← Chapters

ရွှေနီသားရဲ

Vol. 67 Ch. 936

ရွှေနီသားရဲ

Vol. 67 Ch. 936

ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကို အဆင့်မြင့် ရှင်းဟွမ်များက စောင့်ကြည့်နေသောကြောင့် ကျိုးလီ၊ မျက်ကန်းကြီး၊ သေမင်းနှင့် အစွမ်းထက်လူသားများကို တစ်​နေ့မဟုတ် တနေ့ ရှာတွေ့သွားကြပေလိမ့်မည်။ ထို့ကြောင့် ကောင်းကင်မူလကြယ်ဖြစ်စေ၊ အမှောင်မြို့ဖြစ်စေ၊ ထိပ်တန်းမဟာမိတ်ဖြစ်စေ ရန်သူကို ရင်ဆိုင်ရမည်ဖြစ်သည်။

"သေမင်းကို ပြောလိုက်၊ ငါတို့က သူနဲ့အတူ အလုပ်လုပ်နိုင်ပေမယ့် အခြေအနေတစ်ခု ရှိတယ်။ အချိန်ကျလာရင် ငါကိုယ်တိုင် သွားတွေ့လိုက်မယ်"

ကျိုးလီက ဤသို့ပြောလိုက်သောအခါ သေမင်း၏ကျင့်ကြံဆင့်ကို မသိထားသော ယဲ့ဂျန်က စိုးရိမ်သွားခဲ့သည်။ သို့သော် သူ၏ဆရာဖြစ်သူသည်လည်း အစွမ်းထက်သောကြောင့် မည်သူက ပို၍အစွမ်းထက်မည်ကို ပြောရခက်ပေသည်။

"ဆရာ သေမင်းက အစွမ်းထက်တယ်၊ ဂရုစိုက်ပါ"

"ငါ နားလည်ပြီ၊ စိတ်ချပါ"

ကျိုးလီက ကျလူဖြစ်နေသောကြောင့် သူက ပူပန်ကြောင့်ကြစွာ သတိပေးလိုက်သည်။ ကျိုးလီသည် နတ်ပြည်မှ ထွက်ခွာလာသည်မှာ အလွန်ကြာမြင့်ပြီ ဖြစ်သောကြောင့် နှစ်ရာချီအတွင်း ပြန်မရောက်လျှင် အသက်ကြီးရင့်သဖြင့် သေဆုံးသွားနိုင်သည်။ သို့သော် အစွမ်းထက်လွန်းသည့် ဖြစ်တည်မှုများသည် နတ်ပြည်အတွင်း နတ်တစ်ပိုင်းအဆင့်အထက်များ ဝင်ရောက်လာလျှင် သေချာပေါက် ရှာတွေ့သွားနိုင်သောကြောင့် ခိုးဝင်ရန် မလွယ်ကူပေ။

နတ်ပြည်အတွင်း၌ ယဲ့ချန်သည် ခန်းမအတွင်း ဆက်လက်ကျင့်ကြံနေကာ မြေပြင်သည် အလွန်ကြီးမားသော စွမ်းအင်ကျောက်တုံးပမာ ဆန်းကျယ်သော ချီများကို ထုတ်လွှတ်ပေးနေခဲ့သည်။ ၎င်းက နတ်ချီဖြစ်ပြီး နတ်ပြည်ရှိ ကျင့်ကြံသူတိုင်းကို ကျင့်ကြံရာတွင် အလွန်မြန်ဆန်စေသော အကြောင်းအရင်း ဖြစ်သည်။ သူက နတ်ပြည်နှင့် တစ်သားတည်းဖြစ်လာပြီဟု ခံစားလိုက်ရသောကြောင့် ၎င်းချီကို ပင်လယ်အတွင်း ရောက်နေသော ရေမြုပ်ပမာ စုပ်ယူနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ဆေးပင်များစွာကို ဒန်တန်အတွင်း ထည့်သွင်းရင်း အဆက်မပြတ် သန့်စင်နေသောအခါ ထိပ်တန်းကြယ်သခင်ဖြစ်လာရန် မဝေးတော့ပေ။ သူက နတ်ဆေးပင်အားလုံးကို ကြိုးစားပမ်းစား သန့်စင်နေစဥ် နတ်အာရုံ (ဝိညာဥ်အသိစိတ်) ခြောက်ခုသည် ခန်းမအတွင်း ရောက်ရှိလာသည်။ ၎င်းတို့၏ပိုင်ရှင်များမှာ သူ့ကို တိုက်ခိုက်ခဲ့သူများမဟုတ်ဘဲ ရွှေနန်းတော်အတွင်း ရတနာရှာဖွေရန် အသက်စွန့်ဝင်ရောက်လာသော အခြားနတ်ကျင့်ကြံသူများ ဖြစ်နေကြသည်။

ယဲ့ချန်သည် ရှင်းပြရန် အချိန်မရှိသောကြောင့် လန်မူ၊ လင်းတုန်နှင့် အခြားအဖွဲ့ဝင်များကို ဒန်တန်အတွင်း ထည့်သွင်းလိုက်ပြီး ကောက်ကျစ်ယုတ်မာသော ဝူချီကို ဖြစ်ချင်ရာဖြစ် လျစ်လျူရှုကာ အလင်းတန်းအလား ထွက်ပြေးခဲ့သည်။ ဝူချီက ဤမြင်ကွင်းကြောင့် သတိပြန်ဝင်လာချိန်တွင် သူက ခန်းမ၏အတွင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။

"ရပ်စမ်း"

ဝူချီသည် ဒေါသတကြီးအော်ဟစ်ကာ မူလတွင် လင်းတုန်ကို ခိုးယူသွားသည်ဟု ထင်မှတ်လိုက်သော်လည်း ကြောက်စိတ်တစ်ခု ဖြစ်လာခဲ့သည်။ သူက ဤနန်းတော်အတွင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့လျှင် အသက်ရှင်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။ သို့သော် ယဲ့ချန်က သူ့ကို လုံးဝလျစ်လျူရှုထားပြီး ခန်းမ၏အတွင်းပိုင်းကို ရောက်ရှိသွားသောကြောင့် လိုက်မမီနိုင်တော့ပေ။

"နတ်တစ်ပိုင်းအဆင့်က သေချင်လို့ အထဲဝင်နေတာလား။ ဒီနေရာမှာ နတ်အဆင့်တွေတောင် သေဆုံးနိုင်ချေရှိတယ် မဟုတ်ဘူးလား"

နတ်အာရုံများသည် ယဲ့ချန်ကို သတိထားမိသောအခါ အံ့သြသွားသော်လည်း ကဲ့ရဲ့လိုက်ကြ၏။

"ဒီကောင့်ဆီမှာ အဆင့်သုံး နတ်ဆေးပင် ရှိတယ်"

ကောက်ကျစ်ယုတ်မာသော ဝူချီက သူ့ကို ညွှန်ပြ၍ အော်ဟစ်လိုက်သောအခါ နတ်ကျင့်ကြံသူများ၏ မျက်လုံးများကို တောက်ပသွားစေသည်။ အဆင့်သုံး နတ်ဆေးပင်သည် သူတို့အတွက်ပင် အဖိုးထိုက်တန်သော ရတနာဖြစ်သောကြောင့် လျင်မြန်စွာ လိုက်ပါသွားကြသည်။ ဝူချီ၏လုပ်ရပ်ကြောင့် ယဲ့ချန်က အလွန်ဒေါသထွက်သွားကာ အောက်တန်းကျသူတစ်ဦးကို နှုတ်မပိတ်ခဲ့မိသောကြောင့် နောင်တရသွားသည်။ သို့သော် တစ်ဖက်လူက ရွှေနန်းတော်အတွင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့သောကြောင့် သေဆုံးနိုင်ချေရှိရာ သူက လက်စားချေရန် မတွေးတော့ပေ။ ကျေးစွပ်တတ်သော ကျင့်ကြံသူတစ်ယောက်ကို ကယ်တင်ရန် မထိုက်တန်သောကြောင့် လျစ်လျူရှုထားလိုက်သည်။ နတ်အာရုံခြောက်ခုက အံ့လောက်စရာ အမြန်နှုန်းဖြင့် လိုက်ပါလာသော်လည်း မီလုမီခင်အနေအထား၌ သူသည် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ချက်ချင်းဝင်ပုန်းလိုက်၏။

"ဘာဖြစ်သွားတာလဲ"

"ဒီကောင်က ဘယ်ရောက်သွားတာလဲ"

"ဒါက ဟင်းလင်းပြင်ကျင့်စဥ်တစ်ခုလား"

"ဒါပေမယ့် ပစ်မှတ်ရဲ့ အရှိန်အဝါကို အာရုံခံမိနေတယ်။ သူက ဒီပတ်ဝန်းကျင်မှာ သေချာပေါက် ရှိရမယ်"

နတ်အာရုံခြောက်ခုက စိတ်ရှုပ်ထွေးသွားကြပြီး စေ့စပ်စွာ ရှာဖွေခဲ့ကြသော်လည်း မတွေ့သောကြောင့် အချိန်တစ်ခုအကြာတွင် ထွက်ခွာသွားကြသည်။ သို့သော် လှည့်ကွက်တစ်ခုသာ ဖြစ်ပြီး အပြင်ထွက်မိလျှင် တိုက်ခိုက်ခံရနိုင်ကြောင်းကို အကင်းပါးသော ယဲ့ချန်က နားလည်သဖြင့် တံ​ဆိပ်အတွင်း ကျင့်ကြံနေကာ အပြင်မထွက်ခဲ့ပေ။ အချိန်ခဏအကြာတွင် နတ်အာရုံများ ပြန်လည်ရောက်ရှိလာသော်လည်း ဤမျှလွယ်ကူစွာ လှည့်စားခံမည့် လူမျိုး မဟုတ်သောကြောင့် ရှာမတွေ့ခဲ့ပေ။ သူ၏ဒန်တန်အတွင်း၌ လန်မူနှင့် အဖွဲ့ဝင်များသည် ပတ်ဝန်းကျင်ကို စပ်စုနေကြပြီး အခြေအနေအမှန်ကို သဘောပေါက်သွားသောအခါ အံ့သြလွန်းသဖြင့် ဆွံ့အနေကြသည်။ ခဏအကြာတွင် သူတို့သည် ကြယ်ကိုးလုံးပေါ်ရှိ ဝိညာဥ်ကောင်များကို လေ့လာခဲ့ပြီး အချို့က ပေါင်းစပ်ရန် ရွေးချယ်ခဲ့ကြသည်။ ဝိညာဥ်ကောင်နှင့် ပေါင်းစပ်ခြင်းကြောင့် သူ၏ သစ္စာရှိနောက်လိုက်များ ဖြစ်လာသော်လည်း ကိုယ်ပိုင်အသိစိတ် ကင်းမဲ့သော ရုပ်သေး မဟုတ်သည့်အပြင် အကျိုးကျေးဇူးရှိသောကြောင့် သူက ခွင့်ပြုပေးထားသည်။

ပတ်ဝန်းကျင်တွင် ဝူချီ ထွက်ပေါ်လာသော်လည်း ယဲ့ချန်က ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားပြီး အပြင်ထွက်မလာခဲ့ပေ။ ဤလူယုတ်မာသည်လည်း ငါးစာတစ်ခုဖြစ်ပြီး နတ်ကျင့်ကြံသူများက သုံးရက်အထိ စောင့်ဆိုင်းနေသော်လည်း တစ်ဖက်လူမှာ ပို၍စိတ်ရှည်နေခဲ့သည်။ နောက်ဆုံးတွင် သူတို့က မျှော်လင့်ချက် မရှိသောကြောင့် ရွှေနန်းတော်၏ အတွင်းပိုင်းသို့ ထွက်ခွာသွားခဲ့သော်လည်း သူက ဆယ်ရက်တိုင်တိုင် ကျင့်ကြံနေရင်း ဆေးပင်များကို ဆက်တိုက်သန့်စင်နေ၏။ အကယ်၍ သူသာ အဆင့်သုံး နတ်ဆေးပင်များကို သန့်စင်လိုက်လျှင် ထိပ်တန်းကြယ်သခင် ဖြစ်လာနိုင်ပြီး ကျင့်ကြံနှုန်း မြန်လွန်းသောကြောင့် ပျော်ရွှင်နေသည်။ ထိပ်တန်းကြယ်သခင်တစ်ယောက် ဖြစ်လာလျှင် ရန်သူက နတ်အဆင့် ကျင့်ကြံသူဖြစ်ပါစေ၊ သူက လွတ်မြောက်အောင် စီမံနိုင်ပေလိမ့်မည်။

ယဲ့ချန်သည် တိတ်တဆိတ် ကျင့်ကြံနေရင်း အပြင်ဘက်တွင် တစ်ခုခုဖြစ်နေကြောင်း သတိထားမိလိုက်ပြီး စစ်ဗုံသံများကဲ့သို့ ကျယ်လောင်သော အသံကြီးများ ကြားလိုက်ရသည်။ ၎င်းအသံများသည် နတ်ချီများ ပြိုင်ဆိုင်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ကာ ခန်းမကြီးတစ်ခုလုံး တုန်ခါနေ၍ အချိန်မရွေး ပြိုကျနိုင်ချေရှိ၏။

"ဘာတွေဖြစ်နေတာလဲ။ ကျင့်ကြံသူတွေ တိုက်ခိုက်နေကြတာလား"

သူက ခဏတာ တုံ့ဆိုင်းပြီးနောက် အသက်ကယ်ဝှက်ဖဲအားကိုးဖြင့် အပြင်သို့ထွက်ကာ တိုက်ပွဲတည်နေရာထံ ဦးတည်လိုက်၏။ ရွှေနန်းတော်၏ အတွင်းပိုင်းသို့ ရောက်လေလေ၊ ပတ်ဝန်းကျင်က ကျယ်ဝန်းလေလေဖြစ်ပြီး အတွင်းပိုင်း၌ ထောင်ချီသော ပုံရိပ်များ လှုပ်ရှားနေကြသည်။ တစ်ခုချင်းစီက အလင်းရောင်များ တောက်ပနေကာ အစွမ်းထက်အရှိန်အဝါများ ထွက်ပေါ်နေပြီး လောကနတ်အဆင့်များပင် ပါဝင်နေသည်။ ကျင့်ကြံသူများနှင့် တိုက်ခိုက်နေသည်မှာ ရွှေရောင်တောက်ပနေသော ဧရာမသားရဲကြီးတစ်ကောင်ဖြစ်ကာ ကျောထက်၌ တောင်ပံတစ်စုံ ပိုင်ဆိုင်ထားသည်။ ၎င်းသည် လင်းနို့တစ်ကောင်နှင့် ဆင်တူသော်လည်း ပို၍ကြမ်းကြုတ်ရက်စက်ပြီး အရွယ်အစားက အလွန်ကြီးမားနေသည်။

"ဝေါင်း"

လင်းနို့ကြီးက အဆက်မပြတ် ကြုံးဝါးရင်း ပတ်ဝန်းကျင်မှ ကျင့်ကြံသူများနှင့် တိုက်ခိုက်နေသည်။ သူတို့၏တိုက်ကွက်များက ၎င်း၏ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာရစေခဲ့သော်လည်း သတ်ဖြတ်နိုင်ရန် အလှမ်းကွာနေ၏။ ၎င်း၏ရုပ်ခန္ဓာက အလွန်မာကျောပြီး ကျင့်ကြံသူများ၏ တိုက်ကွက်များကြောင့် အသေးစားဒဏ်ရာများ ရခဲ့သော်လည်း နတ်အဆင့်များကို အလွယ်တကူ ဖိချေပစ်နိုင်စွမ်း ရှိနေသည်။

"အဆင့်တစ်မျိုးနွယ် ရွှေနီသားရဲ"

"ဒီကောင်က ရတနာရဲ့ အစောင့်အရှောက် ဖြစ်လိမ့်မယ်။ သူ့ကိုသတ်နိုင်ရင် ဟင်းလင်းပြင်နတ်ရဲ့ ရတနာကို ရယူနိုင်မှာ သေချာတယ်"

ကျင့်ကြံသူများ၏ စကားသံများက လေထဲတွင် ပဲ့တင်ထပ်နေကာ ရွှေနီလင်းနို့က ရူးသွပ်စွာ တိုက်ခိုက်နေသည်။

"ဒီကောင်ကြီးရဲ့ နှလုံးက အဖိုးတန်ပြီး အဆင့်ငါး နတ်ဆေးပင်တစ်ခုနဲ့ ညီမျှတယ်။ ဒါကိုစားလိုက်ရင် ရွှေနီနတ်ခန္ဓာကို ပိုင်ဆိုင်လိမ့်မယ်"

လောကနတ်တစ်ယောက်၏ လောဘတကြီး အော်ဟစ်သံ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်၌ သူက အသန်မာဆုံးဖြစ်၏။ သူက မတ်တပ်ရပ်နေသော်လည်း လေထုက ပြိုကျနေပြီး ယဲ့ချန်ပင်လျှင် ထိုစွမ်းအားကို ခုခံ၍ အနားကပ်ရန် မဖြစ်နိုင်ချေ။ လောကနတ်များနှင့် ရွှေနီသားရဲ၏ တိုက်ပွဲက သူ ဝင်ရောက်စွက်ဖက်နိုင်သော အဆင့်မျိုး မဟုတ်သဖြင့် တိတ်တဆိတ် ဆုတ်ခွာလိုက်၏။

ယဲ့ချန်သည် ဟင်းလင်းပြင်နတ်၏ ရတနာကို အလွန်သိချင်နေပြီး ပတ်ဝန်းကျင်အား စူးစမ်းလိုက်သောအခါ အဝေးတွင် အနက်ရောင် ဟင်းလင်းပြင်၌ အလင်းရောဖျော့ဖျော့ ထွက်ပေါ်နေကြောင်း တွေ့လိုက်ရသည်။ ၎င်းက အလွန်ဆွဲဆောင်အားပြင်းနေပြီး အကယ်၍ ဟင်းလင်းပြင်နတ်၏ ရတနာသာ မှန်ကန်လျှင် ရယူနိုင်ပါက သူ့ကို နတ်အဆင့်သို့ တစ်ချက်တည်း ရောက်စေနိုင်ပေလိမ့်မည်။ သူက တိုက်ပွဲကွင်းပြင်ကို တိတ်တဆိတ်ရှောင်ရှားကာ အလင်းရောင်ထံ ဦးတည်နေစဥ် တိုက်ပွဲမှာ အလွန်တရာ ပြင်းထန်နေသည်။ သို့သော် သူ၏ကျင့်ကြံဆင့်က နိမ့်ကျသောကြောင့် တိုက်ခိုက်နေသူများက အာရုံမထားကြပေ။ နတ်အာရုံတစ်ခု နှစ်ခုက သူ့ကို ဖြတ်ကျော်သွားသော်လည်း နတ်တစ်ပိုင်းအဆင့်ဖြစ်ကြောင်း သိသွားသောအခါ ပြန်လည်ရုတ်သိမ်းသွားကြလေသည်။

All Chapters