အဆင့်မြင့်အဂ္ဂိရတ်ပညာရှင် နတ်ဘုရား
Vol. 59 Ch. 1165
ထိုသို့ဆိုလျှင်တောင် သခင်ကျူလင်းအား ဆေးတောင်ကြားအတွက် တရားမျှတမှုယူခိုင်းသည်မှာ အသုံးမဝင်လှပေ။
ပေထင်းဟွမ်တွင် အဂူးရှိနေသည်။ အဂူးကိုကြည့်ပြီးနောက် အားလုံး၏ မျက်လုံးများသည် ဆေးတောင်ကြား၏ ရထားလုံးဆီသို့ ရောက်သွားကြလေ သည်။ ဆေးတောင်ကြားမှ ရထားထိန်း၏ကြာပွတ်သည် ကျမလာတော့ဘဲ ဘေးနှစ်ဖက်ရှိ ရထားလုံးများသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်နေလေသည်။
ရထားလုံး၏ကန့်လန့်ကာ မြောက်တက်လာပြီး အဖြူရောင်ဝတ်ထား သည့် ယောက်ျားတစ်ယောက်၏ချောမောသောမျက်နှာသည် ရထားလုံးပေါ်မှ ထွက်ပေါ်လာကာ မောက်မာသောမျက်လုံးတစ်စုံနှင့်အတူ တစ်လမ်းလုံးကို ဝေ့ဝဲကြည့်လေသည်။ ပေထင်းဟွမ်ရှိသည့်ရထားလုံးဆီသို့ အကြည့်ရောက်ပြီး နောက်တွင် မျက်ခွံများ အနည်းငယ်လျော့ကျသွားလေသည်။
၎င်းသည် အားနည်းချက်ကို ပြသနေခြင်းပင်။
ထိုမြင်ကွင်းကိုမြင်သောအခါ ရထားလုံးထဲမှလူတချို့သည် အလွန်ပင် နားမလည်နိုင်ဖြစ်ကြလေသည်။ ပေထင်းဟွမ်နောက်မှလိုက်လာသော အားကောင်းသူများပင် အချင်းချင်းပြောမိကြလေသည်။
“ဒီတစ်ခေါက် ဆေးတောင်ကြားကလူ လာတယ်လို့ကြားတယ်၊ အဲဒီ သခင်ကြီးများဖြစ်မလားမသိဘူး” ထို့အပြင် သူတို့သည် အဆင့်မြင့်ဓားဝိညာဉ် ဂိုဏ်း၏ခွန်အားရှိသည့် ပြိုင်ဘက်ကို မမြင်နိုင်ပေ။ တစ်ခုတည်းသော ရှင်းပြ ချက်မှာ ထိုလူသည် နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။
“မင်းလက်ကို သုံးရင် ဆိုးလိမ့်မယ်လို့ ငါလည်းကြားဖူးတယ်”
“ဆက်ခံသူတိုင်းက နတ်ဘုရားအဆင့်လို့ပြောကြတယ်၊ ဒီတစ်ယောက် လည်း ချွင်းချက်မရှိဘူးထင်တယ် သူတို့တွေ တိုက်ခိုက်ကြမလား”
နတ်ဘုရားအဆင့်သာဆိုလျှင် ဇာမဏီမြို့ကိုကြည့်ရုံနှင့် ဖြစ်လာမည့် နောက်ဆက်တွဲကို သိနိုင်မည်ဖြစ်သည်။ ဇာမဏီမြို့ကို နတ်ဘုရားလေးပါးမှ ဦးဆောင်နေပြီး မြို့တစ်ဝက်သည် မြေကြီးထဲသို့နစ်မြုပ်သွားသည်။ သို့သော် တစ်မြို့လုံးသည် ပြာကျသွားခဲ့လေပြီ။
၎င်းသည် ဆင်းသက်လာသူဖြစ်သည်ဟုကြားသည်နှင့် သတ္တိနည်းသူများ သည် အလွန်အမင်းကြောက်ရွံ့ကာ ဤပွဲကို လာမကြည့်သင့်ကြောင်း နောင်တ ရမိသည်။ သူတို့သည် အသက်ပင် ဆုံးရှုံးနိုင်သည်။
“ဟုတ်တယ် ငါတို့ အကြီးအကဲက ဆင်းသက်သူပဲ၊ သေမှာကိုမကြောက် ရင် လမ်းဖယ်ပေးပြီး ငါတို့ကိုအရင်သွားခိုင်းလိုက်” ဆေးတောင်ကြား၏ ဘဏ္ဍာ ထိန်း ကျူဟွေ့သည် ထိုဆွေးနွေးချက်များကို ကြားသောအခါ အပျော်လွန်ပြီး အကြီးအကဲကြီးနှင့် ကျူထုံတို့ သေသွားသည့်အဖြစ်ကိုပင် မေ့သွားကာ တစ် လမ်းလုံးကို အော်ဟစ်လေသည်။
“ဆင်းသက်သူဟုတ်လား” အဂးသည် နှာမှုတ်လေသည်။ သူ၏မျက်လုံး ထဲမှ စူးရှသည့် အနီရောင်အလင်းတန်းသည် ကျူဟွေ့ဆီသို့ ဝေ့ဝဲရောက်သွား ပြီး လည်ပင်းပေါ်သို့ ဓားတင်လိုက်သည့်အလားပင် အေးစက်သွားစေသည်။ သူသည် မျက်ခုံးများကိုပင့်ကာ ကျူလင်းအား မေးလေသည် “မင်းတို့ သခင်ကြီး က ဆေးတောင်ကြားက အဆင့်မြင့်သခင်ရဲ့လူလား”
ကျူလင်းသည် အဂူးအား စူးစိုက်ကြည့်လေသည်။ သူသည် ပြန်မဖြေဘဲ အဂူးအား မေးလေသည် “ခေါင်းသုံးလုံးစပါးအုံးမြွေက သွေးအကျဉ်းထောင်ထဲ မှာမဟုတ်ဘူးလား၊ အဲဒီသွေးအကျဉ်းထောင်ထဲက ခေါင်းသုံးလုံးစပါးအုံးမြွေက အသက်ရှင်နေဦးမယ်လို့ထင်မထားဘူး၊ သခင်ပြန်ရွေးလိမ့်မယ်လို့ ပိုတောင် ထင်မထားသေးတယ်...”
အဂူး၏ခန္ဓာကိုယ်မှ သွေးအလွှာမြူခိုး ထွက်ပေါ်လာသည်။ ဆေးတောင် ကြား၏ အဆင့်မြင့်အုပ်စိုးသူ၏သားဖြစ်သူသည် သူ၏ခန္ဓာကိုယ်အစစ်ကို ခန့်မှန်းနိုင်လိမ့်မည်ဟုထင်မထားပေ။ သွေးအကျဉ်းထောင် ခေါင်းသုံးလုံး စပါး အုံးသည် သခင်တစ်ယောက်ကိုသာ သစ္စာရှိသည်။ သူ၏သခင်အသက်ရှင်နေ သေးသည်ကို ကျူလင်းကို သတင်းဖြန့်ခွင့်မပေးနိုင်ပေ။
“အဂူး စိတ်မပူနဲ့” ပေထင်းဟွမ်၏အသံသည် မှော်စွမ်းအားရှိနေသည့် အလား ချက်ချင်းပင် အဂူး၏ခံစားချက်များကို ငြိမ်ကျသွားစေသည်။ သူမသည် ကန့်လန့်ကာကို ပင့်ကာ ကျူလင်းအား ကြည့်လေသည် “ကျန့်ပဲ မတိုက်ခိုက်ဖို့ သခင်ကြီးကျူလင်း ရွေးချယ်ပါ”
တိုက်ခိုက်ရမည်။ သေအောင်အထိ တိုက်ခိုက်ရမည်။ ထိုသို့ဆိုလျှင် သူတို့ ကို အရင်လွှတ်ပေးရမည်။ သရုပ်မှန်အတွက် ပေထင်းဟွမ်သည် ဖိနှိပ်ရန် မစဉ်းစားထားပေ။ သူမကို ဒူးထောက်ရန် မင်ဟုန် ဖိနှိပ်မှုကို သုံးကတည်းကပင် အလင်းဘုရင်မင်ဟွမ် ဟွမ်ချန်းကို တိုက်ခိုက်ကတည်းကပင် လွန်ခဲ့သည့် နှစ် တစ်သောင်းက ကံကြမ္မာသည် ရောက်လာခဲ့ပြီဖြစ်သည်။
အဂူးသည် ထိုစကားကိုကြားသောအခါ စိတ်အေးသွားလေသည်။ သူ၏ သခင်သည် သရုပ်မှန်ကို အတန်ကြာအောင် ဖုံးကွယ်လာရသူဖြစ်သည်ကို သိ သဖြင့် ဒေါသကို မျိုသိပ်ထားလိုက်သည်။
ထိုအခိုက်တွင် ကျူလင်း၏မျက်လုံးများသည် ဂုဏ်ယူမှုအပြည့်နှင့်ဖြစ် သည်။ သူသာ သွေးအကျဉ်းထောင်မှ ခေါင်းသုံးလုံးစပါးအုံးမြွေကို ပိုင်ဆိုင်လိုက် ရလျှင် သူ၏သရုပ်မှန်သည် ဤလူငယ်လိုပင် ရိုးရှင်းတော့မည်မဟုတ်ပေ။ လွန် ခဲ့သည့်နှစ်ထောင်ချီက အဆင့်မြင့်ဆေးနတ်ဘုရားသည် ပတ္တမြားကမ္ဘာတွင် ကျော်ကြားခဲ့သည်။ ယနေ့ သူနှင့် တိုက်ခိုက်ရာတွင် အနိုင်ရနိုင်သည့် အခွင့်အရေးရှိလိမ့်မည်။