တန့်ကျိဂူ၏ရထားလုံး
Vol. 59 Ch. 1162
ပေထင်းဟွမ်သည် ရထားလုံးကိုမှီထားပြီး မိုလိသည်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် မလှုပ်မယှက်ရှိနေသည်။ မိုလိသည် ခေါင်းဆန့်ထုတ်ပြီး ရှေ့သို့ကြည့်ကာ အလိုလိုမျက်မှောင်ကြုတ်သွား လေသည်။
“ဘာတွေဖြစ်နေတာလဲ” ပေထင်းဟွမ်၏ ဝိညာဉ်အသိစိတ်သည် အလွန် အားကောင်းသည်။ ဖြန့်ကျက်လိုက်သည်နှင့် ပြိုင်ဘက်၏ခွန်အားကို ခံစားမိပြီ ဖြစ်သည်။ လူအရေအတွက်သည် သူတို့လောက်မများပြားသော်လည်း ထိုလူ များ၏ခွန်အားကို ခံစားမရပေ။ ထို့ကြောင့် လျင်မြန်စွာပင် ခေါင်းထုတ်ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။
နောက်လမ်းဆုံတစ်ခုတွင်ဖြစ်သည်။ ရထားလုံးအုပ်စုနောက်တစ်ခုနှင့် ပေထင်းဟွမ်တို့၏ ရထားလုံးအုပ်စုသည် မြို့ရှိကွင်းဆီသို့ တစ်ချိန်တည်း ဦးတည်သွားနေကြသည်။ ရထားလုံး ၆ စင်းဘေးချင်းယှဉ်သွားနိုင်သည့် လမ်းမ ကြီးသည် ယနေ့တွင် လူစည်ကားနေသသည်။ ရထားလုံးတစ်စင်းစာသာ ဖြတ် သွားနိုင်မည့် လမ်းကျဉ်းလေးတစ်ခုသာချန်နေရာ ရှေ့မှသွားသည့်ရထားလုံး နောက်သို့ နောက်တစ်စင်းကလိုက်ရသည်။
“သခင် ၉ ရှေ့ကရထားလုံးက ဆေးတောင်ကြားကပါ၊ အဲဒီမှာလူမများဘူး ဒါပေမဲ့ သူတို့အကုန်လုံးက သန်မာတဲ့ပုံပဲ၊ ရထားလုံးကို မောင်းနေတဲ့သူက ဘဏ္ဍာထိန်းပါပဲ၊ အရင်က ဆေးဆိုင်ကို ကိုင်တွယ်ဖူးလို့သိတယ်၊ သူတို့ ရထားလုံးပေါ်မှာ ထိုင်နေတဲ့သူက နတ်ဘုရားတဲ့” ရှေ့မှထိုင်နေသည့် ဘဏ္ဍာ ထိန်းသည် အသံကိုနှိမ့်ကာ ပေထင်းဟွမ်အား ပြောလေသည်။
ပေထင်းဟွမ်သည် နှုတ်ဆိတ်နေသည်။ ဆေးတောင်ကြားမှလူဆိုလျှင် ခက်ခဲမည်မှာသေချာပေါက်ပင်။ သူတို့၏ပထမအကြီးအကဲနှင့် တိုက်ရိုက် ဆက်ခံသူ သခင်မလေးတို့သည် သူမ၏လက်ထဲတွင် သေသွားခဲ့သည်။ သို့သော် ထိုသို့ဆိုလျှင် ရသေ့မိသားစုမှမဟုတ်သဖြင့် သူမကို ခွင့်လွှတ်နိုင်မည်မဟုတ် ပေ။
သူမ၏ရထားလုံးနောက်တွင် ဤတိုက်ကြီး၏ အင်အားကြီးလူများ အားလုံးပါကြလေသည်။ လူများသည် အထက်ဖားအောက်ဖိသည့် သဘာဝရှိ သည်။ ထိုလူများ သူမကို ဦးညွှတ်ချင်သည့်အကြောင်းအရင်းမှာ သူမ၏ခွန်အား နှင့် မဟာမိတ်အင်ပါယာ၏ခွန်အားကြောင့်ပင်ဖြစ်လေသည်။ ယနေ့ ဤနေရာ မှ ထိုမိသားစုကို မလွန်ဆန်နိုင်လျှင် ယခုအချိန်မှစပြီး သူမ၏နာမည်ပေထင်း ဟွမ်သည် တခြားသူများ၏ ခြေနင်းဖတ်ဖြစ်သွားပေတော့မည်။
“ဘဏ္ဍာထိန်း အနောက်ကိုသွားလိုက်ပါ” ပေထင်းဟွမ်သည် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ ထို့နောက် အဂူးကို ဆင့်ခေါ်လေသည် “ရှေ့ကိုသွားပြီး ရထားလုံးမောင်းလိုက်”
အဂူးသည် ၃၃ ကောင်းကင်ဘုံမှ ဆင်းလာသူဖြစ်သည်။ သူသည် ဤဘုံ၏ ဖိနှိပ်ခြင်းကိုခံရသော်လည်း သူ၏လက်ထဲတွင် သူမမမြင်ဖူးသည့် ဝှက်ဖဲရှိနေ လိမ့်မည်ဟု ပေထင်းဟွမ် ယုံကြည်သည်။
ရှန့်မိသားစု၏ဘဏ္ဍာထိန်း ရထားလုံးပေါ်မှဆင်းလာသည်ကိုမြင်သည် နှင့် ဆေးတောင်ကြား၏ဘဏ္ဍာထိန်းသည် ချက်ချင်းပင် ကြာပွတ်ကိုမြှောက် ကာ ကျယ်လောင်စွာ ရယ်မောလေသည် “သခင်ပေထင်းဟွမ်က ငါ့အတွက် လမ်းဖယ်ပေးချင်တာထင်တယ် အဲလိုဆို သခင်ပေထင်းဟွမ်ကို ကျေးဇူးတင်ပါ တယ်”
ဆေးတောင်ကြား၏ဘဏ္ဍာထိန်းသည် အသံထဲတွင်စွမ်းအားထည့်လိုက် ရာ တန့်ကာတစ်မြို့လုံးနီးပါး ကြားနိုင်လောက်သည်အထိပင်။ လမ်းဘေးနှစ် ဖက်တွင် ပေထင်းဟွမ်နောက်လိုက်ကာ မြို့ရင်ပြင်ဆီသို့ ဦးတည်နေကြသော အဂ္ဂိရတ်ပညာရှင်များသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ဆွေးနွေး ချက်များထွက်လာသည်။
“ဆေးတောင်ကြားလား၊ သခင်ပေထင်းဟွမ်လား သူတို့နှစ်ယောက်ဖြစ် နေတာကိုး၊ တိုက်ခိုက်ကြတော့မှာလား”
“မိုးနတ်မင်းရေ သခင်ပေထင်းဟွမ်နောက်က အဖွဲ့ကိုကြည့်ပါဦး၊ အဲဒါ ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံးပဲ”
“ဘုရားရေ သားရဲထိန်းအစည်းအရုံး၊ ဝိညာဉ်သခင်အစည်းအရုံး၊ လက်နက်သန့်စင်မှုအစည်းအရုံး၊ ကြေးစားအစည်းအရုံးနဲ့ သောင်မိ မိသားစု... ရေတောင်မရေနိုင်တော့ဘူး၊ သူတို့အကုန်လုံးက သခင်ပေထင်းဟွမ်ကို ထောက်ပံ့နေကြတာပဲ”
ရှေ့တွင် အဆုံးမရှိသော အချေအတင်ပြောဆိုမှုများရှိနေရာ ယန်ကောဝမ် သည် ခေါင်းဆန့်ထုတ်က ဆေးတောင်ကြားဘက်တွင်ရှိနေသောလူများကို အော်ဟစ်ပြောလိုက်သည်။ ထိုအသံသည် စွမ်းအားတချို့သယ်ဆောင်ပြီး နောက် တစ်မြို့လုံးသို့ မြည်ဟီးသွားလေသည် “ရှေ့ကမိတ်ဆွေတို့ လမ်းဖယ် ပေးကြပါ၊ ဒါ ကျုပ်တို့အဖွဲ့ပါ ရထားလုံးက ဒီလမ်းကိုအရင်သွားရမယ်ဆို ကျုပ် တို့ကိုအရင်သွားခွင့်ပေးပါ”
အောင်မြင်စွာပင် များစွာသောအင်အားကြီးများသည် ခေါင်းထုတ်ကာ ပေထင်းဟွမ်အား ထောက်ပံ့ကြသည်။ သူတို့သည် ပေထင်းဟွမ်ဘက်သို့ ရောက်သွားပြီဖြစ်ရာ သူ့ကို အလွယ်တကူအရှုံးခံမည်မဟုတ်ပေ။