← Chapters

နတ်အဆင့် ကျင့်ကြံသူ ရောက်လာခြင်း

Vol. 67 Ch. 933

နတ်အဆင့် ကျင့်ကြံသူ ရောက်လာခြင်း

Vol. 67 Ch. 933

"အခု ငါ့အမိန့်ကို နားထောင်စမ်း။ မင်းတို့ရဲ့လက်တွေကို ခေါင်းပေါ်မှာ တင်ပြီးတော့ ဆောင့်ကြောင့်ထိုင် တန်းစီရမယ်။ ပြီးရင် ဖားခုန်ခုန်ပြီး ထွက်သွားစမ်း"

သိုလှောင်အိတ်များအားလုံးကို သိမ်းဆည်းပြီးနောက် ယဲ့ချန်က လေးနက်စွာဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။ သူ၏စကားကြောင့် ရွှေဂျိုမျိုးနွယ်များမှာ မျက်နှာပျက်ကုန်ပြီး တစ်ယောက်က မကျေမနပ် အော်ဟစ်လိုက်သော်လည်း တုံးနွီ၏လက်ဝါးဖြင့် မိတ်ဆက်သွားသည်။

"ဘာတွေလျှောက်အော်နေတာလဲ။ လုပ်ဆိုရင် လုပ်လိုက်"

သိုလှောင်အိတ်ပင် မကျန်အောင် ဓားပြတိုက်ခံရသည်ထက် ပို၍ရှက်စရာကောင်းသော အရာ မရှိတော့သဖြင့် သူက အော်ဟစ်လိုက်သည်။ ထို့ကြောင့် ရွှေဂျိုမျိုးနွယ်ဝင်များသည် ကူကယ်ရာမဲ့စွာဖြင့် ထူးဆန်းသော မျက်နှာထားများနှင့် ဆေးစိုက်ခင်းအတွင်းမှ ဖားခုန်ခုန်၍ ထွက်ခွာသွားရသည်။ ဤမြင်ကွင်းကြောင့် လန်မူနှင့် အဖွဲ့ဝင်များမှာ မရယ်ဘဲ မနေနိုင်ခဲ့ပေ။

"ယဲ့ချန် ငါတို့အရှေ့ဘက်ကနေ ပြန်ထွက်လို့ မရဘူး။ နတ်အဆင့် ကျင့်ကြံသူတွေ ရောက်လာရင် ပြဿနာ ရှိတယ်"

အကယ်၍ နတ်တစ်ယောက် ရောက်လာလျှင် သွေးကြာနီသည်လည်း အသုံးမဝင်သောကြောင့် လန်မူက သတိပေးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်သည်လည်း ကိုယ့်ခွန်အားကို နားလည်သွားပြီး နတ်တစ်ပိုင်းအဆင့်များကို ရင်ဆိုင်နိုင်သော်လည်း အထက်အဆင့်များမှာ လုံးဝကွဲပြားနေသည်။

"သွားကြစို့"

ယဲ့ချန်က ခဏတာ စဥ်းစားလိုက်ပြီး ဆေးစိုက်ခင်း၏ အခြားတစ်ဖက်သို့ အဖွဲ့ဝင်များကို ဦးဆောင်သွားလိုက်သည်။ ဝူချီက ခဏတာ တုံ့ဆိုင်းနေသော်လည်း တစ်ယောက်တည်းနေရစ်ရန် သတ္တိမရှိသောကြောင့် လိုက်ပါလာသည်။ သို့သော် သူကိုယ်တိုင် ဆေးကို လက်မခံခဲ့ခြင်းအပေါ် ယဲ့ချန်ကို အပြစ်တင်ပြီး အလွန်ဒေါသထွက်နေခဲ့သည်။ သွေးကြာနီ ထွက်ပေါ်လာသောအခါ အသက်ဝင်လာလျှင် သူက အသက်ရှင်သန်ရန် အခွင့်အရေး လုံးဝမရှိချေ။ ယဲ့ချန်က ၎င်းကို အသက်မသွင်းခဲ့သော်လည်း သူသည် ရန်သူတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သည်။

ထိုအချိန်တွင် ဝိညာဥ်အသိစိတ်ငါးခု ရောက်ရှိလာကာ နတ်အဆင့် ငါးယောက်ဖြစ်ပြီး ရွှေဂျိုမျိုးနွယ်မှ တစ်ယောက် ပါဝင်သည်။

"မင်းတို့ ဘာတွေလုပ်နေကြတာလဲ"

သူက တုံးနွီနှင့် နောက်လိုက်များကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ အကြောင်းမှာ ရွှေဂျိုမျိုးနွယ်ဝင်များသည် ခေါင်းပေါ် လက်နှစ်ဖက်တင်ကာ တန်းစီ၍ ဖားခုန် ခုန်နေသောကြောင့်ဖြစ်ကာ မျိုးနွယ်၏ဂုဏ်သိက္ခာ ပျက်စီးခဲ့သည်။

"အရှင် မြန်မြန် လိုက်ဖမ်းပေးပါ။ တစ်ယောက်ယောက်က ကျုပ်တို့ကို အနိုင်ကျင့်ပြီး ဆေးပင်တွေ လုယူသွားတယ်"

တုံးနွီက ထိုအသံကို ကြားသောအခါ ချက်ချင်းခုန်ထလိုက်ပြီး ဆေးစိုက်ခင်းထံ ညွှန်ပြကာ တိုင်ကြားလိုက်သည်။ ငယ်သားများ၏ အပြုအမူကြောင့် နတ်အဆင့် ကျင့်ကြံသူက အလွန်ဒေါသထွက်နေသော်လည်း ယဲ့ချန်တို့ထွက်သွားရာသို့ ဝိညာဥ်အသိစိတ်ကို စေလွှတ်လိုက်၏။ ဆေးစိုက်ခင်း၏ အခြားတစ်ဖက်တွင် ယဲ့ချန်သည် ဓားပျံထိပ်ဖျားဖြင့် တားမြစ်အစီအရင်ကို ထိုးဖောက်ကာ ထွက်သွားရန် ပြင်ဆင်နေသည်။ သူက အပေါက်တစ်ခု ဖန်တီးနေစဥ် ဝိညာဥ်အသိစိတ်တစ်ခု ရောက်ရှိလာပြီး အလွန်အစွမ်းထက်သောကြောင့် တောင်ကြီးများ ကျဆင်းလာသည့်ပမာ ထင်မှတ်ရသည်။ ၎င်းက ရုပ်ခန္ဓာ အစစ်အမှန် မဟုတ်သော်လည်း ဖိအားတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်နေ၍ ယဲ့ချန်၏ ရုပ်ခန္ဓာကို ဖိချေကာ ပျက်စီးလိုနေသည်။

"နတ်အဆင့် ကျင့်ကြံသူ ရောက်လာပြီ"

လွတ်မြောက်ရန် မဖြစ်နိုင်သောကြောင့် လန်မူနှင့် အဖွဲ့ဝင်များမှာ တုန်လှုပ်သွားကြသည်။ ထွက်သွားရန် နောက်ကျလွန်းပြီဟူသော အတွေးကြောင့် လန်မူက စိတ်ဓာတ်ကျသွားပြီး နတ်တစ်ပိုင်းအဆင့်နှင့် နတ်အဆင့်က အလွန်ကွာခြားနေ၏။

"မင်းတို့က ဘာတွေစောင့်နေတာလဲ။ မြန်မြန် သွားကြစမ်း"

ယဲ့ချန်က အလောတကြီး အော်ဟစ်လိုက်ပြီး အစွမ်းထက်ဖိအားကို မုန်တိုင်းအတွင်း လူးလွင့်နေသော လှေငယ်ပမာ ကြံ့ကြံ့ခံနေသည်။ သူက အစွမ်းကုန်ထုတ်မသုံးလျှင် တစ်ယောက်မှ မလွတ်မြောက်နိုင်ကြောင်း နားလည်လိုက်သဖြင့် ဟင်းလင်းပြင်နတ်လှံအား ဆွဲထုတ်ပြီး သူတော်စင်သားရဲ၏ ပုံရိပ်ကြီးကို ဆင့်ခေါ်လိုက်သည်။ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသောကြောင့် ကျန်အဖွဲ့ဝင်များက မင်သက်သွားကာ နတ်အဆင့် ကျင့်ကြံသူ ထွက်ပေါ်လာသောအခါ သေပြီဟု တွက်မိသောကြောင့် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ကြသည်။ နတ်အဆင့်က အလွန်အစွမ်းထက်ပြီး ဝိညာဥ်အသိစိတ်ဖြင့် အာရုံခံနိုင်သောကြောင့် လွတ်လမ်းမရှိသော်လည်း ယဲ့ချန်က မြေအဆင့် နတ်လက်နက်တစ်ခု ဆွဲထုတ်၍ ခုခံပေးခဲ့သည်။

"မပြေးကြသေးဘူးလား"

ယဲ့ချန်၏စကားကြောင့် သတိဝင်လာသောအခါတွင်မှ သူတို့သည် တားမြစ်အစီအရင်၏ အပေါက်မှတဆင့် ထွက်ပြေးလိုက်သည်။

"မင်းတို့က ပြေးချင်နေတာလား"

ဤမြင်ကွင်းကြောင့် တစ်ဖက်လူက ဒေါသထွက်သွားကာ ဝိညာဥ်အသိစိတ်၏ အင်အားကို တိုးမြှင့်လိုက်သောအခါ ကမ္ဘာဖျက်မိုးကြိုးပမာ ကျဆင်းလာ၏။

"လာစမ်း"

ယဲ့ချန်၏ တိုက်ခိုက်လိုစိတ်က ဝုန်းခနဲ ထွက်ပေါ်လာပြီး နတ်လှံက တောက်ပလာကာ ဟင်းလင်းပြင်ကို တိုက်ခိုက်လိုက်ရာ လက်နက်ဝိညာဥ်သည်လည်း တပြိုင်နက် တိုက်ခိုက်ခဲ့သည်။ တိုက်ကွက်က တစ်ဖက်လူ၏ ဝိညာဥ်အသိစိတ်ကို ထိမှန်သွားသောအခါ တန်ပြန်လှိုင်းများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ အဖွဲ့ဝင်အချို့မှာ လွင့်ထွက်သွားကြပြီး သွေးများ အန်ထွက်ရင်း တားမြစ်အစီအရင်နှင့် တိုက်မိသွားကြသည်။ ယဲ့ချန်ကိုယ်တိုင်လည်း လွင့်ပါသွားကာ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေပြီး သွေးများ ပွက်ခနဲ အန်ချလိုက်ရ၏။ သူက အံကြိတ်လိုက်ပြီး ဒဏ်ရာများကို ပြန်လည်ကောင်းမွန်စေကာ အရှိန်အဝါက မြင့်တက်လာပြီး လန်မူတို့အတွက် အချိန်ဆွဲပေးရန် တိုက်ခိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ အဖွဲ့ဝင်များက တားမြစ်အစီအရင် အပြင်ဘက်သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားရင်း လင်းတုန်၏ မျက်လုံးများတွင် မျက်ရည်ဝဲနေသည်။ သူတို့က များစွာရင်းနှီးခြင်း မရှိသော်လည်း တစ်ဖက်လူသည် အသက်ဘေးမှ ထပ်ကာထပ်ကာ ကယ်ဆယ်ပေးခဲ့သဖြင့် အလွန်ကျေးဇူးတင်နေသည်။

လန်မူသည် တားမြစ်အစီအရင်အတွင်း၌ ရန်သူကို မားမားမတ်မတ် တွန်းလှန်နေသော ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်မိသည်။ လက်ရှိတွင် သူက တစ်ဖက်လူကို လေးစားသွားမိကာ အသက်အကြွေးတစ်ခု တင်သွားပြီဖြစ်သည်။ ဤနေရာတွင် ဆက်နေလျှင် ယဲ့ချန်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်သောကြောင့် သူတို့က လျင်​မြန်စွာ ထွက်ခွာသွားစဥ် သူရဲဘောကြောင်၍ ကျေးဇူးကန်းတတ်သော ဝူချီကမူ သေပါစေဟု ကျိန်ဆဲနေခဲ့သည်။ ယဲ့ချန်၏ ကာကွယ်ပေးမှုဖြင့် လန်မူ၏အဖွဲ့သည် ရွှေနန်းတော်၏ အတွင်းပိုင်းသို့ လွတ်မြောက်သွားသည်။

သူက နတ်လှံဖြင့် တိုက်ခိုက်နေပြီး ထုတ်ဖော်ပြသနေသော ခွန်အားများအရ မည်သည့်နတ်တစ်ပိုင်းအဆင့်ကိုမဆို အနိုင်ယူနိုင်စွမ်း ရှိနေသည်။ ကိုယ်တွင်း၌ ကြယ်ကိုးလုံးသည် အလွန်လျင်မြန်စွာ လှည့်ပတ်နေကြပြီး နတ်လှံအတွင်း စွမ်းအားများ ထည့်သွင်းပေးနေသည်။ ဝိညာဥ်အသိစိတ်သည် ယဲ့ချန်၏ ခန္ဓာကိုယ်ထက်တွင် အရိုးပေါ်လောက်သော ဒဏ်ရာများ ဖြစ်စေခဲ့ပြီး သွေးများ ပန်းထွက်နေသဖြင့် ရက်စက်သော မြင်ကွင်းပင် ဖြစ်၏။ နတ်အဆင့်တစ်ယောက်ကို သူက လက်ရှိခွန်အားဖြင့် မရင်ဆိုင်နိုင်သဖြင့် ဝိညာဥ်အသိစိတ်ဖြင့် တည်နေရာကို ထောက်လှမ်းခဲ့သော်လည်း အလုပ်မဖြစ်ပေ။ တစ်ဖက်လူသည် နတ်အဆင့်တစ်ယောက်ဖြစ်နေပြီး အစွမ်းထက်မျိုးနွယ်တစ်ခုမှ ဖြစ်သော်လည်း နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အချိန်ကြာမြင့်စွာ ရင်ဆိုင်နေရသဖြင့် ငါးယောက်လုံး အံ့သြနေကြသည်။ ဤအဆင့်နှစ်ခုကြားတွင် သေမျိုးနှင့် နတ်ဘုရားကဲ့သို့ ကွာခြားပြီး လက်တစ်ဖက်ယမ်းရုံဖြင့် သတ်နိုင်သော်လည်း ယဲ့ချန်က အချိန်ကြာမြင့်စွာ တောင့်ခံနိုင်နေသည်။

ဝိညာဥ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို ဆက်တိုက်ထိမှန်နေပြီး သွေးနှင့် အသားစများ ဖွာထွက်နေသော်လည်း ရွှေရောင် တဝင်းဝင်း တောက်ပနေသည့် နတ်လှံသည် ဘက်ပေါင်းစုံမှ ကာကွယ်ပေးနေသည်။ သူက အချိန်ကြာမြင့်စွာ ခုခံနိုင်နေသဖြင့် နတ်အဆင့်ကျင့်ကြံသူကို ဒေါသပေါက်ကွဲသွားစေခဲ့သည်။

"မင်းက ဘယ်လောက်ခုခံနိုင်မလဲ ကြည့်ရအောင်"

နတ်အဆင့်ကျင့်ကြံသူသည် စိတ်မရှည်တော့သဖြင့် ဝိညာဥ်အသိစိတ်ထံ စွမ်းအားများ ပို့ဆောင်လိုက်သောအခါ ကျန်လေးယောက်ကို အံ့သြစေခဲ့သည်။ ယဲ့ချန်သည် ရွှေဂျိုမျိုးနွယ်ဝင် နတ်ကျင့်ကြံသူကို လျှို့ဝှက်ဝိညာဥ်ကျင့်စဥ် အသုံးပြုရသည်အထိ တွန်းအားပေးနိုင်ခဲ့သည်။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာ၏ မာကျောမှုကြောင့် ယဲ့ချန်သည် အံကြိတ်ကာ ခုခံနေသည့်အပြင် နတ်ပြည်၏ သဘာဝကြောင့် ဒဏ်ရာ ပျောက်ကင်းနှုန်းလည်း အလွန်မြန်ဆန်နေသည်။ ၎င်း၏အစွမ်းကြောင့်သာ မဟုတ်လျှင် သူက ဤမျှကြာအောင် ခုခံနိုင်မည် မဟုတ်သော်လည်း ဖျက်ဆီးရေးစွမ်းအင်များ ထပ်မံတိုးပွားလာသဖြင့် ရင်ထိတ်သွားရသည်။

"ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဝါ"

ဤစွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းလွန်းပြီး နတ်ခန္ဓာကို ဖျက်ဆီးနိုင်ချေရှိသောကြောင့် ယဲ့ချန်မှာ တုန်လှုပ်သွားရသည်။ ဤတိုက်ကွက်သည် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ဖျက်ဆီးနိုင်သော အစွမ်းထက်ကျင့်စဥ်မျိုး ဖြစ်နိုင်သည်။

"သေစမ်း"

နတ်ကျင့်ကြံသူက နှာခေါင်းရှုံ့ကာ ထောင်ချီသော အလင်းတန်းများကို တစ်ခုတည်းအဖြစ် စုစည်းပြီး ယဲ့ချန်ရှိရာထံ ပစ်ခတ်လိုက်လေသည်။

All Chapters