အဲလူတွေကို သခင်အတွက် သွားတိုက်ခိုက်ခိုင်းလိုက်
Vol. 59 Ch. 1169
ရွှတ်
အားလုံးသည် အားပါပါလေရှူသွင်းမိကြသည်။ အဲလိုဖြစ်နေတာကိုး။ အဲလိုမျိုးကိုး။
ပေထင်းဟွမ်သည် အားလုံး၏မျက်လုံးထဲမှ မီးတောက်သည့် ခံစားချက် များပေါက်ကွဲထွက်လာသည်ကိုကြည့်ပြီး နှုတ်ခမ်းထောင့်သည် ထပ်မံကွေး တက်လာပြန်သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ကျူလင်း၏မျက်လုံးထဲတွင် သူမ ကို ယုံကြည်ရမည်လား မယုံကြည်ရမည်လားကို မသိတော့ပေ။
ဤလူငယ်သည် အားကောင်းသည်။ အရေးအကြီးဆုံးမှာ မြေခွေးကဲ့သို့ ကောက်ကျစ်သည်။
အဂူးပင်လျှင် ပေထင်းဟွမ်ကို မမြင်နိုင်သဖြင့် ဝိညာဉ်အသိစိတ်ထဲမှ မေး မိလေသည် “သခင် သန့်စင်သောရွှံ့နွံမြေအကြောင်းကို ဘာလို့ သူတို့ကို ပြောပြ လိုက်တာလဲ၊ အဲဒါဖန်ဆင်းရေးနတ်ဘုရားရဲ့ ဂူသင်္ချိုင်းမလား၊ ပင်မတိုက်ကြီး တင်မဟုတ်ဘူး ပတ္တမြားကမ္ဘာတစ်ခုလုံးကပါ လှုပ်လှုပ်ရွရွဖြစ်သွားလိမ့်မယ်”
“အင်း” ပေထင်းဟွမ်သည် တိုးညင်းစွာပြန်တုံ့ပြန်လေသည် “ယန်ယဲ့နဲ့ ငါ စောစောစီးစီး ထွက်လာတာနဲ့ ဒီလိုမျိုးလှုပ်လှုပ်ရှားရှားတွေဖြစ်လာမှာပဲ၊ ၃၃ ကောင်းကင်ဘုံက လူတွေက အဲဒါကိုသိကြတယ်၊ အဲဒါရောက်နေပြီလို့လည်း ဆင်းသက်သူတွေက ပြောပြီးသွားပြီ၊ လှိုင်းလုံးကြီးဖြစ်တော့မှာဆိုတော့ ဒီလှိုင်း ကို ပိုပြီးကြမ်းအောင်လုပ်လိုက်ကြတာပေါ့၊ ပင်မတိုက်ကြီးက လူက သူတို့တွေ လောက် မစွမ်းဆောင်နိုင်ပေမဲ့ ယုံထားလိုက် ပုရွက်ဆိတ်က ဆင်ကိုသတ်နိုင် လိမ့်မယ်”
ဝိညာဉ်နတ်ဘုရားများသည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကြောင့်လာ ခြင်းဖြစ်ပြီး ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ပေထင်းဟွမ်တွင်ရှိနေသည် ကို သူတို့လုံးဝတွေးမိမည်မဟုတ်ပေ။ ဖန်ဆင်းရေးနတ်ဘုရား၏ ဂူသင်္ချိုင်းထဲ တွင် ကစဥ့်ကလျားနတ်အရင်းအမြစ်ထက်မလျော့သည့် တခြားရတနာရှိသည်။ ထိုအရာမှာ မင်လင်းပြဒါးလုံးပင်ဖြစ်သည်။ ထိုမင်လင်းပြဒါးလုံးကိုလည်း ပေထင်းဟွမ်ပိုင်ဆိုင်နေပြီဖြစ်၏။
အဂူးသည်လည်း ထိုကိစ္စကိုသိထားသည်။ ဖန်ဆင်းရေးနတ်ဘုရား၏ ရတနာမှာအနည်းငယ်သာရှိပြီး တစ်ခုမှာယန်ယဲ့တါင်ရှိကာ နှစ်ခုမှာ ပေထင်းဟွမ်တွင်ရှိသည်။ ဂူသင်္ချိုင်းထဲတွင် ထိုနှစ်ခုထက်ပိုသည့်အရာများရှိ သော်လည်း တခြားရတနာများကို ရလျှင်တောင် နောင်တရနိုင်မည်မဟုတ်ပေ။ ဖန်ဆင်းရေးနတ်ဘုရား၏ ဂူသင်္ချိုင်းသည် အလွယ်တကူ ချိုးဖောက်နိုင်သည့် အရာလည်းမဟုတ်ပေ။
“သခင်ပြောတာ မှန်တယ်” အဂူးသည် နှာမှုတ်လေသည် “ဖန်ဆင်းရေး နတ်ဘုရားရဲ့ ဂူသင်္ချိုင်းက အန္တရာယ်တေါပြည့်နေတာ၊ လူတွေထပ်ဝင်လေ ငါတို့ သခင်အတွက် ရှေ့ပြေးတပ်ဖြစ်ပေးရမယ်”
“သူတို့က ရှေ့ပြေးဖြစ်ပေးဖို့ ငါ မမျှော်လင့်ပါဘူး၊ မင်ဟွမ်သာ ဂူသင်္ချိုင်း ထဲကိုဝင်ရန် မသက်မသာဖြစ်ဖို့ကိုပဲလိုချင်တာ” ပေထင်းဟွမ် ပြောလေသည် “ဟွမ်ချန်းရဲ့အကြွေးကို တစ်ခါတည်းမဆပ်နိုင်ရင်တောင် အရင်ဆုံး အဲဒါကို ပေးဆပ်ရမယ် အတိုးပါတောင်းရမယ်”
ပေထင်းဟွမ်၏ အမူအရာကို ကျူလင်းအကုန်မြင်လိုက်ရသည်။ မသိလိုက်ခင်မှာပင် ရုတ်တရက် ငွေရောင်မျက်နှာဖုံးဝတ်ဆင်ထားသည့် ဤ လူငယ်၏ အနက်ရောင်မျက်လုံးထဲရှိ ရှုပ်ထွေးသောအမူအရာများကိုကြည့်ပြီး ရုတ်တရက် ရင်ခုန်သွားကာ ရင်ထဲတွင် ထူးဆန်းသောခံစားချက်ဖြစ်ပေါ်လာရာ ခေါင်းခြောက်သွားလေသည်။
“သူက ငါ့မျက်နှာကို ထပ်ခါထပ်ခါရိုက်သွားတာ ဒီလောက်ထင်ရှားနေ တာ၊ ပြီးတော့ အဂ္ဂိရတ်အစည်းအဝေးမှာ သူက ငါ့ရဲ့အားအကောင်းဆုံး ပြိုင်ဘက်ပဲ ဒါပေမဲ့ ဘာလို့လဲ ငါသူ့ကို မုန်းလို့မရဘူး ဒါပေမဲ့...” ကျူလင်းသည် ခေါင်းကို အားနှင့်မာန်နှင့်ခါယမ်းကာ သူ့စိတ်ထဲမှ လူငယ်၏အရိပ်များအားလုံး ကို ရှင်းထုတ်လိုက်သည်။
ပေထင်းဟွမ်သည် လူများမည်သို့တွေးသည်ကို ဂရုမစိုက်ဘဲ ရင်ပြင် တစ်ခုလုံးကို ကြည့်လိုက်သည်။ ဤကမ္ဘာသည် အလွန်ပင် ကောင်းလွန်းသည် ဟုပြောနိုင်သည်။ နဂိုကတည်းကပင် ကြီးမားသည့်ရင်ပြင်တွင် အလယ်၌ မြေပြင်နှင့်တူညီသောအမြင့်ရှိသည့် စင်ရှိကာ ပတ်ပတ်လည်မှ ကြည့်စင်များ သည် မြေကြီးပေါ်မှ မြင့်တက်လျက်ရှိသည်။ တစ်ဖက်စီတွင် လူများဝင်ထွက် သွားလာရန် စင်္ကြံလမ်းကြောင်းများရှိသည်။
မြေကြီးသည် မြင့်တက်လျက် အထူးတန်းအဖြစ်ရှိနေပေးကာ အကာအရံ မရှိပေ။ ရင်ပြင်သို့ဝင်ပြီး ကြည့်ရန် လက်မှတ်ဝယ်ရမည်လည်းဖြစ်သည်။
ဝိညာဉ်စွမ်းအင်စွက်သောအသံသည် ရင်ပြင်တစ်ခုလုံးတွင် လွင့်ပျံလာ သည် “ဒီအဂ္ဂိရတ်အစည်းအဝေးမှာ ပါဝင်လာကြတဲ့ အဂ္ဂိရတ်ပညာရှင်များ အားလုံးကို စင်ပေါ်ကိုတက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်၊ ဒီပြိုင်ပွဲကို အဆင့် ၃ အဆင့် ခွဲထားပါတယ်၊ တစ်ဆင့်ချင်းစီက ကစားသမားတွေကို ရင်ပြင်ထဲဝင်ပြီး စင်ပေါ် တက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်၊ ကိုယ့်စားပွဲရှေ့မှာရပ်ပါ စားပွဲမှားမရပ်မိပါစေနဲ့၊ မဟုတ်ရင် ပြိုင်ပွဲနှောင့်ယှက်မှုနဲ့ အရည်အချင်းပြည့်မှီမှာမဟုတ်ပါဘူး”