← Chapters

ဓားပြတိုက်ခြင်း

Vol. 67 Ch. 932

ဓားပြတိုက်ခြင်း

Vol. 67 Ch. 932

"ဒါက ဘာလဲ"

ယဲ့ချန်သည် အဖွဲ့ဝင်များထံ ဆေးလုံးအချို့ ကမ်းပေးလိုက်သောအခါ လင်းတုန်က စပ်စုလိုက်၏။

"မြန်မြန်စားလိုက်"

သူက တိုက်တွန်းလိုက်သောအခါ သူမက တုံ့ဆိုင်းခြင်းမရှိ သောက်သုံးလိုက်ပြီး ကျန်အဖွဲ့ဝင်များသည်လည်း ခဏသာ တုံ့ဆိုင်း၍ မျိုချလိုက်ကာ ဝူချီ တစ်ယောက်တည်းသာလျှင် မသောက်ခဲ့ပေ။

"မင်းက အခေါင်းကို မမြင်ရသေးရင် မျက်ရည်ကျမယ့်ကောင် မဟုတ်ဘူး"

တုံးနွီ၏မျက်လုံးများက သွေးဆာရက်စက်သောဟန်ဖြင့် အနီရောင်တောက်နေကာ ရွှေဂျိုမျိုးနွယ်ဝင် ငါးရာကျော်၏ ကြုံးဝါးသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သူတို့က အုပ်စုလိုက်တိုက်ပွဲများတွင် အသန်မာဆုံးဖြစ်ကာ စုစည်းလိုက်လျှင် သတ်ဖြတ်လိုစိတ်တစ်ခုတည်းကပင် တစ်ဖက်လူကို တုန်လှုပ်သွားစေရန် လုံလောက်သည်။ လေထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များကြောင့် မီးပွားများ ထွက်ပေါ်လာပြီး လန်မူတို့သည်လည်း တိုက်ပွဲဝင်ရန် အသင့်ပြင်ထားလိုက်ကြ၏။ ၎င်းတိုက်ပွဲက အလွန်ပြင်းထန်ရန် သေချာပြီး အသက်ရှင်လျက် ထွက်ခွာနိုင်ရန် မလွယ်ကူပေ။ သို့သော် ယဲ့ချန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး ညာလက်ကို ယမ်းလိုက်သောအခါ ရတနာတစ်ခု ထွက်ပေါ်လာပြီး ကြာပန်းသဏ္ဍာန်ဖြစ်ကာ သွေးနီရောင် တောက်ပနေသည်။ ၎င်းသည် ထိပ်တန်းမဟာမိတ်မှ ရရှိလာသော သွေးကြာနီဖြစ်ကာ အလွန်အမင်းပြင်းထန်ပြီး အသက်သွင်းလိုက်လျှင် အချင်းဝက် ကီလိုမီတာထောင်ချီအတွင်း အပ်ပေါင်းသန်းချီ ပစ်ခတ်နိုင်သည်။ ထိပ်တန်းကြယ်သခင်များမှာ ထိမှန်ခံလိုက်ရလျှင် အဆိပ်မိကာ တစ်ပတ်ခန့် ပြဿနာတက်သွားနိုင်ပြီး အောက်အဆင့်များမှာမူ သွေးအိုင်အဖြစ် ချက်ချင်း အရည်ပျော်ကျသွားပေလိမ့်မည်။ လန်မူတို့ကို သူ ထုတ်ပေးခဲ့သော ဆေးလုံးများမှာ အဆိပ်ဖြေဆေးများဖြစ်ပြီး သွေးကြာနီ၏ ထိခိုက်မှုမှ ကာကွယ်ရန် ဖြစ်သည်။

ယဲ့ချန်၏လက်နက်ကို မြင်သောအခါ ပွဲကြည့်ရန် ရောက်ရှိလာသော ကျင့်ကြံသူများမှာ မင်သက်သွားကာ မျက်နှာပျက်ကုန်သည်။ သွေးကြာနီက အလွန်ရှားပါးသော်လည်း နတ်တစ်ပိုင်းအဆင့်များကြားတွင် အလွန်ကျော်ကြားပြီး မရေမတွက်နိုင်အောင် အသက်ချွေခဲ့ဖူးသည်။ ၎င်းကို အသက်သွင်းလိုက်လျှင် ကောင်းကင်ပင် နက်မှောင်သွားကာ ထောင်ချီသော နတ်တစ်ပိုင်းများကို သတ်ဖြတ်နိုင်သောကြောင့် ၎င်းက နာမည်ဆိုးနှင့် ကျော်ကြားသည်။

"သွေးကြာနီ"

"ကောင်းကင်ဘုံ"

ကျင့်ကြံသူများမှာ သေးထွက်ကျမတတ် ကြောက်လန့်သွားပြီး အသက်ဘေးမှ လွတ်မြောက်စေရန် ချက်ချင်းထွက်ပြေးလိုက်ကြသည်။ သွေးကြာနီ၏ တိုက်ခိုက်နိုင်သော အကျယ်အဝန်းက ကြီးမားပြီး ကီလိုမီတာရာချီသာ ကျယ်ဝန်းသည့် ဆေးစိုက်ခင်းအတွင်း ရှိနေလျှင် လွတ်လမ်းမရှိဘဲ ဖြူကောင်များပမာ အပ်များ ထိမှန်ခံရပေလိမ့်မည်။ ထိပ်တန်းကြယ်သခင်များအတွက် အသက်အန္တရာယ် မရှိသော်လည်း အဆိပ်မိသွားလျှင် နတ်ပြည်၏စွမ်းအင်ဖြင့်ပင် ပြန်လည်ကောင်းမွန်ရန် အနည်းဆုံး နာရီအနည်းငယ် လိုအပ်နိုင်သည်။ ထိုအဆင့်အောက် ကျင့်ကြံသူများမှာမူ သွေးအဖြစ် တိုက်ရိုက် အရည်ပျော်ကျသွားမည်ဖြစ်ကာ နတ်ပြည်၏စွမ်းအင်ပင်လျှင် ကယ်တင်နိုင်စွမ်း မရှိပေ။ တုံးနွီသည် ယဲ့ချန်၏လက်နက်ကို မြင်သောအခါ တုန်လှုပ်သွားပြီး ၎င်း၏ကြောက်စရာကောင်းပုံကို သိထား၍ အသက်သွင်းခံရလျှင် မည်သူမှ အခြေအနေ မကောင်းနိုင်ပေ။ ယဲ့ချန်သည် သူ၏အဖွဲ့ဝင်များကို ဆေးလုံးများပေးလိုက်သော မြင်ကွင်းကို အမှတ်ရလိုက်သောအခါ သွေးကြာနီအတွက် ဖြေဆေးဖြစ်ကြောင်း သူက သဘောပေါက်လိုက်သည်။

"အကုန်ရပ်စမ်း"

သွေးကြာနီသာ အသက်ဝင်လာလျှင် အားလုံး အသတ်ခံရနိုင်သောကြောင့် သူက နောက်လိုက်များကို စိုးရိမ်တကြီး တားမြစ်လိုက်ရသည်။ ရွှေဂျိုမျိုးနွယ်ဝင် ခြောက်ရာကျော်သည် နေရာတွင် ရပ်တန့်သွားကာ ၎င်းကို မြင်သောအခါ အကြောက်လွန်သွား၍ နောက်သို့ တစ်လှမ်းချင်း ပြန်ဆုတ်သွားကြ၏။ နတ်ပြည်အတွင်း သွေးကြာနီ ထွက်ပေါ်ခဲ့ဖူးပြီး နတ်တစ်ပိုင်းအဆင့်များအတွက် ပြိုင်ဘက်ကင်း သတ်ဖြတ်ရေးလက်နက်တစ်ခု ဖြစ်သောကြောင့် သူတို့က ၎င်း၏အသွင်အပြင်ကို ကြားဖူးနားဝရှိသဖြင့် ကြောက်မက်ဖွယ်ကောင်းပုံကို သိထားကြသည်။ သူတို့အားလုံးက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြပြီး တစ်ဖက်လူကသာ ၎င်းကို အသက်သွင်းလိုက်လျှင် ရက်စက်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ သေခြင်းတရားက ရွှေဂျိုမျိုးနွယ်ဝင် ခြောက်ရာကျော်ကို ဦးစွာခေါ်ဆောင်သွားမည်ဖြစ်ကာ ဆေးစိုက်ခင်းအတွင်း ရောက်နေသူအားလုံး လွတ်မြောက်စရာ အကြောင်းမရှိပေ။

"ဒီကသခင်လေး စကားပြောရအောင်။ ဒီနေ့ နားလည်မှုလွဲသွားတာ ရှိမယ် ထင်တယ်"

တုံးနွီက ခါးသက်သက်ပြုံး၍ လေသံမှာ ချက်ချင်းပျော့ပြောင်းသွားခဲ့သည်။ သွေးကြာနီ၏ ခြိမ်းခြောက်မှုသည် သူ၏တိုက်ခိုက်လိုစိတ်ကို လုံးဝပျောက်ကွယ်သွားစေပြီး တစ်ဖက်လူသာ စိတ်ထင်တိုင်းရမ်းကားလျှင် ရွှေဂျိုမျိုးနွယ်က ကြီးမားစွာ ထိခိုက်သွားပေလိမ့်မည်။

"ဒီနေ့ပြဿနာက နားလည်မှုလွဲတာဆိုတော့ ကျုပ်လူတွေကိုခေါ်ပြီး ချက်ချင်းထွက်သွားပေးမယ်။ မင်းတို့ကို နောက်တစ်ခါ ပြဿနာ မရှာတော့ပါဘူး"

တစ်ဖက်လူ၏ သဘောထားက အပြောင်းအလဲ မြန်လွန်းနေသောကြောင့် ယဲ့ချန်က နှာခေါင်းရှုံ့လိုက်သည်။ သွေးကြာနီက ဤမျှအစွမ်းရှိမည်ဟု သူကိုယ်တိုင်ထင်မထားဘဲ ၎င်းကို အသက်မသွင်းရသေးသော်လည်း တစ်ဖက်လူမှာ သေးထွက်ကျမတတ် အကြောက်လွန်နေသည်။

"ရပ်စမ်း။ ဒီကိစ္စက မပြီးသေးဘူး။ နောက်ထပ်ခြေတစ်လှမ်း ထပ်ရွေ့ရင် သွေးကြာနီကို အသက်သွင်းလိုက်မယ်"

ရွှေဂျိုမျိုးနွယ်ဝင် ခြောက်ရာကျော်က ထွက်ပြေးရန် ကြံစည်နေစဥ် ယဲ့ချန်၏စကားသံ ထွက်ပေါ်လာခဲ့သည်။ သူတို့၏အသက်က သူ၏လက်ထဲတွင် ရှိနေသောကြောင့် ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ရသည်။

"မင်း ဘာလိုချင်လို့လဲ"

တုံးနွီက ဒေါသထွက်နေသော်လည်း ယဲ့ချန်သည် လက်ထဲတွင် သွေးကြာနီကို ဆော့ကစားပြနေသောအခါ တစ်ကိုယ်လုံး တုန်တက်သွားသည်။

"ငါ ဘာလိုချင်လဲဆိုတော့ ရှင်းပါတယ်။ မင်းတို့ကို ဓားပြတိုက်မလို့။ ဒီနေ့ မင်းတို့ရထားသမျှ ငါ့ကိုပေးရင် အသက်ချမ်းသာပေးမယ်။ မဟုတ်ရင် သွေးကြာနီကို အသက်သွင်းပြီး မင်းတို့ရဲ့ အလောင်းတွေကနေ ရှာလိုက်မယ်။ ကြိုက်တဲ့လမ်းကို ရွေး"

ယဲ့ချန်က အေးစက်စက် အမိန့်ပေးလိုက်သည်။

"မင်း...မင်း လွန်မလာနဲ့"

"ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စားရမှ မငိုနဲ့။ မင်းတို့က ငါ့ကို အရင်ဆုံး ဓားပြတိုက်ခဲ့ပြီး အပြစ်လာတင်နေတာလား။ ရယ်စရာကောင်းလိုက်တာကွာ ဟား ဟား"

ယဲ့ချန်က လှောင်ပြုံးတစ်ချက်နှင့် ရယ်မောလိုက်သောအခါ တုံးနွီမှာ အလွန်စိတ်ဓာတ်ကျနေပြီး ဓားပြတိုက်ခံရခြင်း၏ အရသာကို သိလိုက်ရသည်။

"မြန်မြန်လုပ်စမ်း၊ တစ်ဆယ်အထိ ရေမယ်။ မင်းတို့ရဲ့သိုလှောင်အိတ်တွေနဲ့ တန်ဖိုးရှိတာမှန်သမျှ ငါ့ကို ပေး"

"နတ်ဆေးပင်တွေကို ဓားပြတိုက်တာ လက်ခံနိုင်တယ်။ ဒါပေမယ့် ငါတို့ရဲ့ရတနာတွေကို ဘာကြောင့် ပေးရမှာလဲ"

"မှန်တယ်။ သူရဲကောင်းတစ်ယောက်က အရှက်ကွဲမခံနိုင်ဘူး။ အသေခံလိုက်မယ်"

ရွှေဂျိုမျိုးနွယ်ဝင်အချို့က မကျေမနပ်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

"ကောင်းပြီ။ ဒါဆိုရင်လည်း သေကြ"

ယဲ့ချန်၏ စကားအဆုံးတွင် သွေးကြာနီက အလင်းရောင်များ တောက်ပလာကာ အချိန်မရွေး အသက်ဝင်လာနိုင်ချေ ရှိနေသည်။

"နေဦး၊ စောင့်ပါဦး။ ငါ ဖြေရှင်းပေးပါမယ်"

တုံးနွီက အလျင်အမြန် တားမြစ်လိုက်ပြီး သွေးကြာနီ၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် တုန်လှုပ်နေခဲ့သည်။ ၎င်းဖြင့် တိုက်ခိုက်ခံရလျှင် ထိပ်တန်းကြယ်သခင်များက မသေနိုင်သော်လည်း လန်မူနှင့် အဖွဲ့ဝင်များ၏ တိုက်ခိုက်သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

"ဘယ်ကောင်က အရေးမပါတာတွေ လျှောက်အော်နေတာလဲ"

သူက ခေါင်းမာနေသော ရွှေဂျိုမျိုးနွယ်ဝင်များကို တဘန်းဘန်း ရိုက်နှက်ကာ အော်ဟစ်ဆဲဆိုလိုက်သည်။ သူ၏လက်ဝါးချက်ကြောင့် နောက်လိုက်များမှာ မူးဝေသွားသော်လည်း ကလန်ကဆန်မလုပ်ရဲသဖြင့် သည်းခံနေကြသည်။ နတ်ပြည်တွင် နှစ်ပေါင်းများစွာ ရှင်သန်လာပြီးနောက် သူက မည်သည့်အချိန်တွင် ခေါင်းငုံ့ရမည်၊ မည်သည့်အချိန်တွင် မောက်မာရမည်ကို နားလည်နိုင်ခဲ့သည်။ အသက်ရှင်နေမည်ဆိုလျှင် ရတနာအချို့ ဆုံးရှုံးသွားလည်း ဆင်းရဲသွားရုံသာဖြစ်၍ အသက်လောက် အရေးမပါပေ။ သွေးကြာနီသာ အသက်ဝင်လာလျှင် ရွှေဂျိုမျိုးနွယ်ဝင် ခြောက်ရာကျော်အနက် တစ်ဝက်ကျော်က ချက်ချင်းသေဆုံးသွားပေလိမ့်မည်။ သူကိုယ်တိုင်လည်း အဆိပ်မိသွားကာ နာရီအနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်မည်မဟုတ်သော​​ကြောင့် တစ်ဖက်လူများက မသေမချင်း တိုက်ခိုက်ကြပေလိမ့်မည်။ အကယ်၍ ရတနာများကို ပေးလိုက်လျှင် ယဲ့ချန်သည် သွေးကြာနီကို အသုံးပြုရန် နှမြောသဖြင့် အသက်ကို သေချာပေါက် ချမ်းသာပေးနိုင်သည်။ အကယ်၍ ခေါင်းမာနေလျှင် အားလုံး သတ်ဖြတ်ခံလိုက်ရပြီး ရတနာများ လုယူခံရမည်ဖြစ်သောကြောင့် အသက်ရှင်မည့် လမ်းကိုသာ သူက ရွေးချယ်လိုသည်။

"ငါ သဘောတူတယ်"

တုံးနွီသည် အလွန်စိတ်ဓာတ်ကျစွာဖြင့် သိုလှောင်အိတ်ကို ထုတ်ယူကာ ယဲ့ချန်ထံ ပစ်ပေးလိုက်သည်။

"မင်းမှာ ရတနာတစ်ခုခု ဖွက်ထားတာရှိနေရင် ငါ့အဆိုး မဆိုနဲ့"

ယဲ့ချန်က အေးစက်စက် ပြောလိုက်ပြီး ရွှေဂျိုမျိုးနွယ်ဝင်များထံမှ သိုလှောင်အိတ်များကို တစ်အိတ်ပြီးတစ်အိတ် သိမ်းယူလိုက်သည်။ စုစုပေါင်း အရေအတွက် ခြောက်ရာကျော်ပြီး မည်သည့်အရာများ ပါဝင်ကြောင်း မသိရသော်လည်း သေချာပေါက် အမြတ်ထွက်ခဲ့ပြီး သွေးကြာနီကိုလည်း မဖြုန်းတီးခဲ့ရပေ။ ၎င်းသည် အလွန်အသုံးဝင်ပြီး နာမည်ဂုဏ်သတင်းသက်သက်ဖြင့်ပင် ကျင့်ကြံသူများစွာကို ခြောက်လှန့်နိုင်ခဲ့သဖြင့် သူက ကျေနပ်နေသည်။ သူက ထိပ်တန်းမဟာမိတ်မှ ခေါင်းဆောင် ယုချန်ကို အလွန်ကျေးဇူးတင်နေပြီး သူမသာ ၎င်းကို မပေးခဲ့လျှင် ယနေ့တွင် အမြတ်ထွက်စရာ မရှိပေ။

ရွှေဂျိုမျိုးနွယ်ဝင်များသည် မကျေနပ်သော်လည်း သိုလှောင်အိတ်များကို ပေးအပ်နေသည့် မြင်ကွင်းက လန်မူတို့ကို ငေးငိုင်သွားစေသည်။ မူလတွင် သူတို့က ကြောက်စရာတိုက်ပွဲတစ်ခု ဖြတ်သန်းရမည်ဟု ထင်ထားသော်လည်း ယဲ့ချန်သည် တစ်ကွက်တည်းဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။ ထို့အပြင် သူက ဒဏ္ဍာရီလာ လက်နက်တစ်ခုကိုပင် ထုတ်ပြခဲ့သောကြောင့် သူတို့က အထင်ကြီး အံ့သြနေကြ၏။ သိုလှောင်အိတ် ခြောက်ရာကျော်အတွင်း၌ ရတနာများစွာ ရှိနေရန် သေချာသောကြောင့် သူ၏ချမ်းသာမှုကလည်း ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်လေသည်။

All Chapters