← Chapters

၃၃ ကောင်းကင်ဘုံက နတ်ဘုရားမလုပ်နိုင်တဲ့အရာ တွေ

Vol. 59 Ch. 1163

၃၃ ကောင်းကင်ဘုံက နတ်ဘုရားမလုပ်နိုင်တဲ့အရာ တွေ

Vol. 59 Ch. 1163

မျက်နှာချင်းဆိုင်တွင်ရှိသော ရထားလုံးပေါ်တွင် ပေထင်းဟွမ်နှင့် နှစ်ကြိမ်တိုက်ခိုက်ပြီး ရှုံးခဲ့သည့် ကျူလင်းထိုင်နေသည်။ ပေထင်းဟွမ်ကဲ့သို့ပင် သူသည် ဤတိုက်ကြီး၏ အုပ်စိုးသူများကိုမသိပေ။ ထိုအချိန်တွင် သူ့ဘေးတွင် ထိုင်နေသော ဆေးတောင်ကြားမှ အဂ္ဂိရတ်ပညာရှင်သည် ပေထင်းဟွမ် ကိုယ်စားစကားပြောပေးနေကြသော လူများကိုမိတ်ဆက်ပေးနေလေ၏။

ကျူလင်းသည် ထိုစကားကိုကြားပြီးနောက် အတန်ကြာသည်အထိ ဘာမှ မပြောပေ။ သူသည် အတန်ကြာအောင် နှုတ်ဆိတ်နေပြီး စားပွဲကို လက်ချောင်း ဖြင့်ခေါက်ကာ ပြောလေသည် “ပြောရရင် အဲလူတွေက ဒီတိုက်ကြီးက စွမ်းအား ကြီးတွေပေါ့၊ သူတို့အကုန်လုံးက အခုမှ အင်အားတည်ထောင်ပြီးခါစ ၁၅ နှစ် အရွယ်ကောင်လေးကို ကူညီဖို့ရောက်လာတာပေါ့”

ထိုအဂ္ဂိရတ်ပညာရှင်သည် အဂ္ဂိရတ်အစည်းအဝေးသို့ ကိုယ်တိုင်ပါဝင်ရန် ရောက်လာခြင်းမဟုတ်ဘဲ ကျူလင်းအား ထောက်ပံ့ရန်လာခြင်းဖြစ်သည်။ ထို စကားကိုကြားပြီးနောက် သူ မည်သို့ပြန်ဖြေရမည်ကိုမသိတော့ဘဲ ခေါင်းငုံ့နေ လေသည် “သခင်ကြီး ပေထင်းဟွမ် ဘယ်လောက် မောက်မာလဲဆိုတာ မြင်ပြီး လောက်ပါပြီ၊ အကြီးအကဲကြီးနဲ့ သခင်မလေးထုံတို့သေသွားတာ အဲလူလက်ထဲ မှာပါပဲ၊ ဒီတစ်ခါ သူ့ကိုအသာစီးပေးစရာမလိုဘူး”

ပတ္တမြားဘုံတွင် ဆေးတောင်ကြားနှစ်ခုရှိသည်။ တစ်ခုမှာ ပင်မတိုက်ကြီး ဖြစ်ပြီး နောက်တစ်ခုမှာ ၃၃ ကောင်းကင်ဘုံဖြစ်သည်။ ပင်မတိုက်ကြီးရှိ ဆေးတောင်ကြားတွင် ကျူမျိုးရိုးရှိသည်။ ထို့ကြောင့် သေချာပေါက် ဆက်နွယ် မှုတော့ ရှိလိမ့်မည်ဖြစ်သည်။ ပင်မတိုက်ကြီးမှဆေးတောင်ကြားသည် ၃၃ ကောင်းကင်ဘုံ ဆေးတောင်ကြား၏ အမြင့်ဆုံးသွေးသား အရိပ်အမြွက်ချန်ထား ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

မှန်လားမှားလားတော့မသိပေ။ နှစ်ပေါင်းထောင်ချီတွင် အချိန်တိုင်းတွင် ဆက်ခံသူများရှိကြသည်။ ၃၃ ကောင်းကင်ဘုံ ဆေးတောင်ကြားမှလူများသည် ပင်မတိုက်ကြီးရှိ ဆေးတောင်ကြားကို ထောက်ပံ့ကသည်။

ကျူလင်း သည်တစ်ခေါက်လာခြင်းမှာ အမြင့်ဆုံးအုပ်စိုးသူမှ ညွှန်ကြား လိုက်ခြင်းကြောင့်ပင်။

“တခြားလူသာဆိုရင် ပြောဖို့မလိုဘူး၊ ငါ ဆေးတောင်ကြားအတွက် တရားမျှတမှုယူပေးရမှာကို သေချာပေါက်သိတာပေါ့” ကျူလင်းသည် မျက်လုံး ပင့်ကာ မျက်နှာချင်းဆိုင်တွင်ရှိနေသော ခံစားချက်များကိုမသိနိုင်သည့် မျက်လုံးနက်နက်များကို စိုက်ကြည့်လေသည် “ခင်ဗျား စဉ်းစားကြည့် သူ့လို လုပ်နိုင်တဲ့သူရှိလို့လား၊ တိုက်ကြီးတစ်ခုလုံးကို ဦးညွှတ်အောင်လုပ်နိုင်တာလေ၊ စီရင်ချက်ဗိမာန်က ဒီတိုက်ကြီးမှာ နှစ်တွေအများကြီးရှိလာခဲ့တာမလား၊ ၃၃ ကောင်းကင်ဘုံက စစ်မှန်တဲ့နတ်ဘုရားတောင် ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး”

အဂ္ဂိရတ်ပညာရှင်၏ပါးစပ်သည် ရုတ်တရက် အက်ကွဲလာသည်။ သူသည် ကျူလင်းအား ငေးငိုင်စွာစိုက်ကြည့်ကာ ကျူလင်း၏ စကားများကို နားမလည် နိုင်ဖြစ်နေသည်။ သခင်ကျူလင်းက ဒါဘာအဓိပ္ပာယ်လဲ။ သခင်ပေထင်းဟွမ်ကို အညံ့ခံစေချင်တာလား။

ရထားလုံးနှစ်စင်းသည် ထိပ်တိုက်တွေ့ကြရာ လေထုသည် ချုပ်နှိပ်ခံရပုံ ပေါက်ပြီး သေနတ်တစ်လက်ကဲ့သို့ အချိန်မရွေး ပစ်လွှတ်တော့မည့်ပုံပင်။ တစ် လမ်းလုံးမှာ တိတ်ဆိတ်နေပြီး အားလုံး၏ ခြေလှမ်းများ ရပ်တန့်သွားကြသည်။ အားလုံး၏မျက်လုံးများသည် ထိုနေရာသို့ ရောက်လာကြသည်။ ဆေးတောင် ကြားနှင့် သခင်ပေထင်းဟွမ်တို့အကြားတွင် နောက်ဆုံး မည်သူအနိုင်ရမည် နည်း။

ရှန့်ကျိတည်းခိုဆောင်၏ ဘဏ္ဍာထိန်း ရထားလုံးမောင်းသူနေရာမှ ဆင်း လာသည်ကိုကြည့်ပြီးနောက် သခင်ပေထင်းဟွမ် လက်လျှော့မည့်ပုံပေါက်သွား သည်။ ထိုအခိုက်တွင် အားလုံးသည် အနည်းငယ် ရှက်ရွံ့သလိုခံစားရလေ၏။ သခင်ပေထင်းဟွမ်က လက်လျှော့ဖို့ အသင့်ဖြစ်နေပြီလား။ သို့သော် ဘဏ္ဍာ ထိန်းသည် မောင်းနှင်သူနေရာမှဆင်းသော်လည်း မြင်းကိုဦးဆောင်မသွားပေ။

ဆန့်ကျင်ဘက်အနေနှင့် ရထားလုံးပေါ်မှဆင်းသည်နှင့် ရထားလုံးကို ဆွဲသော သားရဲနှစ်ကောင်ကို ကြာပွတ်နှင့်ရိုက်လိုက်သည်ကို ဆေးတောင်ကြား မှ ဘဏ္ဍာထိန်းမြင်လိုက်ရလေသည်။ သူသည် ပေထင်းဟွမ်၏ ရထားလုံးရှေ့သို့ တိုးမဝင်ဘဲ ပေထင်းဟွမ်၏ရထားလုံးကို ဘေးသို့တွန်းပို့မည်ပြုသည်။

ကြာပွတ်ကိုမြင့်မြင့်မြှောက်ထားသည်။ သို့သော် ဘဏ္ဍာထိန်း ကြာပွတ် ကို လွှဲသည်နှင့် အချိန်အတော်ကြာလေသည်။ အားလုံးသိချင်လာကြသည်။ ဘဏ္ဍာထိန်းသည် ထူးဆန်းသောခံစားချက်နှင့် တစ်စုံတစ်ခုကို ရုန်းကန်နေရပုံ ပေါက်ပြီး မျက်နှာမှာလည်း နီရဲလျက်ရှိကာ နဖူးမှ ချွေးအေးများထွက်လာသည် ကိုမြင်နေရသည်။

ထိုလူ၏ခွန်အားသည် မနည်းလှပေ။ ဤကဲ့သို့ အခြေအနေတွင် မြင်း ကြာပွတ်ကို ဝေ့ယမ်းရန်မှာ ပြဿနာမရှိလောက်ပေ။

တစ်ခုသောရှင်းပြချက်မှာ သူ့ကို တစ်စုံတစ်ယောက်မှ တားထားသည်။ ဓား ၇ လက်ဝိညာဉ်ဂိုဏ်းကို မမြင်နိုင်သောဖိအားနှင့်အတူ ဖိထားပုံပေါက်၏။ ဤလူ၏ခွန်အားသည် မည်မျှကြောက်ဖို့ကောင်းလိုက်သနည်း။

All Chapters