှာ ဘာမှမဟုတ်ချေ။
သို့သော် ဒီမျှော်မှန်းချက်က ဒိုနာစီမြက်ရင်းကိုဖြတ်ပြီး အောင်အောင်မြင်မြင်ရွှေ့စိုက်နိုင်မှဖြစ်မည်။
...
ဒီတစ်ကြိမ်တွင် ပါမောက္ခရန်ကို ချင်လင်နှင့်လီခိုင်ကလာကြိုသည်။
ပါမောက္ခရန်ကားထဲမှထွက်လာသည်ကို ချင်လင်မြင်လျှင် ချက်ချင်းရှေ့တိုးပြီး ကြိုဆိုလိုက်သည်_ ''ပါမောက္ခရန်... ထပ်ဆုံပြီနော်... အရင်ဆုံးအနားယူဖို့ နေရာစီစဉ်ထားပါတယ်''
''သူဌေးချင်... အရင်ဆုံးဒိုနာစီမြက်ရင်းတွေကို တစ်ချက်လောက်ကြည့်ရအောင်''
ပါမောက္ခရန်က အလောတကြီးပြောသည်။
ဒီလိုအချိန်မှာ ဘယ်လိုလုပ်နားချင်စိတ်ရှိမှာလဲ? သူ့ကိုယ်ရောစိတ်က ဒိုနာစီမြက်ရင်းဆီရောက်နေတာကြာပြီ။
လီခိုင်က ပါမောက္ခရန်၏ခံစားချက်ကိုနားလည်၍ ပြုံးလိုက်ပြီး_
''ညီလေးချင်... ဒါဆိုရင် အရင်ဆုံးဒိုနာစီမြက်ရင်းကြည့်ဖို့ ပါမောက္ခရန်ကိုအဖော်လိုက်ပေးကြတာပေါ့''
သုတေသနသမားတစ်ဦးအနေနဲ့ ဒီထက်ပိုပြီးစိတ်ဝင်စားစရာမရှိတော့။
ချင်လင်ခေါင်းညိမ့်လိုက်သည်။
သူတို့နှစ်ဦးက ပါမောက္ခရန်ကိုစံအိမ်ထဲခေါ်လာခဲ့သော်လည်း မူလခန်းမဘက်မသွားဘဲ ဖရဲမျိုးအသစ်စိုက်ထားသောနေရာသွားပြီး ကွင်းပြင်တစ်ခုဆီရောက်လာသည်။
ကွင်းပြင်ထဲတွင် အိုးကြီး ၁၀ အိုးကျော်ကိုတွေ့နိုင်သည်။ အိုးတိုင်းတွင် မူလခန်းမအနောက်ဘက်ခြံဝင်းမြေကွက်မှတူးထားသောမြေကြီးထည့်ထားသည်။ အိုးထဲတွင်လည်း တစ်ပင်လုံးရွှေ့စိုက်ထားသောဒိုနာစီမြက်ရင်းပျိုးပင်ရှိလေသည်။