← Chapters

ပေထင်းဟွမ်က ရွှံ့နွံသန့်စင်သောမြေမှာရခဲ့တာ

Vol. 59 Ch. 1168

ပေထင်းဟွမ်က ရွှံ့နွံသန့်စင်သောမြေမှာရခဲ့တာ

Vol. 59 Ch. 1168

အမှန်တကယ်ပင် ထျန်ကျို့ဟွမ်နှင့် ပတ်သက်နေသည်။ အိုက်လန်သည် လက်နှစ်ဖက်ဖြင့် ရွှေရောင်ထျန်ကျို့ဟွမ်ကို ကိုင်ထားသည်။ အရောင်၊ ဆေး အာနိသင်နှင့် အနံ့များသည် သူအရင်က ခူးခဲ့ဖူးသည်များနှင့် ကွာခြားလှသည်။ ၎င်းသည် ချက်ပြုတ်ရသည်နှင့်တူသည်။ တူညီသောပါဝင်ပစ္စည်းများသည် နေရာဒေသအသီးသီးမှထွက်ရှိကာ အစားအသောက်၏ အရာသာမှာလည်း ကွဲပြားကြသည်။

ပေထင်းဟွမ်၏ ထျန်ကျို့ဟွမ်ပေါ်လာသည်နှင့် ရင်ပြင်ထဲမှ အဂ္ဂိရတ် ပညာရှင်အားလုံးနီးပါးသည် တညီတည်းကြည့်ကြလေသည်။ ထိုအခိုက်အတန့် တွင် အားလုံး၏မျက်လုံးများသည် အရောင်လက်လာသည်။ ၎င်းသည် ကွဲပြား လွန်းသည်။ သို့သော် အရာအားလုံးထဲတွင် ရွှေရောင်အရွက်တွင် ဝေ့ဝဲနေသည့် အဖြူနှင့်အနက်မြူခိုးများသည် လူအများကို ထူးဆန်းသည့်ခံစားချက်ပေးစွမ်း ပြီး ၎င်းတွင်ပါဝင်သော မတူညီသည့်စွမ်းအင်ကို နက်နက်နဲနဲခံစားမိစေသည်။

“ကျေးဇူးတင်ပါတယ် ဆရာ ကျေးဇူးတင်ပါတယ် ဆရာ” ထျန်ကျို့ဟွမ် ကို လက်ထဲတွင် ကိုင်ထားပြီး အိုက်လန်သည် ပေထင်းဟွမ်၏စကားလုံးများကို လုံးဝနားမထောင်ပေ။ သူမ လှည့်ပြီးနော် အဂ္ဂိရတ်အစည်းအရုံးဆီသို့ ပြေးသွား လိုက်သည်။ ကောင်းကင်တွင် လမ်းလျှောက်ရသည်ကို စိတ်မရှည်လှပေ။

ထိုမြင်ကွင်းသည် ကျူလင်း၏မျက်လုံးထဲသို့ တိုးဝင်လာသည်။ သူ၏ မျက်လုံးများသည် တခြားသူများထက် အဆိပ်ပြင်းသည်။ သူသည် မယုံကြည် နိုင်လောက်အောင် ရေရွတ်လေသည် “နတ်မိစ္ဆာစွမ်းအင်လား”

နေရာထဲတွင် စိုက်ပျိုးသော ဆေးပင်များတွင် ရောင်ဝါတွယ်ငြိတတ်ကာ ပေထင်းဟွမ် စိုက်ထားသည့် ထျန်ကျို့ဟွမ်သည် ရွှံ့နွံသန့်စင်သောမြေရှိ ဖန်ဆင်းရေးနတ်ဘုရား၏ ဂူသင်္ချိုင်းရှေ့မှ ယန်ယဲ့တူးလာသည်ကို မည်သူမှ မသိကြပေ။ ထျန်ကျို့ဟွမ်၏ ကြီးမားသောဧရိယာတွင် အပင်သုံးပင်ရှိသည်။ ထိုထျန်ကျို့ဟွမ်သည် ပေထင်းဟွမ် ချန်လင်းတောင်တွင် တူးခဲ့သည့် ထျန်ကျို့ဟါမ် အပင် ၇၀ နှင့် ကွာခြားခြင်းမရှိပေ။ သို့သော် ထိုထဲတွင် ကစဥ့်ကလျားနတ်ဘုရား၏ အငွေ့အသက်ပါဝင်နေလိမ့်မည်ဟု မမျှော်လင့် ထားပေ။

၎င်းသည် ပေထင်းဟွမ် မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

ဝိညာဉ်ခွဲဆေး၏လျှို့ဝှက်ချက်သည် ဤနေရာတွင်ရှိသည်။ ပေထင်းဟွမ် ယခုအချိန်တွင် ပြောလိုက်သည့်စကားကို မည်သူမှသံသယမဝင်ပေ။ နှမြော စရာကောင်းလှသည်။ ပေထင်းဟွမ် ကိုယ်တိုင်စိုက်ပျိုးသည့် ထျန်ကျို့ဟွမ် သည် အိုက်လန်တွင်သာရှိနေ၏။ သို့သော် ထျန်ကျို့ဟွမ်ရှိရာနေရာကို သိနေ ခြင်းသည် ဝိညာဉ်အဆင့်ခွဲဆေးရှိရာကို သိသည်နှင့်တူသည်။ ဆိုလိုသည်မှာ ပေထင်းဟွမ်သည် ပြည်မကြီးတွင် ဝိညာဉ်အဆင့်ခွဲဆေးသုံးဖုံကို ထုတ်ပြလိုက် ရာ အချိန်တစ်ခုကြာသည်အထိ သူတို့တိုက်ခိုက်ရန်မလိုတော့ပေ။

အိုက်လန်ထွက်သွားပြီးနောက် သူထွက်သွားသည့်ဦးတည်ရာဘက်သို့ များစွာသောပုံရိပ်များ လိုက်သွားကြလေသည်။ ပေထင်းဟွမ်၏နှုတ်ခမ်းသည် အပြုံးအဖြစ် တဖြည်းဖြည်းကွေးတက်သွားလေသည်။ ထိုအပြုံးသည် အားလုံး ၏ မျက်လုံးထဲတွင် ကွဲပြားသောအဓိပ္ပာယ်ရှိနေလေသည်။

သောင်မိ မိသားစု၏ခေါင်းဆောင်မီဖန်းသည် သက်ပြင်းချမိလုနီးပါးပင်။ အဆင့်တက်အမျိုးအစားဆေးအကူရှိရမည့် သူ့အပေါ်တွင်ရှိသော ဖိအားသည် များစွာလျော့ကျသွားသည်။ ပေထင်းဟွမ်သည် ပြည်မကြီးရှိ အဂ္ဂိရတ်ပညာရှင် များအတွက် ဆေးအကူကို သန့်စင်နည်းလျှို့ဝှက်ချက်ကို ပြောပြခဲ့သည်။ အဓိကသော့ချက်မှာ ဆေးပင်များတွင်ရှိနေသည်။ အိုက်လန်၏လက်ထဲမှ ထျန်ကျို့ဟွမ်ဆေးပင်သုံးပင်သည် ဝိညာဉ်အဆင့်ခွဲဆေးထက်ပင် တပ်မက် လောက်စရာပင်။

“ဆေးတွေရဲ့ အာနိသင်တွေက မတူဘူးလား၊ စိုက်တဲ့နည်းလမ်းမတူတာ လား” ချက်ချင်းဆိုသလိုပင် အဂ္ဂိရတ်ပညာရှင်သည် ပေထင်းဟွမ်အားမေးလေ သည် “သခင်ပေထင်းဟွမ် ဒီထျန်ကျို့ဟွမ်ကို ဘယ်ကနေရလာတာလဲ၊ ပြောပြ လို့ရမလား၊ အဲဒီကရာသီဥတုနဲ့ ပတ်ဝန်းကျင်ကို လေ့လာရအောင်လို့လေ”

ထိုလူ၏စကားများထွက်လာသည်နှင့် အရေးကြီးကိစ္စဖြစ်သည်ကို သိကြ သဖြင့် အားလုံးတိတ်ဆိတ်သွားကာ ပေထင်းဟွမ်၏အဖြေကို စောင့်ဆိုင်းနေ ကြလေသည်။ မိုလိပင်လျှင် သူမအား သိချင်စိတ်ဖြင့် စိုက်ကြည့်လေသည်။

ပေထင်းဟွမ်သည် လူအုပ်ကိုကြည့်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လေ သည် “ဟုတ်တယ် ပတ်ဝန်းကျင်မတူဘူး၊ မတူညီတဲ့ ပတ်ဝန်းကျင်မှာ ဆေးပင် တွေမှာပါတဲ့ စွမ်းအင်ကလည်း မတူနိုင်ဘူး၊ နောက်ဆုံးသန့်စင်လိုက်တဲ့ဆေးရဲ့ အာနိသင်လည်းမတူဘူး၊ အကုန်လုံးကို အမှန်အတိုင်းပြောရရင် ဒီထျန်ကျို့ဟွမ် သုံးပင်ကို ကျွန်တော် ‌ရွှံ့နွံသန့်စင်သောမြေကရလာတာပါ၊ ဒီထျန်ကျို့ဟွမ်ကို သုံးပြီး ဝိညာဉ်အဆင့်ခွဲဆေးကို သန့်စင်ခဲ့တာ၊ ပြီးတော့ ထျန်လင်းဆေးနဲ့ မြေကြီးတိညာဉ်ဆေးကို သန့်စင်နိုင်တဲ့ တခြားဆေးပင်တွေလည်းရှိသေးတယ်”

All Chapters