မင်းသွားတဲ့နေရာ ငါလိုက်မယ်
Vol. 59 Ch. 1167
ပေထင်းဟွမ်၏ အားကောင်းသော သည်းခံနိုင်ရည်စွမ်းနှင့် အိုက်လန်၏ အရည်အချင်းတို့ကြောင့်သာမဟုတ်လျှင် သူမသည် အိုက်လန်၏ ရုတ်တရက် ဦးညွှတ်မှုအပေါ်တွင် နောက်ဆုတ်မိမည်ဖြစ်သည်။ မိုလိသည် သူမဘေးတွင် ရှိနေသဖြင့် ဤကဲ့သို့ တည်ငြိမ်သောလူပင်လျှင် အိုက်လန် ပြေးလာငိုယိုသော အခါ ထိတ်လန့်မိလေသည်။
“ဒါက ဦးလေးအိုက်လန်မလား” မိုလိသည် နောက်ဆုံးတွင် အိုက်လန်ကို မှတ်မိသွားပြီး အနည်းငယ် မယုံနိုင်စွာဖြင့် မေးလေသည် “ဘာလို့လဲ ဦးလေးက ရှောင်ကျို့ရဲ့တပည့်လား”
အဲလိုသာဆိုရင် ရှုပ်သွားပြီမဟုတ်ဘူးလား။ ရှောင်ကျို့က သူ့ကို အစ်ကို ကြီးလို့ခေါ်ပြီး အိုက်လန်က ရှောင်ကျို့ရဲ့တပည့်ဖြစ်ပြီး သူက အိုက်လန်ကို ဦးလေးလို့ခေါ်ရင် အိုက်လန်က သူ့ကို ဦးလေးလို့ပြန်ခေါ်ရမှာလား။
အိုက်လန်...
အဂ္ဂိရတ်အစည်းအဝေးမှ လူများအားလုံးသည် မှင်တက်ကြကုန်၏။ အဂ္ဂိရတ်အစည်းအရုံးမှ ထိုလူသည် ဆေးသန့်စင်ရင်းနှင့် ရူးသွားလေသလား။ သို့သော် ဤလူငယ်သည် ပင်မတိုက်ကြီးတွင် ညအရှင်မှလွဲပြီး နာမည်ကြီး အဂ္ဂိရတ်ပညာရှင်ဖြစ်သည်ကိုတော့ ငြင်းပယ်နိုင်စရာမရှိပေ။ သူ ထိုလူကို မြင် လိုက်ရချိန်တွင် ပေထင်းဟွမ်အား လူရှေ့သူရှေ့တွင် ဒူးထောက်လေသည်။ ထိတ်လန့်မှုနှင့်အတူ အားလုံးသည် ဆွေးနွေးရပြန်သည်။
“ဒါက သခင်ကြီးအိုက်လန်မလား၊ လော့ပေမြို့စားရဲ့သခင်က အဆင့် ၅ ဝိညာဉ်ဆေးနက်အဆိပ်မိသွားတယ်လို့ပြောကြတယ်၊ အရူးသခင်ဆီက အဆိပ် ဖြေဆေးသောက်မှပဲ အဲအဆိပ်ကို ဖြေနိုင်ခဲ့တာလေ”
“အဆင့် ၅ ဆေး အားကောင်းလိုက်တာ အဒါကို သခင်ပေထင်းဟွမ်ကို ဆရာအဖြစ် အရှက်မရှိ ကိုးကွယ်ချင်သေးတာလား”
“သရဲပဲသိမှာပဲ၊ ဒီအရူးကြီးက ဆေးသန့်စင်လွန်းလို့ရူးသွားတာ၊ သခင် ပေထင်းဟွမ်က သူ့ထက်သန်မာလို့နေမှာပေါ့”
ထိုဆွေးနွေးချက်များကိုကြားပြီးနောက် ပေထင်းဟွမ်သည် ပို၍မျက်မှောင်ကြုတ်မိလေသည်။ ပြောရလျှင် ဤအဘိုးကြီးသည် တစ်ခါက သူမနှင့်ထိပ်တိုက်ရင်ဆိုင်တွေ့ဖူးခဲ့သည်။ လော့ပေမြို့စား၏သမီးဆိုသည်မှာ မုဝမ်ယွဲ့ကို ပြောနေခြင်းမဟုတ်ပါလား။ မုဝမ်ယွဲ့ဆီမှ အဆင့် ၅ ဝိညာဉ်ဆေးနက်ကို ပေထင်းဟွမ် ပေးလိုက်ခြင်းပင်။ ထိုအချိန်တွင် သူမ တွေးတောနေတုန်းပင်။ ပင်မတိုက်ကြီးတွင် ဤကဲ့သို့အားကောင်းပြီး အဆင့် ၅ အဆိပ်ဖြေဆေးကို မည်သူသန့်စင်နိုင်သနည်း။
“အဲလိုကိစ္စရှိသေးတာလား” ပေထင်းဟွမ်သည် သိချင်စိတ်ဖြင့်မေးလိုက် သည် “အဆင့် ၅ ဆေးကိုသန့်စင်နိုင်တာကို ဘာလို့ကျွန်တော့်ကို ဆရာအဖြစ် ကိုးကွယ်ချင်နေတာလဲ၊ လော့ပေမြို့စားရဲ့သမီးဆီမှာရှိတဲ့ ဝိညာဉ်ဆေးနက်ကို ခင်ဗျား အဆိပ်ဖြေပေးလိုက်တာလား”
ထိုစကားကိုကြားသောအခါ ဘေးမှမိုလိရှင်းပြလေသည် “အဲတုန်းက ဆရာက ဦးလေးနဲ့ အဆင့် ၅ ဆေးကို သန့်စင်ချင်တာ အဲဒါကြောင့် အရိုးရှင်း ဆုံးအဆိပ်ဖြေဆေးကို သန့်စင်ဖို့ကြိုးစားခဲ့တယ်၊ တကယ် အဲတစ်ခုကိုပဲ သန့်စင်နိုင်ခဲ့တာ အဆင့် ၅ ဆေး၊ နောက်တော့ တစ်ခါမှမအောင်မြင်ခဲ့ပြန်ဘူး”
အဂ္ဂိရတ်အစည်းအရုံး၏ လေလံပွဲတွင် မည်သူ့ကိုရောင်းလိုက်သည်ကို သူတို့မသိတော့ပေ။
ပြည်မကြီးတွင် ထိုပစ္စည်းများကို သိနိုင်သည့် တစ်စုံတစ်ယောက်ရှိနေ သည်။
“ဆရာ ဝိညာဉ်အဆင့်ခွဲဆေးက..” အိုက်လန်သည် ဝိညာဉ်အဆင့်ခွဲ ဆေးကို တွေးနေတုန်းပင်။ ပေထင်းဟွမ်၏ လုပ်ငန်းစဉ်အတိုင်း လိုက်လုပ် သော်လည်း ဝိညာဉ်အဆင့်ခွဲဆေးကို မသန့်စင်နိုင်သည့်အကြောင်းအရင်းကို သူ နားမလည်နိုင်ပေ။
ပေထင်းဟွမ်သည် သူ၏ ကြိုးထုံးကို သေချာပေါက်သိသည်။ သို့သော် သူမ၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားအရင်းအမြစ်ရှိနေခြင်းကြောင့် အိုက်လန်သည် ဝိညာဉ်အဆင့်ခွဲဆေး မသန့်စင်နိုင်ဟု ပြော၍မရပေ။ ဤအရူး ကို လွယ်လွယ်သွားရှုပ်၍မရသည်ကိုသိသည်။ ထိုလူသည် ပေထင်းဟွမ်၏ သမိုင်းတွင် ကြောက်မိသောတစ်ဦးတည်းသောသူဖြစ်သည်။ ဤလူကို မည်သို့ ရှင်းပစ်ရမည်ကို ပေထင်းဟွမ် စဉ်းစားနေတုန်းမှာပင် အိုက်လန် ဆက်ပြောလေ သည် “ဆရာ ငါ မင်းနောက်ကို အမြဲလိုက်ပါ့မယ် ဝိညာဉ်အဆင့်ခွဲဆေးကို မသန့်စင်နိုင်သရွေ့ မင်းသွားတဲ့နေရာတိုင်းလိုက်ပါ့မယ်”
ရင်ပြင်ပေါ်မှလူများကိုကြည့်ရာ ဝိညာဉ်အဆင့်ခွဲဆေးဟု အသံကြားသည် နှင့် မျက်လုံးများအရောင်လက်လာသည်။ ပေထင်းဟွမ် စဉ်းစားကြည့် ပြီးနောက် လက်ကောက်ဝတ်ကိုလှည့်လိုက်ရာ ထျန်ကျို့ဟွမ် ရွှေရောင်ဆေး ပင် သုံးပင်ပေါ်လာလေသည် “ဆေးမသန့်စင်နိုင်ရတဲ့ အကြောင်းအရင်းလား၊ ဝိညာဉ်အဆင့်ခွဲဆေးက အဲဒါနဲ့ဘာမှမဆိုင်ဘူး၊ ထျန်ကျို့ဟွမ်ရဲ့ ဆေးအာနိသင် ကြောင့်ပဲ၊ ဒီဆေးပင်သုံးခုပေးမယ်၊ အခုကစပြီး ကျွန်တော့်ကို ဆရာလို့မခေါ်နဲ့ ဘယ်တပည့်မှလက်မခံဘူး”