← Chapters

အိုက်လန်ထပ်ပြီး ရူးသွားပြန်ပြီ

Vol. 59 Ch. 1166

အိုက်လန်ထပ်ပြီး ရူးသွားပြန်ပြီ

Vol. 59 Ch. 1166

ကျူလင်း အသိစိတ်ပြန်ဝင်လာရန် အချိန်အတော်ယူရသည်။ သူသည် အသက်ကိုပြင်းပြင်းရှူကာ ကျူဟွေ့အား အမိန့်ပေးလိုက်လေသည် “နောက်ဆုတ်လိုက် သခင်ပေထင်းဟွမ်ကို အရင်သွားခိုင်းလိုက်”

အားလုံးသည် ငေးကြောင်နေ၏။ ကျူဟွေ့ သတိပြန်ဝင်လာရန် အချိန် အတော်ကြာလေသည်။ သူသည် ယန္တရားအလား ညွှန်ကြားချက်အတိုင်း လိုက်နာကာ ရထားလုံးကို နောက်သို့ဆွဲပြီး ပေထင်းဟွမ်ရထားလုံး အရင်သွား သည်အထိ စောင့်ပေးလေသည်။

ရထားလုံးသည် မြို့ရင်ပြင်ဆီသို့ တဖြည်းဖြည်းချင်း ဦးတည်သွားလေ သည်။ ရထားလုံးနှစ်စင်း နီးကပ်သွားချိန်၊ ပေထင်းဟွမ်နှင့် ကျူလင်းတို့ ၆ လက်မလောက်အကွာတွင် ပေထင်းဟွမ်သည် မျက်လုံးထဲမှ နတ်အလင်းတန်း နှင့်အတူ ပြုံးပြလိုက်လေသည် “သခင်ကြီးကျူလင်း ကျွန်တော်တို့ စစ်မြေပြင် အစစ်က အဂ္ဂိရတ်အစည်းအဝေးမှာပါ”

ပေထင်းဟွမ်နှင့် မျက်နှာချင်းဆိုင်ရသည်မှာ အကြောင်းအရင်းတချို့ ကြောင့်ပင် ကျူလင်းသည် စမ်းကြည့်ရန် လောနေပြီဖြစ်သည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းကပင် သူသည် ပေထင်းဟွမ်၏ လွန်ခဲ့သည့်နှစ်တစ်သောင်းက ဂုဏ် သတင်းကို ကြောက်ရွံ့နေခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် ပေထင်းဟွမ် ၏ ရန်စမှုနှင့်တွေ့သောအခါ သူ့ကိုယ်သူ ပြန်တွေးမိသည်။ သူ၏လက်ထဲမှ မှော်လက်နက်နှင့် သူ၏ကိုယ်ပိုင်ခွန်အားနှင့်ဆိုလျှင် ယုံကြည်ချက်အပြည့်ရှိ သည် “ဟုတ်တယ် ငါတို့ရဲ့စစ်မြေပြင်အစစ်အမှန်က အဂ္ဂိရတ်အစည်းအဝေးပဲ”

ကျူလင်း၏အလျော့ပေးမှုနှင့် ကျန်သည့်ခရီးစဉ်မှာ ချောမွေ့ခဲ့သည်။ ပေထင်းဟွမ်၏ ရထားလုံး ချဉ်းကပ်လာသည်ကိုကြည့်ပြီး လမ်းပေါ်မှလူများ သည် ဘေးသို့ဖယ်ပေးကာ ရထားလုံးဖြတ်သန်းသွားသည်ကို စောင့်ပေးကြလေ သည်။

မြို့ရင်ပြင်သည် မြို့စား၏အိမ်တော်ရှေ့ တံခါးပေါက်တွင်ရှိလေသည်။ ၎င်းသည် လှေကားအဆင့်များ တစ်ဆင့်ချင်းရှိသည့် ရင်ပြင်အဝိုင်းဖြစ်သည်။ အလယ်တွင် စီရင်ချက်နတ်ဘုရားရုပ်ထုရှိသည်။ စီရင်ချက်နတ်ဘုရားသည် လက်ထဲတွင် စီရင်ချက်လှံတံကို ကိုင်ဆောင်ထားသည်။ လှေကားများသည် အလွန်မြင့်ပြီး ရုပ်ထုသည် မြေကြီးထပ်ပင် ပိုမြင့်လေသည်။ ထို့ကြောင့် အဝေး မှပင် မြင်ရလေသည်။

သူမသာ မင်ဟုန်နှင့် မျက်နှာချင်းဆိုင်မတွေ့ခဲ့ရလျှင် စီရင်ချက်နတ် ဘုရားသည် ဖန်ဆင်းရေးနတ်ဘုရားကို အခြေခံပြီး တည်ဆောက်ထားသည်ကို ပေထင်းဟွမ် တွေးမိမည်မဟုတ်ပေ။ မင်ဟုန်ကိုတွေ့ပြီးနောက် စီရင်ချက် နတ်ဘုရားဟုခေါ်သည့်အရာသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ အမြင့်ဆုံး အုပ်စိုးသူဖြစ်သည်ကို သိခဲ့ရသည်။ သူသည် သူ့ကိုယ်သူ နတ်ဘုရားဟုခေါ်ဆို ကာ ယုံကြည်မှုစွမ်းအားများကို စုဆောင်းခဲ့သည်။

မျက်မှောင်ကိုအနည်းငယ်ကြုတ်ကာ ပေထင်းဟွမ်သည် စိတ်ပိုင်းဖြတ် ကာ ရထားလုံးပေါ်မှဆင်းလိုက်သည်။

လူအများမှာ ပေထင်းဟွမ်ထက် စောစီးစွာရောက်နှင့်နေပြီဖြစ်သည်။ အဂ္ဂိရတ်အစည်းအရုံးနှင့် တန့်ကာမြို့၏မြို့စားအိမ်တော်တို့သည် ပြိုင်ပွဲသို့ လာရောက်ကြသည့် အဂ္ဂိရတ်ပညာရှင်များကို ကြိုဆိုရန်နှင့် အစဉ်လိုက်ဖြစ်စေ ရန် ကြီးမားသောအဖွဲ့ကို ဖွဲ့စည်းထားသည်။

အဂ္ဂိရတ်အစည်းအဝေးတွင် ပြိုင်ပွဲတွင်ပါဝင်သည့် အဂ္ဂိရတ်ပညရှင်များ ကို အသက် ၃၀ အောက်ဖြစ်စေရန် ကြပ်မတ်ထားသည်။ ရင်ပြင်ထဲသို့ မဝင်ခင် အသက်အရွယ် စစ်ဆေးမှုကို လုပ်ရမည်ဖြစ်သည်။

မိုလိသည် ပေထင်းဟွမ်အား ကိုယ်တိုင်လာကြိုကာ ရင်ပြင်သို့ဝင်ရန် လမ်းဆီသို့ ပေထင်းဟွမ်အား ခေါ်သွားမည်အပြုတွင် သူတို့ရှိရာဘက်သို့ လူ တစ်ယောက် လေဟုန်အလားရောက်လာသည်ကို မြင်လိုက်ရသည်။ အရောင် ပင်ခွဲမရတော့သည့် ညစ်ပေသောဝတ်ရုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ရွှေ ရောင်အဂ္ဂိရတ်တံဆိပ်ပြားကို ဝတ်ဆင်ထားသည့် အဆင့် ၄ အဂ္ဂိရတ်အဆင့် ပညာရှင်သည် ရှုပ်ပွသောဆံပင်ကို တူဖြင့် ဖြစ်သလိုထုံးထားရာ ထိုတူသည် အချိန်မရွေးပြုတ်ကျမတတ် လှုပ်ခါနေသည်။

ထိုလူသည် ပေထင်းဟွမ်ရှေ့သို့ အလျင်စလိုရောက်လာပြီး မျက်နှာကို ဖုံးနေသော ဆံပင်ကို ရုတ်တရက်ဆွဲလိုက်သည်။ ဒါ အိုက်လန်မဟုတ်ဘူးလား။

ပေထင်းဟွမ် မတုံ့ပြန်နိုင်ခင်မှာပင် ထိုလူသည် ပေထင်းဟွမ်ရှေ့တွင် ဒူး ထောက်လိုက်ကာ မျက်ရည်များသည် မိုးရွာသကဲ့သို့ ကျလာလေသည် “ဆရာ ဒီလိုလုပ်လို့မရဘူးလေ တပည့်က ဘာအမှားမှမလုပ်တာ၊ ဘယ်လိုလုပ် တပည့် ကို လက်လွှတ်လိုက်တာလဲ၊ မှော်ဆေးမသန့်စင်နိုင်တာ တပည့်အမှားမှမဟုတ် တာ တပည့်...”

သေစမ်း ဘာသဘောလဲ။

ဝိညာဉ်ဂိုဏ်းခွန်အားနှင့် လူတစ်ယောက် ငိုယိုနေရာ သူ့တွင် မည်မျှပင် စွမ်းအားရှိစေကာမူ ဤမြင်ကွင်းသည် အဂ္ဂိရတ်အစည်းအဝေးမှ လူအများကို ရုတ်တရက် တိတ်ဆိတ်သွားစေသည်။ အားလုံး၏မျက်လုံးများသည် တစ်ယောက်ပြီးတစ်ယောက် လှည့်လာသည်။ မြေကြီးထဲသို့ တစ်ဝက်ဝင်လုနီး ပါးဖြစ်နေသည့်အဘိုးကြီးသည် ၁၄ နှစ်ကောင်လေးရှေ့တွင် ဒူးထောက်နေ သည့်မြင်ကွင်းသည် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ အားလုံး၏ ခန္ဓာကိုယ်တွင် ချွေးအေးများ ပြန်လာသည်။

All Chapters