Chapters

လမ်းပိတ်တာဘယ်သူလဲ

Vol. 59 Ch. 1161

လမ်းပိတ်တာဘယ်သူလဲ

Vol. 59 Ch. 1161

ပေထင်းဟွမ်သည် ကင်းကောင်ကို လွှတ်မပေးသဖြင့် နာကြည်းချက်များ ဖြင့် နေရာထဲတွင် ဟင်းချနေသည် “သခင်က အမြင့်ဆုံးသားရဲထိန်းမဟုတ်ဘဲ ရှေးဟောင်းသားရဲထိန်းဆိုတာကို သူတို့သိရင် ကြောက်လွန်းလို့မေ့လဲသွားမှာ လားမသိဘူး”

လျှပ်စီးနှင့် မိုးကြိုးတို့သည် ပေထင်းဟွမ်၏သားရဲများ ဖြစ်လာကြသည်။ ဤအချိန်တွင် လျှပ်စီးသည် နားရက်ရပြီး အပြင်သို့ထွက်လည်နေရသော်ငြား သူ့မှာတော့ နေရာထဲတွင် ပိတ်မိနေလေသည်။ သေချာပေါက် သူ ဝမ်းနည်း သည်။ ချက်ချင်းပင် အော်ဟစ်မိလေသည် “ဟေး နတ်ဘုရားအဆင့်သားရဲကို ဖမ်းချင်တာလား၊ သခင်ကြီးအဆင့်သားရဲကို ဖမ်းချင်တာလား၊ မွန်မြတ်သော သားရဲ၊ လောင်ကျိက အဆင့်မြင့်သားရဲသွေးသားမဟုတ်ရင်တောင် ဒီလူတွေက လောင်ကျိကို ဖမ်းချင်ရင် သွားအိပ်မက်မက်နေလိုက်တော့”

ရှောင်ကျောက်သည် လျှပ်စီးကိုမမြင်ရသည်မှာ ရက်အနည်းငယ်ကြာ သွားရာ အမွေးပွအမြီးကို အိပ်ရာအဖြစ်သုံးရန် မရှိတော့သဖြင့် သူမသည် မသက်မသာခံစားနေရလေသည်။ “ခွင့်လွှတ်ပါ ကလေး၊ ကလေးက အဆင့်မြင့် သားရဲမဟုတ်ရင်တောင်၊ ဒီလူတွေရဲ့သားရဲမဖြစ်ချင်ဘူးဆိုရင် သခင်က ကလေးကို အထင်မသေးပါဘူး”

ပေထင်းဟွမ်သည် သူတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် နေရာ ထဲမှ သားရဲများ၏ဆွေးနွေးချက်များကို ချက်ချင်းပိတ်ပစ်ပြီး ထိုလူများကို ခေါင်းညိတ်ပြလေသည်။ သူမသည်ငယ်ရွယ်သော်လည်း ရထားလုံးထဲတွင် ထိုင် နေသည့်တိုင်အောင် ထိုလူများထက် ရောင်ဝါမလျော့ပါးပေ။ “ဒါဆို အကုန်လုံး ကို ကျေးဇူးတင်ပါတယ်၊ အကုန်လုံးက ပြီးပြည့်စုံပါတယ်၊ အဂ္ဂိရတ် အစည်းအဝေးပြီးသွားရင် အကုန်လုံးကို ညစာကျွေးမွေးပါ့မယ်၊ တချို့ကိစ္စတွေ တွေဆွေးနွေးကြတာပေါ့”

ဤကဲ့သို့ကမ်းလှမ်းချကမျိုးကို လူတချို့သာရကြသည်။ ကြီးမားသော မိသားစုအောက်မှ အရိပ်အာဝါသကို မှီခိုနေသည့် လူငယ်မည်မျှများပြားလိုက် သနည်း။ သို့သော် သခင်ပေထင်းဟွမ်သည် ထိုအရာများကို ချိုးဖောက်ခဲ့သည်။ နှစ်ပေါင်းထောင်ချီ၊ ရာချီနေလာခဲ့လျှင်တောင် ထိုအခွင့်အရေးကို ရနိုင်မည် မဟုတ်ပေ။

တည်ငြိမ်သောအပြုအမူ၊ တည်ငြိမ်သောစကားလုံးများ၊ မျက်လုံးထဲမှ တည်ငြိမ်သောအကြည့်များနှင့် ပြတင်းပေါက်ကို ပျင်းရိစွာမှီနေကာ ပင်မတိုက် ကြီးမှ စွမ်းအားကြီးများကို ညစာစားရန်ဖိတ်ကြားနေသည်မှာ သာမန်ကိစ္စလို ပင်။

ထိပ်တန်းစွမ်းအားကြီးများသည် ပေထင်းဟွမ်၏ ဖိတ်ကြားခြင်းကိုခံရ ပြီးနောက် မျက်နှာပေါ်တွင် ပျော်ရွှင်သောအပြုံးများရှိလာလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။ ဂုဏ်ယူလောက်စရာပင်။

“သခင်ကြီးက နောက်နေတာပဲ ဘယ်လိုလုပ် သခင်ကြီးကို ပိုက်ဆံအကုန် ခံခိုင်းရမှာလဲ၊ သခင်ကြီးကို စောင့်လို့ရမလားလို့ မေးပါရစေ” ယန်ကောဝမ် သည် စတင်ရယ်မောလေသည်။ သူသာ ခြေတစ်လှမ်းနောက်ကျလျှင် ပေထင်း ဟွမ် ပိုက်ဆံရှင်းလိုက်မည်ကို သူ ကြောက်နေသည်။

တခြားသူများလည်း ပေထင်းဟွမ်အား ကျွေးမွေးရန် ပိုက်ဆံသုံးချင် သဖြင့် အလျင်အမြန်နောက်မှလိုက်ကြလေသည်။ ထိုအကြောင်းကိုပြောလိုက် လျှင် အားကျမည့်သူ မည်မျှရှိမလဲမသိပေ။

ပေထင်းဟွမ်သည် ခေါင်းခါပြီး ငြင်းဆန်ကာ ပြုံးပြီးပြောလေသည် “ကျွန်တော်ကျွေးမယ်လို့ပြောပြီးရင် ကျွေးမယ်ပဲ၊ ခင်ဗျားတို့ စိတ်မရှိရင် အဂ္ဂိရတ်အစည်းအဝေးပြီးတာနဲ့ ကျွန်တော် ရှန့်ကျိတည်းခိုဆောင်မှာရှိမယ်၊ အဲဒါ ကျွန်တော့်ဆရာတည်းခိုဆောင်ပဲ အဲဒီမှာပဲ ဧည့်ခံပါမယ်၊ လူကြီးတွေကို မျက်နှာမပျက်စေချင်ဘူး အဲတော့ အကုန်လုံး တက်ရောက်ကြမယ်လို့မျှော်လင့် ပါတယ်”

ဤကဲ့သို့အပြုအမူသည် ရောက်လာကြသော သန်မာသူများကို အံ့အား သင့်စေသည်။ သူတို့သည် ရန်သူများကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့် ပေထင်းဟွမ်ကို ကြည့်နေရခြင်းလား။ ဧည့်ခံပုံသည် ရည်မွန်လှပြီး စကားလုံး များသည် အလွန်‌ယဉ်ကျေးသည်။ ဤကဲ့သို့ထူးခြားသည့် ဟန်အမူအရာနှင့် စစ်နတ်ဘုရား၏ရက်စက်ပြီး ပြတ်သားမှုတို့ကို မည်သူမှ ဆက်စပ်၍မရပေ။

သို့သော် ထိုအစား သူသည် ဤကဲ့သို့လူမျိုးဖြစ်သည်။ ဤလူငယ်သည် ထူးချွန်သောခေါင်းဆောင်ဖြစ်ရန် မွေးဖွားလာသည်ဟု ဆိုရမည်။

စကားတချို့ပြောပြီးနောက် ယန်ကောဝမ်နှင့်တခြားသူများ၏ ရထားလုံး သည် ပေထင်းဟွမ်၏ရထားလုံးနောက် ချောမွေ့စွာလိုက်ကာ မြို့ထဲရှိကွင်းထဲ သို့ အတူတကွသွားကြလေသည်။ ပြောရလျှင် ပင်မတိုက်ကြီး၏ သမိုင်းတစ်ခု လုံးတွင် စွမ်းအားကြီးများအားလုံးနီးပါးသည် မခေါ်ဘဲနှင့် လူတစ်ယောက် နောက်သို့လိုက်သည့်အဖြစ် မရှိဖူးပေ။

ဘလောက်တစ်ဝက်လျှောက်ပြီးနောက်တွင် ရထားလုံးသည် သတိမပေး ဘဲရပ်သွားပြန်ကာ ဘဏ္ဍာထိန်း၏အော်သံကိုသာ ကြားရလေသည် “ဘယ်သူ လမ်းလာပိတ်တာလဲ”