ဘယ်လိုနတ်သုဒ္ဓါဘဲဥမွှေကြော်လဲ? အတော်ဆုံးအိုးမည်းသူရဲကောင်း!
Vol. 27 Ch. 405
(ထမင်းကြော်နည်းစာအုပ်ကိုအသုံးပြုချင်ပါသလား?)
ချင်လင်က သုံးမည်ကိုတန်းရွေးလိုက်သည်။
အရင်က ငါးချက်နည်းနှင့်လက်ဖက်ရည်ဖျော်နည်းတုန်းကလိုပင် အချက်အလက်များသူ့စိတ်ထဲ ချက်ချင်းတိုးဝင်ကာ နက်နက်ရှိုင်းရှိုင်းမှတ်မိနေသည်။
ပြီးတော့ ကြွက်သားတွေရဲ့လုပ်နေကျမှတ်ဉာဏ်မျိုး။
အစက ထမင်းကြော်နည်းကို သာမန်ထမင်းကြော်လောက်သာ ချင်လင်ကထင်ခဲ့သည်။ အချက်အလက်လက်ခံရပြီးနောက် ဒီလိုမဟုတ်။ ချက်နည်းများစွာ သူ့စိတ်ထဲပေါ်လာသည်။
ဥပမာ - ကြက်ဥထမင်းကြော်၊ ရန်ကျိုးထမင်းကြော်၊ ဝက်အူချောင်းထမင်းကြော်၊ ခရမ်းချဉ်သီးထမင်းကြော်၊ မဆလာထမင်းကြော်၊ အသားပြားထမင်းကြော်၊ သီးစုံထမင်းကြော် စသည်...
ထမင်းကြော်အမျိုးအစားတွေဒီလောက်များမှန်း သူတကယ်မသိ။ အရင်က ကြက်ဥထမင်းကြော်လောက်သာသိသည်။
ဒီနေ့ည ပါမောက္ခရန်ကိုဧည့်ခံရမည့်အကြောင်းတွေးမိသောအခါ သူလည်းဂိမ်းထဲမှထွက်လာသည်။ တစ်ခါတည်း အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်နှင့် အရည်အသွေး ၂ အလှအပဥများပါယူလာခဲ့သည်။
ထမင်းကြော်မယ်ပြောထားမှတော့ ထမင်းကြော်ရတော့မည်။
ထမင်းကြော်လက်ရာ + အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန် + အရည်အသွေး ၂ အလှအပဥများ။ အချိန်ကျရင် သူ့မှာ အရည်အသွေး ၃ ဘဲဥထမင်းကြော်ရလာလိမ့်မည်။
ဒီအရည်အသွေး ၃ ဘဲဥထမင်းကြော်နဲ့ဆို တခြားဟာတွေလုပ်ရင် အလဟဿဖြစ်နိုင်သည်။
နေဝင်ချိန်တွင် ချင်လင်ကသူ့ပစ္စည်းများနှင့် ရုံးခန်းမှထွက်လာခဲ့သည်။ အရင်ဆုံးစားသောက်ခန်းစားဖိုဆောင်သွားပြီး ငါးကန်ထဲမှ အရည်အသွေး ၂ သဘာဝငါးတစ်ကောင်ဖမ်းလာခဲ့သည်။ သူကငါးခေါင်းကိုယူပြီး ကျန်အပိုင်းကိုရေခဲသေတ္တာထဲထည့်ထားလိုက်သည်။ ဘဲဥထမင်းကြော်တစ်မျိုးတည်းနဲ့မဖြစ်။ တွဲဖက်စားဖို့ ငါးခေါင်းစွပ်ပြုတ်လုပ်ရဦးမည်။
ထို့နောက် မူလခန်းမဘက်လာခဲ့သည်။
မူလခန်းမကို ရက်ပိုင်းအတွင်းဆောက်ပြီး ပြန်လည်ပြုပြင်တော့မည်။
အဲဒီအချိန်ကျရင် အပန်းဖြေစံအိမ်ဆောက်ပြီးဖို့စောင့်ရဦးမည်။


ခန်းမထဲရောက်လျှင် ခန်းမထဲ၌ လီရှင်းကသူ့ဇနီးလင်းလျိုနှင့်ရောက်နှင့်နေမှန်းတွေ့လိုက်ရ၏။
လီရှင်းက ဒီစံအိမ်မှာနေတာကြာပြီ။ သူ့ဇနီးက အပြင်စာစားဖို့ရောက်လာတာဖြစ်မည်။ မဟုတ်ရင် ကိုယ်ဝန်ရပြီးအချိန်အတော်ကြာကြာ အပြင်စာစားရလိမ့်မည်မဟုတ်ပေ။
''သူဌေးချင်... ရှင့်ကိုထပ်ပြီး အနှောင့်အယှက်လာပေးတာ''
လင်းလျိုက သူဝင်လာသည်နှင့် ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်သည်။
ချင်လင်လည်းပြုံးပြီး_ ''ကြိုဆိုပါတယ်ဗျာ... ဘာလို့အနှောင့်အယှက်ဖြစ်ရမှာလဲ?''
''ချင်လင်... ဒီညချက်ဦးမလို့လား?''
ချင်လင်လက်ထဲကပါဝင်ပစ္စည်းများကိုသေချာမြင်ရသောအခါ လီရှင်း၏မျက်လုံးများဝင်းလက်သွားသည်။
ချင်းလင်စံအိမ်မှာအတောင့်တဆုံးအရာကိုပြောပါဆိုရင် ဝိုင်အပြင် ချင်လင်၏လက်ရာပင်။
ချင်လင်ရဲ့စားကောင်းသောက်ဖွယ်တွေကို ဘယ်ကမှမသိသော်လည်း မင်မြို့တော် ဒါမှမဟုတ် မင်စီရင်စုရဲ့တခြားနေရာတွေမှာတောင် စားရမည်မဟုတ်။
''ပါမောက္ခရန်က ဓာတ်ခွဲခန်းကိုကူပေးဖို့ရောက်လာလို့... သူ့အတွက်ချက်ပေးမှာ''
ချင်လင်ကရှင်းပြပြီး သူ့ပစ္စည်းများနှင့်စားဖိုဆောင်ထဲဝင်သွားသည်။
လီရှင်းက တန်းလိုက်လာပြီး_
''ချင်လင်... ငါကူပေးမယ်''
ထိုပုံစံကြောင့် လင်းလျိုခေါင်းခါလိုက်သည်။ သူမချက်ပြုတ်နေရင် သူ့ယောက်ျားက ဘယ်တော့မှစပြီးကူတယ်မရှိ။
သူမတစ်ယောက်တည်းကျန်၍ ခန်းမထဲကထွက်ပြီး ကျောက်မိုချင်းကိုရုံးခန်းထဲသွားရှာလိုက်သည်။
အရင်ဝိုင်လုပ်တုန်းက သူ့ယောက်ျားနဲ့ချင်လင်က သူမကိုစံအိမ်မှာတစ်ယောက်တည်းထားခဲ့ဖူးသည်။ ကျောက်မိုချင်းကအဖော်လုပ်ပေးပြီး ရုံချန်းစီရင်စုအနှံ့တောင်လည်ခဲ့သေးသည်။ အမျိုးသမီးတွေကြားခင်မင်ရင်းနှီးမှုကရေရှည်ဖြစ်ပြီး Wechat မှာမကြာခဏစကားပြောဖြစ်ကြသည်။
သူ့ယောက်ျားကို ချင်လင်ကဆွဲဆောင်သွားမှတော့ သူမကချင်လင်ရဲ့မိန်းမကိုဆွဲဆောင်ရမည်။ ဒါဖြစ်သင့်ဖြစ်ထိုက်တာပဲ။
လင်းလျိုက ကျောက်မိုချင်းရုံးခန်းထဲတန်းရောက်သွားသည်။ အထဲဝင်လိုက်သောအခါ ကျောက်မိုချင်းက အမျိုးသမီးကောင်းတစ်ဦးနှင့်စကားပြောနေသည်ကိုတွေ့ရ၏။
''မိုချင်း... အနှောက့်အယှက်ဖြစ်သွားလား?''
ကျောက်မိုချင်းက လင်းလျိုကိုမြင်လျှင် အံ့ဩသွားပြီးဖိတ်ခေါ်လိုက်သည်_
''အစ်မလင်းလျို... ဘယ်တုန်းကရောက်နေတာလဲ? လာလေ အထဲကို''
လင်းလျိုကပြုံးပြီး ဝင်လာကာ_
''ဟင်း... ငါ့ယောက်ျားက နင့်ယောက်ျားကိုစွဲလန်းနေလို့ အိမ်တောင်မပြန်ဘူး... ငါဘာသာပဲလာရှာရတာပေါ့''
ထိုစကားကြားလျှင် ကျောက်မိုချင်းကပြုံးလိုက်သည်_ ''အစ်မလင်းလျို... မိတ်ဆက်ပေးရဦးမယ်... ဒါကထန်ရှိုးဝမ်တဲ့... ကျွန်မတို့စံအိမ်ဆေးခန်းရဲ့တာဝန်ခံ... ဒေါက်တာထန် ဒါကအစ်မလင်းလျိုပါ''
ဒီလိုနှင့် သူမက အမျိုးသမီးနှစ်ဦးကိုထူးထူးခြားခြားကြည့်မိသည်။


လူကြီးမင်းလီခိုင်က ဒေါက်တာထန်ကိုမျက်စိကျနေမှန်း သူမသိသည်။ သူတို့နှစ်ယောက်အဆင်ပြေသွားရင် ဒီအမျိုးသမီးနှစ်ဦးက မိသားစုဝင်ဖြစ်ပြီ။
လင်းလျိုက ရုတ်တရက်ပြောလိုက်သည်_
''မိုချင်း... ချင်လင်ကဒီညစာချက်ဦးမှာတဲ့... ဒီလိုယောက်ျားကောင်းရှိတာ နင့်ကိုတကယ်အားကျတယ်''
ချင်လင်ရဲ့လက်ရာကို ကျောက်မိုချင်းအသိ။ လင်းလျိုစကားကြားလျှင် တကယ်နည်းနည်းဂုဏ်ယူမိသည်။
ဘာပဲဖြစ်ဖြစ် တခြားအမျိုးသမီးတွေစားချင်ရင်တောင်မစားနိုင်သောစားကောင်းသောက်ဖွယ်မျိုးကို ချင်လင်ကချက်တတ်သည်လေ။
ထို့နောက် လူကြီးမင်းလီခိုင်နှင့်ထန်ရှိုးဝမ်အကြောင်းတွေးမိပြီး ထန်ရှိုးဝမ်အား_
''ဒေါက်တာထန်... ချင်လင်ချက်တာရှားတယ်... ဒီည ကျွန်မတို့နဲ့ဝင်ပါသင့်တယ်!''
သူတို့နှစ်ယောက်အတွက် အခွင့်အရေးဖန်တီးပေးချင်တာပေါ့။
...
မကြာမီ_
စားဖိုဆောင်ထဲတွင် ချင်လင်က ရှန်းရွှေလက်ဆောင်ဆန်ဆေးပြီး ချက်ရန်ပြင်နေသည်။
လီရှင်းကကူမည်ပြောသော်လည်း တကယ်တော့ ဘေးမှစောင့်ကြည့်နေရုံသာ။
ထမင်းကြော်ဘာလို့လုပ်ရတာလဲ?
သို့ရာတွင် ချင်လင်ဆန်ဆေးနေသည်ကိုမြင်လျှင် အံ့ဩသံနှင့်_
''ချင်လင်... ဒီရှန်းရွှေလက်ဆောင်ဆန်က ဒီနေ့ပိုကြီးပြီး အရောင်ပိုထွက်နေသလိုပဲ''
ရှန်းရွှေလက်ဆောင်ဆန်အရည်အသွေး ၁ နှင့် ၂ ကြား ကွာခြားချက်တချို့တော့ရှိသည်ပင်။
ချင်လင်ကရှင်းမပြ။ သူကဆန်ပေါင်းဖို့ ဝါးခြင်းတောင်းလေးထုတ်ပြီး အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ထည့်ကာ ချက်လိုက်သည်။
ဆန်ကို လျှပ်စစ်နဲ့ချက်တာထက် ဝါးခြင်းတောင်းနှင့်ပေါင်းထားသည်ကပိုကောင်း၏။
''ချင်လင်... တခြားဆေးခိုင်းချင်တာတွေရှိလား? ငါလုပ်ပေးမယ်''
လီရှင်းက စောင့်ကြည့်နေရ၍ ရှက်ကိုးရှက်ကန်းမေးလိုက်သည်။
ချင်လင်ကပြုံးပြီး_ ''ဒီညဘဲဥထမင်းကြော်မှာ... ဆေးစရာမရှိဘူး''
''ဘဲဥထမင်းကြော်?'' လီရှင်းမအံ့ဩဘဲမနေနိုင်။
ဘဲဥထမင်းကြော်ရောင်းတဲ့ပျံကျစျေးသည်တွေမှာ နေရာတကာပင်။ ဒါအရိုးရှင်းဆုံးအစားအစာဖြစ်သည်။
ဒီလောက်ရိုးတဲ့အစားအစာမျိုး ချင်လင်လုပ်မည်မထင်မိပေ။
သူ့ရဲ့လက်ရာနဲ့ ဘဲဥထမင်းကြော်လုပ်တာက အဆင့်မကျလွန်းဘူးလား?
သို့သော် ချင်လင်က_ ''လောင်လီ... ခင်ဗျားရဲ့ဦးလေးနဲ့ပါမောက္ခရန်က စိုက်ခင်းမှာပဲရှိလောက်သေးတယ်... ခေါ်လိုက်ပါလား! မဟုတ်လို့ ဘဲဥထမင်းကြော်အေးသွားရင် သိပ်စားမကောင်းဘူး''