နတ်မီးတောက်အဂ္ဂိရတ်ပညာရှင်
Vol. 59 Ch. 1170
အသံများသည် ရင်ပြင်ကိုဖြတ်ပြီး ထွက်ပေါ်လာရာ အားလုံး၏နားထဲတွင် အူသွားလောက်သည်အထိပင်။ သူတို့ အဂ္ဂိရတ်အစည်းအရုံး၏ခွန်အားကို ညည်းညူနေချိန်တွင် အဂ္ဂိရတ်ပညာရှင်များသည် ရင်ပြင်ထဲသို့ တစ်ယောက်ပြီး တစ်ယောက်ဝင်လာကြကာ လေထဲတွင ရပ်နေကြလေသည်။ အဆင့် ၅ စင်မြင့်ကို ညွှန်ပြပြီး “သာမန်မီးကိုသုံးမယ့် အဂ္ဂိရတ်ပညာရှင်တွေက ပထမအထပ်စင်မြင့်ကိုသွားပါ၊ ဝိညာဉ်မီးကိုသုံးမယ့် အဂ္ဂိရတ်ပညာရှင်တွေကို ဒုတိယအထပ် စင်မြင့်ကိုသွားဖို့ဖိတ်ပါတယ်၊ မြေကြီးမီးကိုသုံးမယ့်သူတွေကို တတိယအထပ် စင်မြင့်ကို သွားပါ၊ အဆင့် ၃ ဆင့်ရှိပြီးသွားပါပြီ၊ စတုတ္ထအထပ် စင်မြင့်ကို ကောင်းကင်မီး အဂ္ဂိရတ်ပညာရှင်တွေ သွားပါ၊ ဒီအဂ္ဂိရတ် အစည်းအဝေးမှာ နတ်မီးအဂ္ဂိရတ် ပညာရှင်တွေ ပါဝင်လာတာကိုပါ ထည့်သွင်း စဉ်းစားပြီး အထူးတလည် ပဉ္စမအထပ် စင်မြင့်ကို တည်ဆောက်ထားပါတယ်၊ နတ်မီးရှိတဲ့အဂ္ဂိရတ်ပညာရှင်တွေက ပဉ္စမအထပ်စင်မြင့်ကိုသွားလိုက်ပါ”
“နတ်မီးဟုတ်လား ဘယ်အဂ္ဂိရတ်ပညာရှင်က နတ်မီးပိုင်လို့လဲ၊ သခင် ပေထင်းဟွမ်များလား”
ပေထင်းဟွမ် အဂ္ဂိရတ်အစည်းအရုံးတွင် ပြသခဲ့သောမီးမှာ နတ်မီး ဟုတ် မဟုတ်ကို မသေချာကြပေ။
ထို့အပြင် ပေထင်းဟွမ်မှလွဲပြီး ပင်မတိုက်ကြီးတွင် တခြားအဂ္ဂိရတ်ပညာ ရှင်တွင် နတ်မီးမရှိကြပေ။
“ဒီတစ်ခေါက် ဆေးတောင်ကြားက ပါဝင်ဖို့ လူလွှတ်လိုက်တာလေ၊ ဆေးတောင်ကြားကများဖြစ်မလား”
“ဖြစ်နိုင်တယ် သခင်ပေထင်းဟွမ်လည်းရှိနေတာ၊ နောက်တစ်ယောက် သာ ရှိမယ်ဆိုရင် သခင်ပေထင်းဟွမ်ပဲဖြစ်ရမယ်”
“မိုးနတ်မင်းရေ နတ်မီးအဂ္ဂိရတ်ပညာရှင် အဲလောက်တောင် မိမိုက်နေရမ မှာလား”
ထိုစကားကိုကြားပြီးနောက် ရင်ပြင်ထဲမှ လူအားလုံးသည် မတ်တတ်ရပ် ပြီး ရင်ပြင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်လာသည့် အဂ္ဂိရတ်ပညာရှင် များကို စိုက်ကြည့်နေလေသည်။ မိုးနတ်မင်းရေ ဒီတစ်ခေါက် နတ်မီးနဲ့ယှဉ်ပြိုင် သူရှိနေတာ။ အဲဒါဘယ်သူဖြစ်မလဲ။ သူ အဆင့်ဘယ်လောက်ရှိတဲ့ ဆေးကို သန့်စင်မှာလဲ။ နတ်ဘုရားအဆင့်ဆေး၊ သူတို့ အရင်ကမြင်ဖူးရဲ့လား။
အားလုံးပေါင်း လူတစ်ရာကျော် ရင်ပြင်ထဲသို့ဝင်လာခဲ့သည်။ ထိူလူတစ် ရာကျော်သည် အဖြူရောင်တူညီဝတ်စုံ အဂ္ဂိရတ်ဝတ်ရုံကိုဝတ်ဆင်ထားရာ အနက်ရောင်ဝတ်ဆင်ထားသည့် ပေထင်းဟွမ်ကို အလွယ်တကူရှာနိုင်လေ၏။ သို့သော် နတ်မီးနှင့်အဂ္ဂိရတ်ပညာရှင်ကို မဖြစ်နိုင်ပေ။
အားလုံးနီးပါးသည် ပဉ္စမအထပ်စင်မြင့်ကို စိုက်ကြည့်ကြလေသည်။ စင်မြင့်ပေါ်တွင် အားလုံးပေါင်း စားပွဲ နှစ်နေရာရှိသည်။ ပဉ္စမအထပ်တွင်ရပ် လိုက်သည့် မည်သူမဆို နတ်မီးရှိနေခြင်းပင်။
နောက်ဆုံးတွင် အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် သည် မြင်ကွင်းရှင်းသည့် ပဉ္စမအထပ်ကိုတက်သွားလေသည်။ ၂၅ နှစ်၊ ၂၆ နှစ် အရွယ်ရှိသောလူငယ်သည် ချောမောသောအသွင်အပြင်၊ အေးစက်ပြီး ဂုဏ်ယူ သောမျက်လုံးများရှိလေသည်။ လစ်ဟာနေသောစင်မြင့်ကို သူ ကြည့်ပြီးနောက် တစ်ဆင့်ပြီးတစ်ဆင့်တက်သွားလေသည်။ ပေထင်းဟွမ်၏ပုံရိပ်ကိုရှာပြီး နောက် သူ့ကို စိုက်ကြည့်ကာ မောက်မာသောမျက်နှာထားဖြင့် ပြောလေသည် “ပေထင်းဟွမ် မင်းမှာလည်း နတ်မီးရှိလိမ့်မယ်လို့ ငါယုံတယ်၊ ဒီစင်မြင့်က ငါတို့ အတွက် အထူးတလည်ပြင်ပေးထားတာပဲ”
သခင်ပေထင်းဟွမ်၏မီးတောက်သည် နတ်မီးဆိုလျှင် သူသည် အဆင့် ၆ ဆေးကို သန့်စင်ရန် အဆင့်မှီသည်ဟု ဆိုလိုသည်မဟုတ်ပါလား။
ဝိညာဉ်လက်နက် သို့မဟုတ် ဆေးဖြစ်စေ ကျင့်ကြံသည့်အဆင့်ကို မြေကြီးအဆင့်၊ ကောင်းကင်အဆင့်၊ နတ်ဘုရားအဆင့်နှင့် ဝိညာဉ်အဆင့်ဟူ၍ ခွဲခြားထားသည်။ ဆေးပညာအတွက် အဆင့် ၁ မှ ၃ သည် မြေကြီးအဆင့်ဖြစ် ပြီး၊ အဆင့် ၄ နှင့် ၅ တို့သည် ကောင်းကင်အဆင့်၊ အဆင့် ၆ သည် နတ်ဘုရား အဆင့်ဖြစ်သည်။
အားလုံး၏မျက်လုံးများသည် ပေထင်းဟွမ်ဆီသို့ ရောက်သွားလေသည်။ ထူးခြားသောအနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့်လူငယ်ဆီမှ ပွင့်ဖတ် ကိုး ဖတ်သည် နေရောင်အောက်တွင် တောက်ပနေပြီး တစ်လွှားချင်း ပွင့်လန်းလာ သည့်အလားပင်။ မျက်နှာမှ ငွေရောင်မျက်နှာဖုံးသည် တောက်ပလျက်ရှိသည်။ ၎င်းသည် တောက်ပသော်လည်း လင်းလက်နေသော အနက်ရောင်မျက်လုံးများ ကို မဖုံးကာနိုင်ပေ။
“ကျူလင်း ခင်ဗျားနဲ့ ကျုပ်တို့ကြားက ဒီတိုက်ပွဲက သေချာပေါက်ဖြစ်လာ မှာပဲ၊ စင်ပေါ်မှာပဲ ပြိုင်တာ အကောင်းဆုံးပဲ”